Analysis Article: ယခုရာသီမှာ အာဆင်နယ်က ကံကောင်းနေတာလား ဒါမှမဟုတ် ထိပ်တန်းစိန်ခေါ်သူတွေလား coyg

Analysis Article: ယခုရာသီမှာ အာဆင်နယ်က ကံကောင်းနေတာလား ဒါမှမဟုတ် ထိပ်တန်းစိန်ခေါ်သူတွေလား

၂၀၂၂-၂၃ အင်္ဂလန် ပရီးမီးယားလိဂ်ရာသီကလည်း နောက်ဆုံးအချိန်ကာလအပိုင်းအခြားထဲကို ရောက်ရှိလာပြီဖြစ်တာကြောင့် အာဆင်နယ်ပရိသတ်တွေဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ရရှိဖို့ အိပ်မက်နေကြပြီဖြစ်ပါတယ်။

အာဆင်နယ်နည်းပြအာတီတာရဲ့လူငယ်အသင်းဟာ ယခုရာသီမှာ မျှော်မှန်းချက်တွေကို ဆန့်ကျင်ပြီး အထင်ကြီးဖွယ် နိုင်ပွဲတွေ ရယူပြီးနောက် ဆုဖလားပြိုင်ပွဲထဲမှာ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂန်းနားတွေဟာ ကံကောင်းနေတာလား ဒါမှမဟုတ် ပြီးခဲ့တဲ့နှစ်တွေတုန်းက ရှောင်ပြေးနေတဲ့ အနိုင်လိုချင်တဲ့စိတ်ဓာတ်ကို နောက်ဆုံးမှာ ပြသနိုင်နေပြီလားဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲတွေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း

ငြင်းလို့မရတဲ့အရာတစ်ခုက အာတီတာရဲ့အသင်းဟာ အံ့အားသင့်ဖွယ် ပုံစံနဲ့ နိုင်ပွဲတွေရခဲ့တာဖြစ်ပြီး ဒီလိုမျိုး ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ယုံကြည်ချက်ရှိမှုတွေက ချန်ပီယံတွေရဲ့ အမှတ်အသားဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဒီရာသီမှာ အဲဒီအရည်အချင်းတွေ ရှိနေတာ ရှင်းလင်းနေပြီး နည်းစနစ် ပါရမီရှင် အာတီတာကလည်း အသင်းရဲ့အောင်မြင်မှုတွေမှာ အခရာဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအောင်မြင်မှုတွေဟာ ရှုံးနိမ့်နေရာကနေ နောက်ကနေ နိုင်ပွဲတွေ ပြန်ယူနိုင်ခဲ့တဲ့ အဓိကကျတဲ့ အခိုက်အတန့်အနည်းငယ်ကို ထောက်ပြပြီး ကံကောင်းမှုသက်သက်လို့ ဝေဖန်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ဗီလာနဲ့ပွဲမှာ တိုက်ပွဲဝင် စိတ်ဓာတ်ပြသခဲ့တဲ့ ဂန်းနားများ

အာဆင်နယ်ရဲ့နိုင်ပွဲတွေဟာ ကံကောင်းလို့ ရခဲ့တာမဟုတ်ဘဲ အထူးသဖြင့် အက်စတန် ဗီလာနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ချန်ပီယံတွေရဲ့ စရိုက်လက္ခဏာကို ပြသခဲ့တာဖြစ်ပါတယ်။ အကြိတ်အနယ် တိုက်ပွဲဝင်ခဲ့ပြီးနောက်မှာ ပွဲပြီးဆုံးခါနီး ဂျော်ဂျင်ညိုရဲ့ အံ့အားသင့်ဖွယ်သွင်းဂိုးက အရေးကြီးတဲ့နိုင်ပွဲကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲက အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ဖိအားတွေအောက်မှာ စွမ်းဆောင်နိုင်စွမ်းကို သက်သေပြသခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်နဲ့ပွဲက အာဆင်နယ်ရဲ့ အကြီးမားဆုံး အခိုက်အတန့်

အာတီတာရဲ့အသင်းအတွက် ယခုရာသီရဲ့ အကြီးမားဆုံးအခိုက်အတန့်က ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဖြစ်ခဲ့ပြီး ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ဘန် ဝှိုက်၊ ပါတေးတို့ရဲ့ ချေပဂိုးတွေကြောင့် ပွဲကစားချိန် ၉၆ မိနစ်အထိ သရေကျနေခဲ့ပြီးမှာ ၉၇ မိနစ်မှာ ရိစ် နယ်လ်ဆင်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ကြံ့ကြံ့ခံနိုင်စွမ်း၊ ဆာလောင်မှု၊ တစ်သင်းလုံးရဲ့ စွမ်းရည်က ဒီလိုမျိုး နိုင်ပွဲတွေ ရယူရာမှာအဓိကသော့ချက်ဖြစ်ခဲ့ပြီး ပရိသတ်တွေကလည်း အသင်းရဲ့နောက်မှာ အပြည့်အဝ ရပ်တည်ပြီး ကစားသမားတွေ ဓိတ်ဓာတ်မကျသွားအောင် ကျားကန်ပေးထားခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းတည်ငြိမ်မှုရဖို့ ရုန်းကန်နေရတဲ့ မန်စီးတီး

လက်ရှိ ချန်ပီယံ မန်စီးတီးရဲ့ ခြေစွမ်းဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ အာဆင်နယ်နဲ့ ၅ မှတ်အကွာက ရပ်တည်နေပေမယ့်လည်း ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးက အရင်ရာသီတွေတုန်းက အသင်းတိုင်းကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့တာဖြစ်ပြီး ဒီဘရိုင်းနား၊ ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗားတို့ကလည်း ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းမျိုး တထပ်တည်း ပြန်လည်ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အရွယ်ရောက်လာတဲ့ နည်းစနစ်ဆရာရဲ့ ဂန်းနားသားပေါက်လေးများ

ဒီရာသီ ဂန်းနားတွေ ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာက ကံကောင်းလို့လား၊ မန်ချက်စတာစီးတီး ခြေကျနေလို့လားဆိုရင် အဖြေက အဲဒီ ၂ ခုစလုံး မဟုတ်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေတုန်းက ဂန်းနားသားပေါက်တသိုက်နဲ့ မျက်စိသူငယ် နားသူငယ်ဖြစ်ခဲ့ရတဲ့ နည်းစနစ်ဆရာအာတီတာရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ ဆာကာ၊ ဆာလီဘာ၊ မာတီနယ်လီတို့လို လူငယ်ကစားသမားတွေဟာ အရွယ်ရောက်လာကြပြီဖြစ်ပြီး အမြင့်မားဆုံးအဆင့်အတန်းမှာ ယှဉ်ပြိင်နိုင်တဲ့ အရည်အချင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေ ရှိနေပြီဆိုတာကို သက်သေပြသနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဖလားအတွက် နောက်ကျ စိန်ခေါ်မှုတွေ ပြုလုပ်နိုင်တဲ့ အရည်အချင်းမျိုးရှိတယ်ဆိုတာ ငြင်းမရဘဲ ဒီဘရိုင်းနား၊ ဟာလန်း၊ ဂရီးလစ်ရှ်တို့လိုမျိုး ကစားသမားတွေနဲ့ ဘယ်လိုအသင်းမျိုးကိုမဆို တောက်ချနိုင်စွမ်းရှိပေမယ့် ဂန်းနားတွေကို လိုက်မီချင်တယ်ဆိုရင်တော့ တခါတရံ ဦးတည်ရာမဲ့ ကစားနေပြီး အသင်းငယ်လေးတွေကိုတောင် အနိုင်မရတဲ့ ခြေစွမ်းမတည်ငြိမ်မှုမျိုးကို အလျင်အမြန်ပြင်ဆင်နိုင်မှသာ ဖြစ်နိုင်မယ့်အကြောင်းနဲ့ ဘယ်လောက်ပင် ကစားသမားအင်အားကြီးမား သာလွန်စေကာမူ အချိန်မီ မပြင်ဆင်နိုင်ခဲ့ရင် ၂၀၂၂-၂၃ ရာသီအတွက် ပရီးမီးယားလိဂ်ဆုဖလားကြီးကို နည်းပြအာတီတာဦးဆောင်တဲ့ ဂန်းနားသွေးတွေနဲ့ အရည်အချင်းတွေ စတင်ပြည့်ဝနေပြီဖြစ်တဲ့ ဂန်းနားလေးတွေရဲ့ အာဆင်နယ်အသင်းက ဆွတ်ခူးသွားမှာ အသေအချာဖြစ်ကြောင်း ဖော်ပြရေးသားအပ်ပါတယ်။

Arsenal Myanmar
Photos Credit

ZAWGYI:

ပရီးမီးယားလိဂ္ရာသီကလည္း ေနာက္ဆုံးအခ်ိန္ကာလအပိုင္းအျခားထဲကို ေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဟာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး အမွတ္ေပးဖလားကို ရရွိဖို႔ အိပ္မက္ေနၾကၿပီျဖစ္ပါတယ္။

အာတီတာရဲ႕လူငယ္အသင္းဟာ ယခုရာသီမွာ ေမွ်ာ္မွန္းခ်က္ေတြကို ဆန႔္က်င္ၿပီး အထင္ႀကီးဖြယ္ ႏိုင္ပြဲေတြ ရယူၿပီးေနာက္ ဆုဖလားၿပိဳင္ပြဲထဲမွာ ဦးေဆာင္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဂန္းနားေတြဟာ ကံေကာင္းေနတာလား ဒါမွမဟုတ္ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ေရွာင္ေျပးေနတဲ့ အႏိုင္လိုခ်င္တဲ့စိတ္ဓာတ္ကို ေနာက္ဆုံးမွာ ျပသႏိုင္ေနၿပီလားဆိုတာကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ အံ့အားသင့္ဖြယ္ ႏိုင္ပြဲေတြနဲ႔ ႀကံ့ႀကံ့ခံႏိုင္စြမ္း

ျငင္းလို႔မရတဲ့အရာတစ္ခုက အာတီတာရဲ႕အသင္းဟာ အံ့အားသင့္ဖြယ္ ပုံစံနဲ႔ ႏိုင္ပြဲေတြရခဲ့တာျဖစ္ၿပီး ဒီလိုမ်ိဳး ႀကံ့ႀကံ့ခံႏိုင္စြမ္းနဲ႔ ယုံၾကည္ခ်က္ရွိမႈေတြက ခ်န္ပီယံေတြရဲ႕ အမွတ္အသားျဖစ္ပါတယ္။ ဂန္းနားေတြဟာ ဒီရာသီမွာ အဲဒီအရည္အခ်င္းေတြ ရွိေနတာ ရွင္းလင္းေနၿပီး နည္းစနစ္ ပါရမီရွင္ အာတီတာကလည္း အသင္းရဲ႕ေအာင္ျမင္မႈေတြမွာ အခရာျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီေအာင္ျမင္မႈေတြဟာ ရႈံးနိမ့္ေနရာကေန ေနာက္ကေန ႏိုင္ပြဲေတြ ျပန္ယူႏိုင္ခဲ့တဲ့ အဓိကက်တဲ့ အခိုက္အတန႔္အနည္းငယ္ကို ေထာက္ျပၿပီး ကံေကာင္းမႈသက္သက္လို႔ ေဝဖန္မႈေတြ ရွိေနခဲ့တာျဖစ္ပါတယ္။

