ပေါ်တူဂီမှာ ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ခီဗီယောအပေါ် အမြင်အပါအဝင် စပို့တင်းနဲ့ ပွဲမတိုင်မီ မနက်ခင်းမှာ အော်ဒီဂွါ့ဒ်ပြောခဲ့သမျှ
စပို့တင်းလစ္စဘွန်းအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပထမအကျော့ယူရိုပါလိဂ်ပွဲကို အဖျားရောဂါကြောင့် လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဟာ ပထမအကျော့ပွဲ အမြင်နဲ့ အာဆင်နယ်အတွက် ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ ခီဗီယောအပေါ် သူ့သဘောထားအမြင်များကို သုံးသပ်ပြသွားပြီး ယနေ့ည ယူရိုပါလိဂ်ပွဲကို မည်သို့ အာရုံစူးစိုက်ထားသလဲဆိုတာ ယနေ့ မနက်ပြုလုပ်တဲ့ ပွဲကြိုအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ပထမအကျော့ ၂ ဂိုးစီသရေကျတဲ့ပွဲ အပေါ်သုံးသပ်ချက်
ကျွန်တော်တို့ ပုံမှန်လုပ်နေကြ ကစားနေကြ မဟုတ်တဲ့အရာတွေကို ပြုလုပ်ခဲ့မိတယ်။ ဒီနောက် သိလိုက်ရတာက သူတို့က အရည်အချင်းရှိတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့ရဲ့ အမှားတိုင်းအတွက် သူတို့အပြစ်ပေးတာကို ခံခဲ့ရတော့တယ်။
ကျွန်တော်တို့ သူတို့ကို ဘောလုံးပေးကိုင် ကစားခဲ့မိပြီး ကျွန်တော်တို့ ပုံမှန်လုပ်နေတဲ့ ထိန်းချုပ်မှုနဲ့ မကစားနိုင်ခဲ့ပဲ အမှားတွေပြုလုပ်မိခဲ့တယ်။ အခြားတဖက် ကြည့်ရင် ကောင်းတာတွေ အများကြီးလည်း လုပ်ပြခဲ့ပါတယ်။ ဒါကြောင့် ပထမပွဲက ကျွန်တော်တို့ မှားခဲ့တာတွေ သင်ခန်းစာယူပြီး ဒီညအိမ်ကွင်းပွဲမှာ အကောင်းဆုံး ကစားပြနိုင်ဖို့ ပြုလုပ်မှာပါ။
ပထမအကျော့မှာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ကစားခဲ့တဲ့ ယာကု ခီဗီယောအပေါ် အမြင်
ကျွန်တော်တို့အတွက် ပထမအကျော့မှာ နောက်ထပ် အပြုသဘောဆောင်တဲ့အချက်ကတော့ ယာကု ခီဗီယာက သူ့ရဲ့ ပွဲဦးထွက်ကို ကစားခဲ့ရတာပါ။ သူအသင်းကို စရောက်လာကတည်းက သူတကယ်ကောင်းကောင်းလေ့ကျင့်နေတာကြောင့် ကျွန်တော်တို့နဲ့အတူ သူရဲ့ပထမဆုံး ကစားခွင့် မိနစ်တွေကို ကစားခဲ့ရတာ သူ့အတွက် အရမ်းကောင်းပါတယ်။
ခီဗီယာအတွက် အာဆင်နယ်အသင်းအတွက် ပထမဆုံးကစားပေးတဲ့ ပွဲစဉ်ကတည်းက ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဥရောပပြိုင်ပွဲမျိုးမှာ ကစားရတာက သူ့အတွက် အရမ်းကောင်းတဲ့အခွင့်အရေးဖြစ်ပြီး သူ့ရဲ့အရည်အသွေးတွေကိုလည်း ပရိသတ်တွေ တွေ့မြင်နိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကစားနေ လုပ်နေတဲ့အရာတွေကို သူပိုနားလည်လာတဲ့အခါ ကျန်တဲ့အသင်းသားတွေနဲ့ ကွင်းထဲမှာ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်လာပြီး ဘာသာစကားလည်း တိုးတက်လာတဲ့အခါမှတော့ သူက ပိုပိုပြီးကောင်းလာမှ သေချာပါတယ်။
အဝေးဂိုး စည်းမျဉ်း မရှိတော့ခြင်းအပေါ် ခံစားချက်
ဥရောပပွဲတွေမှာ အိမ်ကွင်းကောင်းတဲ့အသင်းကို ကိုယ့်အသင်းက အဝေးကွင်းမှာ သရေကျတာက ဆိုးရွားတဲ့ ရလဒ်မဟုတ်ပါဘူး။ အဝေးဂိုးစည်းမျဉ်းလည်း မရှိတော့တဲ့အတွက် စိတ်ပိုင်းဆိုင်ရာခံယူချက်တွေလည်း ပြောင်းလဲသွားကြပါပြီ။ ကျွန်တော့်အတွက်တော့ ဒီပွဲတွေက ကွဲပြားခြားနားမှုရှိစေမှာ သေချာပါတယ်။ ရှုံးထွက်အဆင့်တွေမတိုင်ခင်မှာ အရမ်းနည်းဗျူဟာမြောက်တဲ့ ပွဲအတွင်းမှာ စဉ်းစားစရာ လုပ်ဆောင်စရာတွေ အများကြီးရှိပါတယ်။
ပိုပြီး ရှင်းရှင်း လင်းလင်းပြောရရင် အဲဒါက ပိုကောင်းတာဖြစ်နိုင်တယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ကျွန်တော် အဲဒါကို ပိုကြိုက်လား မကြိုက်လားတေ့ာ မသေချာဘူး။ ကျွန်တော်တို့ သိတာက ဒီည အိမ်ကွင်းအမ်းမရိတ်စ်မှာ ကစားပြီး အနိုင်ရလဒ်ရရင် ကျွန်တော်တို့ နောက်တဆင့်တက်သွားပြီ။ ဒါက ကျွန်တော်တို့ရဲ့ ပစ်မှတ်ပဲ။
ဥရောပပြိုင်ပွဲတွေကစားရတာ ပြည်တွင်းလိဂ်နဲ့ ကွာခြားမှုရှိသလား
ယခု ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပြိုင်ပွဲဟာ နိုဝင်ဘာလအစကတည်းက ဥရောပပွဲမကစားဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံးဥရောပပြိုင်ပွဲဖြစ်ပြီး ပရီးမီးယားလိဂ်ကနေ ဥရောပပွဲကို အာရုံစိုက်ဖို့ ခက်ခဲတယ်လို့ ကျွန်တော်မထင်ထားပေမယ့် သဘောတရားတွေကတော့ မတူညီ ကွဲပြားနေတာတော့ အမှန်ပါပဲ။
“ဥရောပပွဲတွေအတွက် ကျွန်တော်တို့ အခုခရီးတွေပြန်သွားနေပြီး အဲဒါက ပြည်တွင်းလိဂ်မှာ အပတ်တိုင်း ကျွန်တော်တို့ရင်ဆိုင်ရတဲ့ ဘောလုံးပွဲမျိုးနဲ့ မတူဘူးပေါ့။ ဒါကြောင့် နည်းနည်းတော့ ကွဲပြားတယ်လို့ ခံစားရပါတယ်၊ ဒါပေမယ့် ကစားတဲ့ ပွဲတိုင်းကို အနိုင်ရလိုတာကြောင့် အာရုံစိုက်မှုကို ပြောင်းလဲဖို့က တကယ်ကို မခက်ခဲဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရလိုတဲ့စိတ်ကြောင့် ဒါက ကျွန်ုပ်တို့အတွက် စိန်ခေါ်မှုအသစ်တစ်ခုမျှတာ ဖြစ်ပြီး မတူညီတဲ့ ဘောလုံးပွဲအမျိုးအစားတစ်ခုကို ကစားရတာလို့ပဲ ခံစားရပါတယ်။” လို့ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်က ပြောကြားသွားခဲ့ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
ZAWGYI:
စပို႔တင္းလစၥဘြန္းအသင္းနဲ႔ ၂ ဂိုးစီသေရက်ခဲ့တဲ့ ပထမအေက်ာ့ယူ႐ိုပါလိဂ္ပြဲကို အဖ်ားေရာဂါေၾကာင့္ လြဲေခ်ာ္ခဲ့ရတဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါ့ဟာ ပထမအေက်ာ့ပြဲ အျမင္နဲ႔ အာဆင္နယ္အတြက္ ပထမဆုံး ပြဲထြက္ကစားခဲ့တဲ့ ခီဗီေယာအေပၚ သူ႔သေဘာထားအျမင္မ်ားကို သုံးသပ္ျပသြားၿပီး ယေန႔ည ယူ႐ိုပါလိဂ္ပြဲကို မည္သို႔ အာ႐ုံစူးစိုက္ထားသလဲဆိုတာ ယေန႔ မနက္ျပဳလုပ္တဲ့ ပြဲႀကိဳအင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။
ပထမအေက်ာ့ ၂ ဂိုးစီသေရက်တဲ့ပြဲ အေပၚသုံးသပ္ခ်က္
ကြၽန္ေတာ္တို႔ ပုံမွန္လုပ္ေနၾက ကစားေနၾက မဟုတ္တဲ့အရာေတြကို ျပဳလုပ္ခဲ့မိတယ္။ ဒီေနာက္ သိလိုက္ရတာက သူတို႔က အရည္အခ်င္းရွိတဲ့ အသင္းျဖစ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ အမွားတိုင္းအတြက္ သူတို႔အျပစ္ေပးတာကို ခံခဲ့ရေတာ့တယ္။
ကြၽန္ေတာ္တို႔ သူတို႔ကို ေဘာလုံးေပးကိုင္ ကစားခဲ့မိၿပီး ကြၽန္ေတာ္တို႔ ပုံမွန္လုပ္ေနတဲ့ ထိန္းခ်ဳပ္မႈနဲ႔ မကစားႏိုင္ခဲ့ပဲ အမွားေတြျပဳလုပ္မိခဲ့တယ္။ အျခားတဖက္ ၾကည့္ရင္ ေကာင္းတာေတြ အမ်ားႀကီးလည္း လုပ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ ပထမပြဲက ကြၽန္ေတာ္တို႔ မွားခဲ့တာေတြ သင္ခန္းစာယူၿပီး ဒီညအိမ္ကြင္းပြဲမွာ အေကာင္းဆုံး ကစားျပႏိုင္ဖို႔ ျပဳလုပ္မွာပါ။
ပထမအေက်ာ့မွာ အာဆင္နယ္အသင္းအတြက္ ပြဲထြက္ကစားခဲ့တဲ့ ယာကု ခီဗီေယာအေပၚ အျမင္
ကြၽန္ေတာ္တို႔အတြက္ ပထမအေက်ာ့မွာ ေနာက္ထပ္ အျပဳသေဘာေဆာင္တဲ့အခ်က္ကေတာ့ ယာကု ခီဗီယာက သူ႔ရဲ႕ ပြဲဦးထြက္ကို ကစားခဲ့ရတာပါ။ သူအသင္းကို စေရာက္လာကတည္းက သူတကယ္ေကာင္းေကာင္းေလ့က်င့္ေနတာေၾကာင့္ ကြၽန္ေတာ္တို႔နဲ႔အတူ သူရဲ႕ပထမဆုံး ကစားခြင့္ မိနစ္ေတြကို ကစားခဲ့ရတာ သူ႔အတြက္ အရမ္းေကာင္းပါတယ္။
ခီဗီယာအတြက္ အာဆင္နယ္အသင္းအတြက္ ပထမဆုံးကစားေပးတဲ့ ပြဲစဥ္ကတည္းက ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ ဥေရာပၿပိဳင္ပြဲမ်ိဳးမွာ ကစားရတာက သူ႔အတြက္ အရမ္းေကာင္းတဲ့အခြင့္အေရးျဖစ္ၿပီး သူ႔ရဲ႕အရည္အေသြးေတြကိုလည္း ပရိသတ္ေတြ ေတြ႕ျမင္ႏိုင္ခဲ့ၾကပါတယ္။ အထူးသျဖင့္ ကြၽန္ေတာ္တို႔ ကစားေန လုပ္ေနတဲ့အရာေတြကို သူပိုနားလည္လာတဲ့အခါ က်န္တဲ့အသင္းသားေတြနဲ႔ ကြင္းထဲမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးကို တည္ေဆာက္ႏိုင္လာၿပီး ဘာသာစကားလည္း တိုးတက္လာတဲ့အခါမွေတာ့ သူက ပိုပိုၿပီးေကာင္းလာမွ ေသခ်ာပါတယ္။
အေဝးဂိုး စည္းမ်ဥ္း မရွိေတာ့ျခင္းအေပၚ ခံစားခ်က္
ဥေရာပပြဲေတြမွာ အိမ္ကြင္းေကာင္းတဲ့အသင္းကို ကိုယ့္အသင္းက အေဝးကြင္းမွာ သေရက်တာက ဆိုး႐ြားတဲ့ ရလဒ္မဟုတ္ပါဘူး။ အေဝးဂိုးစည္းမ်ဥ္းလည္း မရွိေတာ့တဲ့အတြက္ စိတ္ပိုင္းဆိုင္ရာခံယူခ်က္ေတြလည္း ေျပာင္းလဲသြားၾကပါၿပီ။ ကြၽန္ေတာ့္အတြက္ေတာ့ ဒီပြဲေတြက ကြဲျပားျခားနားမႈရွိေစမွာ ေသခ်ာပါတယ္။ ရႈံးထြက္အဆင့္ေတြမတိုင္ခင္မွာ အရမ္းနည္းဗ်ဴဟာေျမာက္တဲ့ ပြဲအတြင္းမွာ စဥ္းစားစရာ လုပ္ေဆာင္စရာေတြ အမ်ားႀကီးရွိပါတယ္။
ပိုၿပီး ရွင္းရွင္း လင္းလင္းေျပာရရင္ အဲဒါက ပိုေကာင္းတာျဖစ္ႏိုင္တယ္။ ဒါေပမယ့္ ႐ိုး႐ိုးသားသား ေျပာရရင္ ကြၽန္ေတာ္ အဲဒါကို ပိုႀကိဳက္လား မႀကိဳက္လားေတ့ာ မေသခ်ာဘူး။ ကြၽန္ေတာ္တို႔ သိတာက ဒီည အိမ္ကြင္းအမ္းမရိတ္စ္မွာ ကစားၿပီး အႏိုင္ရလဒ္ရရင္ ကြၽန္ေတာ္တို႔ ေနာက္တဆင့္တက္သြားၿပီ။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ ပစ္မွတ္ပဲ။
ဥေရာပၿပိဳင္ပြဲေတြကစားရတာ ျပည္တြင္းလိဂ္နဲ႔ ကြာျခားမႈရွိသလား
ယခု ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ၿပိဳင္ပြဲဟာ ႏိုဝင္ဘာလအစကတည္းက ဥေရာပပြဲမကစားျဖစ္တဲ့ ကြၽန္ေတာ္တို႔ရဲ႕ ပထမဆုံးဥေရာပၿပိဳင္ပြဲျဖစ္ၿပီး ပရီးမီးယားလိဂ္ကေန ဥေရာပပြဲကို အာ႐ုံစိုက္ဖို႔ ခက္ခဲတယ္လို႔ ကြၽန္ေတာ္မထင္ထားေပမယ့္ သေဘာတရားေတြကေတာ့ မတူညီ ကြဲျပားေနတာေတာ့ အမွန္ပါပဲ။
“ဥေရာပပြဲေတြအတြက္ ကြၽန္ေတာ္တို႔ အခုခရီးေတြျပန္သြားေနၿပီး အဲဒါက ျပည္တြင္းလိဂ္မွာ အပတ္တိုင္း ကြၽန္ေတာ္တို႔ရင္ဆိုင္ရတဲ့ ေဘာလုံးပြဲမ်ိဳးနဲ႔ မတူဘူးေပါ့။ ဒါေၾကာင့္ နည္းနည္းေတာ့ ကြဲျပားတယ္လို႔ ခံစားရပါတယ္၊ ဒါေပမယ့္ ကစားတဲ့ ပြဲတိုင္းကို အႏိုင္ရလိုတာေၾကာင့္ အာ႐ုံစိုက္မႈကို ေျပာင္းလဲဖို႔က တကယ္ကို မခက္ခဲဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ပါဝင္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲတိုင္းကို အႏိုင္ရလိုတဲ့စိတ္ေၾကာင့္ ဒါက ကြၽႏ္ုပ္တို႔အတြက္ စိန္ေခၚမႈအသစ္တစ္ခုမွ်တာ ျဖစ္ၿပီး မတူညီတဲ့ ေဘာလုံးပြဲအမ်ိဳးအစားတစ္ခုကို ကစားရတာလို႔ပဲ ခံစားရပါတယ္။” လို႔ အာဆင္နယ္အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါ့ဒ္က ေျပာၾကားသြားခဲ့ပါတယ္။
ARSENAL MYANMAR
PHOTOS CREDIT
- Posted In:
- Articles