ဖုန်းလိုင်းပြန်မိတဲ့ ဂျေးဇုနဲ့ လိဒ်တွေကို တောက်ချလိုက်တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ coyg

ဖုန်းလိုင်းပြန်မိတဲ့ ဂျေးဇုနဲ့ လိဒ်တွေကို တောက်ချလိုက်တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ

အာဆင်နယ်အသင်းဟာ စနေနေ့နေ့လယ်အစောပိုင်းပွဲစဉ်အဖြစ် လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ကစားခဲ့တဲ့ မန်စီးတီးအတိုင်းပဲ တူညီတဲ့ အနိုင်ရလဒ်ကို ရယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ၈ မှတ်နဲ့ ဦးဆောင်မှုကို ပြန်လည်ရယူခဲ့ပါတယ်။

ဂန်းနားတွေဟာ ၅ လနီးပါးအကြာမှာ ပထမဆုံးအကြိမ် ပွဲထွက်ခဲ့တဲ့ ဂါဘရီယဲလ် ဂျေးဇုရဲ့ သွင်းဂိုး ၂ ဂိုး၊ ဘန် ဝှိုက်၊ ချာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် လိဒ်စ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ရာ့စ်မွတ်စ် ခရစ်တန်ဆန်က လိဒ်စ်အတွက် နှစ်သိမ့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ စနေနေ့ အစောပိုင်းမှာ မန်စီးတီးက အစ်တီဟတ်မှာ လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်မှုကို သက်တောင့်သက်သာ ထိန်းသိမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရှေ့လျှောက် ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ရာသီနောက်ဆုံးပိုင်းကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး လိဂ် ၇ ပွဲဆက်တိုက်နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး ဒီပွဲစဉ်မှာ မှတ်မှတ်ရရ ပြန်ပြောချင်စရာအချက် ၇ ချက်ရှိနေပါတယ်။

၁။ အနားပေးခံခဲ့ရတဲ့ ဆာကာ
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ကနေ စနေနေ့ညနေကြားမှာ ဆာကာက ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခဲ့ပြီး အာတီတာရဲ့အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီ ဆက်တိုက် ပွဲထွက်ပါဝင်ကစားရမှုဟာ စနေနေ့ညနေက အမ်းမရိတ်စ်ကို လိဒ်စ်ယူနိုက်တက်တို့ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အဆုံးသတ်ခဲ့ပြီး အာတီတာက အင်္ဂလန်ကြယ်ပွင့်ကို အရန်ခုံပို့ခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ ပွဲစလုံးကို ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း နာမကျန်းဖြစ်နေမှုကြောင့် အာတီတာက အနားမရခဲ့တဲ့ တောင်ပံကြယ်ပွင့်ကို နားချိန်အပို ပေးခဲ့တာဖြစ်ပါတယ်။

“သူမနေ့က လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူး။ သူက ဒီနေ့တော့ နည်းနည်းပိုကောင်းလာတယ်လို့ ခံစားနေရပါတယ်။ ကျွန်တော်တို့ သူ့ကို အချိန်တစ်ခုမှာ မြင်တွေ့ရဦးမှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ ဒုတိယပိုင်းပွဲကစားချိန်အလယ်လောက်မှာ ပြောထားတဲ့အတိုင်း ဆာကာကို လူစားဝင်ကစားခွင့်ပေးခဲ့ပေမယ့်လည်း အင်္ဂလန်ကြယ်ပွင့်ဟာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂။ ဖုန်းလိုင်းပြန်မိတဲ့ ဂျေးဇု

အာတီတာဟာ ဂါဘရီယဲလ် ဂျေးဇုကို ၅ လနီးပါးအကြာမှာ ပထမဆုံး ပွဲထွက်ခွင့် ပေးဖို့ ရွေးချယ်ခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိပြီးနောက်ပိုင်း အသင်းရဲ့ ပွဲစဉ်တွေကို ကာလရှည် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုကို လိဒ်စ်ယူနိုက်တက်အသင်းခေါင်းဆောင် အိုင်လင်းက ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီး ဒါရင်း အင်္ဂလန်က အာဆင်နယ်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ အစတုန်းက အသင်းခေါင်းဆောင် အော်ဒီဂွါဒ်က ကန်သွင်းတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ဂျေးဇုကို ကန်သွင်းဖို့ ဘောလုံး ပေးခဲ့တာဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုဟာ အောက်တိုဘာလ ၁ ရက်နေ့က မြောက်လန်ဒန်ဒါဘီသွင်းယူခဲ့တဲ့ သွင်းဂိုးနောက်ပိုင်း ပထမဆုံးသွင်းဂိုးကို သက်တောင့်သက်သာနဲ့ ကန်သွင်းယူသွားခဲ့ပြီး ပထမပိုင်းမှာ ဂန်းနားတွေကို ၁-၀ နဲ့ ဦးဆောင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

၃။ ဆောက်ဂိတ်ကို ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့တဲ့ ဝှိုက်

အာဆင်နယ်ညာနောက်ခံလူ ဘန် ဝှိုက်ဟာ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၂ မိနစ်အကြာမှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး မာတီနယ်လီရဲ့ ဖြတ်တင်ပေးပို့မှုကို အလွယ်တကူပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယခုရာသီမှာ ညာနောက်ခံလူအခန်းကဏ္ဍမှာ ခြေစွမ်းတိုးတက်လာသူဖြစ်ပေမယ့်လည်း ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် အင်္ဂလန်လူစာရင်းမှာ နည်းပြ ဆောက်ဂိတ်ရဲ့ ရွေးချယ်ခြင်းကို မခံခဲ့ရသူဖြစ်ပါတယ်။ ဘန် ဝှိုက်ရဲ့ ခံစစ်ပိုင်း အရည်အသွေးတွေဟာ အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသလို အာဆင်နယ်အတွက် နောက်ထပ်တစ်ကြိမ် ဂိုးသွင်းယူနိုင်ခဲ့တာကလည်း အင်္ဂလန်လူစာရင်းမှာ မရွေးချယ်ခဲ့တဲ့ ဆောက်ဂိတ်ကို နောက်ထပ် သတိပေးမှု ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၄။ ထရော့ဆာ့ဒ်ရဲ့ လှည့်ကွက်များတဲ့ လုပ်ရိုးလုပ်စဉ်

ဂါဘရီယဲလ် ဂျေးဇုက တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပေမယ့်လည်း ဒီသွင်းဂိုး ထရော့ဆာ့ဒ်နဲ့ လုံးဝကို သက်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ လိဒ်စ်ယူနိုက်တက် ပင်နယ်တီဧရိယာ ညာတောင်ပံမှာ မွှေနှောက်ပြီးနောက် ပြေးတက်လာတဲ့ ဂျေးဇုအတွက် ချိုးပေးခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ် ရောက်ရှိလာမှုက အာဆင်နယ်တိုက်စစ်မှာ နောက်ထပ် ရှုထောင့်တစ်ခုကို ပေးခဲ့တာဖြစ်ပြီး အလွန်ပါးနပ်တဲ့ခေါ်ယူမှုဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်။ ဘရိုက်တန်ကြယ်ပွင့်ဟောင်းဟာ ဒီလိုမျိုး ဖန်တီးမှုအပြင် အာဆင်နယ်ရဲ့  ဂိုးသွင်းယူဖို့ လုပ်ရိုးလုပ်စဉ်အများအပြားကို အနိုင်ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

၅။ ကလင်းရှိနဲ့ လွဲချော်ခဲ့ရပြန်တဲ့ ရမ်းစ်ဒေးလ်

အာရွန် ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်အသင်းက အနိုင်ရရှိခဲ့ရင်တောင်မှ ဂိုးပေးရရင် အလွန်စိတ်ပျက်တတ်သူဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ နောက်ဆုံးပွဲစဉ်တုန်းကလိုပဲ ဂန်းနားတွေဟာ ဒုတိယပိုင်းမှာ ဂိုးခွင့်ပြုပေးခဲ့တာဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ တစ်ပွဲသာ ပေးဂိုးမရှိအောင် ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ရာ့စ်မွတ်ခ် ခရစ်တန်ဆန်ရဲ့ ကန်ချက်က ဇင်ချန်ကိုနဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာကြောင့် ရမ်းစ်ဒေးလ်လည်း ဘယ်လိုမှ မတတ်နိုင်ဘဲ မချိတင်ကဲ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

၆။ အိမ်ကွင်းမှာ သက်တောင့်သက်သာ ရှိဖို့လိုတဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်ဟာ စနေနေ့မှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် အနည်းငယ် စိတ်လှုပ်ရှားခဲ့တဲ့ ပရိသတ်တွေတိုင်းကို ရှင်သန်ကျန်ရစ်ဖို့ သွားရဖို့ လမ်းအရှည်ကြီး ကျန်သေးတယ်ဆိုတာကို သတိပေးခဲ့တာဖြစ်ပါတယ်။ ခရစ္စတန်ဆန်ရဲ့ နှစ်သိမ့်ဂိုးမတိုင်ခင် ဂျာဗီ ဂါစီယာရဲ့အသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူတွေကို ဒုက္ခပေးနိုင်ခြင်းမရှိခဲ့ဘဲ ကံကောင်းစွာနဲ့ နောက်ကစားရမယ့် ၃ ပွဲစလုံးက အိမ်ကွင်း အဲလန်း ရုဒ်မှာဖြစ်ပြီး ယခုရာသီမှာ အများကြီးပိုမိုကောင်းမွန်တဲ့မှတ်တမ်းတွေ ရရှိထားတဲ့နေရာဖြစ်ပါတယ်။

အင်္ဂါနေ့ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲက ကြီးမားတဲ့ပွဲတစ်ပွဲဖြစ်ပြီး တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့်ပွဲအပြီး ၈ ရက်အကြာမှာ လီဗာပူးလ်ကို လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဂါစီယာက ရှင်သန်ကျန်ရစ်နိုင်ဖို့ အသင်းကို ဘယ်လိုပုံစံရအောင် လုပ်ရမလဲဆိုတာကို သိရှိနေပေမယ့်လည်း ကစားဖို့ ၁၀ ပွဲသာ ကျန်တော့တာကြောင့် အချိန်က လုံလုံလောက်လောက် မရှိတော့တာဖြစ်ပါတယ်။

၇။ နောက်ဆုံး ၆ပွဲမှာ ၇ဂိုး ဖန်တီးပေးခဲ့တဲ့ အမ်းမရိတ်စ်က Assist King လက်သစ်

ပွဲချိန် ၅၅ မိနစ်မှာ အာဆင်နယ်အသင်းက လိဒ်စ်ယူနိုက်တက်ဘက်ကို ဂျေးဇုသွင်းယူခဲ့တဲ့ ဒုတိယဂိုးကို ထရော့စ်ဆာ့ဒ်က ဖန်တီးပေးပို့ပေးခဲ့တာဖြစ်ပြီး ထရော့ဆာဒ်စ်အနေနဲ့ အာဆင်နယ်အသင်းအတွက်ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ဂိုးရရှိအောင် ဖန်တီးပေးမှု ၇ ကြိမ်မြောက်ဖြစ်ပြီး အမ်းမရိတ်စ်က Assist King လက်သစ် ဖြစ်လာနေပြီဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet