ရစ်ချာလီဆန်နဲ့ ကွင်းထဲက ရန်ပွဲအကြောင်း ဖွင့်ပြောလိုက်တဲ့ ရမ်းစ်ဒေးလ်
အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ရစ်ချာလီဆန်နဲ့ ကွင်းထဲမှာ ဖြစ်ခဲ့တဲ့ ရန်ပွဲအကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ရမ်းစ်ဒေးလ်ဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွင်း ၎င်းရဲ့ အသင်းက ၂-၀ နဲ့ နိုင်ပွဲ ရရှိခဲ့တာကြောင့် ပွဲပြီး ဝီစီမှုတ်ပြီးချိန်မှာ အောင်ပွဲခံခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်ဟာ ၎င်းမြင်တွေ့ခဲ့ရတဲ့ တစ်စုံတရာကြောင့် ဒေါသတကြီးနဲ့ ဂန်းနားဂိုးသမားကို ထိပ်တိုက်ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟာ အာဆင်နယ်ဂိုးသမားရဲ့ မျက်နှာကို လက်နဲ့ ရိုက်ခဲ့ပုံပေါ်တာကြောင့် နှစ်ဖက်အသင်းကစားသမားတွေကြား ရန်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ရမ်းစ်ဒေးလ်ကို စပါးစ်ပရိသတ်တစ်ဦးက ပွဲကြည်စင်ပေါ်ကနေ ကြော်ငြာဆိုင်းဘုတ်နားအထိ လာပြီး ကျောကုန်းကို ပိတ်ကန်ခဲ့ချိန်မှာ အကုန်ပိုရှုပ်ကုန်တာ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ နောက်ဆုံးမှာတော့ ၎င်းရဲ့ ကစားသမားတွေကို ဆွဲပြီး အဝေးကွင်းပရိသတ်တွေရှိတဲ့ဘက်ကို ခေါ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အဲဒီအဖြစ်အပျက်ဖြစ်ခဲ့တာ ၂ လနီးပါးကြာမြင့်ခဲ့ပြီးနောက်မှာ ရမ်းစ်ဒေးလ်က ၎င်းရဲ့ ကစားသမားဘဝတလျှောက် ကြုံခဲ့ဖူးသမျှ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံးကစားသမားတွေကို အဆင့်သတ်မှတ်ပေးဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ESPN နဲ့ စကားပြောဆိုရာမှာ အသက် ၂၄ နှစ်အရွယ်ဂိုးသမားက စပါးစ်ကြယ်ပွင့်နာမည်ကို ပြောလိုက်ချိန်မှာ အားပါးတရ ထရယ်ခဲ့တဲ့ သတင်းထောက်ကို “ခင်ဗျားက ဘာကြောင့်ရယ်နေတာလဲ။ ဘာ ရယ်စရာပါလို့လဲ” ဟု အရွှမ်းဖောက် ပြန်မေးခဲ့ပြီး ရမ်းစ်ဒေးလ်က ရစ်ချာလီဆန် အကြောင်းကို ဆက်လက်ပြီး “သူက တစ်ဖက်လူ စိတ်အနှောင့်အယှက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိပြီး တစ်ခါတလေကျရင် အဲဒါက သူ့အားသာချက်ဖြစ်ပြီး တစ်ခါတလေတော့ မဟုတ်ပါဘူး။ အဲဒါက ခင်ဗျားကို ပြန်ဒုက္ခရောက်မှုဖြစ်စေနိုင်သလို ခင်ဗျားဖြစ်ချင်တဲ့ပုံစံအတိုင်းလုပ်လို့ ရနိုင်တဲ့အခါလည်း ဖြစ်နိုင်ပါတယ်။ သူဖြစ်ချင်တဲ့ပုံစံအတိုင်း ဖြစ်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူက စိတ်အနှောင့်အယှက်အပေးနိုင်ဆုံးပြိုင်ဘက်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းက မြောက်လန်ဒန်ဒါဘီပွဲစဉ်က ရန်ပွဲအပြီးမှာတော့ ရစ်ချာလီဆန်က ရမ်းစ်ဒေးလ်ဟာ လေးစားမှုမရှိဘူးလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပြီး အဲဒါက ပွဲပြီးဝီစီမှုတ်ချိန်မှာ ၎င်းကို ဒေါသထွက်စေခဲ့တဲ့နောက်ကွယ်က အကြောင်းအရင်းဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် တကယ်မနှစ်သက်တာက သူတို့ရဲ့ ဂိုးသမား (ရမ်းစ်ဒေးလ်)ပါ။ သူက ကျွန်တော်တို့ ပရိသတ်တွေရှေ့မှာ အောင်ပွဲခံခဲ့ပြီး ဒါက ကျွန်တော်တို့ပရိသတ်တွေကို လေးစားမှုမရှိတာပါ။ သူ့အနေနဲ့ သူတို့ပရိသတ်တွေရှေ့မှာပဲ အောင်ပွဲခံသင့်ပါတယ်။ အပြစ်ပေးမှု ဘာမှမရှိဘူး။ လူတွေက ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတာကိုသိပါတယ်။ ဒါပေမယ့် ခင်ဗျားတခြားအသင်းတွေကိုလည်း လေးစားမှုရှိရမှာပါ။ သူက လေးစားမှု ကင်းမဲ့ခဲ့ပြီး ကျွန်တော် သူ့ဆီသွားပြီး အဲဒီကိစ္စကို ရပ်ဖို့ သွားပြောခဲ့တာပါ။“လို့ ပြောကြားခဲ့ပါတယ်။
အများစုကို အံ့အားသင့်စေခဲ့တာက ရစ်ချာလီဆန်ဟာ အာရွန် ရမ်းစ်ဒေးလ်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပေမယ့်လည်း အပြစ်ပေးခံရမှုကနေ လွတ်မြောက်ခဲ့တာဖြစ်ပြီး အာဆင်နယ်ဂိုးသမားကို ကန်တဲ့ ပရိသတ်ကတော့ ၁၂ လအထိ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ဖို့နဲ့ ရမ်းစ်ဒေးလ်ကို ပေါင် ၁၀၀ လျော်ကြေးပေးဖို့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ ရစ္ခ်ာလီဆန္နဲ႔ ကြင္းထဲမွာ ျဖစ္ခဲ့တဲ့ ရန္ပြဲအေၾကာင္းကို ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ရမ္းစ္ေဒးလ္ဟာ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အတြင္း ၎ရဲ႕ အသင္းက ၂-၀ နဲ႔ ႏိုင္ပြဲ ရရွိခဲ့တာေၾကာင့္ ပြဲၿပီး ဝီစီမႈတ္ၿပီးခ်ိန္မွာ ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး ရစ္ခ်ာလီဆန္ဟာ ၎ျမင္ေတြ႕ခဲ့ရတဲ့ တစ္စုံတရာေၾကာင့္ ေဒါသတႀကီးနဲ႔ ဂန္းနားဂိုးသမားကို ထိပ္တိုက္ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ဟာ အာဆင္နယ္ဂိုးသမားရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္ခဲ့ပုံေပၚတာေၾကာင့္ ႏွစ္ဖက္အသင္းကစားသမားေတြၾကား ရန္ပြဲျဖစ္ခဲ့တာျဖစ္ၿပီး ရမ္းစ္ေဒးလ္ကို စပါးစ္ပရိသတ္တစ္ဦးက ပြဲၾကည္စင္ေပၚကေန ေၾကာ္ျငာဆိုင္းဘုတ္နားအထိ လာၿပီး ေက်ာကုန္းကို ပိတ္ကန္ခဲ့ခ်ိန္မွာ အကုန္ပိုရႈပ္ကုန္တာ ျဖစ္ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာဟာ ေနာက္ဆုံးမွာေတာ့ ၎ရဲ႕ ကစားသမားေတြကို ဆြဲၿပီး အေဝးကြင္းပရိသတ္ေတြရွိတဲ့ဘက္ကို ေခၚထုတ္ႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအျဖစ္အပ်က္ျဖစ္ခဲ့တာ ၂ လနီးပါးၾကာျမင့္ခဲ့ၿပီးေနာက္မွာ ရမ္းစ္ေဒးလ္က ၎ရဲ႕ ကစားသမားဘဝတေလွ်ာက္ ႀကဳံခဲ့ဖူးသမွ် စိတ္အေႏွာင့္အယွက္အေပးႏိုင္ဆုံးကစားသမားေတြကို အဆင့္သတ္မွတ္ေပးဖို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။
ESPN နဲ႔ စကားေျပာဆိုရာမွာ အသက္ ၂၄ ႏွစ္အ႐ြယ္ဂိုးသမားက စပါးစ္ၾကယ္ပြင့္နာမည္ကို ေျပာလိုက္ခ်ိန္မွာ အားပါးတရ ထရယ္ခဲ့တဲ့ သတင္းေထာက္ကို “ခင္ဗ်ားက ဘာေၾကာင့္ရယ္ေနတာလဲ။ ဘာ ရယ္စရာပါလို႔လဲ” ဟု အရႊမ္းေဖာက္ ျပန္ေမးခဲ့ၿပီး ရမ္းစ္ေဒးလ္က ရစ္ခ်ာလီဆန္ အေၾကာင္းကို ဆက္လက္ျပီး “သူက တစ္ဖက္လူ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို သိၿပီး တစ္ခါတေလက်ရင္ အဲဒါက သူ႔အားသာခ်က္ျဖစ္ၿပီး တစ္ခါတေလေတာ့ မဟုတ္ပါဘူး။ အဲဒါက ခင္ဗ်ားကို ျပန္ဒုကၡေရာက္မႈျဖစ္ေစႏိုင္သလို ခင္ဗ်ားျဖစ္ခ်င္တဲ့ပုံစံအတိုင္းလုပ္လို႔ ရႏိုင္တဲ့အခါလည္း ျဖစ္ႏိုင္ပါတယ္။ သူျဖစ္ခ်င္တဲ့ပုံစံအတိုင္း ျဖစ္ခဲ့တဲ့ အခ်ိန္ေတြလည္း ရွိခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက စိတ္အေႏွာင့္အယွက္အေပးႏိုင္ဆုံးၿပိဳင္ဘက္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ေတာ့တင္ဟမ္ေဟာ့စပါးအိမ္ကြင္းက ေျမာက္လန္ဒန္ဒါဘီပြဲစဥ္က ရန္ပြဲအၿပီးမွာေတာ့ ရစ္ခ်ာလီဆန္က ရမ္းစ္ေဒးလ္ဟာ ေလးစားမႈမရွိဘူးလို႔ သတင္းေထာက္ေတြကို ေျပာဆိုခဲ့ၿပီး အဲဒါက ပြဲၿပီးဝီစီမႈတ္ခ်ိန္မွာ ၎ကို ေဒါသထြက္ေစခဲ့တဲ့ေနာက္ကြယ္က အေၾကာင္းအရင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ တကယ္မႏွစ္သက္တာက သူတို႔ရဲ႕ ဂိုးသမား (ရမ္းစ္ေဒးလ္)ပါ။ သူက ကြၽန္ေတာ္တို႔ ပရိသတ္ေတြေရွ႕မွာ ေအာင္ပြဲခံခဲ့ၿပီး ဒါက ကြၽန္ေတာ္တို႔ပရိသတ္ေတြကို ေလးစားမႈမရွိတာပါ။ သူ႔အေနနဲ႔ သူတို႔ပရိသတ္ေတြေရွ႕မွာပဲ ေအာင္ပြဲခံသင့္ပါတယ္။ အျပစ္ေပးမႈ ဘာမွမရွိဘူး။ လူေတြက ကြၽန္ေတာ္တို႔ အေကာင္းဆုံးႀကိဳးစားခဲ့တယ္ဆိုတာကိုသိပါတယ္။ ဒါေပမယ့္ ခင္ဗ်ားတျခားအသင္းေတြကိုလည္း ေလးစားမႈရွိရမွာပါ။ သူက ေလးစားမႈ ကင္းမဲ့ခဲ့ၿပီး ကြၽန္ေတာ္ သူ႔ဆီသြားၿပီး အဲဒီကိစၥကို ရပ္ဖို႔ သြားေျပာခဲ့တာပါ။“လို႔ ရစ္ခ်ာလီဆန္က ေျပာၾကားခဲ့ပါတယ္။
အမ်ားစုကို အံ့အားသင့္ေစခဲ့တာက ရစ္ခ်ာလီဆန္ဟာ အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့ေပမယ့္လည္း အျပစ္ေပးခံရမႈကေန လြတ္ေျမာက္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ဂိုးသမားကို ကန္တဲ့ ပရိသတ္ကေတာ့ ၁၂ လအထိ လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို လုပ္ေဆာင္ဖို႔နဲ႔ ရမ္းစ္ေဒးလ္ကို ေပါင္ ၁၀၀ ေလ်ာ္ေၾကးေပးဖို႔ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Players' Talk