ဆာကာ ခြေစွမ်းကျဆင်းသွားရတဲ့အကြောင်းအရင်း ၃ ခု coyg

ဆာကာ ခြေစွမ်းကျဆင်းသွားရတဲ့အကြောင်းအရင်း ၃ ခု

မတ်လ နိုင်ငံတကာ အားလပ်ရက်အပြီးကတည်းက ဆာကာဟာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်စီသာ ပြုလုပ်နိုင်ခဲ့ပြီး ၂ ဂိုးစလုံးကလည်း ဆောက်သမ်တန်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာကာရဲ့ ခြေစွမ်းကျဆင်းမှုက လူတွေထင်ထားသလောက်တော့ မဆိုးရွားခဲ့ဘဲ ပွဲစဉ်အတွင်း ဘက်ပေါင်းစုံမှာတော့ ကောင်းမွန်နေဆဲဖြစ်ပေမယ့် ဂိုးပေါက်ပျောက်ဆုံးနေမှုက ၎င်းရဲ့ စွမ်းဆောင်ရည် လုံးဝကျဆင်းသွားတယ်လို့ လူတွေကို ယုံကြည်စေခဲ့တာဖြစ်ပါတယ်။

သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ကင်းမဲ့နေမှုက ပြီးခဲ့တဲ့ရာသီကုန်ခါနီးတုန်းကလိုမျိုးဖြစ်လာတာကြောင့် စိုးရိမ်စရာဖြစ်ခဲ့ပြီး ဆာကာ ခြေစွမ်းကျဆင်းသွားရတဲ့အကြောင်းအရင်း ၃ ခု ရှိနေပါတယ်။

၁။ အာဆင်နယ်ရဲ့ ညာတောင်ပံ

ဆာလီဘာနဲ့ ဂျပန်ကြီးတစ်ချိန်တည်းနာသွားတာက အာဆင်နယ်ရဲ့ ရာသီကို အချိန်ကိုက် ဒုက္ခရောက်စေခဲ့ပြီး တိုမီယဆုက မနာခင် လိဂ်ပွဲ ၂၁ ပွဲအထိ ကစားသလို နောက်ဆုံး မိနစ် ၂၀ လောက်မှာ လူစားဝင်ပြီး ဘန် ဝှိုက်ကို အနားပေးလို့ရနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်ကြီး နာသွားပြီးတည်းက ဘန် ဝှိုက်က ပွဲကစားချိန်ပိုကစားခဲ့ရပြီး လန်းလန်းဆန်းဆန်းမရှိတော့ဘဲ အဲဒါကဆာကာနဲ့ ချိတ်ကစားရာမှာ အကျိုးသက်ရောက်မှုရှိခဲ့တာဖြစ်ပါတယ်။ ဆာလီဘာကို ဆုံးရှုံးခဲ့ရတာကလည်း ခံစစ်ကနေ တိုက်စစ်စရာမှာ မြန်နှုန်းကို သိသိသာသာလျော့ကျစေခဲ့တာဖြစ်ပါတယ်။ ပါတေးကလည်း ကြီးမားတဲ့ ခြေစွမ်းကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီး တစ်ရာသီလုံး ဆာကာဆီ ဖြတ်တင်ပေးပို့မှုတွေက ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ အားလုံးခြုံပြောရရင် ညာတောင်ပံခြမ်းက တိုက်စစ်ဆင်မှုဟာ အများကြီးပိုပြီး အချိတ်အဆက်မမိဖြစ်လာခဲ့ပြီး ကစားသမားတွေ ဆုံးရှုံးမှု၊ အင်အားနှုတ်ယူခံရမှုတွေက အသင်းရဲ့ ဖန်တီးမှုအပိုင်းမှာ အဓိကထိခိုက်စေခဲ့ပြီး ရလဒ်အနေနဲ့ ဆာကာပါ ကြောင်ပျောက်သွားပါတယ်။

၂။ ပွဲကစားရတဲ့ မိနစ်

ပြီးခဲ့တဲ့ရာသီတုန်းက ဆာကာက ၃၃၅၃ မိနစ်ကစားခဲ့ပြီး ရာသီကုန်မှာ ခြေကျခဲ့ပြီး ဒီရာသီမှာတော့ ၃၆၈၄ မိနစ်အပြင် အင်္ဂလန်အတွက် ကမ္ဘာ့ဖလား၊ ယူရိုခြေစစ်ပွဲတွေမှာပါ ပါဝင်ကစားခဲ့ရတာကြောင့် စုစုပေါင်း ၄၂၄၈ မိနစ်အထိ ကစားခဲ့ရပါတယ်။မန်စီးတီးမှာဆိုရင် ရိုဒရီ တစ်ဦးတည်းသာ ကလပ်နဲ့ နိုင်ငံအတွက် ဆာကာထက် မိနစ်ပိုကစားထားခဲ့တာဖြစ်ပြီး ဂရီးလစ်ရှ်၊ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗား၊ မာရက်ဇ်တို့အားလုံးဟာ သိသိသာသာ နည်းပါးတဲ့ မိနစ်သာ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီမိနစ်တွေကို လာမယ့်ရာသီမှာ အာတီတာရော ဆောက်ဂိတ်ပါ ဂရုစိုက်သင့်ပြီး ထိပ်တန်းကစားသမားတွေက တစ်ရာသီ ပွဲ ၆၀ လောက်ကစားနိုင်ဖို့ လိုပေမယ့် ပွဲစဉ်တိုင်း မိနစ် ၉၀ အပြည့်ကစားဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။ ဒီရာသီမှာ ဆာကာကို ထုတ်လို့ရတဲ့ပွဲတွေအများကြီးရှိခဲ့ပေမယ့် အာတီတာက မိနစ် ၉၀ စလုံး ကစားခိုင်းခဲ့ပြီး အရန်အသင်းနဲ့ ကန်ရင်တောင် နိုင်မယ့်ပွဲတွေမှာတောင်မှ အနားမပေးခဲ့တာဖြစ်ပါတယ်။ ဒါက လာမယ့်ရာသီမှာ အာတီတာ တိုးတက်အောင်လုပ်ရမယ့် နေရာဖြစ်ပြီး နောက်ရာသီမှာ ဒီလိုမျိုး ထပ်ဖြစ်လို့မရတော့တာဖြစ်ပါတယ်။ ဝုလ်ဗ်စ်နဲ့ပွဲအပြီး အင်္ဂလန်က မြောက်မက်ဆီဒိုးနီးယား၊ မော်လ်တာတို့နဲ့ ကစားသွားရမှာဖြစ်ပြီး အဲဒီ ၂ ပွဲစလုံးက ဆာကာမပါဘဲ အရန်လူနဲ့တောင် အေးဆေးနိုင်နိုင်တဲ့ပွဲတွေဖြစ်ပါတယ်။ ဆောက်ဂိတ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့အရာကို လုပ်ဆောင်ဖို့လိုပြီး ငရုတ်သီးလေးကို အနားပေးဖို့ လိုပါတယ်။

၃။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံခံရမှု

ဒီရာသီမှာ ဆာကာလောက် လူချခံရတဲ့ အာဆင်နယ် ကစားသမားမရှိတော့ဘဲ ဂန်းနားကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်အကျူးလွန်ခံရဆုံး အဆင့် ၉ မှာ ရပ်တည်နေတာဖြစ်ပြီး အလွတ်တည်ကန်ဘော အကြိမ် ၄၀ အထိ အနိုင်ရခဲ့ပေမယ့် ပြစ်ဒဏ်ကျူးလွန်မှု အကြိမ် ၄၀ ပြုလုပ်ခဲ့တဲ့ ကစားသမားတွေထဲက ၄ ဦးကိုသာ အဝါကတ် ၄ ကတ်သာ ပြသခဲ့တာဖြစ်ပါတယ်။ ဆာကာကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုတွေကို ဒိုင်လူကြီးတွေက မျက်ကွယ်ပြုခဲ့ကြပြီး အာတီတာက ဒီကိစ္စမှာတော့ ပွဲမကြမ်းဘဲ ဒါမျိုးကအသင်းနဲ့ ဆာကာက ကြုံနေကျလို့ ပြောခဲ့တာဖြစ်ပါတယ်။ ဆာကာအနေနဲ့ ဒိုင်လူကြီးတွေက ကာကွယ်ပေးခြင်းမရှိဘူးဆိုရင် ကိုယ့်ဘာသာ ကာကွယ်ဖို့ လေ့ကျင့်ရမှာဖြစ်ပေမယ့်လည်း ဒီရာသီမှာ သူ ရောက်ရှိခဲ့တဲ့အဆင့်အတန်းကြောင့် လူချခံခဲ့ရတယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ရာသီနောက်ဆုံးပိုင်းမှာ ပွဲပမ်းမှုတွေကြောင့်လည်း အကောင်းဆုံးပုံစံမပြသနိုင်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet