တန်ဖိုးကြီးမားတဲ့ရှုံးပွဲက ဂန်းနားတွေအတွက် ကောင်းချီးဖြစ်လိမ့်မယ်လို့ ပြောခဲ့တဲ့ ကီယွန်
အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က ဂန်းနားတွေရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုက ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ကြိုးပမ်းနေမှုမှာ ကောင်းချီးဖြစ်လိမ့်မယ်လို့ ထင်မြင်နေပါတယ်။
ပေါ်တူဂီက ပထမအကျော့မှာ ၂-၂ သရေကျခဲ့ပြီးနောက် အာဆင်နယ်နဲ့ စပို့တင်း လစ္စဘွန်းတို့ဟာ ဒုတိယအကျော့ အမ်းမရိတ်စ်မှာ မိနစ် ၁၂၀ အထိ အနိုင်၊ အရှုံးမပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။ ဂရာနစ် ချာကာက ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ၆၂ မိနစ်မှာ ဂွန်ဆာဗိစ်က ချေပဂိုးကို မယုံနိုင်ဖွယ် ကန်ချက်နဲ့ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ ဂါဘရီယဲလ် မာတီနယ်လီရဲ့ လွဲချော်မှုကြောင့် ပေါ်တူဂီကလပ်အသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ လက်ရှိမှာတော့ နောက်ဆုံးအချိန်အပိုင်းအခြားကို ရောက်ရှိနေပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကိုသာ အာရုံစိုက်သွားတော့မှာဖြစ်ပါတယ်။
မာတင် ကီယွန်က စပို့တင်း လစ္စဘွန်းကို ရှုံးနိမ့်ခဲ့မှုကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အတွက် မန်စီးတီးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေဆဲဖြစ်တာကြောင့် ဆုဖလားပြိုင်ပွဲမှာ ပိုမို အသာစီး ရရှိစေနိုင်လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“အာဆင်နယ်အတွက် စိတ်ပျက်စရာတွေ ရှိနေမှာဖြစ်ပေမယ့်လည်း ဒါက ကောင်းချီးပေးတာလားဆိုတာ ခင်ဗျား သိချင်နေမှာပါ။ အဲဒါက အရှိန်အဟုန်အပေါ်ကို အကျိုးသက်ရောက်မှု ရှိစေမလား။ ကျွန်တော်ကတော့ မရှိဘူးထင်တယ်။ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပြီး အဲဒီတော့ တန်ဖိုးကြီးမားတဲ့ ရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒါက အရမ်းများတဲ့ ပွဲတစ်ပွဲ ပုံစံမျိုးနီးပါး ပေါ်ပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ရာသီက ဥရောပပြိုင်ပွဲမှာတောင် ရှိမနေခဲ့ပါဘူး။ သူတို့တွေ ထွက်ခဲ့ရတာက ကောင်းချီးပေးခံရတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပရီးမီးယားလိဂ်က အခုဆိုရင် အရမ်းကို အရှိန်တက်နေပြီဖြစ်ပြီး အခု သူတို့တွေ စိတ်ဒုံးဒုံးချပြီး ကစားနိုင်ပြီ။ အာဆင်နယ်က မန်စီးတီးကို နောက်မှာ ချန်ထားနိုင်ဖို့ ကြိုးပမ်းနေပေမယ့်လည်း စပို့တင်းနဲ့ပွဲမှာ အပြောင်းအလဲတွေနဲ့အတူ အမှားအယွင်းတွေနဲ့ ကြုံခဲ့ရတာက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ သူတို့တွေ ပရိးမီးယားလိဂ်ကို အရမ်းလိုချင်နေပြီး တခြားပြိုင်ပွဲကို သူတို့အာရုံပြောင်းလိုက်ဖို့က မဖြစ်နိုင်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
မာတင် ကီယွန် ပြောခဲ့သလိုပဲ အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဆာလီဘာနဲ့ တိုမီယဆုတို့ကို ဆုံးရှုံးခဲ့ရတာက ပေးဆပ်ရတဲ့ တန်ဖိုး ကြီးမားလွန်းခဲ့တာဖြစ်ပြီး အဲဒီထက်တောင် ပိုပြီးတော့ တန်ဖိုးကြီးမားလာနိုင်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အာဆင်နယ်လူစာရင်းထဲက နောက်ထပ် ကစားသမား ၃ ဦးဟာ ကြာသပတေးနေ့ညပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး ဂါဘရီယဲလ် မာဂါလိုင်စ်၊ ဇင်ချန်ကိုတို့ ဒဏ်ရာပြဿနာရှိနေပုံပေါ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ လီအန်ထရို ထရော့ဆာ့ဒ်ကလည်း ရုန်းကန်နေခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းဟာ စပို့တင်း လစ္စဘွန်းနဲ့ပွဲစဉ်မှာ ကစားသမား ၅ ဦးအထိ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က ဂန္းနားေတြရဲ႕ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရမႈက ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ ႀကိဳးပမ္းေနမႈမွာ ေကာင္းခ်ီးျဖစ္လိမ့္မယ္လို႔ ထင္ျမင္ေနပါတယ္။
ေပၚတူဂီက ပထမအေက်ာ့မွာ ၂-၂ သေရက်ခဲ့ၿပီးေနာက္ အာဆင္နယ္နဲ႔ စပို႔တင္း လစၥဘြန္းတို႔ဟာ ဒုတိယအေက်ာ့ အမ္းမရိတ္စ္မွာ မိနစ္ ၁၂၀ အထိ အႏိုင္၊ အရႈံးမေပၚခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရတာျဖစ္ပါတယ္။ ဂရာနစ္ ခ်ာကာက ပထမပိုင္းမွာ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၆၂ မိနစ္မွာ ဂြန္ဆာဗိစ္က ေခ်ပဂိုးကို မယုံႏိုင္ဖြယ္ ကန္ခ်က္နဲ႔ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။
ပင္နယ္တီအဆုံးအျဖတ္မွာ ဂါဘရီယဲလ္ မာတီနယ္လီရဲ႕ လြဲေခ်ာ္မႈေၾကာင့္ ေပၚတူဂီကလပ္အသင္းက ကြာတားဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ လက္ရွိမွာေတာ့ ေနာက္ဆုံးအခ်ိန္အပိုင္းအျခားကို ေရာက္ရွိေနၿပီျဖစ္တဲ့ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲကိုသာ အာ႐ုံစိုက္သြားေတာ့မွာျဖစ္ပါတယ္။
မာတင္ ကီယြန္က စပို႔တင္း လစၥဘြန္းကို ရႈံးနိမ့္ခဲ့မႈေၾကာင့္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ အာဆင္နယ္အတြက္ မန္စီးတီးက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနဆဲျဖစ္တာေၾကာင့္ ဆုဖလားၿပိဳင္ပြဲမွာ ပိုမို အသာစီး ရရွိေစႏိုင္လိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။
“အာဆင္နယ္အတြက္ စိတ္ပ်က္စရာေတြ ရွိေနမွာျဖစ္ေပမယ့္လည္း ဒါက ေကာင္းခ်ီးေပးတာလားဆိုတာ ခင္ဗ်ား သိခ်င္ေနမွာပါ။ အဲဒါက အရွိန္အဟုန္အေပၚကို အက်ိဳးသက္ေရာက္မႈ ရွိေစမလား။ ကြၽန္ေတာ္ကေတာ့ မရွိဘူးထင္တယ္။ ဒဏ္ရာျပႆနာေတြ ရွိခဲ့ၿပီး အဲဒီေတာ့ တန္ဖိုးႀကီးမားတဲ့ ရႈံးနိမ့္မႈ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒါက အရမ္းမ်ားတဲ့ ပြဲတစ္ပြဲ ပုံစံမ်ိဳးနီးပါး ေပၚပါတယ္။ အာဆင္နယ္က ၿပီးခဲ့တဲ့ရာသီက ဥေရာပၿပိဳင္ပြဲမွာေတာင္ ရွိမေနခဲ့ပါဘူး။ သူတို႔ေတြ ထြက္ခဲ့ရတာက ေကာင္းခ်ီးေပးခံရတာ ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္။ ပရီးမီးယားလိဂ္က အခုဆိုရင္ အရမ္းကို အရွိန္တက္ေနၿပီျဖစ္ၿပီး အခု သူတို႔ေတြ စိတ္ဒုံးဒုံးခ်ၿပီး ကစားႏိုင္ၿပီ။ အာဆင္နယ္က မန္စီးတီးကို ေနာက္မွာ ခ်န္ထားႏိုင္ဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း စပို႔တင္းနဲ႔ပြဲမွာ အေျပာင္းအလဲေတြနဲ႔အတူ အမွားအယြင္းေတြနဲ႔ ႀကဳံခဲ့ရတာက အံ့အားသင့္စရာေတာ့ မဟုတ္ပါဘူး။ သူတို႔ေတြ ပရိးမီးယားလိဂ္ကို အရမ္းလိုခ်င္ေနၿပီး တျခားၿပိဳင္ပြဲကို သူတို႔အာ႐ုံေျပာင္းလိုက္ဖို႔က မျဖစ္ႏိုင္ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။
မာတင္ ကီယြန္ ေျပာခဲ့သလိုပဲ အာဆင္နယ္အသင္းဟာ စပို႔တင္းလစၥဘြန္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဆာလီဘာနဲ႔ တိုမီယဆုတို႔ကို ဆုံးရႈံးခဲ့ရတာက ေပးဆပ္ရတဲ့ တန္ဖိုး ႀကီးမားလြန္းခဲ့တာျဖစ္ၿပီး အဲဒီထက္ေတာင္ ပိုၿပီးေတာ့ တန္ဖိုးႀကီးမားလာႏိုင္တယ္လို႔ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အာဆင္နယ္လူစာရင္းထဲက ေနာက္ထပ္ ကစားသမား ၃ ဦးဟာ ၾကာသပေတးေန႔ညပြဲစဥ္မွာ ဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရၿပီး ဂါဘရီယဲလ္ မာဂါလိုင္စ္၊ ဇင္ခ်န္ကိုတို႔ ဒဏ္ရာျပႆနာရွိေနပုံေပၚခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ လီအန္ထ႐ို ထေရာ့ဆာ့ဒ္ကလည္း ႐ုန္းကန္ေနခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ၿပီး ဒီသတင္းသာ မွန္ကန္ခဲ့မယ္ဆိုရင္ အာဆင္နယ္အသင္းဟာ စပို႔တင္း လစၥဘြန္းနဲ႔ပြဲစဥ္မွာ ကစားသမား ၅ ဦးအထိ ဒဏ္ရာရခဲ့တာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles