Article: ဆာကာက လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးတောင်ပံ ကစားသမားဖြစ်နေရတဲ့ အကြောင်းအရင်း ၄ ခု coyg

Article: ဆာကာက လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးတောင်ပံ ကစားသမားဖြစ်နေရတဲ့ အကြောင်းအရင်း ၄ ခု

ဘူကာယို ဆာကာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားပြီး အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေတဲ့ ကစားသမားဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ရဲ့ အရည်အချင်းက မေးခွန်းထုတ်စရာမရှိဘဲ ယူကရိန်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဟာ လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံးတောင်ပံကစားသမားဖြစ်နေတယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားနေရာအတွက် ယှဉ်ပြိုင်မှုတွေ အများအပြားရှိနေပေမယ့် ဆာကာက ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားဆိုတာ အခိုင်အမာ ပြောလို့ရနိုင်တဲ့ အချက်တွေအများအပြားရှိနေပါတယ်။

၁။ မယုံနိုင်စရာကောင်းတဲ့ ခြေစွမ်းတည်ငြိမ်မှု

ဆာကာ ပိုင်ဆိုင်ထားတဲ့ အကြီးမားဆုံးအရည်အချင်းတွေထဲက တစ်ုခဟာ မြင့်မားတဲ့အဆင့်အတန်းမှာ စွမ်းဆောင်နိုင်တဲ့အရည်အချင်းဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာရှိသေးပေမယ့်လည်း အသင်းဖော်တွေ အားကိုးရတဲ့ ကစားသမားဖြစ်နေတာဖြစ်ပါတယ်။ အဆုံးမှာတော့ ခြေစွမ်းတည်ငြိမ်မှုက ဆာကာကို အခြား တောင်ပံကစားသမားအများစုနဲ့ ကွဲထွက်စေခဲ့တဲ့အရာဖြစ်ပြီး ပြည်တွင်းမှာဆိုရင် ရက်ရှ်ဖို့ဒ် တစ်ဦးတည်းလောက်သာ ဆာကာနဲ့ နှိုင်းယှဉ်လို့ရတဲ့သူရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟေးအမ်း အကယ်ဒမီထွက်က ပိုမို သာလွန်တယ်လို့ ထင်မြင်မိပြီး ရက်ရှ်ဖို့ဒ်နဲ့ ဆာကာတို့ရဲ့ ခြေစွမ်းမြင့်မားမှုကို နှိုင်းယှဉ်လို့ရတာ မှန်ပေမယ့် ခြေစွမ်းနိမ့်ကျနေမှုမှာတော့ နှိုင်းယှဉ်လို့ရတာ ကျိန်းသေပါတယ်။ ဘာလို့လဲဆိုတော့ ဆာကာ ခြေစွမ်းကျဆင်းမှုက အလွန်နည်းပါးတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဒီရာသီမှာ ဥရောပမှာတောင်မှ ဆာကာရဲ့ ခြေစွမ်းတည်ငြိမ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ တောင်ပံကစားသမားမရှိသလောက် ရှားပါးနေတာဖြစ်ပါတယ်။

၂။ ဘက်ပေါင်းစုံ ပြည့်စုံမှု

အာဆင်နယ်တောင်ပံကြယ်ပွင့်ရဲ့ ပွဲစဉ်အတွင်းကို အသစ်ထပ်မံဖြည့်စွက်လိုက်တာက ဂိုးရှေ့မှာ အညှာအတာကင်းမဲ့မှုဖြစ်ပြီး ဆာကာဟာ ဖန်တီးမှု အရည်အချင်းမှာ အမြဲတမ်း ကောင်းချီးပေးခြင်းခံခဲ့ရပေမယ့်လည်း အဆုံးသတ်ပိုင်းနဲ့ ဂိုးသွင်းယူချင်တဲ့စိတ်ဆန္ဒပြင်းပြမှုတို့မှာလိုအပ်ချက်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ထပ်မဖြစ်တော့ဘူးဆိုတာ အင်္ဂလန်နဲ့ ယူကရိန်းတို့ ကစားခဲ့တဲ့ပွဲစဉ်က ဆာကာရဲ့ စွမ်းဆောင်ရည်က ပရိသတ်တွေကို အာမခံချက်ပေးခဲ့ပြီး နည်းပြဆောက်ဂိတ်ကတောင် ဂန်းနားကြယ်ပွင့်ဟာ အဆုံးသတ်သေချာတဲ့ ဂိုးသွင်းသူအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီလို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ဒါကို ပြီးခဲ့တဲ့ ၂ ရာသီက အကောင်းဆုံး ဥပမာပြနေပြီး ၂၀၂၁-၂၀၂၂ ရာသီမှာ ဆာကာဟာ ပရီးမီးယားလိဂ် ၁၁ ဂိုးသာ အများဆုံးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ရာသီကုန်ဖို့ ၁၀ ပွဲကျန်ရှိနေသေးချိန်မှာ ၁၂ ဂိုးအထိ သွင်းပြီးပြီဖြစ်တာကြောင့် ဒီလို လူငယ်တောင်ပံကစားသမားတစ်ယောက်အတွက် ဒီကိန်းဂဏန်းတွေက ကြောက်မက်ဖွယ် ကောင်းပြီး သူ့ရဲ့ဂိုးဖန်တီးမှုတွေကိုပါ ထပ်ဖြည့်လိုက်ရင် ပိုတောင် ကြောက်မက်ဖွယ်ကောင်းလာမှာဖြစ်ပါတယ်။ ဆာကာဟာ ကမ္ဘာ့အဆင့် တောင်ပံကစားသမားဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းတွေအမြဲတမ်းရှိခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အဆုံးသတ်နိုင်စွမ်းပါ ရရှိလာပြီဖြစ်တာကြောင့် ဘက်ပေါင်းစုံမှာ ပြီးပြည့်စုံနေပြီဖြစ်ပါတယ်။

၃။ ဘောလုံး ဆွဲပြေးနိုင်စွမ်းနဲ့ အလိမ်အခေါက်

တောင်ပံကစားသမားတိုင်းအတွက် နောက်ထပ် အရေးကြီးတဲ့အရည်အသွေးက အားကောင်းပြီး တိုက်ရိုက် လိမ်ခေါက်ဖြတ်ကျော်မှုတွေနဲ့ အသင်းကို ပြိုင်ဘက် ခံစစ်အထိ တက်နိုင်အောင် လုပ်ပေးနိုင်စွမ်းဖြစ်ပါတယ်။ဆာကာက အဲဒါကို အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ လုပ်ဆောင်နိုင်ခဲ့ပြိး တကယ်တော့ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဥရောပဘောလုံးလောကမှာ ဘောလုံးသယ်ဆောင်ပြီး ရှေ့တန်းထိ ဆွဲပြေးနိုင်စွမ်းမှာ ၈၇ ရာခိုင်နှုန်းအထိ အဆင့်သတ်မှတ်ခြင်းခံထားရတာကြောင့် ကမ္ဘာပေါ်မှာ အကျိုးသက်ရောက်မှုအရှိဆုံး အလိမ်အခေါက်သမားတွေထဲက တစ်ဦးဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

ဆာကာ ကစားတာကို ကြည့်လိုက်ရင်လည်း အရမ်းလျင်မြန်ပြီး သူ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တွေကလည်း ဂန်းနားကြယ်ပွင့်ကို လူချတာ၊ ၂ ထပ်ပိတ်တာ၊ တစ်ခါတလေ ၃ ထပ်အထိ တောင်ပံဧရိယာမှာ သူ့ရဲ့ပွဲအပေါ် အကျိုးသက်ရောက်မှုကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ဒါပေမယ့်လည်း ခံစစ်အများအပြားဟာ ဆာကာကို မကိုင်တွယ်နိုင်သေးဘဲ လူချရုံပဲ တတ်နိုင်တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ယူကရိန်းနဲ့ပွဲမှာ ပြစ်ဒဏ်အကျူးလွန်ခံရဆုံး(၄ ကြိမ်)ကစားသမားဖြစ်ခဲ့တာက သက်သေပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဆာကာဟာ စုစုပေါင်း ၄၅ ကြိမ်အထိ လူချခံခဲ့ရပြီး လိဂ်မှာဆိုရင် အဆင့် ၉၊ အာဆင်နယ်ကစားသမားတွေထဲမှာဆို လူအချခံရဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

၄။ လုပ်အားနှုန်းနဲ့ ခံယူချက်

နောက်ဆုံးမှာတော့ အရေးအကြီးဆုံးက ဆာကာရဲ့ စိတ်ဓာတ်ဖြစ်ပြီး ပါရမီ အပါဆုံးကစားသမားတစ်ယောက်အတွက် ရံဖန်ရံခါ ခံစစ်ပိုင်းမှာ အတိမ်းအစောင်း ရှိရင်လည်း ခွင့်လွှတ်ပေးနိုင်စရာရှိပေမယ့်လည်း ဂန်းနားကြယ်ပွင့်က ခံစစ်ပိုင်းမှာလည်း အလွန်ကောင်းမွန်တာ ဖြစ်ပါတယ်။ အစပိုင်းတုန်းက အာဆင်နယ်ရဲ့ ဘယ်နောက်ခံတောင်ပံနေရာမှာ အထင်ကြီးဖွယ် ကာလတွေကို ပိုင်ဆိုင်ခဲ့ပြီး ခံစစ်နေရာမှာ အမြဲတမ်း သက်တောင့်သက်သာရှိခဲ့တာဖြစ်ပါတယ်။ ခံစစ်မှာရော တိုက်စစ်မှာပါ ဆာကာရဲ့ စိတ်ဆန္ဒပြင်းပြမှုက အမြင့်မားဆုံး အားထုတ်ဖို့ ယိမ်းယိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ဆာကာဟာ ကွင်းထဲမှာသာမက ကွင်းပြင်ပမှာပါ တူညီတဲ့ ခံယူချက်နဲ့ ချဉ်းကပ်သူဖြစ်ပြီး အဲဒါက ၎င်းရဲ့ အကြီးမားဆုံး အားသာချက်ဖြစ်ပါတယ်။ ဂန်းနားကြယ်ပွင့်ဟောင်း အီဝိုဘီက အရင်တုန်းကအခြား နည်းပြတွေနဲ့ ကစားသမားတွေအတိုင်းပဲ ဆာကာရဲ့ နှိမ့်ချမှုကို ချီးကျူးခဲ့ပါတယ်။ “ကျွန်တော် သူ့အတွက် ပျော်ရွှင်မိတယ်။ တကယ်ကို ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်နေရုံတင်မကဘဲ ကွင်းပြင်ပမှာပါ သူက လေးစားစရာကောင်းပြီး နှိမ့်ချတတ်တဲ့လူဖြစ်နေလို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကြယ်ပွင့်ကစားသမားဖြစ်လာဖို့ လုပ်ဆောင်နေတဲ့ လူငယ်ကစားသမားတစ်ယောက်အတွက် အဆင့်အတန်းတစ်ခုကို ထိန်းသိမ်းထားနိုင်ဖို့ မာန်မာနမထောင်လွှားဘဲ နှိမ့်ချတတ်ဖို့က အရေးအကြီးဆုံးအရာဖြစ်ပါတယ်။ ဆာကာရဲ့ နှစ်လိုဖွယ်စိတ်ထား၊ နှိမ့်ချတတ်မှုက လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံး တောင်ပံကစားသမားဖြစ်နေတယ်ဆိုတာနဲ့ လာမယ့်နှစ်တွေအတွင်းမှာ ကမ္ဘာ့ထိပ်တန်း ကြယ်ပွင့်ကစားသမားဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာ ဆက်ရှိနေစေဖို့ သေချာစေမယ့်အရာတွေဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet