ရမ်စ်ဒေးလ်ကို သင်ခန်းစာပေးခဲ့တဲ့ အဒန်နှင့် ပင်နယ်တီနဲ့ ယူရိုပါလိဂ်ကထွက်ခဲ့ရတဲ့ပွဲစဉ်က ကောက်နုတ်ချက် ၇ချက် coyg

ရမ်စ်ဒေးလ်ကို သင်ခန်းစာပေးခဲ့တဲ့ အဒန်နှင့် ပင်နယ်တီနဲ့ ယူရိုပါလိဂ်ကထွက်ခဲ့ရတဲ့ပွဲစဉ်က ကောက်နုတ်ချက် ၇ချက်

စိတ်ဓာတ်ပြင်းထန်တဲ့ စပို့တင်းလစ္စဘွနး်အသင်းဟာ အာဆင်နယ်ကို အမ်းမရိတ်စ်မှာ တစ်ဖက် ၁ ဂိုးသရေရလဒ်နဲ့ အချိန်ပိုအထိ ဆွဲခေါ်ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမအကျော့ ပေါ်တူဂီမှာ ၂-၂ သရေကျခဲ့တာကြောင့် အာတီတာဟာ အိမ်ကွင်းမှာ ရမ်းစ်ဒေးလ်၊ ဆာလီဘာ၊ ဂျေးဇုတို့လို အဓိကကစားသမားတွေနဲ့ အားကောင်းတဲ့ ပွဲထွက်လူစာရင်းကို ရွေးချယ်ခဲ့ပြီး လက်ရှိမှာတော့ ပြင်သစ်နောက်ခံလူဟာ ပထမပိုင်း ၁၉ မိနစ်မှာ ချာကာရဲ့ ဦးဆောင်ဂိုးအပြီး ပွဲကစားချိန်အစောပိုင်းမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် အနားယူရဖွယ်ရှိနေပြီဖြစ်ပါတယ်။

တိုမီယဆုကလည်း ၉ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် အာတီတာအနေနဲ့ ခံစစ်အတွက် ခေါင်းကိုက်စရာဖြစ်လာခဲ့ပြီဖြစ်ပြီး ဂန်းနားတွေအတွက် မျှော်လင့်ထားတာထက် ပိုမိုခက်ခဲတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။ ပက်ဒရို ဂွန်ဆာဗိစ်ရဲ့ ရင်သပ်ရှုမောဖွယ်သွင်းဂိုးကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။ ဂါဘရီယဲလ် မာတီနယ်လီဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ လွဲချော်သွားခဲ့တာကြောင့် ပေါ်တူဂီထိပ်သီးအသင်းက ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်မှာ မှတ်မှတ်ရရ ပြန်ပြောချင်စရာအချက်တွေရှိနေခဲ့ပါတယ်။

၁။ ခံစစ် ဒဏ်ရာပြဿနာ ၂ ခု ရင်ဆိုင်ခဲ့ရခြင်း

မန်ယူနိုက်တက်နည်းပြ တန်ဟက်က အာဆင်နယ်ဟာ ဒီရာသီမှာ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ လူစာရင်းနဲ့ အမြဲတမ်း ယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ ပြောပြီး ၂၄ နာရီမပြည့်ခင်မှာပဲ အာတီတာရဲ့ အဓိကကစားသမားတွေထဲက တစ်ဦးဟာ ပွဲစပြီး ၇ မိနစ်မှာ လဲကျပြီးနောက် လူစားလဲခဲ့ရပါတယ်။ ၁၉ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး ရပြီးနောက် ၂ မိနစ်အကြာမှာ ယခုရာသီ အာဆင်နယ်ရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံးကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဆာလီဘာလည်း ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဟိုးဒင်းနဲ့ လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။

၂။ ထူးခြားတဲ့ အသင်းခေါင်းဆောင်

ကြီးမားတဲ့ ဥရောပညမှာ အသင်းခေါင်းဆောင်က မကြာခဏ ပွဲကို အလှည့်အပြောင်း ပြုလုပ်ပေးသူဖြစ်တတ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက အာဆင်နယ်မှာ အသင်းကို ဦးဆောင်နိုင်ဖို့ စစ်မှန်တဲ့ ခေါင်းဆောင်မျိုး ကင်းမဲ့နေခဲ့ပေမယ့်လည်း ချာကာက အသင်းခေါင်းဆောင်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ခဲ့ပုံပေါ်ပါတယ်။ ချာကာဟာ ဘယ်တောင်ပံခြမ်းကနေ ထိုးဖောက်လာပြီးနောက် မာတီနယ်လီကန်သွင်းခဲ့တဲ့ ဘောလုံးကို အဒန် ကာကွယ်ခဲ့ရာကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ပြေးဝင်ပိတ်သွင်းပြီး ယခုရာသီ ၅ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်လူအတွက် ယခုရာသီဟာ အကောင်းဆုံး ဂိုးသွင်းရာသီလည်း ဖြစ်လာခဲ့ပြီဖြစ်ပြီး ထူးခြားတဲ့ အသင်းခေါင်းဆောင်ဆိုတာကို အကောင်းဆုံးပုံစံနဲ့ ပြသခဲ့တာဖြစ်ပါတယ်။

၃။ ကြံ့ခိုင်မှုမပြည့်ဝသေးပေမယ့် အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇုဟာ မျှော်မှန်းထားတာထက် စောပြီး ပြန်လာခဲ့ပြီး ကြံ့ခိုင်မှု အပြည့်ပြန်မရသေးပေမယ့်လည်း စပို့တင်း လစ္စဘွန်းနဲ့ပွဲမှာ တောက်ပတဲ့ ပထမပိုင်းကို ပိုင်ဆိုင်ခဲ့ ပါတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်းအပြီးမှာ ၁-၀ နဲ့ ဦးဆောင်နေပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပုံပေါ်တာကြောင့် နည်းပြ အာတီတာက ဘရာဇီးလ်ကြယ်ပွင့်နေရာမှာ ထရော့ဆာ့ဒ်ကို လူစားဝင်ကစားစေခဲ့ပါတယ်။ အာတီတာက ဂါဘရီယဲလ် ဂျေးဇုကို ပွဲကစားချိန် ၄၅ မိနစ်ပဲ ပေးခဲ့တာနဲ့ပတ်သက်ပြီး ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော်တို့ သူ့ရဲ့ မိနစ်ကို စီမံခန့်ခွဲရမှာဖြစ်ပြီး လူစာရင်းထဲက သူ့ရဲ့ ပါဝင်ပတ်သက်မှုကိုလည်း စီမံခန့်ခွဲရမှာပါ။ ဒါပေမယ့် ဂါဘီက လေ့ကျင့်ရေးလုပ်တဲ့နေ့တိုင်း ကောင်းမွန်နေတယ်လို့ ခံစားနေရပါတယ်။ သူပြောတာက ခံစားမှုတွေက ပိုပြီး ကောင်းသည်ထက် ကောင်းလာတယ်တဲ့။ အဲဒီတော့ ဒါက တကယ်ကို အပြုသဘောဆောင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၄။ ရင်သပ်ရှုမောဖွယ် အဝေးကန်ချက်နဲ့ စပို့တင်းကို ကယ်တင်ခဲ့တဲ့ ခ

ဒုတိယပိုင်းမစခင်မှာ ဂါဘရီယဲလ် ဂျေးဇု လူစားလဲခံခဲ့ရချိန်မှာ အာဆင်နယ်ရဲ့ အာရုံစူးစိုက်မှုတွေလည်း ပါသွားခဲ့ပြီး ဂန်းနားတွေဟာ ဒုတိယပိုင်းမှာ ဦးဆောင်နိုင်မှုကို ထိန်းသိမ်းထားဖို့ ရုန်းကန်ခဲ့ရပါတယ်။ ၆၂ မိနစ်မှာ ပက်ဒရို ဂွန်ဆာဗိစ်က ဂျော်ဂျင်ညိုဆီကနေ ပေါ်လင်ညိုက ဘောလုံးကို လုယူပြီးနောက် ဂိုးရှေ့ထွက်နေတဲ့ ရမ်းစ်ဒေးလ်ကို မြင်တွေ့ခဲ့ပြီး အာဆင်နယ်ကွင်းဘက်ခြမ်း ၄၆ ကိုက်အကွာကနေ ရင်သပ်ရှုမောဖွယ် အဝေးကန်ချက်နဲ့ ဂန်းနားတွေကို အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ချေပဂိုး ပေးပြီးနောက် ပြန်လည်စုစည်းနိုင်ဖို့ ကြိုးပမ်းရင်း ဝရုန်းသုန်းကားဖြစ်နေခဲ့တာကြောင့် အာတီတာက ပါတေးနဲ့ ဆာကာတို့ကို အရန်ခုံတန်းက လူစားဝင်ကစားစေခဲ့ပေမယ့်လည်း စပို့တင်းရဲ့ ယုံကြည်ချက်ကို ပိုပြီးတော့ ကြီးထွားလာခဲ့တာကြောင့် အချိန်ပိုအထိ ဆွဲခေါ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

၅။ အပြိုင်အဆိုင်ကာကွယ်ပြခဲ့တဲ့ ဂိုးသမားများ

ရမ်းစ်ဒေးလ်ဟာ စပို့တင်းရဲ့ ချေပဂိုးမှာ ဂိုးရှေ့ထွက်နေခဲ့လို့ ဂိုးပေးခဲ့ရပေမယ့်လည်း စပါးစ်အကယ်ဒမီထွက် မားကပ်စ် အက်ဒွပ်စ်ရဲ့ အနိုင်ဂိုးဖြစ်နိုင်တဲ့ ဂိုးကန်သွင်းမှုကို ကြီးမားတဲ့ကာကွယ်မှုနဲ့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ အက်ဒွပ်စ်ဟာ ဂိုးရှေ့ကို လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခဲ့ပြီး ဂိုးကန်သွင်းနိုင်တော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ရမ်းစ်ဒေးလ်က စပါးစ်လူငယ်ကြယ်ပွင့်ဟောင်းရဲ့ ကန်ချက်ကိုမျက်နှာနဲ့ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ အချိန်ပိုမှာ စပို့တင်း ဂိုးသမား အဒန်ကလည်း ရမ်းစ်ဒေးလ် နည်းတူ အထင်ကြီးဖွယ်ကာကွယ်မှု ပြုလုပ်ခဲ့ပြီး ထရော့ဆာ့ဒ်ရဲ့ တစ်ဦးချင်း ကန်သွင်းချက်ကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ စပိန်ဂိုးသမားဟာ ပုံမှန်ပွဲကစားချိန်မှာရော အချိန်ပိုမှာပါ အရေးကြီးတဲ့ ကာကွယ်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး အထူးသဖြင့် ၁၁၇ မိနစ်မှာ ဂါဘရီယဲလ် မာဂါလိုင်စ်ရဲ့ နောက်ကျအနိုင်ဂိုးကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

၆။ အမ်းမရိတ်စ်က ပထမဆုံး ပင်နယ်တီ

အချိန်ပိုမှာ အဖြေမထွက်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူခဲ့ရပြီး အာဆင်နယ်ရဲ့ အမ်းမရိတ်စ်မှာ ပထမဆုံး ပင်နယ်တီ အဆုံးအဖြတ်ခံယူမှုဖြစ်ခဲ့ပါတယ်။ စပို့တင်း လစ္စဘွန်းအသင်းဟာ အချိန်ပို ပြီးဆုံးခါနီးမှာ တန်ပြန်တိုက်စစ်ဆင်လာတဲ့ ဆာကာကို ရပ်တန့်ဖို့ ကစားပုံကြမ်းတမ်းခဲ့တဲ့ အူဂါတီ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နေခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေအတွက် ကံမကောင်းစွာနဲ့ပဲ မာတီနယ်လီရဲ့ ပင်နယ်တီ လွဲချော်မှုက အရေးကြီးတဲ့အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ဧည့်သည်တွေဟာ ပင်နယ်တီ ကန်သွင်းမှု ၅ ကြိမ်စလုံးကို ဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့်ရာသီ အမ်းမရိတ်စ်မှာ ချန်ပီယံလိဂ်ညတွေ ပြန်မြင်ရမှာဖြစ်လို့ စိတ်ဓာတ်ကျစရာမရှိပါဘူး။

၇။ ငါမအိုသေးဆိုပြီး ယူရိုပါလိဂ် မှတ်တမ်းကောင်းတင်နိုင်ခဲ့တဲ့ အဒမ်
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စပို့တင်းလစ္စဘွန်း ဂိုးသမား အန်တိုနီ အဒန်ဟာ အာဆင်နယ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ပွဲမှာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း အပိုင်အခွင့်အရေး ၅ ကြိမ်နဲ့ အချိန်ပို မိနစ် ၃၀ အတွင်း အပိုင်အခွင့်ရေး ၂ ကြိမ် စုစုပေါင်း ၇ ကြိမ် ကာကွယ်နိုင်ခဲ့ပြီး ယူရိုပါလိဂ်တွင် ပွဲတပွဲအတွင်း အကြိမ်ရေအများဆုံး အပိုင်အခွင့်အရေး ကာကွယ်သည့် ဂိုးသမားဖြစ်လာခဲ့ပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်တွင်လည်း မာတင်နယ်လီ၏ ပယ်နယ်တီပါ ထပ်မံကာကွယ်သွားပြီး အာဆင်နယ်ကို ပြိုင်ပွဲက လက်ပြနှုတ်ဆက်စေခဲ့ပါတယ်။
ARSENL MYANMAR
PHOTOS CREDIT

ZAWGYI:စိတ္ဓာတ္ျပင္းထန္တဲ့ စပို႔တင္းလစၥဘြနး္အသင္းဟာ အာဆင္နယ္ကို အမ္းမရိတ္စ္မွာ တစ္ဖက္ ၁ ဂိုးသေရရလဒ္နဲ႔ အခ်ိန္ပိုအထိ ဆြဲေခၚၿပီးေနာက္ ပင္နယ္တီအဆုံးအျဖတ္မွာ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမအေက်ာ့ ေပၚတူဂီမွာ ၂-၂ သေရက်ခဲ့တာေၾကာင့္ အာတီတာဟာ အိမ္ကြင္းမွာ ရမ္းစ္ေဒးလ္၊ ဆာလီဘာ၊ ေဂ်းဇုတို႔လို အဓိကကစားသမားေတြနဲ႔ အားေကာင္းတဲ့ ပြဲထြက္လူစာရင္းကို ေ႐ြးခ်ယ္ခဲ့ၿပီး လက္ရွိမွာေတာ့ ျပင္သစ္ေနာက္ခံလူဟာ ပထမပိုင္း ၁၉ မိနစ္မွာ ခ်ာကာရဲ႕ ဦးေဆာင္ဂိုးအၿပီး ပြဲကစားခ်ိန္အေစာပိုင္းမွာပဲ ဒဏ္ရာရသြားခဲ့တာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီးေနာက္ အနားယူရဖြယ္ရွိေနၿပီျဖစ္ပါတယ္။

တိုမီယဆုကလည္း ၉ မိနစ္မွာ ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ အာတီတာအေနနဲ႔ ခံစစ္အတြက္ ေခါင္းကိုက္စရာျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဂန္းနားေတြအတြက္ ေမွ်ာ္လင့္ထားတာထက္ ပိုမိုခက္ခဲတဲ့ ညတစ္ည ျဖစ္ခဲ့ပါတယ္။ ပက္ဒ႐ို ဂြန္ဆာဗိစ္ရဲ႕ ရင္သပ္ရႈေမာဖြယ္သြင္းဂိုးေၾကာင့္ အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရၿပီး ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရတာျဖစ္ပါတယ္။ ဂါဘရီယဲလ္ မာတီနယ္လီဟာ ပင္နယ္တီ အဆုံးအျဖတ္မွာ လြဲေခ်ာ္သြားခဲ့တာေၾကာင့္ ေပၚတူဂီထိပ္သီးအသင္းက ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့တာျဖစ္ၿပီး ဒီပြဲစဥ္မွာ မွတ္မွတ္ရရ ျပန္ေျပာခ်င္စရာအခ်က္ေတြရွိေနခဲ့ပါတယ္။

၁။ ခံစစ္ ဒဏ္ရာျပႆနာ ၂ ခု ရင္ဆိုင္ခဲ့ရျခင္း

မန္ယူႏိုက္တက္နည္းျပ တန္ဟက္က အာဆင္နယ္ဟာ ဒီရာသီမွာ ႀကံ့ခိုင္မႈ ျပည့္ဝေနတဲ့ လူစာရင္းနဲ႔ အၿမဲတမ္း ယွဥ္ၿပိဳင္ႏိုင္ခဲ့တယ္လို႔ ေျပာၿပီး ၂၄ နာရီမျပည့္ခင္မွာပဲ အာတီတာရဲ႕ အဓိကကစားသမားေတြထဲက တစ္ဦးဟာ ပြဲစၿပီး ၇ မိနစ္မွာ လဲက်ၿပီးေနာက္ လူစားလဲခဲ့ရပါတယ္။ ၁၉ မိနစ္မွာ အာဆင္နယ္တို႔ အဖြင့္ဂိုး ရၿပီးေနာက္ ၂ မိနစ္အၾကာမွာ ယခုရာသီ အာဆင္နယ္ရဲ႕ ေျခစြမ္းအတည္ၿငိမ္ဆုံးၾကယ္ပြင့္ကစားသမားျဖစ္တဲ့ ဆာလီဘာလည္း ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ဟိုးဒင္းနဲ႔ လူစားလဲလွယ္ခဲ့ရတာ ျဖစ္ပါတယ္။

၂။ ထူးျခားတဲ့ အသင္းေခါင္းေဆာင္

ႀကီးမားတဲ့ ဥေရာပညမွာ အသင္းေခါင္းေဆာင္က မၾကာခဏ ပြဲကို အလွည့္အေျပာင္း ျပဳလုပ္ေပးသူျဖစ္တတ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက အာဆင္နယ္မွာ အသင္းကို ဦးေဆာင္ႏိုင္ဖို႔ စစ္မွန္တဲ့ ေခါင္းေဆာင္မ်ိဳး ကင္းမဲ့ေနခဲ့ေပမယ့္လည္း ခ်ာကာက အသင္းေခါင္းေဆာင္တာဝန္ကို ေကာင္းေကာင္းထမ္းေဆာင္ႏိုင္ခဲ့ပုံေပၚပါတယ္။ ခ်ာကာဟာ ဘယ္ေတာင္ပံျခမ္းကေန ထိုးေဖာက္လာၿပီးေနာက္ မာတီနယ္လီကန္သြင္းခဲ့တဲ့ ေဘာလုံးကို အဒန္ ကာကြယ္ခဲ့ရာကေန ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ေျပးဝင္ပိတ္သြင္းၿပီး ယခုရာသီ ၅ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဆြစ္ဇာလန္ကြင္းလယ္လူအတြက္ ယခုရာသီဟာ အေကာင္းဆုံး ဂိုးသြင္းရာသီလည္း ျဖစ္လာခဲ့ၿပီျဖစ္ၿပီး ထူးျခားတဲ့ အသင္းေခါင္းေဆာင္ဆိုတာကို အေကာင္းဆုံးပုံစံနဲ႔ ျပသခဲ့တာျဖစ္ပါတယ္။

၃။ ႀကံ့ခိုင္မႈမျပည့္ဝေသးေပမယ့္ အေကာင္းဆုံးကစားႏိုင္ခဲ့တဲ့ ေဂ်းဇု

ဂါဘရီယဲလ္ ေဂ်းဇုဟာ ေမွ်ာ္မွန္းထားတာထက္ ေစာၿပီး ျပန္လာခဲ့ၿပီး ႀကံ့ခိုင္မႈ အျပည့္ျပန္မရေသးေပမယ့္လည္း စပို႔တင္း လစၥဘြန္းနဲ႔ပြဲမွာ ေတာက္ပတဲ့ ပထမပိုင္းကို ပိုင္ဆိုင္ခဲ့ ပါတယ္။ အာဆင္နယ္အသင္းဟာ ပထမပိုင္းအၿပီးမွာ ၁-၀ နဲ႔ ဦးေဆာင္ေနၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ဖို႔ အေျခအေနေကာင္းေနပုံေပၚတာေၾကာင့္ နည္းျပ အာတီတာက ဘရာဇီးလ္ၾကယ္ပြင့္ေနရာမွာ ထေရာ့ဆာ့ဒ္ကို လူစားဝင္ကစားေစခဲ့ပါတယ္။ အာတီတာက ဂါဘရီယဲလ္ ေဂ်းဇုကို ပြဲကစားခ်ိန္ ၄၅ မိနစ္ပဲ ေပးခဲ့တာနဲ႔ပတ္သက္ၿပီး ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ “ကြၽန္ေတာ္တို႔ သူ႔ရဲ႕ မိနစ္ကို စီမံခန႔္ခြဲရမွာျဖစ္ၿပီး လူစာရင္းထဲက သူ႔ရဲ႕ ပါဝင္ပတ္သက္မႈကိုလည္း စီမံခန႔္ခြဲရမွာပါ။ ဒါေပမယ့္ ဂါဘီက ေလ့က်င့္ေရးလုပ္တဲ့ေန႔တိုင္း ေကာင္းမြန္ေနတယ္လို႔ ခံစားေနရပါတယ္။ သူေျပာတာက ခံစားမႈေတြက ပိုၿပီး ေကာင္းသည္ထက္ ေကာင္းလာတယ္တဲ့။ အဲဒီေတာ့ ဒါက တကယ္ကို အျပဳသေဘာေဆာင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၄။ ရင္သပ္ရႈေမာဖြယ္ အေဝးကန္ခ်က္နဲ႔ စပို႔တင္းကို ကယ္တင္ခဲ့တဲ့ ခ

ဒုတိယပိုင္းမစခင္မွာ ဂါဘရီယဲလ္ ေဂ်းဇု လူစားလဲခံခဲ့ရခ်ိန္မွာ အာဆင္နယ္ရဲ႕ အာ႐ုံစူးစိုက္မႈေတြလည္း ပါသြားခဲ့ၿပီး ဂန္းနားေတြဟာ ဒုတိယပိုင္းမွာ ဦးေဆာင္ႏိုင္မႈကို ထိန္းသိမ္းထားဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ၆၂ မိနစ္မွာ ပက္ဒ႐ို ဂြန္ဆာဗိစ္က ေဂ်ာ္ဂ်င္ညိဳဆီကေန ေပၚလင္ညိဳက ေဘာလုံးကို လုယူၿပီးေနာက္ ဂိုးေရွ႕ထြက္ေနတဲ့ ရမ္းစ္ေဒးလ္ကို ျမင္ေတြ႕ခဲ့ၿပီး အာဆင္နယ္ကြင္းဘက္ျခမ္း ၄၆ ကိုက္အကြာကေန ရင္သပ္ရႈေမာဖြယ္ အေဝးကန္ခ်က္နဲ႔ ဂန္းနားေတြကို အျပစ္ေပးခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ေခ်ပဂိုး ေပးၿပီးေနာက္ ျပန္လည္စုစည္းႏိုင္ဖို႔ ႀကိဳးပမ္းရင္း ဝ႐ုန္းသုန္းကားျဖစ္ေနခဲ့တာေၾကာင့္ အာတီတာက ပါေတးနဲ႔ ဆာကာတို႔ကို အရန္ခုံတန္းက လူစားဝင္ကစားေစခဲ့ေပမယ့္လည္း စပို႔တင္းရဲ႕ ယုံၾကည္ခ်က္ကို ပိုၿပီးေတာ့ ႀကီးထြားလာခဲ့တာေၾကာင့္ အခ်ိန္ပိုအထိ ဆြဲေခၚသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၅။ အၿပိဳင္အဆိုင္ကာကြယ္ျပခဲ့တဲ့ ဂိုးသမားမ်ား

ရမ္းစ္ေဒးလ္ဟာ စပို႔တင္းရဲ႕ ေခ်ပဂိုးမွာ ဂိုးေရွ႕ထြက္ေနခဲ့လို႔ ဂိုးေပးခဲ့ရေပမယ့္လည္း စပါးစ္အကယ္ဒမီထြက္ မားကပ္စ္ အက္ဒြပ္စ္ရဲ႕ အႏိုင္ဂိုးျဖစ္ႏိုင္တဲ့ ဂိုးကန္သြင္းမႈကို ႀကီးမားတဲ့ကာကြယ္မႈနဲ႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ အက္ဒြပ္စ္ဟာ ဂိုးေရွ႕ကို လြတ္လြတ္ကြၽတ္ကြၽတ္ ဆြဲေျပးခဲ့ၿပီး ဂိုးကန္သြင္းႏိုင္ေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ရမ္းစ္ေဒးလ္က စပါးစ္လူငယ္ၾကယ္ပြင့္ေဟာင္းရဲ႕ ကန္ခ်က္ကိုမ်က္ႏွာနဲ႔ ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အခ်ိန္ပိုမွာ စပို႔တင္း ဂိုးသမား အဒန္ကလည္း ရမ္းစ္ေဒးလ္ နည္းတူ အထင္ႀကီးဖြယ္ကာကြယ္မႈ ျပဳလုပ္ခဲ့ၿပီး ထေရာ့ဆာ့ဒ္ရဲ႕ တစ္ဦးခ်င္း ကန္သြင္းခ်က္ကို ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ စပိန္ဂိုးသမားဟာ ပုံမွန္ပြဲကစားခ်ိန္မွာေရာ အခ်ိန္ပိုမွာပါ အေရးႀကီးတဲ့ ကာကြယ္မႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး အထူးသျဖင့္ ၁၁၇ မိနစ္မွာ ဂါဘရီယဲလ္ မာဂါလိုင္စ္ရဲ႕ ေနာက္က်အႏိုင္ဂိုးကို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၆။ အမ္းမရိတ္စ္က ပထမဆုံး ပင္နယ္တီ

အခ်ိန္ပိုမွာ အေျဖမထြက္ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ဆက္လက္ခံယူခဲ့ရၿပီး အာဆင္နယ္ရဲ႕ အမ္းမရိတ္စ္မွာ ပထမဆုံး ပင္နယ္တီ အဆုံးအျဖတ္ခံယူမႈျဖစ္ခဲ့ပါတယ္။ စပို႔တင္း လစၥဘြန္းအသင္းဟာ အခ်ိန္ပို ၿပီးဆုံးခါနီးမွာ တန္ျပန္တိုက္စစ္ဆင္လာတဲ့ ဆာကာကို ရပ္တန႔္ဖို႔ ကစားပုံၾကမ္းတမ္းခဲ့တဲ့ အူဂါတီ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့ေနခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြအတြက္ ကံမေကာင္းစြာနဲ႔ပဲ မာတီနယ္လီရဲ႕ ပင္နယ္တီ လြဲေခ်ာ္မႈက အေရးႀကီးတဲ့အဆုံးအျဖတ္ျဖစ္ခဲ့ၿပီး ဧည့္သည္ေတြဟာ ပင္နယ္တီ ကန္သြင္းမႈ ၅ ႀကိမ္စလုံးကို ဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လာမယ့္ရာသီ အမ္းမရိတ္စ္မွာ ခ်န္ပီယံလိဂ္ညေတြ ျပန္ျမင္ရမွာျဖစ္လို႔ စိတ္ဓာတ္က်စရာမရွိပါဘူး။

၇။ ငါမအိုေသးဆိုၿပီး ယူ႐ိုပါလိဂ္ မွတ္တမ္းေကာင္းတင္ႏိုင္ခဲ့တဲ့ အဒမ္
အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ စပို႔တင္းလစၥဘြန္း ဂိုးသမား အန္တိုနီ အဒန္ဟာ အာဆင္နယ္အသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူႏိုင္ခဲ့တဲ့ပြဲမွာ ပြဲကစားခ်ိန္ မိနစ္ ၉၀ အတြင္း အပိုင္အခြင့္အေရး ၅ ႀကိမ္နဲ႔ အခ်ိန္ပို မိနစ္ ၃၀ အတြင္း အပိုင္အခြင့္ေရး ၂ ႀကိမ္ စုစုေပါင္း ၇ ႀကိမ္ ကာကြယ္ႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္တြင္ ပြဲတပြဲအတြင္း အႀကိမ္ေရအမ်ားဆုံး အပိုင္အခြင့္အေရး ကာကြယ္သည့္ ဂိုးသမားျဖစ္လာခဲ့ပါတယ္။ ပယ္နယ္တီအဆုံးအျဖတ္တြင္လည္း မာတင္နယ္လီ၏ ပယ္နယ္တီပါ ထပ္မံကာကြယ္သြားၿပီး အာဆင္နယ္ကို ၿပိဳင္ပြဲက လက္ျပႏႈတ္ဆက္ေစခဲ့ပါတယ္။
ARSENL MYANMAR
PHOTOS CREDIT