လိဒ်စ်ကို အနိုင်ယူပြီး မန်စီးတီးကို ၈ မှတ်ပြန်ဖြတ်တဲ့ပွဲက အာတီတာမှန်ကန်ခဲ့တဲ့အရာ ၃ ခု coyg

လိဒ်စ်ကို အနိုင်ယူပြီး မန်စီးတီးကို ၈ မှတ်ပြန်ဖြတ်တဲ့ပွဲက အာတီတာမှန်ကန်ခဲ့တဲ့အရာ ၃ ခု

အာတီတာရဲ့အသင်းဟာ စနေနေ့ညနေက အမ်းမရိတ်စ်မှာ လိဒ်စ်ယူနိုက်တက်အသင်းကို ၄-၁ နဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

စနေနေ့နေ့လယ်အစောပိုင်းပွဲစဉ်မှာ မန်ချက်စတာစီးတီးက လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ဂန်းနားတွေနဲ့ ၅ မှတ်အကွာကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က အတိမ်းအစောင်းမခံဘဲ လိဒ်စ်ယူနိုက်တက်အသင်းကို အနိုင်ယူခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အနည်းငယ်နှေးကွေးနေခဲ့ပေမယ့်လည်း ဂျေးဇုပင်နယ်တီကြောင့် ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂျေးဇု၊ ဘန် ဝှိုက်တို့က နောက်ထပ်ဦးဆောင်ဂိုးတွေ သွင်းယူပေးသွားခဲ့ပေမယ့်လည်း ရာ့စ်မွတ်စ် ခရစ္စတန်ဆန်က လိဒ်စ်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပြီးတဲ့နောက်မှာ ချာကာက ၄-၁ ဖြစ်စေမယ့် နောက်ကျသွင်းဂိုးကို အဆုံးသတ်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဒုတိယပိုင်းမှာ ပွဲကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အာတီတာ မှန်ကန်ခဲ့တဲ့အရာ ၃ ခု ရှိနေခဲ့ပါတယ်။

ဂျေးဇုကို ပွဲထွက်ကစားခွင့်ပေးခဲ့ခြင်း
ဂျေးဇု နာနေချိန်တုန်းက ဂန်းနားပရိသတ်တွေဟာ အသင်းတိုက်စစ်ကို အကျိုးသက်ရောက်မှုတွေရှိမှာကို စိုးရိမ်ခဲ့ပြီး အထူးသဖြင့် ကမ္ဘာ့ဖလားမစတင်ခင် မယုံနိုင်ဖွယ် ပရီးမီးယားလိဂ်ရာသီစတင်မှုကို ပိုင်ဆိုင်ခဲ့ပြီးနောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ ဘရာဇီးလ်တိုက်စစ်မှူးမပါဘဲ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဆာကာ၊ မာတီနယ်လီ၊ လီအန်ဒရို ထရော့ဆာ့ဒ်တို့က ဂျေးဇုရဲ့နေရာမှာ ဖြည့်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။ လိဒ်စ်နဲ့ပွဲမှာ အာတီတာက အဲဒီကစားသမား ၃ ဦးကို ပွဲထွက်ခွင့်ပေးလို့ရပေမယ့်လည်း အဲဒီအစား ဂျေးဇုကို နိုဝင်ဘာလနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်မှာ ပွဲထွက်ပါဝင်ကစားခွင့်ပေးခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်က ချက်ချင်းပဲ အကျိုးခံစားခဲ့ရတာဖြစ်ပါတယ်။

ဂျေးဇုဟာ ပထမပိုင်းမှာ ပင်နယ်တီ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အဲဒီပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းယူပြီးနောက် ဂန်းနားတွေကို ၁-၀ နဲ့ ဦးဆောင်ခွင့်ရယူပေးခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် ဒုတိယပိုင်းမှာ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးပြီး အာဆင်နယ်ကို သက်တောင့်သက်သာ ဦးဆောင်ခွင့်ပေးခဲ့ပါတယ်။ ကြံ့ခိုင်မှုပြည့်ဝပြီး ဂိုးသွင်းခြေစွမ်းရရှိနေတဲ့ ဂျေးဇုက ရာသီနောက်ဆုံးနေ့အထိ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အားတက်စရာဖြစ်လာမှာဖြစ်ပြီး လိဒ်စ်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ပေးခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲအရှိန်
အာဆင်နယ်က ပထမပိုင်းတုန်းက အနည်းငယ် နှေးကွေးနေပုံပေါ်ခဲ့ပေမယ့်လည်း ၁-၀ နဲ့ ဦးဆောင်ထားနိုင်ဆဲဖြစ်ပါတယ်။ လိဒ်စ်က ပထမပိုင်း ၄၅ မိနစ်အတွင်း အမ်းမရိတ်စ်မှာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ရမ်းစ်ဒေးလ်သာ လက်စွမ်းမပြနေရင် ဂိုးတောင် ရချင်ရသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒတိယပိုင်းမှာ မတူညီတဲ့ဇာတ်လမ်းဖြစ်ခဲ့ပြီး ခရစ္စတန်ဆန်က လိဒ်စ်အတွက် ချေပဂိုးသွင်းယူခဲ့ပေမယ့်လည်း ဂျေးဇု၊ ဝှိုက်တို့ရဲ့ ဒုတိယပိုင်းအစောပိုင်း သွင်းဂိုးတွေက ဧည့်သည်တွေကို ပြန်လာနိုင်စရာလမ်းမရှိဖြစ်စေခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် ချာကာက ၄-၁ ဖြစ်သွားစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ဂန်းနားတွေဟာ ဒီရာသီမှာ အလွန်ကောင်းမွန်တဲ့ ပွဲကိုင်တွယ်နိုင်စွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။

မန်စီးတီးရဲ့ ရှေ့မှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ခြင်း
အာဆင်နယ်အသင်းဟာ ၎င်းတို့ရဲ့ ဆုဖလားစိန်ခေါ်မှုကို အဆုံးသတ်နိုင်တော့မယ်ဆိုတဲ့ အထောက်အထားတွေ မရှိသေးဘဲ မရေရာမသေချာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဂန်းနားတွေက ၃၈ ပွဲအထိ မန်စီးတီးကို ထိန်းထားနိုင်လောက်အောင် ကောင်းမွန်ရဲ့လားဆိုရင် အခုအချိန်မှာတော့ ကောင်းမွန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လိဒ်စ်နဲ့ပွဲမှာ အထနှေးခဲ့ပေမယ့် နောက်ဆုံး ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ အာဆင်နယ်ဟာ ရပ်တန့်လို့မရနိုင်တဲ့ပုံ ပေါ်နေပြီး ဂွါဒီယိုလာရဲ့အသင်း အမှတ်ပေးဇယား အဆင့် ၂ မှာပဲ ဆက်ရှိနေအောင် နိုင်ပွဲတွေ ရယူပြီးရင်း ရယူနေတာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်ဟာ စနေနေ့ အစောပိုင်းတုန်းက လီဗာပူးလ်ကို အနိုင်ရရှိခဲ့ပြီးနောက် ရမှတ် ၅ မှတ်အကွာကို ပြန်လည်ရောက်ရှိလာတဲ့ စီးတီးကို ၈ မှတ် ပြန်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ အာဆင်နယ်ကို ယခုရာသီမှာ ပွဲစောစောဖြတ်ထားနိုင်အောင် အလွန်ကောင်းမွန်တဲ့အလုပ်ကို လုပ်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ အဲဒီအတိုင်း အတိအကျလုပ်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet