အာတီတာက တပွဲမှ အနားမပေးလဲ ပြဿနာမရှိပဲ နွေရာသီမှာ သော့ပိတ်အိပ်ပြီး အနားယူနိုင်တယ်ဆိုတဲ့ ဆာကာ admin

အာတီတာက တပွဲမှ အနားမပေးလဲ ပြဿနာမရှိပဲ နွေရာသီမှာ သော့ပိတ်အိပ်ပြီး အနားယူနိုင်တယ်ဆိုတဲ့ ဆာကာ

အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူးလေး ဆာကာဟာ ယခုရာသီမှာ အံ့မခန်းပုံစံနဲ့ ခြေစွမ်းပြနေပြီး အာဆင်နယ်အသင်း ချန်ပီယံဖြစ်ဖို့အတွက် အဓိက ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ရှိနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယခုအခါ ပရီးမီးယားလိဂ်ပွဲ ၂၇ ပွဲ ကစားပြီးချိန်မှာ ဆာကာအနေနဲ့ ပွဲတိုင်း ပွဲထွက် ကစားခဲ့ရသလို ကာရာဘောင်းဖလား၊ ယူရိုပါလိဂ် နဲ့ အက်ဖ်အေ ဖလားပွဲများမှာလည်း ၁၃ ပွဲ ထပ်မံကစားထားခဲ့ရပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ သောကြာနေ့က စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ကစားသမား ၆ နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ကာ အဓိက ကစားသမားအချို့ကို ပွဲမပန်းစေရန် အနားပေးခဲ့ပါတယ်။ သို့သော်လည်း ၂၁ နှစ်အရွယ် ကစားသမားလေး ဆာကာကိုတော့ မိနစ် ၉၀ ပြည့် ကစားစေခဲ့တာတွေကို တွေ့ရှိရပါတယ်။

အာဆင်နယ်အသင်းမှာ ပွဲကြီးပွဲကောင်းများစွာကျန်ရှိနေပြီး ဆာကာသည် ယခုလအတွင်း အီတလီနှင့် ယူကရိန်းအသင်းတို့နှင့်ကစားမည့် ဥရောပချန်ပီယံရှစ်ခြေစစ်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်ရန် သေချာနေသောကြောင့် နောက်ထပ်မိနစ်များစွာ ကျန်ရှိနေဦးမည်ဖြစ်သည်။ ဆာကာအနေနဲ့ ရွေးချယ်စရာမရှိပဲ မရပ်မနား ကစားရမှာ ဖြစ်ပေမယ့် သူ့အနေနဲ့ ကွင်းထဲမှာ သို့မဟုတ် အနားယူရတာ ဘယ်အရာကို နှစ်သက်လဲဆိုတာ တိတိကျကျ သိပါတယ်လို့ ပြောသွားခဲ့ပါတယ်။

” ကျွန်တော့် စိတ်ထဲက အမှန်တရားကို ပြောရရင် ကွင်းထဲမှာ ကစားနေရတာကို ပျော်ပါတယ်” ကျွန်တော် ဒီအတိုင်းမနားပဲ ဆက်တိုက်ကစားနေရလို့ ပင်ပန်းလာတဲ့အခါမှာ ဒဏ်ရာရပြီး အနားယူချင်လား သို့မဟုတ် ကွင်းထဲမှာ ဆက်ကစားချင်လားဆိုရင် ကျွန်တော် ကွင်းထဲမှာပဲနေပြီး ဆက်ကစားချင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ဘယ်မှာ နေချင်လဲ နေရင်ပျော်မလဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်တဲ့အခါ အာဆင်နယ်အသင်းရဲ့ အပတ်တိုင်း ယှဉ်ပြိုင်နေရတဲ့ အမြင့်မားဆုံးပြိုင်ပွဲတွေ ကစားနေတဲ့ ကွင်းထဲမှာပဲ နေချင်တယ်လို့ပဲ အမြဲအဖြေထွက်ပါတယ်။ ဒါကြောင့် ကျွန်တော် ပျော်တယ်။ (အနားမရပဲ ပွဲတွေ ဆက်တိုက်ကစားနေရလဲ)။ ရာသီကုန်ထိ အင်တိုက်အားတိုက်နဲ့ အသင်းအတွက် ဆက်ကစားပေးမယ်။ ရာသီပြီးတဲ့ နွေရာသီရောက်ရင် ကျွန်တော့်အခန်းထဲ ကျွန်တော် သော့ပိတ်ပြီး အိပ်စက်ပြီး ပင်းပန်းသမျှ အနားယူနိုင်တယ်လေ” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းသည် ကြာသပတေးနေ့ညတွင် စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့အဖြစ် အိမ်ကွင်းအမ်းမရိတ်မှ ကစားရမှာဖြစ်ပြီး တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ အမ်းမရိတ်ကွင်းမှာ ကစားရမှာဖြစ်ပြီး နည်းပြအာတီတာအနေနဲ့ သူရဲ့အားထားရတဲ့ ညာတောင်ပံတိုက်စစ်မှူးလေး ဆာကာကို အနားပေးဖွယ်မရှိပဲ နှစ်ပွဲ စလုံး ပွဲထွက်ကစားစေမှာ ဖြစ်တယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉးေလး ဆာကာဟာ ယခုရာသီမွာ အံ့မခန္းပုံစံနဲ႔ ေျခစြမ္းျပေနၿပီး အာဆင္နယ္အသင္း ခ်န္ပီယံျဖစ္ဖို႔အတြက္ အဓိက ႀကီးမားတဲ့ အစိတ္အပိုင္းတစ္ခု အျဖစ္ရွိေနပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ယခုအခါ ပရီးမီးယားလိဂ္ပြဲ ၂၇ ပြဲ ကစားၿပီးခ်ိန္မွာ ဆာကာအေနနဲ႔ ပြဲတိုင္း ပြဲထြက္ ကစားခဲ့ရသလို ကာရာေဘာင္းဖလား၊ ယူ႐ိုပါလိဂ္ နဲ႔ အက္ဖ္ေအ ဖလားပြဲမ်ားမွာလည္း ၁၃ ပြဲ ထပ္မံကစားထားခဲ့ရပါတယ္။ အာဆင္နယ္နည္းျပ အာတီတာဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ ကစားသမား ၆ ေနရာအထိ အေျပာင္းအလဲျပဳလုပ္ခဲ့ကာ အဓိက ကစားသမားအခ်ိဳ႕ကို ပြဲမပန္းေစရန္ အနားေပးခဲ့ပါတယ္။ သို႔ေသာ္လည္း ၂၁ ႏွစ္အ႐ြယ္ ကစားသမားေလး ဆာကာကိုေတာ့ မိနစ္ ၉၀ ျပည့္ ကစားေစခဲ့တာေတြကို ေတြ႕ရွိရပါတယ္။

အာဆင္နယ္အသင္းမွာ ပြဲႀကီးပြဲေကာင္းမ်ားစြာက်န္ရွိေနၿပီး ဆာကာသည္ ယခုလအတြင္း အီတလီႏွင့္ ယူကရိန္းအသင္းတို႔ႏွင့္ကစားမည့္ ဥေရာပခ်န္ပီယံရွစ္ေျခစစ္ပြဲအတြက္ အဂၤလန္အသင္းလူစာရင္းတြင္ ပါဝင္ရန္ ေသခ်ာေနေသာေၾကာင့္ ေနာက္ထပ္မိနစ္မ်ားစြာ က်န္ရွိေနဦးမည္ျဖစ္သည္။ ဆာကာအေနနဲ႔ ေ႐ြးခ်ယ္စရာမရွိပဲ မရပ္မနား ကစားရမွာ ျဖစ္ေပမယ့္ သူ႔အေနနဲ႔ ကြင္းထဲမွာ သို႔မဟုတ္ အနားယူရတာ ဘယ္အရာကို ႏွစ္သက္လဲဆိုတာ တိတိက်က် သိပါတယ္လို႔ ေျပာသြားခဲ့ပါတယ္။

” ကြၽန္ေတာ့္ စိတ္ထဲက အမွန္တရားကို ေျပာရရင္ ကြင္းထဲမွာ ကစားေနရတာကို ေပ်ာ္ပါတယ္” ကြၽန္ေတာ္ ဒီအတိုင္းမနားပဲ ဆက္တိုက္ကစားေနရလို႔ ပင္ပန္းလာတဲ့အခါမွာ ဒဏ္ရာရၿပီး အနားယူခ်င္လား သို႔မဟုတ္ ကြင္းထဲမွာ ဆက္ကစားခ်င္လားဆိုရင္ ကြၽန္ေတာ္ ကြင္းထဲမွာပဲေနၿပီး ဆက္ကစားခ်င္ပါတယ္။ ကြၽန္ေတာ္ ငယ္ငယ္တုန္းက ဘယ္မွာ ေနခ်င္လဲ ေနရင္ေပ်ာ္မလဲလို႔ ကိုယ့္ကိုယ္ကို ေမးၾကည့္တဲ့အခါ အာဆင္နယ္အသင္းရဲ႔ အပတ္တိုင္း ယွဥ္ျပိဳင္ေနရတဲ့ အျမင့္မားဆံုးျပိဳင္ပြဲေတြ ကစားေနတဲ့ ကြင္းထဲမွာပဲ ေနခ်င္တယ္လို႔ပဲ အျမဲအေျဖထြက္ပါတယ္။ ဒါေၾကာင့္ က်ြန္ေတာ္ ေပ်ာ္တယ္။ (အနားမရပဲ ပြဲေတြ ဆက္တိုက္ကစားေနရလဲ)။ ရာသီကုန္ထိ အင္တိုက္အားတိုက္နဲ႔ အသင္းအတြက္ ဆက္ကစားေပးမယ္။ ရာသီျပီးတဲ့ ေႏြရာသီေရာက္ရင္ ကြ်န္ေတာ့္အခန္းထဲ ကြ်န္ေတာ္ ေသာ့ပိတ္ျပီး အိပ္စက္ျပီး ပင္းပန္းသမွ် အနားယူႏုိင္တယ္ေလ” လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းသည္ ၾကာသပေတးေန႔ညတြင္ စပို႔တင္းလစၥဘြန္းအသင္းနဲ႔ ယူရိုပါလိဂ္ ဒုတိယအေက်ာ့အျဖစ္ အိမ္ကြင္းအမ္းမရိတ္မွ ကစားရမွာျဖစ္ျပီး တနဂၤေႏြေန႔တြင္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၈ အျဖစ္ ခရစၥတယ္ပဲေလ့စ္နဲ႔ အမ္းမရိတ္ကြင္းမွာ ကစားရမွာျဖစ္ျပီး နည္းျပအာတီတာအေနနဲ႔ သူရဲ႔အားထားရတဲ့ ညာေတာင္ပံတိုက္စစ္မွဴးေလး ဆာကာကို အနားေပးဖြယ္မရိွပဲ ႏွစ္ပြဲ စလံုး ပြဲထြက္ကစားေစမွာ ျဖစ္တယ္လို႔ ေရးသားေဖာ္ျပလုိက္ရပါတယ္။
ARSENAL MYANMAR
PHOTOS CREDIT