ဇင်ချန်ကိုမပါဝင်နိုင်ချိန်မှာ ဘယ်လိုကာဗာလုပ်နိုင်မလဲ
ဇင်ချန်ကိုဟာ အာဆင်နယ်မှာ ပြုပြင်ပြောင်းလဲနိုင်တဲ့ အကျိုးသက်ရောက်မှုရှိခဲ့ပြီး ၎င်းရဲ့အလွန်ကောင်းမွန်မှုက တီယာနီရဲ့အနာဂတ်ကို မရေမရာ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို အရမ်းထူးခြားတဲ့ နောက်ခံတောင်ပံကစားသမားအတွက် သင့်တော်တဲ့ ကာဗာ ဘယ်လို ပေးနိုင်မလဲဆိုတဲ့မေးခွန်းက ရှိလာပြီး တီယာနီဟာ အူနိုင်း အမ်မရီ လက်ထက်မှာ ပြောင်းရွှေ့လာပြီးကတည်းက ဂန်းနားတွေရဲ့ အဓိကဘယ်နောက်ခံလူ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနှိပ်စက်တာခံခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပေမ့ယ့်လည်း ကြံ့ခိုင်မှုပြည့်ဝနေပြီး ကစားပေးနိုင်တဲ့အခြေအနေမှာဆိုရင် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ယူဆခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
အာတီတာက အရှေ့တက်ဖို့ အားသန်တဲ့ စကော့တလန်နောက်ခံလူကို အခွင့်အရေးတွေ ဖန်တီးဖို့အတွက် အဓိကအရင်းအမြစ်အဖြစ် လုံးဝနီးပါး မှီခိုခဲ့တဲ့အချိန်တွေ ရှိခဲ့ပြီး စပိန်လူမျိုးနည်းပြရဲ့ ကစားကွက်ဟာ အဲဒီအချိန်ကစပြီး အံ့အားသင့်ဖွယ် တိုးတက်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။
တီယာနီရဲ့ ပွဲထွက်လူစာရင်းထဲက နေရာကို Inverted တောင်ပံကစားသမား ဇင်ချန်ကိုက ရယူသွားခဲ့တာဖြစ်ပြီး တီယာနီရဲ့ ဒဏ်ရာအခြေအနေဆိုးရွားမှုနဲ့ တာဗာရက်စ်ရဲ့ အားမကိုးရမှုကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်အတွက် ဘယ်နောက်ခံနေရာက အဓိကပစ်မှတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။အာတီတာဟာ ကွင်းဘေးစည်းတလျှောက် တက်လိုက်၊ ဆင်းလိုက် လုပ်နိုင်တဲ့ကစားသမားမျိုးကို ရှာဖွေခဲ့တာမဟုတ်ဘဲ ဂွါဒီယိုလာလက်အောက်မှာ ဖိလစ် လမ်း၊ ဖေဘီယံ ဒဲလ်ဖ်၊ ကိုင်လီ ဝေါ်ကာနဲ့ အခု ဂျွန်စတုန်းတို့လိုမျိုး အတွင်းထဲကို ချိုးဝင်ပြီး ကွင်းလယ်နေရာမှာပါ ဖြည့်ကစားနိုင်တဲ့ ကစားသမားမျိုး လိုချင်ခဲ့တာဖြစ်ပါတယ်။
လီဆန်ဒရို မာတီနက်ဇ်က အာဆင်နယ်ရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ပေမယ့်လည်း ဇင်ချန်ကိုက ပလန်ဘီက ပိုကောင်းတယ်ဆိုတာကို သက်သေပြသခဲ့ပြီး ကစားသမား ၂ ဦးစလုံးအတွက် အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရင် ရပါတယ်။ ဇင်ချန်ကိုဟာ ကြံ့ခိုင်မှုပြည့်ဝနေပြီး ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမှာဆိုရင် အာတီတာရဲ့ ပရီးမီးယားလိဂ်ပွဲထွက်လူစာရင်းထဲမှာ မပါမဖြစ် ဖြစ်ပြီး ကမ္ဘာ့ဖလားနားရက်မတိုင်ခင် ခြေသလုံးဒဏ်ရာကြောင့် ၁၀ ပွဲလွဲချော်ခဲ့ချိန်မှာ အာတီတာဟာ တိုမီယဆုကို ဇင်ချန်ကိုရဲ့နေရာမှာ ကစားစေခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ တီယာနီရဲ့ တက်ကြွလှုပ်ရှားတဲ့ကစားဟန်ထက် တိုမီယဆုရဲ့ လုံခြုံမှု၊ အထိန်းအသိမ်းနဲ့ ခြေ ၂ ဖက်စလုံးအသုံးပြုနိုင်မှုကို ပိုမို နှစ်သက်ခဲ့ပြီး စပိန်လူမျိုးနည်းပြရဲ့ ကစားကွက်အပြောင်းအလဲကြောင့် ပွဲထွက်ခွင့်မရတော့တာ ဖြစ်ပါတယ်။ တီယာနီဟာ ဇင်ချန်ကိုကစားနေတဲ့ အခန်းကဏ္ဍမှာ အံဝင်အောင် မကစားနိုင်ဘဲ မကြာခဏ ကွင်းလယ်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေပုံပေါ်ခဲ့ပြီး အဲဒါက စကော့တလန်နောက်ခံလူကို ရှေ့တက်ဖို့အတွက် အကန့်အသတ်တွေ ရှိလာခဲ့ပါတယ်။
ဒါပေမယ့်လည်း တီယာနီဟာ ကောင်းမွန်တဲ့ နောက်ခံလူအဖြစ် ရှိနေဆဲဖြစ်ပြီး အာဆင်နယ်ဟာ ဒီနွေရာသီမှာ တီယာနီနဲ့ လမ်းခွဲဖွယ်ရှိနေတာက အံ့အားသင့်စရာမဟုတ်တော့ဘဲ တကယ်လို့ စကော့နောက်ခံလူသာ ထွက်သွားမယ်ဆိုရင် အာတီတာအနေနဲ့ ၂၀၂၃-၂၀၂၄ ရာသီအစမှာ တိုမီယဆုကို ဘယ်နောက်ခံရော ညာနောက်ခံနေရာအတွက်ပါ ကာဗာအနေနဲ့ သုံးဖို့ မဖြစ်နိုင်ပါဘူး။ တာဗာရက်စ်ကလည်း အသင်းမှာ မရှိတော့ဘူးလို့ ယူဆမယ်ဆိုရင် ဇင်ချန်ကိုလိုမျိုး မြင့်မားတဲ့အဆင့်အတန်းမှာ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားကို ခေါ်ယူရမှာဖြစ်ပြီး FBRef ရဲ့ ဖော်ပြချက်အရ ယူကရိန်းနောက်ခံလူနဲ့ ဆင်တူတဲ့ကစာသမား ၁၀ ဦး ရှိနေပါတယ်။
ကန်ဆယ်လို၊ ရီးစ် ဂျိမ်းစ်၊ ဂျီအိုဗန်နီ ဒီ လော်ရန်းဇိုး၊ မားတီးယပ်စ် အိုလီဗီယာရာ၊ ကွက်ဒရာဒို၊ မာရီယို ရူအီ၊ အလက်ဇန်းဒါး-အာနိုး၊ ပါဗစ် အက်စ်တူပီနန်၊ မာဂင် ဗော်ဗိုဒါ၊ ရောဘတ်ဆန်တို့ ဖြစ်ပြီး ဒီစာရင်းထဲက အများစုဟာ သင့်တော်တဲ့ရွေးချယ်စရာတွေမဟုတ်ဘဲ အများစုဟာ ညာနောက်ခံတွေဖြစ်ပြီး ဆန့်ကျင်ဘက်တောင်ပံမှာကစားခဲ့တဲ့အတွေ့အကြုံမရှိသလောက် နည်းပါတယ်။
#Dortmund as expected with Raphael Guerreiro keeping his new midfield berth. #FCBBVB pic.twitter.com/Vx5NInmI97
— Bundesliga FANatic (@Bundesliga4u) April 1, 2023
အများစုကလည်း ခေါ်ယူလို့ ရနိုင်တဲ့အနေအထားမှာမရှိနေဘဲ ဘရိုက်တန်ကြယ်ပွင့် အက်စ်တူပီနန်က ဖြစ်နိုင်ခြေရှိပေမယ့် ဂန်းနားတွေအနေနဲ့ စင်ရော်တွေနဲ့ ကိုင်ဆေဒို အပြောင်းအရွှေ့မှာ ငြိခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ညှိနှိုင်းဖို့က မလွယ်ပါဘူး။ ဒါကြောင့် အာဆင်နယ်နဲ့ သင့်တော်မယ့်ကစားသမားကို စဉ်းစားလိုက်တဲ့အခါမှာ ဒေါ့မွန်ကနေ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံပြီး ထွက်ခွာတော့မယ့် ရာဖေးလ် ဂွါရဲရိုးကို မြင်မိပြီး ဒေါ့မွန်အသင်းက ၎င်းရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ရာမီ ဘန်ဆီဘိုင်နီကို ခေါ်ယူထားပြီးဖြစ်ပါတယ်။
ဂွါရဲရိုးဟာ အနီးကပ်ဘောလုံးအထိန်းအသိမ်း၊ အထင်ကြီးဖွယ် ပြေးအားမျိုးနဲ့ အံ့အားသင့်ဖွယ် နောက်ခံတောင်ပံကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ဒေါ့မွန်ကွင်းလယ်မှာ Inverted တောင်ပံကစားသမားအဖြစ် ကစားပေးခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဥရောပထိပ်တန်းလိဂ် ၅ ခုက နောက်ခံတောင်ပံလူတွေကို နှိုင်းယှဉ်လိုက်ရင် ဂွါရဲရိုးဟာ မိနစ် ၉၀ အတွင်း ဘောလုံးပေးပို့ဖို့ ကြိုးပမ်းမှု ၉၀ ရာခိုင်နှုန်းအောင်မြင်၊ မိနစ် ၉၀ အတွင်း ဘောလုံးကို တိုက်စစ်အထိ ပေးပို့သယ်ဆောင်နိုင်မှုမှာ ၉၃ ရာခိုင်နှုန်း၊ ဘောလုံးပေးပို့မှု အောင်မြင်မှုမှာ ၈၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဇင်ချန်ကိုက ၉၈ ရာခိုင်နှုန်း၊ ၉၉ ရာခိုင်နှုန်း၊ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။ ဇင်ချန်ကိုက မတူညီတဲ့ နောက်ထပ်အဆင့်တစ်ခုကဖြစ်ပေမယ့် ဂွါရဲရိုးက ယူကရိန်းနောက်ခံလူရဲ့ အခန်းကဏ္ဍမှာ ကစားပေးနိုင်ဖို့ လိုအပ်တဲ့အဆင့်အတန်းရှိတဲ့ ကစားသမားလို့ ယူဆမိပါကြောင်း တင်ပြအပ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Featured Article
- Player Analysis