ဆုဖလားပြိုင်ပွဲ၊ ဆာကာ ပင်နယ်တီလွဲချော်မှုအပါအဝင် ဝက်စ်ဟမ်းကို သရေကျခဲ့တဲ့ပွဲအပြီး အာတီတာ ပြောခဲ့သမျှ admin

ဆုဖလားပြိုင်ပွဲ၊ ဆာကာ ပင်နယ်တီလွဲချော်မှုအပါအဝင် ဝက်စ်ဟမ်းကို သရေကျခဲ့တဲ့ပွဲအပြီး အာတီတာ ပြောခဲ့သမျှ

တနင်္ဂနွေနေ့ညနေ လန်ဒန်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကို ၂-၀ နဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေ ၁ မှတ်သာ ရရှိခဲ့တဲ့ပွဲအပြီးမှာ နည်းပြအာတီတာက ပရိသတ်တွေ သိလိုသမျှကို ဖြေကြားပေးခဲ့ပါတယ်။

မေး- ဒီပွဲပေါ်မှာ ခင်ဗျား ဘယ်လိုထင်လဲ။
ဖြေ- နောက်ထပ်တစ်ကြိမ် အရမ်းကောင်းကောင်း စတင်နိုင်ခဲ့တယ်။ ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်။ ကွင်းတစ်ဖက်ခြမ်းကို လွှမ်းမိုးနိုင်ခဲ့ပြီး လှပတဲ့သွင်းဂိုး ၂ ဂိုး သွင်းနိုင်ခ့တယ်။ အဲဒါတွေအပြီးမှာ ကျွန်တော်တို့ တတိယမြောက်နဲ့ စတုတ္ထမြောက်သွင်းဂိုးတွေ သွင်းယူဖို့ တူညီတဲ့ ရည်ရွယ်ချက်နဲ့ ကစားတာကို ရပ်တန့်လိုက်တဲ့ ကြီးမားတဲ့အမှားကို ကျူးလွန်ခဲ့တယ်။ ကျွန်တော်တို့က သူတို့ကို ထိန်းကစားပြီး ရလဒ်ကို ထိန်းသိမ်းသွားမယ်လို့ တွေးခဲ့ကြတယ်။ အရမ်းလွယ်ကူတဲ့ပုံပေါ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ သူတို့ကို မျှော်လင့်ချက်ပေးခဲ့တာပါ။

မေး- ဒုတိယပိုင်းအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ- မိနစ် ၅၀ အပြီးမှာ ခင်ဗျား ၃-၁ နဲ့ ဦးဆောင်နိုင်တဲ့အခိုက်အတန့် ထပ်ရခဲ့ပြီး ပွဲက ပြီးတောင်ပြီးသွားနိုင်ခဲ့ပါတယ်။ ၂ မိနစ်အကြာမှာတော့ ခင်ဗျား ချေပဂိုးကို ခွင့်ပြုခဲ့ရတယ်။ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းပါပဲ။ ကျွန်တော့်စိုးရိမ်မှုက ၂-၀ နဲ့ ဦးဆောင်ပြီးနောက် ကြီးမားတဲ့အမှားတွေ ကျူးလွန်ခဲ့ပြီး အဲဒီအချိန်မှာ ပွဲက လိုအပ်နေခဲ့တာက ဘာလဲဆိုတာကို နားမလည်ခဲ့တာကိုပါ။

မေး- ဆာကာ ပင်နယ်တီလွဲချော်မှုအပေါ်မှာရော။

ဖြေ- ကျွန်တော် ပင်နယ်တီကန်သွင်းခိုင်းဖို့ ကစားသမား တစ်ဦးကို ရွေးချယ်ရမယ်ဆိုရင် သူ့ကိုပဲ ထပ်ရွေးမိမှာပါ။ အခု အချိန်မှာ ကျွန်တော်တို့ ပင်နယ်တီ လွဲချော်ခဲ့တယ်။ ဒါက ဘောလုံးပဲ။

မေး- ဝက်စ်ဟမ်းရသွားတဲ့ ပင်နယ်တီအပေါ်မှာရော။

ဖြေ- ကျွန်တော် ပုံတွေ မမြင်ခဲ့ရဘူး။ အခုတော့ အရမ်းနောက်ကျသွားပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် အဲဒါကို ဆင်ခြေအဖြစ် မသုံးချင်ပါဘူး။

မေး- ရာသီရဲ့ နောက်ဆုံးအဆင့် ဖိအားတွေ ခင်ဗျားအသင်းမှာ ဝင်နေပြီလား။

ဖြေ- ကျွန်တော်ကတော့ အသင်းတစ်သင်းက အစကတည်းက တောင့်တောင့်ကြီးနဲ့ အသက်မရှူတမ်းကစားနေတာကို မြင်ရင်တော့ ဟုတ်တယ်လို့ ပြောရပါလိမ့်မယ်။ စီးမျောမှုနဲ့ အတူ ကစားနေတဲ့အသင်းကို မြင်ရင်တော့ မဟုတ်ဘူးလို့ ပြောရမှာပါ။ ၂-၀ နဲ့ ဦးဆောင်နေချိန်မှာ ဖိအားမဟုတ်တာ ကျိန်းသေတယ်။ ကျွန်တော်တို့ ပွဲက အဲဒီအချိန်မှာ လိုအပ်နေတဲ့အရာကို နားလည်မှုလွဲသွားခဲ့တာပါ။

မေး- စိတ်အေးလက်အေးဖြစ်နေခဲ့မှုကို ခင်ဗျား ဘယ်လို ရှင်းပြနိုင်မလဲ။

ဖြေ- ကွင်းအပြင်ဘက်ကနေ လုပ်ရတာက လွယ်ပါတယ်။ ခင်ဗျားက ကစားသမားဖြစ်နေရမယ်။ ခင်ဗျား အဲဒီမှာ အဲဒါကို ခံစားရမယ်။ ခင်ဗျား ဒီလို စိတ်ခံစားမှုတွေကိုလည်း နားလည်ရပါမယ်။ ကျွန်တော်တို့ အဲဒီလို အခိုက်အတန့်တွေမှာ ပြိုင်ဘက်အသင်းကို သတ်ပစ်နိုင်တဲ့ အညှာအတာကင်းမဲ့တဲ့ ခံယူချက်မျိုးကို လိုတယ်။ ပွဲက ခင်ဗျားကို သတ်ဖို့အတွက် ရှိနေတဲ့အချိန်မှာ ခင်ဗျား အဲဒါကို လုပ်ရမှာပဲ။ ဒီနေ့ ကျွန်တော်တို့ အဲဒါကို မလုပ်နိုင်ခဲ့ဘူး။ ခင်ဗျား ပရီးမီးယားလိဂ် အချို့အချိန်တွေမှာ အဲဒါကို မလုပ်နိုင်ရင် အဲဒါက အရှိန်အဟုန်နဲ့အတူ ပြောင်းလဲသွားပြီး ခင်ဗျား ခုခံကာကွယ်ရလိမ့်မယ်။ ဥပမာပြောရရင် ဒုတိယဂိုးမှာ ကျွန်တော်တို့လုပ်ခဲ့တာထက် အများကြီးပိုကောင်းအောင် ကာကွယ်ခဲ့ရမှာပါ။ ခင်ဗျား မကာကွယ်နိုင်ရင် နိုင်ပွဲရမှာမဟုတ်ပါဘူး။

မေး- ၂-၁ ဖြစ်နေချိန်မှာ ပြီးခဲ့တဲ့အပတ်က အနာကျမှုတွေ ရှိနေခဲ့သလား။

ဖြေ- အဲဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အားလုံးရဲ့ စိတ်ထဲမှာ ဖြစ်နေတာတွေက ကွဲပြားကောင်း ကွဲပြားနိုင်တယ်။ ကျွန်တော်တို့ ပထမပိုင်းအပြီးမှာ လုပ်ရမယ့်ဟာနဲ့ အဲဒါကို ပိုကောင်းအောင်လုပ်ဖို့ ကြိုးပမ်းရမယ်ဆိုတာကို သိခဲ့တယ်။ အဲဒါက အမှန်ပဲ။ ဝက်စ်ဟမ်းကို ချီးကျူးပါတယ်။ သူတို့တွေသာ သူတို့လုပ်နေတဲ့အရာမှာ အကျိုးသက်ရောက်မှုရှိရင် ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ကစားခွင့်ရဖို့အတွက် တိုက်ပွဲဝင်ရမှာမို့လို့ပါ။ ကျွန်တော်တို့ လုပ်ခဲ့တာက အထူးသဖြင့် အပြောင်းအလဲတွေနဲ့အတူ ခင်ဗျား ကစားဖို့ အများကြီး အခွင့်အရေးပိုရ ရမှာပါ။

မေး- အသင်းရဲ့ စိတ်ဓာတ်ကို ခင်ဗျား ပြောင်းလဲလို့ မရနိုင်ခဲ့တာနဲ့ သက်ဆိုင်လား။

ဖြေ- သေချာတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဒီကို အနိုင်ယူဖို့ လာခဲ့တာ။ ခင်ဗျားက အဲဒါအဆင့်အတန်းမှာ ကစားနိုင်ပြီး ခင်ဗျားရဲ့ အဆင့်အတန်းက အရမ်းလျင်လျင်မြန်မြန်နဲ့ ကျဆင်းသွားတဲ့အခါကျရင် ပွဲက အဲဒီမှာရှိနေတယ်။ ဘယ်လိုပြိုင်ဘက်မျိုးမဆို အဲဒါကို လုပ်နိုင်မှာပါ။ ကျွန်တော်တို့ တကယ်ကို နက်နက် တူးဆွပြီး အဲဒီအတွက် အဖြေကို ရှာရမယ်ဆိုတာတော့ သေချာတယ်။

မေး-ဆုဖလားပြိုင်ပွဲထဲမှာ ပြီးခဲ့တဲ့ ၆ ရက်အတွင်း ဘယ်လိုသိသာထင်ရှားမှုတွေ ရှိခဲ့လဲ။

ဖြေ- ဆုဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော် မသိပါဘူး။ လွန်ခဲ့တဲ့ ၇ ပတ် ဒါမှမဟုတ် ၁၂ ပတ်က ဖြစ်ခဲ့တာကို ကျွန်တော်မသိဘူး။ လာမယ့် ၃ ပတ်မှာ ဘာဖြစ်မလဲဆိုတာလည်း မသိဘူး။ ကျွန်တော့်ရဲ့ အကြီးမားဆုံးတာဝန်က လေ့ကျင့်ရေးကိုသွားပြီး ကောင်းကောင်း လေ့ကျင့်ပေးဖို့နဲ့ သောကြာနေ့မှာ သူတို့ဘဝတွေအတွက် တိုက်ပွဲဝင်နေတဲ့အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ဒါမှမဟုတ် လီဗာပူးလ်နဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ပထမဆုံး ၃၅ မိနစ်မှာ ကစားခဲ့တဲ့ အဆင့်အတန်းအတိုင်းရှိနေအောင် လုပ်ပေးဖို့ပါ။ ဒါပေမယ့် အဲဒါကို အချိန်အများကြီး ပိုကြာအောင် လုပ်ရမှာပါ။

မေး- ကစားသမားတွေက ပွဲပြီးခါနီးမှာ ဘာလို့ ပွဲပမ်းတဲ့ပုံပေါ်နေခဲ့တာလဲ။

ဖြေ- ပွဲပမ်းမနေပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပထမပိုင်းမှာ ကစားခဲ့တာနဲ့ ဒီနေ့ ကျွန်တော်တို့ ပထမပိုင်းမှာထက် ဒုတိယပိုင်းမှာ ပိုပြီး အားထုတ်ခဲ့တာကြောင့်ပါ။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အရာအားလုံးမှာ ပိုနှေးကွေးနေခဲ့ပေမယ့် အသင်းက ပွဲပမ်းနေတယ် ဒါမှမဟုတ် ပွဲပမ်းနေပုံပေါ်တယ်လို့ မထင်ပါဘူး။ အကောင်းဆုံးနည်းလမး်ကအကောင်းဆုံးနည်းလမ်းကတော့ အသင်းကို သူတို့တွေ လုပ်ရမယ့်ဟာကို လုပ်နေတဲ့အချိန်မှာ ဘယ်လောက်အထိ ကောင်းလဲဆိုတာကို ပြောပြဖို့ပါ။ အဲဒါက ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ လုပ်ရမယ့်အရာပါ။

မေး- ဝက်စ်ဟမ်းပင်နယ်တီက ပွဲအပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုမျိုး ရှိခဲ့တယ်လို့ ခင်ဗျား ဘာကြောင့်ထင်တာလဲ။

ဖြေ- ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဝက်စ်ဟမ်းလုပ်ဖို့ ကြိုးပမ်းနေတာတွေကို မထိန်းချုပ်နိုင်ခဲ့တဲ့နောက်မှာပေါ့။ ခင်ဗျားက အဝေးကွင်းမှာ ၂ ဂိုးခွင့်ပြုခဲ့ရင် ကျွန်တော်တို့ လုပ်ခဲ့တဲ့အတိုင်း နိုင်ပွဲတွေရဖို့ အရမ်းခက်ခဲမှာပါ။ ကျွန်တော်တို့ ကိုယ့်ပင်နယ်တီဧရိယာကို ကာကွယ်ခဲ့တဲ့ပုံစံအတွက် ကိုယ့်ကိုကိုယ် အပြစ်တင်ရမှာပါ။

မေး- ဆာကာက ပင်နယ်တီ လွဲချော်မှုကို ဘယ်လို တုံ့ပြန်မလဲ။

ဖြေ- အသင်းကလည်း တူညီတဲ့ပုံစံနဲ့ တုံ့ပြန်ရမှာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားသာ ဂိုးသွင်းနိုင်ခဲ့ရင် ၃-၁ နဲ့ ခင်ဗျား ပွဲကို အနိုင်ရခဲ့မှာဖြစ်ပြီး အဲဒီထက် ပိုကြီးမားတဲ့ ဂိုးကွာခြားချက်နဲ့လည်း အနိုင်ရရင် ရခဲ့မှာပါ။ ကျွန်တော်တို့လည်း အခု ဒီမှာ ဆွေးနွေးနေရတဲ့ဟာကို ဆွေးနွေးနေရမှာမဟုတ်လို့ပါ။ အဲဒီတော့ ခင်ဗျား အစီအစဉ်အတိုင်းဖြစ်လာဖို့ အရာအားလုံးကို လုပ်ဆောင်ရမှာပါ။ ခင်ဗျားသာ ပင်နယ်တီကန်ဖို့ ကြိုတင်ပြင်ဆင်ထားရင် လွဲချော်နိုင်ခြေက ၁၀၀ ရာခိုင်နှုန်းရှိတာကိုလည်း ခင်ဗျား ကြိုတင်ပြင်ဆင်ထားရမှာပါ။ တစ်ချိန်မှာတော့ ခင်ဗျား လွဲချော်မှာပါ။ ဒါပါပဲ။ ခင်ဗျား ကန်သွင်းပြီးမှ တုံ့ပြန်နိင်မှာပါ။ ခင်ဗျား ပင်နယ်တီ မကန်သွင်းနိုင်ဘူးဆိုရင် ခင်ဗျားက ပင်နယ်တီကန်သွင်းသူ မဖြစ်နိုင်ပါဘူး။ ဘူကာယိုက အဲဒါကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်ပြီး သူ နောက်ထပ်တစ်ကြိမ် အဲဒါကို ထပ်ပြီး ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။

Arsenal Myanmar
Ref: Internet