ဗီလာနဲ႔ပြဲမွာ တိုက္ပြဲဝင္ စိတ္ဓာတ္ျပသခဲ့တဲ့ ဂန္းနားမ်ား

အာဆင္နယ္ရဲ႕ႏိုင္ပြဲေတြဟာ ကံေကာင္းလို႔ ရခဲ့တာမဟုတ္ဘဲ အထူးသျဖင့္ အက္စတန္ ဗီလာနဲ႔ ရင္ဆိုင္ခဲ့တဲ့ပြဲမွာ ခ်န္ပီယံေတြရဲ႕ စ႐ိုက္လကၡဏာကို ျပသခဲ့တာျဖစ္ပါတယ္။ အႀကိတ္အနယ္ တိုက္ပြဲဝင္ခဲ့ၿပီးေနာက္မွာ ပြဲၿပီးဆုံးခါနီး ေဂ်ာ္ဂ်င္ညိဳရဲ႕ အံ့အားသင့္ဖြယ္သြင္းဂိုးက အေရးႀကီးတဲ့ႏိုင္ပြဲကို ရရွိေစခဲ့တာ ျဖစ္ပါတယ္။ ဒီႏိုင္ပြဲက အသင္းရဲ႕ တိုက္ပြဲဝင္စိတ္ဓာတ္နဲ႔ ဖိအားေတြေအာက္မွာ စြမ္းေဆာင္ႏိုင္စြမ္းကို သက္ေသျပသခဲ့တာျဖစ္ပါတယ္။

ဘုန္းေမာက္နဲ႔ပြဲက အာဆင္နယ္ရဲ႕ အႀကီးမားဆုံး အခိုက္အတန႔္

အာတီတာရဲ႕အသင္းအတြက္ ယခုရာသီရဲ႕ အႀကီးမားဆုံးအခိုက္အတန႔္က ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ ျဖစ္ခဲ့ၿပီး ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ဘန္ ဝႈိက္၊ ပါေတးတို႔ရဲ႕ ေခ်ပဂိုးေတြေၾကာင့္ ပြဲကစားခ်ိန္ ၉၆ မိနစ္အထိ သေရက်ေနခဲ့ၿပီးမွာ ၉၇ မိနစ္မွာ ရိစ္ နယ္လ္ဆင္ရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ႀကံ့ႀကံ့ခံႏိုင္စြမ္း၊ ဆာေလာင္မႈ၊ တစ္သင္းလုံးရဲ႕ စြမ္းရည္က ဒီလိုမ်ိဳး ႏိုင္ပြဲေတြ ရယူရာမွာအဓိကေသာ့ခ်က္ျဖစ္ခဲ့ၿပီး ပရိသတ္ေတြကလည္း အသင္းရဲ႕ေနာက္မွာ အျပည့္အဝ ရပ္တည္ၿပီး ကစားသမားေတြ ဓိတ္ဓာတ္မက်သြားေအာင္ က်ားကန္ေပးထားခဲ့တာျဖစ္ပါတယ္။

ေျခစြမ္းတည္ၿငိမ္မႈရဖို႔ ႐ုန္းကန္ေနရတဲ့ မန္စီးတီး

လက္ရွိ ခ်န္ပီယံ မန္စီးတီးရဲ႕ ေျခစြမ္းဟာ ျပင္းထန္တဲ့ ေဝဖန္မႈေတြ ခံခဲ့ရၿပီး အမွတ္ေပးဇယား ဒုတိယေနရာမွာ အာဆင္နယ္နဲ႔ ၅ မွတ္အကြာက ရပ္တည္ေနေပမယ့္လည္း ပုံမွန္ေျခစြမ္းေအာက္က်ဆင္းေနခဲ့တာျဖစ္ပါတယ္။ မန္စီးတီးက အရင္ရာသီေတြတုန္းက အသင္းတိုင္းကို လႊမ္းမိုးထားႏိုင္ခဲ့ေပမယ့္လည္း ဒီရာသီမွာပုံမွန္ေျခစြမ္းမျပသႏိုင္ခဲ့တာျဖစ္ၿပီး ဒီဘ႐ိုင္းနား၊ ဖိုဒန္၊ ဘာနာဒိုေဆးလ္ဗားတို႔ကလည္း ၿပီးခဲ့တဲ့ရာသီတုန္းက ေျခစြမ္းမ်ိဳး တထပ္တည္း ျပန္လည္ျပသႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

အ႐ြယ္ေရာက္လာတဲ့ နည္းစနစ္ဆရာရဲ႕ ဂန္းနားသားေပါက္ေလးမ်ား

ဒီရာသီ ဂန္းနားေတြ ဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာက ကံေကာင္းလို႔လား၊ မန္ခ်က္စတာစီးတီး ေျခက်ေနလို႔လားဆိုရင္ အေျဖက အဲဒီ ၂ ခုစလုံး မဟုတ္ဘူးလို႔ ေျပာရမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီေတြတုန္းက ဂန္းနားသားေပါက္တသိုက္နဲ႔ မ်က္စိသူငယ္ နားသူငယ္ျဖစ္ခဲ့ရတဲ့ နည္းစနစ္ဆရာအာတီတာရဲ႕ အာဆင္နယ္အသင္းဟာ လက္ရွိမွာေတာ့ ဆာကာ၊ ဆာလီဘာ၊ မာတီနယ္လီတို႔လို လူငယ္ကစားသမားေတြဟာ အ႐ြယ္ေရာက္လာၾကၿပီျဖစ္ၿပီး အျမင့္မားဆုံးအဆင့္အတန္းမွာ ယွဥ္ၿပိင္ႏိုင္တဲ့ အရည္အခ်င္းနဲ႔ စိတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈေတြ ရွိေနၿပီဆိုတာကို သက္ေသျပသေနတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္ဖလားအတြက္ ေနာက္က် စိန္ေခၚမႈေတြ ျပဳလုပ္ႏိုင္တဲ့ အရည္အခ်င္းမ်ိဳးရွိတယ္ဆိုတာ ျငင္းမရဘဲ ဒီဘ႐ိုင္းနား၊ ဟာလန္း၊ ဂရီးလစ္ရွ္တို႔လိုမ်ိဳး ကစားသမားေတြနဲ႔ ဘယ္လိုအသင္းမ်ိဳးကိုမဆို ေတာက္ခ်ႏိုင္စြမ္းရွိေပမယ့္ ဂန္းနားေတြကို လိုက္မီခ်င္တယ္ဆိုရင္ေတာ့ တခါတရံ ဦးတည္ရာမဲ့ ကစားေနၿပီး အသင္းငယ္ေလးေတြကိုေတာင္ အႏိုင္မရတဲ့ ေျခစြမ္းမတည္ၿငိမ္မႈမ်ိဳးကို အလ်င္အျမန္ျပင္ဆင္ႏိုင္မွသာ ျဖစ္ႏိုင္မယ့္အေၾကာင္းနဲ႔ အခ်ိန္မီ မျပင္ဆင္ႏိုင္ခဲ့ရင္ ၂၀၂၂-၂၃ ရာသီအတြက္ ပရီးမီးယားလိဂ္ဆုဖလားႀကီးကို နည္းျပအာတီတာဦးေဆာင္တဲ့ ဂန္းနားေသြးေတြနဲ႔ အရည္အခ်င္းေတြ စတင္ျပည့္ဝေနၿပီျဖစ္တဲ့ ဂန္းနားေလးေတြရဲ႕ အာဆင္နယ္အသင္းက ဆြတ္ခူးသြားမွာ အေသအခ်ာျဖစ္ေၾကာင္း ေဖာ္ျပေရးသားအပ္ပါတယ္။

Arsenal Myanmar
Photos Credit