ဘိုင်ယန်လေဒီတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဆင်နယ်လေဒီများ 150 150 admin

ဘိုင်ယန်လေဒီတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဆင်နယ်လေဒီများ

အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဂိုးသမား ဇင်းစ်ဘာဂါ၊ နောက်တန်းမှာ လေး ဝီလီယမ်ဆန်၊ မက်ကေ့ဘ်၊ မာရစ်ဇ်နဲ့ ဆိုဇာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မာနမ်၊ လစ်တဲလ်နဲ့ ဗာလ်တီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖို့ဒ်၊ ဘလက်စတင်နီးယပ်စ်နဲ့ ဗစ်တိုးရီးယား ပီလိုဗာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဒီလူစာရင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က စပါးစ်အမျိုးသမီးအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲ လူစာရင်းမှာ ဂိုးသမား ဒီ-အိန်ဂျလိုနေရာ ဇင်းစ်ဘာဂါနဲ့ နောက်တန်းဗဟိုခံစစ်မှူးနေရာ ဝပ်ဘင်-မွိုင်းအစား ဆိုဇာကို အသုံးပြုခဲ့တာက လွဲရင် ကျန်ကစားသမား ၉ ယောက်နေရာကတော့ မပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ အားထားရတဲ့ အာဆင်နယ်အမျိုးသမီးအသင်းရဲ့ကွင်းလယ်လူ လစ်တဲလ် ဒဏ်ရာရသွားပြီး ဗီယင်ရွိုက်သာနဲ့ စောစီးစွာ လူစားလဲခဲ့ရတဲ့အတွက် အာဆင်နယ်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ အသင်းခေါင်းဆောင် လက်ပတ်ကိုတော့ ဝီလီယမ်ဆန်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ဘိုင်ယန်မြူးနစ် ခံစစ်ရဲ့ မသေမသပ် ဘောလုံးပေးမှုကနေ ဘောလုံးရရှိသွားတဲ့ ဗယလ်တီ ပေးပို့လိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာထဲရှိ ဘလက်စတန်းနီးယပ်စ်က ရယူပြီး ဝီလီယမ်ဆန်နဲ့ အပေးအယူလုပ်ခဲ့ကာ ဝီလမ်ယမ်ဆန်က အနားမှာရှိတဲ့ ဖရီဒန် မာနန် ကန်သွင်းရန် နောက်ပေါက်ဖြင့် ဖန်တီးပေးခဲ့ပါတယ်။ မာနန်က အားပါတဲ့ ညာခြေကန်ချက်နဲ့ ဘိုင်ယန်အသင်းရဲ့ ဘယ်ဘက် အဝေးတိုင် အပေါ်ထောင့်ကို ကွက်တိကန်သွင်းပြီး အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူလိုက်နိုင်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ ညာတောင်ပံက ပီလိုဗာဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်တောင်ပံရှိ မက်ကေ့ဘ်က ရရှိသွားကာ ဂိုးဧရိယာထဲ ဆွဲပြေးသွားပြီး ဂိုးရှေ့ဖြတ်တင်ပေးပို့ခဲ့ပြီး ဂိုးရှေ့မှာ နေရာယူထားတဲ့ ဘလက်စတန်းနီးယပ်စ်က အနီးကပ်ပိုင်နိုင်စွာ ခေါင်းတိုက်သွင်းယူနိုင်ခဲ့တဲ့အတွက် ဘိုင်ယန် ဂိုးသမား မည်သို့မျှ မတတ်နိုင်ပဲ ဂိုးပေးလိုက်ရလို့ အာဆင်နယ်အသင်းက ဒုတိယဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ၂ ကျော့ပေါင်း ရလဒ် ၂-၁ ဖြင့် နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားတဲ့ အာဆင်နယ်အသင်းဟာ ဘိုင်ယန်အသင်းရဲ့ တရစပ်တိုက်စစ်ပြန်ဆင်လာမှုကို ပြတ်ပြတ်သားသားရှင်းထုတ် တုံ့ပြန်ပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် ပြီးဆုံးခဲ့နိုင်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၆၄ မိနစ်မှာ မက်ကေ့ဘ်ဟာ ဘိုင်ယန်ဂိုးဧရိယာထဲမှာ နောက်ခံကစားသမားနှစ်ဦးကို လှပစွာကျော်ဖြတ်နိုင်ခဲ့ပြီး ကန်သွင်းယူခဲ့ရာမှာ ဘိုင်ယန် ဂိုးသမား ဂရိုးစ်လက်ဖျားနဲ့ ပုတ်ထုတ်ကာကွယ်လိုက်နိုင်ပြီး ထောင့်ကန်ဘောဖြစ်ခဲ့သည့်အတွက် အာဆင်နယ်အသင်း နောက်ထပ် ဂိုးရမယ့်အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရပါတယ်။

ဒုတိယပိုင်း ပြီးခါနီးလေ ဘိုင်ယန်အမျိုးသမီးအသင်းက တိုက်စစ်ဖိဆင်သလို ကစားပုံလည်း ကြမ်းတမ်းတဲ့အတွက် ပွဲချိန် ၈၉ မိနစ်မှာ ဘယ်နောက်ခံလူ မက်ကေ့ဘ်လည်း ဒဏ်ရာရသွားပြီး လမ်းကောင်းစွာ မလျှောက်နိုင်တော့လို့ လူစားလဲခွင့်တောင်းခဲ့ရာ လီနာ ဟာတစ်ခ်နဲ့ လူစားလဲခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဘလက်စတန်းနီးယပ်စ်အစား ဘီတီ၊ ဗီလိုဗာအစား ဗီယင်ရွိုက်သာတို့ကို လူစားထပ်လဲကစားခဲ့ပြီး ပွဲကိုထိန်းကာ နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ ဘိုင်ယန်တို့ကို အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်ဖြစ်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဝုလ်ဖ်ဘတ်အမျိုးသမီးအသင်းနဲ့ ပီအက်စ်ဂျီအမျိုးသမီးအသင်းတို့ထဲမှ အနိုင်ရရှိတဲ့ တစ်သင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ယခုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ဖရီဒါ မာနမ်က ရရှိခဲ့သလို ဘတ်ဒေးဂဲလ်ဖြစ်တဲ့ ဝီလီယမ်ဆန်အတွက်လည်း အကောင်းဆုံး မွေးနေ့လက်ဆောင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မထင်မှတ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲ တစ်ခုရှိခဲ့ပြီး ဒါကတော့ အားထားရတဲ့ ကွင်းလယ်ကစားသမား လစ်တဲ ပွဲစပြီးသိပ်မကြာခင် ဒဏ်ရာရရှိသွားခဲ့လို့ လူစားလဲခဲ့တဲ့ ကစားသမားက ဗဟိုနောက်ခံကစားသမား ဗီယင်ရွိုက်သာဖြစ်နေခဲ့ပြီး နည်းပြ အီဒီဗာလ်က လစ်တဲရဲ့နေရာမှာ ဗာလ်တီကို အစားထိုးမကစားစေပဲ ဗဟိုနောက်ခံကစားသမား ဝီလီယမ်ဆန်ကို တိုက်ရိုက်ဝင်ရောက်ကစားခိုင်းခဲ့တာပဲ ဖြစ်ပါတယ်။

သန်မာပြီး ဖျက်အားပြင်းတဲ့ ကစားပုံရှိတဲ့ ဝီလီယမ်ဆန်ကြောင့် ဘိုင်ယန်ရဲ့ အားသာချက်ဖြစ်တဲ့ အဝေးဖြတ်တင်ဘောတွေ အလုပ်မဖြစ်ခဲ့ အလဟာဖြစ်ခဲ့ရပါတယ်။ ဝီလီယမ်ဆန်ဟာ လစ်တဲလောက် ကွင်းလယ်ကစားသမားအဖြစ် အပြည့်အဝ မကစားနိုင်ပေမယ့် သူမရဲ့ နေရာလွတ်တွေ ရရှိစေမှု၊ အမြန်နှုန်းနဲ့ ပေးပို့မှုတွေကို ပိုမိုလုပ်ပေးနိုင်ခဲ့သည့်အတွက် အသင်းခေါင်းဆောင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ အာဆင်နယ်အမျိုးသမီး ကွင်းလယ်ဟာ သန်မာပြီး နည်းစနစ်ကြေညက်တဲ့ အသက် ၂၆ နှစ်အရွယ် ဗဟိုနောက်ခံကစားသမားကြောင့် လုပ်အားနှုန်းပိုကောင်းပြီး အလုပ်ဖြစ်ခဲ့တာလည်း ဒီပွဲအနိုင်ရရှိခြင်းရဲ့ အဓိက အချက်တစ်ခုဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ARSENAL MYANMAR
PHOTOS CREDIT