ထရော့ဆာ့ဒ်က ဘာကြောင့် ပွဲထွက်လူစာရင်းမှာ ဘယ်တော့မှ မပါဝင်ခဲ့တာလဲ 634 423 coyg

ထရော့ဆာ့ဒ်က ဘာကြောင့် ပွဲထွက်လူစာရင်းမှာ ဘယ်တော့မှ မပါဝင်ခဲ့တာလဲ

ယခုရာသီမှာ အာဆင်နယ်ပရိသတ်တွေကို အရာတော်တော်များများက စိတ်ရှုပ်ထွေးစေခဲ့ပြီး အဲဒီထဲက တစ်ခုက ဘာကြောင့် အကောင်းဆုံးပုံစံရှိနေတဲ့ လီအန်ဒရို ထရော့ဆာ့ဒ်က ပွဲထွက်လူစာရင်းမှာ မပါဝင်ရတာလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။

ဘရိုက်တန်ကြယ်ပွင့်ဟောင်းဟာ ကွင်းထဲမှာ ပါဝင်ကစားပေးခဲ့တဲ့အချိန်တိုင်း ဂန်းနားတွေအတွက် တောက်ပတဲ့ ခြေစွမ်းနဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့သူဖြစ်ပေမယ့်လည်း ပွဲရှိန်မြင့်နေတဲ့အချိန်မှာတောင်မှ အရန်ခုံမှာ ထိုင်နေခဲ့ရတာကို မကြာခဏ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ မန်စီးတီးကို နောက်ကျအနိုင်ဂိုးသွင်းယူပေးပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိပြီးနောက် ကွန်မြူနတီဒိုင်း ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ထရော့ဆာ့ဒ်ဟာ ပွဲထွက်လူစာရင်းမှာ ဂန်းနားတွေအတွက် ပါဝင်ခွင့်မရခဲ့တာဖြစ်ပါတယ်။

အာတီတာတစ်ဦးတည်းသာ ဖြေရှင်းနိုင်တဲ့ကိစ္စဖြစ်တဲ့ ထရော့ဆာ့ဒ်ကို နည်းဗျူဟာပိုင်းအရ ပွဲထွက်ခွင့်မပေးနိုင်တာလား ဒါမှမဟုတ် လန်ဒန်ကိုလ်နီကွင်းမှာ လူတိုင်းမသိနိုင်တဲ့ ကိစ္စတစ်ခုခုရှိလို့လားဆိုတာ မေးစရာရှိလာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီး မြင်တွေ့ခဲ့တာတွေအရ အာဆင်နယ်ရဲ့ တိုက်စစ်က ထက်မြက်မှု ကင်းမဲ့နေချိန်မှာ ထရော့ဆာ့ဒ်က အလွန်ကောင်းမွန်တဲ့ တိုက်စစ်ဆင်မှုတွေ တရစပ်ပြုလုပ်နိုင်တယ်ဆိုတာ အားလုံးလည်း အသိဖြစ်ပါတယ်။

အလားအလာများစွာ ပြည့်နှက်နေတဲ့ လူစာရင်းနဲ့အတူ ပွဲအဖြေကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ကစားသမားမပါဝင်မှုက ပိုပြီး တွေးရခက်စရာဖြစ်လာပြီး အာတီတာက ဘာအကောင်းဆုံးလဲဆိုတာကို သိထားမှာဖြစ်ပါတယ်။

အာတီတာအနေနဲ့ ချန်ပီယံလိဂ်နဲ့ ဖလားပွဲစဉ်တွေလိုမျိုး အရေးကြီးတဲ့အချိန်တွေမှာ အသင်းကို ကယ်တင်ဖို့အတွက် ထရော့ဆာ့ဒ်ကို တမင်လျှိုထားချင်တာကြောင့် ပွဲထွက်ခွင့်မပေးချင်တာ ဖြစ်နိုင်ပြီး ဝှက်ဖဲအနေနဲ့ အရန်ခုံမှာ ဆက်ထားဦးမလားဆိုတာကတော့ ခန့်မှန်းရခက်ပါတယ်။

နောက်ဆုံးမှာတော့ လီအန်ဒရို ထရော့ဆာ့ဒ်ရဲ့ ပွဲကစားချိန်နဲ့ပတ်သက်တဲ့ စဉ်းစားရခက်မှုတွေကို လာမယ့်အနာဂတ်က အချိန်တစ်ခုမှာတော့ သိရမှာတော့ သေချာပါတယ်။

Arsenal Myanmar

Ref: Internet