ဖလားရဖို့ ၉ ပွဲသာလိုတော့တဲ့ ဂန်းနားတွေအတွက် အရေးကြီးတဲ့ကစားသမား ၃ ဦး coyg

ဖလားရဖို့ ၉ ပွဲသာလိုတော့တဲ့ ဂန်းနားတွေအတွက် အရေးကြီးတဲ့ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ရာသီကုန်ဖို့ ၉ ပွဲသာ လိုတော့တဲ့အချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး တစ်ရာသီလုံး ဂန်းနားတွေရဲ့ ဖလားဖြစ်နေခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်အောင်ပွဲရရှိဖို့ တဖြည်းဖြည်းနီးစပ်လာနေပြီဖြစ်ပြီး အရေးကြီးတဲ့ နောက်ကွယ်က သူရဲကောင်း ၃ ဦးလည်း ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

၁။ ရော့ဘ် ဟိုးဒင်း

အင်္ဂလန်နောက်ခံလူဟာ ဒီရာသီမှာ ပွဲကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး ဆာလီဘာနဲ့ တိုမီယဆုတို့ နာသွားတာကြောင့် ဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး မတ်လ နိုင်ငံတကာအားလပ်ရက်မတိုင် ပဲလေ့စ်နဲ့ပွဲမှာ ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့် ရရှိချိန်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်အချို့ဟာ ဆာလီဘာရဲ့ အာရုံစူးစိုက်မှု၊ လွှမ်းမိုးနိုင်မှုနဲ့ မြန်နှုန်းတို့ကို ဆုံးရှုံးခဲ့ရတာကြောင့် စိုးရိမ်ခဲ့ကြပေမယ့်လည်း ဟိုးဒင်းက အလွန် အံဝင်ခွင်ကျဖြစ်ခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ အဆင့်အတန်းဟာ မေးခွန်းထုတ်စရာမရှိအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး ဂန်းနားတွေရဲ့ ကျောနံပါတ် ၁၆ ကြောင့်လို့ ချီးကျူးရမှာဖြစ်ပါတယ်။ ဟိုးဒင်းဟာ ပရီးမီးယားလိဂ်ဖလားရရှိဖို့ နီးစပ်လာနေပြီဖြစ်တဲ့ အာဆင်နယ်အတွက် မဖော်ပြနိုင်တဲ့ အရေးပါသူဖြစ်လာမှာ ဖြစ်ပါတယ်။

၂။ ဘန် ဝှိုက်

တကယ်လို့ တစ်ယောက်ယောက်က အာဆင်နယ် ပရိသတ်တစ်ဦးကို ဘန် ဝှိုက်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့မယ်ဆိုရင် အင်္ဂလိပ်ဘာသာမှာ အကောင်းမွန်ဆုံးဆိုတဲ့ စကားလုံးတွေနဲ့ ချီးမွမ်းသံသာ ကြားရမှာဖြစ်ပြီး အလွန်ကြီးမားတဲ့အရည်အချင်းရှိတဲ့ ညာနောက်ခံလူဟာ ဒီရာသီမှာ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘန် ဝှိုက်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အလွန်ကောင်းမွန်တဲ့ နေရာယူပုံ၊ ပန်းတက်ပြေးလွှားနိုင်စွမ်း၊ ညင်သာတဲ့ ဘောလုံးအထိမ်းအသိမ်းအပြင် သွင်းဂိုးတွေရရှိဖို့ပါ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ပရိသတ်တွေ ဘုန်းမောက်နဲ့ပွဲကို ပြန်စဉ်းစားမယ်ဆိုရင် ဘန် ဝှိုက်ဟာ ထူးချွန်တဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ပြီးတဲ့နောက် လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာလည်း အလားတူသွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ဝှိုက်ဟာ တိုမီယဆု ကံဆိုးစွာနဲ့ ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်တဲ့အထိ နားရတော့မှာဖြစ်တာကြောင့် အာဆင်နယ် အားကိုးရမယ့် အလွန် သတိရှိပြီး ထက်မြက်တဲ့ကစားသမားဖြစ်လာပြီဖြစ်ပါတယ်။

၃။ ဂရာနစ် ချာကာ

ချာကာဟာ အာဆင်နယ်ကနေ ထွက်ခါနီးဆဲဆဲမှာ အာတီတာက ဆက်နေအောင် စည်းရုံးခဲ့တာကြောင့် ဆက်ရှိနေခဲ့ပြီး အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ပရိသတ်တွေဟာ ဒီအတွက် အာတီတာကို ကျေးဇူးတင်ရမှာဖြစ်ပေမယ့် အသက်ပြန်ဝင်လာတဲ့ ချာကာကို အကောင်းဆုံးပုံစံမှာ ရှိနေအောင် ထိန်းသိမ်းထားဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဆွစ်ကွင်းလယ်လူဟာ မာတီနယ်လီနဲ့ အထောင်တိုက်စစ်မှူးတို့ကြားမှာ ကစားပြီး အခန်းကဏ္ဍသစ်မှာ အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အဲဒါက ချာကာကို သွင်းဂိုးတွေ ပိုမို သွင်းယူနိုင်စေရုံသာမကဘဲ အနီကတ် ပြဿနာတွေလည်း သိသိသာသာ လျော့နည်းသွားစေခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုရောက်တဲ့ နေရာမှာ ကစားခဲ့တဲ့အချိန်မှာ ပြိုင်ဘက်အသင်းတွေဟာ အကူးအပြောင်းမှာ ချာကာကို ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ ပြုလုပ်လာအောင် တွန်းအားပေးခဲ့ကြတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်နဲ့ ၀-၀ သရေကျခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ဘဝသစ်ရရှိခဲ့တဲ့ ချာကာဟာ လက်ရှိမှာ ပရိသတ်အချစ်တော်ဖြစ်နေပြီဖြစ်ပါတယ်။ ချာကာရဲ့ စိတ်ဓာတ်ပြင်းထန်မှုက အသင်းကို ဦးဆောင်မောင်းနှင်နေပြီး အသင်းခေါင်းဆောင်မဟုတ်ပေမယ့်လည်း ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ ခေါင်းဆောင်တစ်ဦးလိုပဲ ပြုမူနေတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ကျောနံပါတ် ၃၄ ဟာ ပြီးခဲ့တဲ့ ရာသီ စိန့် ဂျိမ်းစ်ပေါ့ခ်မှာ ရှုံးနိမ့်ပြီး ဂန်းနားတွေ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် စိတ်ပျက်ခဲ့ပြီးနောက် ၎င်းရဲ့ စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားရဖို့အတွက် ချာကာအနေနဲ့ အသင်းလူစာရင်းရဲ့ စိတ်ဓာတ်ပိုင်းကို ဦးဆောင်ရမှာဖြစ်ပြီး ကျန်တဲ့အသင်းသားတွေကလည်း လိုက်လုပ်ရမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet