ပဲလေ့စ်ပွဲမှာ ဂိုးသွင်းအပြီး အာဆင်နယ်ကိုသတိပေးလိုက်တဲ့ ဟာလန်းနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
-အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ဝီလီယံက မြောက်လန်ဒန်ကို ပြောင်းရွှေ့မိခဲ့တာ နောင်တရတယ်လို့ ပြောကြားခဲ့ပြီး ဘရာဇီးလ်ကွင်းလယ်လူဟာ ၂၀၂၀ နွေရာသီမှာ အမ်းမရိတ်စ်ကို မပြောင်းရွှေ့ခင် ချဲလ်ဆီးနဲ့အတူ အောင်မြင်တဲ့ ၇ ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဝီလီယံဟာ ချဲလ်ဆီးအသင်းက ၂ နှစ်စာချုပ်သာ ကမ်းလှမ်းခဲ့တာကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာခဲ့တာဖြစ်ပြီး ဂန်းနားတွေက ၃ နှစ်စာချုပ် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့အချိန်တွေနဲ့ရင်ဆိုင်ခဲ့ရပြီး ၁၂ လအကြာမှာပဲ ဘရာဇီးလ်ကလပ် ကိုရင်သီယန်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အတွက် ချဲလ်ဆီးကို စွန့်ခွာခဲ့တာ နောင်တရခဲ့လားမေးမြန်းခဲ့ရာမှာ ဝီလီယံက “ရပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မစွန့်ခွာခဲ့ရင် ကောင်းမယ်လို့ ဆုတောင်းမိခဲ့တယ်။ ဟုတ်ပါတယ်။ ဟုတ်တာပေါ့။ အခုတော့ ပြောရတာ လွယ်တာပေါ့။ ဒါပေမယ့် ခင်ဗျား အဲဒီအချိန်တုန်းက အခြေအနေကြီးတစ်ခုလုံးနဲ့ပတ်သက်ပြီး စဉ်းစားနေတာကို ရပ်တန့်လိုက်ရင်တော့ ဟုတ်တယ်။ ငါ မထွက်ခဲ့ရင် အကောင်းသားလို့ ကိုယ့်ဘာသာကိုယ် ပြောမိပါတယ်။ ဒါပေမယ့် အဲဒါက ဘဝပဲလေ။ ကျွန်တော် အခု ဖူလ်ဟမ်မှာ ပျော်ရွှင်နေပြီ။ ဒီမှာရှိရတဲ့ဘဝကို ပျော်ရွှင်နေတယ်။ ဒါက ဘဝပဲ။ အာဆင်နယ်က အခု အမြင့်ပျံနေတယ်။ ကျွန်တော် မသိဘူး။ ကျွန်တော် ရောက်လာခဲ့တုန်းကလည်း အများကြီး ပြောင်းလဲနေခဲ့တယ်လို့ ထင်တယ်။ ကျွန်တော် သူတို့နဲ့ စာချုပ်ချုပ်တဲ့အချိန်မှာ စိတ်လှုပ်ရှားနေခဲ့တယ်။ ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်တယ်။ ဒါပေမယ့် အဲဒါက အလုပ်မဖြစ်ခဲ့ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်အသင်းဟာ ယနေ့ညနေ ဖူလ်ဟမ်နဲ့ပွဲမတိင်ခင် အားတက်စရာ ဒဏ်ရာသတင်း ၃ ခုရရှိခဲ့တယ်လို့ သိရပြီး ဂျေးဇုရော ထရော့ဆာ့ဒ်ပါ ခရာဗင် ကော့တေ့ချ်က ပွဲစဉ်မှာ ပါဝင်ကစားပေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂန်းနားအသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ စပို့တင်း လစ္စဘွန်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ စီစဉ်ခဲ့ပေမယ့်လည်း နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုဝင်ဘာလနောက်ပိုင်းကတည်းက အသင်းအတွက် မကစားပေးနိုင်ခဲ့တဲ့ ဂျေးဇု၊ ထရော့ဆာ့ဒ်နဲ့ အော်ဒီဂွါဒ်တို့ဟာ အနောက်လန်ဒန်က ပွဲစဉ်မှာ ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။
-အာဆင်နယ်အသင်းဟာ မူဆာ ဒီယာဘီကို ယခုရာသီကုန်မှာ ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပြီး ၎င်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ လက်ရှိ ဥရောပမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး အသင်းအများအပြားက လေဗာကူဆင်တိုက်စစ်မှူးကို ခေါ်ယူချင်နေကြတာဖြစ်ပါတယ်။ Caughtoffside မှာ ရေးသားခဲ့တဲ့ နောက်ဆုံးကော်လံထဲမှာ ဂျာနယ်လစ် ခရစ်ရှန် ဖော့ခ်က အာဆင်နယ်ဟာ မူဆာ ဒီယာဘီကို နွေရာသီမှာ ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တဲ့ အသင်းတွေထဲကမှာ အပါအဝင်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
-အာဆင်နယ်အသင်းဟာ ယနေ့ညနေ လန်ဒန်ဒါဘီအဖြစ် ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အင်္ဂလိပ်ဘောလုံးလိဂ်စံချိန်တစ်ခုကို ရေးထိုးနိုင်မယ့် အခွင့်အရေးရှိနေတယ်လို့ သိရပါတယ်။ ဂန်းနားတွေဟာ ယခုရာသီမှာ ခရစ္စတယ် ပဲလေ့စ်၊ ဘရန့်တ်ဖို့ဒ်၊ ချဲလ်ဆီး၊ စပါးစ်တို့ရဲ့ အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်တွေမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယနေ့ညနေ ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာပါ အနိုင်ရရှိခဲ့မယ်ဆိုရင် အင်္ဂဘောလုံးသမိုင်းမှာ လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဉ် ၅ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ပေးဂိုးမရှိအောင် ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ရာမှာ နယူးကာဆယ်လ် တစ်သင်းသာ ၁၂ ပွဲနဲ့ ပေးဂိုးမရှိပွဲစဉ်အများဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
အာလင်း ဟာလန်းဟာ စနေနေ့က ခရစ္စတယ် ပဲလေ့စ်ကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းဖို့ စောင့်ဆိုင်းနေချိန်မှာ ဂိုးသွင်းပြီးရင် ဘယ်လိုအောင်ပွဲခံရမလဲဆိုတာကို စဉ်းစားနေခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးရဲ့ ထိပ်တန်းစိတ်ဓာတ်ပိုင်းဟာ အာဆင်နယ်အသင်းကို ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းရာမှာ ရင်ဆိုင်ရမယ့် တိုက်ပွဲကို အချိန်ကိုက် သတိပေးခဲ့တာဖြစ်ပါတယ်။ “ဂိုးထဲကို ဘောလုံးသွင်းလိုက်ရုံပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အောင်ပွဲခံမယ့်ပုံစံကို ဂိုးကန်သွင်းမှု မလုပ်ခင်မှာ စဉ်းစားခဲ့တာပါ။ ကျွန်တော် အောင်ပွဲခံရတာကို အများကြီး နှစ်သက်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးတဲ့နောက်မှာ ပြုံးပြီး ကင်မရာကို ငုံ့ကြည့်ခဲ့ပြီး အာဆင်နယ်အနေနဲ့ ဘယ်လိုပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာကို သတိပေးခဲ့တာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
-အာဆင္နယ္ကြင္းလယ္ကစားသမားေဟာင္း ဝီလီယံက ေျမာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕မိခဲ့တာ ေနာင္တရတယ္လို႔ ေျပာၾကားခဲ့ၿပီး ဘရာဇီးလ္ကြင္းလယ္လူဟာ ၂၀၂၀ ေႏြရာသီမွာ အမ္းမရိတ္စ္ကို မေျပာင္းေ႐ႊ႕ခင္ ခ်ဲလ္ဆီးနဲ႔အတူ ေအာင္ျမင္တဲ့ ၇ ရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ ဝီလီယံဟာ ခ်ဲလ္ဆီးအသင္းက ၂ ႏွစ္စာခ်ဳပ္သာ ကမ္းလွမ္းခဲ့တာေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာခဲ့တာျဖစ္ၿပီး ဂန္းနားေတြက ၃ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဆိုး႐ြားတဲ့အခ်ိန္ေတြနဲ႔ရင္ဆိုင္ခဲ့ရၿပီး ၁၂ လအၾကာမွာပဲ ဘရာဇီးလ္ကလပ္ ကိုရင္သီယန္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အတြက္ ခ်ဲလ္ဆီးကို စြန႔္ခြာခဲ့တာ ေနာင္တရခဲ့လားေမးျမန္းခဲ့ရာမွာ ဝီလီယံက “ရပါတယ္။ ကြၽန္ေတာ္ ဘယ္တုန္းကမွ မစြန႔္ခြာခဲ့ရင္ ေကာင္းမယ္လို႔ ဆုေတာင္းမိခဲ့တယ္။ ဟုတ္ပါတယ္။ ဟုတ္တာေပါ့။ အခုေတာ့ ေျပာရတာ လြယ္တာေပါ့။ ဒါေပမယ့္ ခင္ဗ်ား အဲဒီအခ်ိန္တုန္းက အေျခအေနႀကီးတစ္ခုလုံးနဲ႔ပတ္သက္ၿပီး စဥ္းစားေနတာကို ရပ္တန႔္လိုက္ရင္ေတာ့ ဟုတ္တယ္။ ငါ မထြက္ခဲ့ရင္ အေကာင္းသားလို႔ ကိုယ့္ဘာသာကိုယ္ ေျပာမိပါတယ္။ ဒါေပမယ့္ အဲဒါက ဘဝပဲေလ။ ကြၽန္ေတာ္ အခု ဖူလ္ဟမ္မွာ ေပ်ာ္႐ႊင္ေနၿပီ။ ဒီမွာရွိရတဲ့ဘဝကို ေပ်ာ္႐ႊင္ေနတယ္။ ဒါက ဘဝပဲ။ အာဆင္နယ္က အခု အျမင့္ပ်ံေနတယ္။ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္ ေရာက္လာခဲ့တုန္းကလည္း အမ်ားႀကီး ေျပာင္းလဲေနခဲ့တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ သူတို႔နဲ႔ စာခ်ဳပ္ခ်ဳပ္တဲ့အခ်ိန္မွာ စိတ္လႈပ္ရွားေနခဲ့တယ္။ ကြၽန္ေတာ္ ျပင္းျပင္းထန္ထန္ ေလ့က်င့္တယ္။ ဒါေပမယ့္ အဲဒါက အလုပ္မျဖစ္ခဲ့ပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။
-အာဆင္နယ္အသင္းဟာ ယေန႔ညေန ဖူလ္ဟမ္နဲ႔ပြဲမတိင္ခင္ အားတက္စရာ ဒဏ္ရာသတင္း ၃ ခုရရွိခဲ့တယ္လို႔ သိရၿပီး ေဂ်းဇုေရာ ထေရာ့ဆာ့ဒ္ပါ ခရာဗင္ ေကာ့ေတ့ခ်္က ပြဲစဥ္မွာ ပါဝင္ကစားေပးသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဂန္းနားအသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ဟာ စပို႔တင္း လစၥဘြန္းနဲ႔ပြဲစဥ္မွာ ပါဝင္ကစားေပးဖို႔ စီစဥ္ခဲ့ေပမယ့္လည္း နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ႏိုဝင္ဘာလေနာက္ပိုင္းကတည္းက အသင္းအတြက္ မကစားေပးႏိုင္ခဲ့တဲ့ ေဂ်းဇု၊ ထေရာ့ဆာ့ဒ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ဟာ အေနာက္လန္ဒန္က ပြဲစဥ္မွာ ပါဝင္ကစားေပးသြားဖို႔ ျပင္ဆင္ေနတယ္လို႔ Goal က ေဖာ္ျပခဲ့ပါတယ္။
-အာဆင္နယ္အသင္းဟာ မူဆာ ဒီယာဘီကို ယခုရာသီကုန္မွာ ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနၿပီး ၎ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေျပာဆိုေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ လက္ရွိ ဥေရာပမွာ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး အသင္းအမ်ားအျပားက ေလဗာကူဆင္တိုက္စစ္မႉးကို ေခၚယူခ်င္ေနၾကတာျဖစ္ပါတယ္။ Caughtoffside မွာ ေရးသားခဲ့တဲ့ ေနာက္ဆုံးေကာ္လံထဲမွာ ဂ်ာနယ္လစ္ ခရစ္ရွန္ ေဖာ့ခ္က အာဆင္နယ္ဟာ မူဆာ ဒီယာဘီကို ေႏြရာသီမွာ ေခၚယူဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီးျဖစ္တဲ့ အသင္းေတြထဲကမွာ အပါအဝင္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။
-အာဆင္နယ္အသင္းဟာ ယေန႔ညေန လန္ဒန္ဒါဘီအျဖစ္ ဖူလ္ဟမ္နဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ အဂၤလိပ္ေဘာလုံးလိဂ္စံခ်ိန္တစ္ခုကို ေရးထိုးႏိုင္မယ့္ အခြင့္အေရးရွိေနတယ္လို႔ သိရပါတယ္။ ဂန္းနားေတြဟာ ယခုရာသီမွာ ခရစၥတယ္ ပဲေလ့စ္၊ ဘရန႔္တ္ဖို႔ဒ္၊ ခ်ဲလ္ဆီး၊ စပါးစ္တို႔ရဲ႕ အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္ေတြမွာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ယေန႔ညေန ဖူလ္ဟမ္နဲ႔ ပြဲစဥ္မွာပါ အႏိုင္ရရွိခဲ့မယ္ဆိုရင္ အဂၤေဘာလုံးသမိုင္းမွာ လန္ဒန္ဒါဘီ အေဝးကြင္းပြဲစဥ္ ၅ ပြဲဆက္တိုက္ ေပးဂိုးမရွိဘဲ အႏိုင္ရရွိခဲ့တဲ့ ပထမဆုံးအသင္းျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဖူလ္ဟမ္နဲ႔ပြဲမွာ ေပးဂိုးမရွိေအာင္ ထိန္းသိမ္းထားႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနၿပီး ယခုရာသီ ပရီးမီးယားလိဂ္မွာ ၁၁ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ရာမွာ နယူးကာဆယ္လ္ တစ္သင္းသာ ၁၂ ပြဲနဲ႔ ေပးဂိုးမရွိပြဲစဥ္အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။
အာလင္း ဟာလန္းဟာ စေနေန႔က ခရစၥတယ္ ပဲေလ့စ္ကို က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီ ကန္သြင္းဖို႔ ေစာင့္ဆိုင္းေနခ်ိန္မွာ ဂိုးသြင္းၿပီးရင္ ဘယ္လိုေအာင္ပြဲခံရမလဲဆိုတာကို စဥ္းစားေနခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။ ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ ထိပ္တန္းစိတ္ဓာတ္ပိုင္းဟာ အာဆင္နယ္အသင္းကို ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းရာမွာ ရင္ဆိုင္ရမယ့္ တိုက္ပြဲကို အခ်ိန္ကိုက္ သတိေပးခဲ့တာျဖစ္ပါတယ္။ “ဂိုးထဲကို ေဘာလုံးသြင္းလိုက္႐ုံပဲ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္ေတာ္ ေအာင္ပြဲခံမယ့္ပုံစံကို ဂိုးကန္သြင္းမႈ မလုပ္ခင္မွာ စဥ္းစားခဲ့တာပါ။ ကြၽန္ေတာ္ ေအာင္ပြဲခံရတာကို အမ်ားႀကီး ႏွစ္သက္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၿပီးတဲ့ေနာက္မွာ ၿပဳံးၿပီး ကင္မရာကို ငုံ႔ၾကည့္ခဲ့ၿပီး အာဆင္နယ္အေနနဲ႔ ဘယ္လိုၿပိဳင္ဘက္မ်ိဳးနဲ႔ ရင္ဆိုင္ေနရလဲဆိုတာကို သတိေပးခဲ့တာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles