ရာသီနှောင်းပိုင်းအတွက် ဂန်းနားတွေ မျှော်လင့်လို့မရနိုင်တဲ့အရာကို ပြောလိုက်တဲ့ အီယန် ရွိုက်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ admin

ရာသီနှောင်းပိုင်းအတွက် ဂန်းနားတွေ မျှော်လင့်လို့မရနိုင်တဲ့အရာကို ပြောလိုက်တဲ့ အီယန် ရွိုက်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

ဒေးလီးမေးရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် ကစားသမားများဟာ လီဗာပူးလ်နဲ့ မကစားခင်မှာ သူတို့ရဲ့ WhatApp ချက်ဂရုမှာ ထိပ်ဆုံးမှာ ရောက်ရှိနေတဲ့ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ချန်ပီယံဆုရယူမယ်လို့ ကြွေးကြော်ခဲ့တယ်လို့ သိရှိရပါတယ်။ မန်ယူနိုက်တက်ကစားသမားများက လီဗာပူးလ်နဲ့ မကစားခင်အချိန်လေးမှာ သူတို့ရဲ့ ချက်ဂရုမှာ ” ငါတို့ ထိပ်ဆုံးက အာဆင်နယ်နဲ့ မန်စီးတီးတို့ကို အမှီလိုက်ပြီး ချန်ပီယံဆုရယူကြမယ်” လို့ ရေးသားကြွေးကြော်ခဲ့ပြီး လီဗာပူးလ်နဲ့ ကစားပြီးနောက်မှာတော့ အန်းဖီးလ်ကွင်းမှာ ၇ ဂိုးပြတ် ရလဒ်နဲ့ မရှုမလှ ရှုံးနိမ့်ခဲ့တဲ့အတွက် သူတို့ရဲ့ ဖလား ၄ လုံးယူမယ်ဆိုတဲ့ အကောင်းမြင်စိတ်တွေ ပျက်သုဉ်းခဲ့ရပြီဖြစ်တယ်။

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ သူမတူတဲ့ မြင်နိုင်စွမ်းနဲ့ တိကျသေသပ်တဲ့ ဘောလုံးပေးပို့နိုင်စွမ်းတို့ကြောင့် ရှာမှရှားတဲ့ ကစားသမားမျိုး ဖြစ်ခဲ့တာဖြစ်ပြီး ဆာကာဟာ မကြာသေးမီက မြောက်လန်ဒန်ကလပ်အသင်းမှာ ၎င်းကို အထင်ကြီးအောင် အလုပ်နိုင်ခဲ့ဆုံးကစားသမားက ဘယ်သူလဲလို့ Football Focus ရဲ့ မေးမြန်းခြင်းကို ခံခဲ့ရတဲ့အခါမှာ “ကျွန်တော်ကတော့ မီဆွတ် အိုဇေးလ်လို့ပဲ ပြောရလိမ့်မယ်လို့ ထင်ပါတယ်။ သူက သူ့ရဲ့ ကမ္ဘာထဲမှာ ကစားနေတာပါ။ သူလုပ်နေတဲ့ အရာအချို့နဲ့ ခင်ဗျား သူ့ကို ကြည့်ရင် ဟာခနဲ ဖြစ်သွားမှာပါ”လို့ ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့နဲ့ အတူဘောလုံးဇာတ်ခံပေါ်မှာ တောက်ပခဲ့တဲ့ အိုဇေးလ်ဟာ လက်ရှိမှာတော့ အစ္စတန်ဘူလ် ဘာဆတ်ဆီဟီရာအသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့ပြီ ဖြစ်ပါတယ်။

မာဆေးလ်မှာ ဂိုးတွေသွင်းပြီး ခြေစွမ်းပြနေတဲ့ တာဗာရက်စ်ကို ပြင်သစ်ကလပ်အသင်းက အပြီးသတ် ခေါ်ယူဖို့ရာ စိတ်မပါဘူးလို့ သိရပါတယ်။ သူ့ရဲ့ ခြေစွမ်းပိုင်းက တည်ငြိမ်ခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။မာဆေးလ်ပရိသတ်တွေကြားလည်း တာဗာရက်စ်ကြောင့် အပြီးသတ် ခေါ်စေချင်တဲ့သူနဲ့ မခေါ်စေချင်တဲ့သူ (၂) မျိုးကွဲနေပါသတဲ့။ သူဟာ ခွန်အားသုံး ကစားတတ်၊ မြန်နှုန်းမြင့်ပြီး ဂိုးတွေလည်း သွင်းတတ်ပေမယ့် တဖက်မှာလည်း မကြာခဏ လူပေးမှားခြင်း၊ ဆုံးဖြတ်ချက်တွေ မပြတ်သားခြင်းနဲ့ ခံစစ်ကစားရာမှာ အပျင်းကြီးမှုတွေက မာဆေးလ်ကို ဒုက္ခရောက်စေတာကို တွေ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ဒီအသက် ၂၂ အရွယ် ဘယ်နောက်ခံကစားသမားကို ဘင်ဖီကာအသင်းမှ ၂၀၂၁ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တာဖြစ်ပြီး ခြေစွမ်းပိုမိုကောင်းမွန်ပြီး အတွေ့အကြုံရရှိစေရန် ယခုရာသီအစမှာ မာဆေးလ်အသင်းသို့ တရာသီအငှားစေလွှတ်ခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်အပြောင်းအရွှေ့ပစ်မှတ် ဒီကလန် ရိုက်စ်က ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့စိတ်လှုပ်ရှားနေတယ်လို့ သိရပြီး အာတီတာက လာမယ့်ရာသီအတွက် ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။ ဂန်းနားတွေက အင်္ဂလန်ကွင်းလယ်လူကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ထားပြီး မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ထက် လက်ဦးမှု ရယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ဂျာနယ်လစ် ကာယာ ကေးနတ်နဲ့ ပြောကြားချက်အရ ဝက်စ်ဟမ်းကွင်းလယ်လူဟာ အာဆင်နယ်က စိတ်ဝင်စားနေတာကြောင့် တော်တော်လေး ပျော်ရွှင်နေပြီး ချန်ပီယံလိဂ်မှာ ကစားရမယ့် အလားအလာအတွက် တော်တော်လေး စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတ်ယ။

-အာဆင်နယ် ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ခီဗီယောက ဂန်းနားတွေအတွက် အခုအချိန်အထိ ပွဲဦးထွက်ပါဝင်ကစားပေးရခြင်းမရှိသေးဘဲ အဲဗာတန်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုး၊ ၃ ဂိုးလောက်ရရင် ဝင်ကစားခွင့်ရမယ်လို့ ထင်ခဲ့ပေမယ့် ကစားခွင့်မရခဲ့တဲ့အတွက် အံ့အားသင့်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားမယ်လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် စပို့တင်းလစ္စဘွန်းအိမ်ကွင်းကို သွားကစားရဖို့ ရှိနေပြီး ခီဗီယောအတွက် ပွဲဦးထွက်ခွင့်ရဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ခီဗီယောက သူရွေးချယ်ခဲ့တဲ့အသင်းက ယှဉ်ပြိုင်မှုကို နားလည်ပေမယ့် လူငယ်တွေအပေါ်မှာ အာရုံစိုက်မှုက မြောက်လန်ဒန်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ခင်ဗျား အာဆင်နယ်ကို ကြည့်လိုက်ရင် သူတို့တွေမှာ ပရီးမီးယားလိဂ်အတွက် အရမ်းအားကောင်းတဲ့ လူစာရင်းရှိတယ်။ သူတို့တွေ လူငယ်ကစာသမားတွေကို ကစားစေချင်တယ်။ သူတို့တွေက လူငယ်တွေကို အားကိုးရမှာမကြောက်ဘူး။ ကျွန်တော် ဒီကို လာခဲ့တဲ့အချိန်မှာ အဲဒါကိုလည်း ထည့်စဉ်းစားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ် ဂန္တဝင်ကစားသမားကြီး အီယန် ရွိုက်က အသင်းဟောင်းအာဆင််နယ်အသင်းအနေနဲ့ လာမယ့်ပွဲတွေကနေ ရာသီပြီးဆုံးချိန်ထိ မန်စီးတီးအသင်း ခြေချော်လက်ချော် ထပ်ရှုံးနိမ့်မယ်လို့ မမျှော်လင့်ဖို့ သတိပေးလိုက်ပါတယ်။ ရွိက်က The Kelly & Wrighty Show မှာ အာဆင်နယ်အသင်းနဲ့ ပတ်သတ်ပြီး ခုလိုပြောခဲ့ပါတယ်။ “အာဆင်နယ်အသင်းဟာ ပွဲတိုင်းအနိုင်ရရှိရန် နည်းလမ်းကို ရှာဖွေနေပြီး ဒီရာသီရဲ့ ပွဲအချို့မှာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ကောင်းသထက်ကောင်းအောင် အပတ်စဥ်လေ့လာသင်ယူနေပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အားစိုက်လုပ်ဆောင် နေပါတယ်။ ခင်ဗျား အဲဒီကို သွားပြီး ရင်ဆိုင်သွားရမှာဖြစ်ပြီး နောက်ဆုံးစက္ကန့်အထိ ကစားရမယ်ဆိုရင် အဲဒါ ခင်ဗျား လုပ်ရမယ့်အရာပဲ။ ခင်ဗျား ကိုယ့်ဘာသာ မှန်ထဲမှာ ကြည့်ပြီး ဒီပွဲမှာ ဒါမှမဟုတ် ဟိုပွဲမှာ ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သင့်တာလို့ ပြောချင်မှာမဟုတ်ပါဘူး။ ခင်ဗျား ကံကောင်းမှုအချို့ရနိုင်ပါတယ်။ ခင်ဗျား ကံဆိုးမှုအချို့လည်း ရနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ရပ်တန့်နေမှာမဟုတ်ဘဲ အဆုံးအထိ တိုက်ပွဲဝင်နေရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

-မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဝက်စ် ဘရောင်းက ၎င်းရဲ့ ပရီးမီးယားလိဂ်ဟောကိန်းကို ပြောင်းလဲလိုက်ပြီး မန်စီးတီးဟာ အာဆင်နယ်ကို လိုက်မမီနိုင်ဘဲ အာတီတာရဲ့အသင်းက ဗိုလ်စွဲသွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ “တစ်ရာသီလုံး ကျွန်တော်တို့ အာဆင်နယ်လုပ်နေတာတွေကို မြင်နေရပြီး သူတို့တွေ ဒါကို ထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူးလို့ ကျန်တဲ့လူတွေအားလုံးအတိုင်းပဲ ခင်ဗျား ထင်မှာ သေချာတယ်။ ဒါပေမယ့် သူတို့တွေ ထိန်းသိမ်းထားတယ်။ သူတို့တွေ နောက်ကျဂိုးတွေ ဆက်သွင်းနေပြီး ဒီလိုမျိုး အဆုံးမှာ နောက်ကျ အနိုင်ဂိုးတွေ ရယူနေတယ်။ အသင်းကို ကြည့်လိုက်ရင် ခင်ဗျား အရမ်းကြီးမားတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ယုံကြည်မှုတွေ ရှိနေတာ မြင်နိုင်ပါတယ်။ ကျွန်တော် သူတို့ တစ်ပတ်ပြီးတစ်ပတ် ရမှတ် ၃ မှတ်လောက် လျော့ကျမယ်လို့ မြင်ခဲ့တဲ့အတွက် မန်စီးတီးက ဖလားရသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကို ပြောင်းလိုက်ပါပြီ။ အာဆင်နယ်က ရလဒ်တွေရဖို့ရုန်းကန်ခဲ့ရပေမယ့်လည်း သူတို့တွေ ရလဒ်ကောင်းတွေ ရအောင် ဆက်ပြီးတော့ လုပ်နေတယ်။ အဲဒီတော့ ကျွန်တော် အာဆင်နယ် ဖလားရမယ်လို့ပဲ ပြောရမှာပါ။ အဲဒါက ဒီတစ်ရာသီလုံးမှာ ကျွန်တော် ပထမဆုံးပြောတဲ့စကားပါ။ ကျွန်တော် အမြဲတမ်း သူတို့မှာရှိနေတဲ့ ကစားသမားတွေနဲ့ စီးတီးက ချန်ပီယံဖြစ်လိမ့်မယ်လို့ပဲ တွေးမိခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

ေဒးလီးေမးရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားမ်ားဟာ လီဗာပူးလ္နဲ႔ မကစားခင္မွာ သူတို႔ရဲ႕ WhatApp ခ်က္ဂ႐ုမွာ ထိပ္ဆုံးမွာ ေရာက္ရွိေနတဲ့ အာဆင္နယ္ကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆုရယူမယ္လို႔ ေႂကြးေၾကာ္ခဲ့တယ္လို႔ သိရွိရပါတယ္။ မန္ယူႏိုက္တက္ကစားသမားမ်ားက လီဗာပူးလ္နဲ႔ မကစားခင္အခ်ိန္ေလးမွာ သူတို႔ရဲ႕ ခ်က္ဂ႐ုမွာ ” ငါတို႔ ထိပ္ဆုံးက အာဆင္နယ္နဲ႔ မန္စီးတီးတို႔ကို အမွီလိုက္ၿပီး ခ်န္ပီယံဆုရယူၾကမယ္” လို႔ ေရးသားေႂကြးေၾကာ္ခဲ့ၿပီး လီဗာပူးလ္နဲ႔ ကစားၿပီးေနာက္မွာေတာ့ အန္းဖီးလ္ကြင္းမွာ ၇ ဂိုးျပတ္ ရလဒ္နဲ႔ မရႈမလွ ရႈံးနိမ့္ခဲ့တဲ့အတြက္ သူတို႔ရဲ႕ ဖလား ၄ လုံးယူမယ္ဆိုတဲ့ အေကာင္းျမင္စိတ္ေတြ ပ်က္သုဥ္းခဲ့ရၿပီျဖစ္တယ္။

အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ သူမတူတဲ့ ျမင္ႏိုင္စြမ္းနဲ႔ တိက်ေသသပ္တဲ့ ေဘာလုံးေပးပို႔ႏိုင္စြမ္းတို႔ေၾကာင့္ ရွာမွရွားတဲ့ ကစားသမားမ်ိဳး ျဖစ္ခဲ့တာျဖစ္ၿပီး ဆာကာဟာ မၾကာေသးမီက ေျမာက္လန္ဒန္ကလပ္အသင္းမွာ ၎ကို အထင္ႀကီးေအာင္ အလုပ္ႏိုင္ခဲ့ဆုံးကစားသမားက ဘယ္သူလဲလို႔ Football Focus ရဲ႕ ေမးျမန္းျခင္းကို ခံခဲ့ရတဲ့အခါမွာ “ကြၽန္ေတာ္ကေတာ့ မီဆြတ္ အိုေဇးလ္လို႔ပဲ ေျပာရလိမ့္မယ္လို႔ ထင္ပါတယ္။ သူက သူ႔ရဲ႕ ကမာၻထဲမွာ ကစားေနတာပါ။ သူလုပ္ေနတဲ့ အရာအခ်ိဳ႕နဲ႔ ခင္ဗ်ား သူ႔ကို ၾကည့္ရင္ ဟာခနဲ ျဖစ္သြားမွာပါ”လို႔ ျပန္လည္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္နဲ႔ အာဆင္နယ္တို႔နဲ႔ အတူေဘာလုံးဇာတ္ခံေပၚမွာ ေတာက္ပခဲ့တဲ့ အိုေဇးလ္ဟာ လက္ရွိမွာေတာ့ အစၥတန္ဘူလ္ ဘာဆတ္ဆီဟီရာအသင္းနဲ႔ စာခ်ဳပ္ ဖ်က္သိမ္းၿပီးေနာက္ ကစားသမားဘဝကေန အနားယူခဲ့ၿပီ ျဖစ္ပါတယ္။

မာေဆးလ္မွာ ဂိုးေတြသြင္းၿပီး ေျခစြမ္းျပေနတဲ့ တာဗာရက္စ္ကို ျပင္သစ္ကလပ္အသင္းက အၿပီးသတ္ ေခၚယူဖို႔ရာ စိတ္မပါဘူးလို႔ သိရပါတယ္။ သူ႔ရဲ႕ ေျခစြမ္းပိုင္းက တည္ၿငိမ္ျခင္း မရွိတာေၾကာင့္ ျဖစ္ပါတယ္။မာေဆးလ္ပရိသတ္ေတြၾကားလည္း တာဗာရက္စ္ေၾကာင့္ အၿပီးသတ္ ေခၚေစခ်င္တဲ့သူနဲ႔ မေခၚေစခ်င္တဲ့သူ (၂) မ်ိဳးကြဲေနပါသတဲ့။ သူဟာ ခြန္အားသုံး ကစားတတ္၊ ျမန္ႏႈန္းျမင့္ၿပီး ဂိုးေတြလည္း သြင္းတတ္ေပမယ့္ တဖက္မွာလည္း မၾကာခဏ လူေပးမွားျခင္း၊ ဆုံးျဖတ္ခ်က္ေတြ မျပတ္သားျခင္းနဲ႔ ခံစစ္ကစားရာမွာ အပ်င္းႀကီးမႈေတြက မာေဆးလ္ကို ဒုကၡေရာက္ေစတာကို ေတြ႕ရပါတယ္။ အာဆင္နယ္အသင္းဟာ ဒီအသက္ ၂၂ အ႐ြယ္ ဘယ္ေနာက္ခံကစားသမားကို ဘင္ဖီကာအသင္းမွ ၂၀၂၁ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေခၚယူခဲ့တာျဖစ္ၿပီး ေျခစြမ္းပိုမိုေကာင္းမြန္ၿပီး အေတြ႕အႀကဳံရရွိေစရန္ ယခုရာသီအစမွာ မာေဆးလ္အသင္းသို႔ တရာသီအငွားေစလႊတ္ခဲ့တာျဖစ္ပါတယ္။

-အာဆင္နယ္အေျပာင္းအေ႐ႊ႕ပစ္မွတ္ ဒီကလန္ ႐ိုက္စ္က ယခုေႏြရာသီမွာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔စိတ္လႈပ္ရွားေနတယ္လို႔ သိရၿပီး အာတီတာက လာမယ့္ရာသီအတြက္ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ကို ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ The Times က ေဖာ္ျပခဲ့ပါတယ္။ ဂန္းနားေတြက အဂၤလန္ကြင္းလယ္လူကို ေပါင္သန္း ၈၀ နဲ႔ ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး မန္ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ထက္ လက္ဦးမႈ ရယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။ ဂ်ာနယ္လစ္ ကာယာ ေကးနတ္နဲ႔ ေျပာၾကားခ်က္အရ ဝက္စ္ဟမ္းကြင္းလယ္လူဟာ အာဆင္နယ္က စိတ္ဝင္စားေနတာေၾကာင့္ ေတာ္ေတာ္ေလး ေပ်ာ္႐ႊင္ေနၿပီး ခ်န္ပီယံလိဂ္မွာ ကစားရမယ့္ အလားအလာအတြက္ ေတာ္ေတာ္ေလး စိတ္လႈပ္ရွားေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတ္ယ။

-အာဆင္နယ္ ဇန္နဝါရီကစားသမားေခၚယူမႈျဖစ္တဲ့ ခီဗီေယာက ဂန္းနားေတြအတြက္ အခုအခ်ိန္အထိ ပြဲဦးထြက္ပါဝင္ကစားေပးရျခင္းမရွိေသးဘဲ အဲဗာတန္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ ဂိုး၊ ၃ ဂိုးေလာက္ရရင္ ဝင္ကစားခြင့္ရမယ္လို႔ ထင္ခဲ့ေပမယ့္ ကစားခြင့္မရခဲ့တဲ့အတြက္ အံ့အားသင့္ခဲ့တယ္လို႔ ဝန္ခံခဲ့ေပမယ့္လည္း စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းသြားမယ္လို႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ စပို႔တင္းလစၥဘြန္းအိမ္ကြင္းကို သြားကစားရဖို႔ ရွိေနၿပီး ခီဗီေယာအတြက္ ပြဲဦးထြက္ခြင့္ရဖို႔ အေကာင္းဆုံးအခြင့္အေရးျဖစ္လာမွာျဖစ္ပါတယ္။ ဒါေပမယ့္ ခီဗီေယာက သူေ႐ြးခ်ယ္ခဲ့တဲ့အသင္းက ယွဥ္ၿပိဳင္မႈကို နားလည္ေပမယ့္ လူငယ္ေတြအေပၚမွာ အာ႐ုံစိုက္မႈက ေျမာက္လန္ဒန္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္ျဖစ္ေစခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ခင္ဗ်ား အာဆင္နယ္ကို ၾကည့္လိုက္ရင္ သူတို႔ေတြမွာ ပရီးမီးယားလိဂ္အတြက္ အရမ္းအားေကာင္းတဲ့ လူစာရင္းရွိတယ္။ သူတို႔ေတြ လူငယ္ကစာသမားေတြကို ကစားေစခ်င္တယ္။ သူတို႔ေတြက လူငယ္ေတြကို အားကိုးရမွာမေၾကာက္ဘူး။ ကြၽန္ေတာ္ ဒီကို လာခဲ့တဲ့အခ်ိန္မွာ အဲဒါကိုလည္း ထည့္စဥ္းစားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ ဂႏၲဝင္ကစားသမားႀကီး အီယန္ ႐ြိဳက္က အသင္းေဟာင္းအာဆင္္နယ္အသင္းအေနနဲ႔ လာမယ့္ပြဲေတြကေန ရာသီၿပီးဆုံးခ်ိန္ထိ မန္စီးတီးအသင္း ေျခေခ်ာ္လက္ေခ်ာ္ ထပ္ရႈံးနိမ့္မယ္လို႔ မေမွ်ာ္လင့္ဖို႔ သတိေပးလိုက္ပါတယ္။ ႐ြိက္က The Kelly & Wrighty Show မွာ အာဆင္နယ္အသင္းနဲ႔ ပတ္သတ္ၿပီး ခုလိုေျပာခဲ့ပါတယ္။ “အာဆင္နယ္အသင္းဟာ ပြဲတိုင္းအႏိုင္ရရွိရန္ နည္းလမ္းကို ရွာေဖြေနၿပီး ဒီရာသီရဲ႕ ပြဲအခ်ိဳ႕မွာ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ သူတို႔ဟာ ေကာင္းသထက္ေကာင္းေအာင္ အပတ္စဥ္ေလ့လာသင္ယူေနၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အားစိုက္လုပ္ေဆာင္ ေနပါတယ္။ ခင္ဗ်ား အဲဒီကို သြားၿပီး ရင္ဆိုင္သြားရမွာျဖစ္ၿပီး ေနာက္ဆုံးစကၠန႔္အထိ ကစားရမယ္ဆိုရင္ အဲဒါ ခင္ဗ်ား လုပ္ရမယ့္အရာပဲ။ ခင္ဗ်ား ကိုယ့္ဘာသာ မွန္ထဲမွာ ၾကည့္ၿပီး ဒီပြဲမွာ ဒါမွမဟုတ္ ဟိုပြဲမွာ ပိုၿပီး ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့သင့္တာလို႔ ေျပာခ်င္မွာမဟုတ္ပါဘူး။ ခင္ဗ်ား ကံေကာင္းမႈအခ်ိဳ႕ရႏိုင္ပါတယ္။ ခင္ဗ်ား ကံဆိုးမႈအခ်ိဳ႕လည္း ရႏိုင္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ားက ရပ္တန႔္ေနမွာမဟုတ္ဘဲ အဆုံးအထိ တိုက္ပြဲဝင္ေနရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

-မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း ဝက္စ္ ဘေရာင္းက ၎ရဲ႕ ပရီးမီးယားလိဂ္ေဟာကိန္းကို ေျပာင္းလဲလိုက္ၿပီး မန္စီးတီးဟာ အာဆင္နယ္ကို လိုက္မမီႏိုင္ဘဲ အာတီတာရဲ႕အသင္းက ဗိုလ္စြဲသြားႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။ “တစ္ရာသီလုံး ကြၽန္ေတာ္တို႔ အာဆင္နယ္လုပ္ေနတာေတြကို ျမင္ေနရၿပီး သူတို႔ေတြ ဒါကို ထိန္းသိမ္းထားႏိုင္မွာမဟုတ္ဘူးလို႔ က်န္တဲ့လူေတြအားလုံးအတိုင္းပဲ ခင္ဗ်ား ထင္မွာ ေသခ်ာတယ္။ ဒါေပမယ့္ သူတို႔ေတြ ထိန္းသိမ္းထားတယ္။ သူတို႔ေတြ ေနာက္က်ဂိုးေတြ ဆက္သြင္းေနၿပီး ဒီလိုမ်ိဳး အဆုံးမွာ ေနာက္က် အႏိုင္ဂိုးေတြ ရယူေနတယ္။ အသင္းကို ၾကည့္လိုက္ရင္ ခင္ဗ်ား အရမ္းႀကီးမားတဲ့ စိတ္လႈပ္ရွားမႈေတြနဲ႔ ယုံၾကည္မႈေတြ ရွိေနတာ ျမင္ႏိုင္ပါတယ္။ ကြၽန္ေတာ္ သူတို႔ တစ္ပတ္ၿပီးတစ္ပတ္ ရမွတ္ ၃ မွတ္ေလာက္ ေလ်ာ့က်မယ္လို႔ ျမင္ခဲ့တဲ့အတြက္ မန္စီးတီးက ဖလားရသြားမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္စိတ္ကို ေျပာင္းလိုက္ပါၿပီ။ အာဆင္နယ္က ရလဒ္ေတြရဖို႔႐ုန္းကန္ခဲ့ရေပမယ့္လည္း သူတို႔ေတြ ရလဒ္ေကာင္းေတြ ရေအာင္ ဆက္ၿပီးေတာ့ လုပ္ေနတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ အာဆင္နယ္ ဖလားရမယ္လို႔ပဲ ေျပာရမွာပါ။ အဲဒါက ဒီတစ္ရာသီလုံးမွာ ကြၽန္ေတာ္ ပထမဆုံးေျပာတဲ့စကားပါ။ ကြၽန္ေတာ္ အၿမဲတမ္း သူတို႔မွာရွိေနတဲ့ ကစားသမားေတြနဲ႔ စီးတီးက ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ပဲ ေတြးမိခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet