စပို့တင်းနဲ့ပွဲအတွက် သွားရောက်မယ့် ခရီးစဉ်ကို လိုက်ပါဖွယ်ရှိနေတဲ့ ဂျေးဇုနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

စပို့တင်းနဲ့ပွဲအတွက် သွားရောက်မယ့် ခရီးစဉ်ကို လိုက်ပါဖွယ်ရှိနေတဲ့ ဂျေးဇုနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-ဂါဘရီယဲလ် ဂျေးဇုဟာ ကြာသပတေးနေ့မှာ စပို့တင်း လစ္စဘွန်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် အာဆင်နယ်လူစာရင်းနဲ့အတူ လိုက်ပါမယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့် အသင်းနဲ့အတူ ဝင်ကစားပေးဦးမှာမဟုတ်သေးဘဲ နိုင်ငံတကာအားလပ်ရက်အပြီးမှာ ပြန်လာနိုင်ဖို့ ပြန်လည်ကုစားမှုတွေ ဆက်လက်လုပ်နေသွားမှာဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဂျေးဇုအနေနဲ့ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းကို အာဆင်နယ်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသည့်ပွဲအပြီး အသင်းရဲ့ အရန်ကစားသမားတွေနဲ့အတူ သွေးပူလေ့ကျင့်ခန်း အစီအစဉ်များပြုလုပ်ခဲ့တာတွေ့ရှိခဲ့ရပါတယ်။ ဂျေးဇုအနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို တဆင့်ပြီး တဆင့် တိုးမြှင့်လုပ်ဆောင်သွားဖု့ိအတွက် ပေါ်တူဂီ ခရီးစဉ်ကို အာဆင်နယ်အသင်းနဲ့အတူ လိုက်ပါသွားနိုင်တာဖြစ်တယ်လို့ ခန့်မှန်းထားကြခြင်းဖြစ်ပါတယ်။

-အက်ဒီ အန်ကီးတီးယားဟာ ယခုအပတ်ဖူလ်ဟမ်နဲ့ ကစားရမယ့် ပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြည့်ဝနိုင်ဖွယ်ရှိတယ်လို့ ဒဏ်ရာအချက်အလက် လေ့လာစမ်းစစ်ကျွမ်းကျင်သူ ဘန် ဒင်နေရီက ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူးဟာ ဘုန်းမောက်ကို ၃-၂ နဲ့ စိတ်လှုပ်ရှားဖွယ် အနိုင်ရခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့သူဖြစ်ပြီး ဘန် ဒင်နေရီက အထောင်တိုက်စစ်မှူးရဲ့ ဒဏ်ရာက အရမ်းမပြင်းထန်ဘူးလို့ မျှော်မှန်းထားတဲ့ အသေးစားဒဏ်ရာမျိုးသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ဒါက ကျွန်တော်တို့ အရမ်းပြင်းထန်တယ်လို့ မျှော်မှန်းမထားတဲ့ ဒဏ်ရာမျိုးပါ။ လာမယ့်အပတ်ပွဲစဉ်အတွက် သူ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော် ကျိန်းသေပေါက် မငြင်းပယ်နိုင်ပါဘူး။ ဒါက အန်ကီးတီးယားအတွက် မပါဝင်နိုင်ချိန်မှာ နည်းနည်းအနားယူလို့ရမယ့် အခွင့်အရေးကောင်းပါ။ သူ ဒီအပတ် ကြံ့ခိုင်စစ်ဆေးမှုမှာ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်တာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ပစ်မှတ် မွိုက်စ် ကိုင်ဆေဒိုက ပြီးခဲ့တဲ့လတွေကမှ အသင်းကို စွန့်ခွာချင်တဲ့ဆန္ဒကို လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း ဘရိုက်တန်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့က လွယ်ကူတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အီကွေဒေါကွင်းလယ်ကြယ်ပွင့်ဟာ အေးမက်စ်ကွင်းမှာ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး ကိုင်ဆေဒိုရဲ့ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးက ဈေးကွက်ထဲမှာ ကွင်းလယ်လူသစ်ရှာနေတာဖြစ်ပြီး ကိုင်ဆေဒိုကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ဘရိုက်တန်ကွင်းလယ်လူက ၎င်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်ဆိုရင် ဂုဏ်ယူမိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ဘရိုက်တန်အသင်းက အသက် ၂၁ နှစ်အရွယ်ကစားသမားကို မရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုင်ဆေဒိုက အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့က ခက်ခဲတဲ့ ဆုံးဖြတ်ချက်မဟုတ်ခဲ့ဘဲ အသင်းနဲ့ပတ်သက်တဲ့အရာအားလုံးကို ပျော်ရွှင်နေတာကြောင့် စာချုပ်ချုပ်ခဲ့တာလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီမှတ်ချက်စကားဟာ လွန်ခဲ့တဲ့ ၆ ပတ်လောက်ကမှ အေးမက်စ်ကွင်းကို စွန့်ခွာပြီး ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒကို နားလည်ပေးဖို့ ပရိသတ်တွေကို တောင်းပန်ပြီးနောက် ပြောဆိုခဲ့တာဖြစ်ပါတယ်။

-ဘရိုက်တန်၊ နိစ်နဲ့ ဘွန်ဒက်စ်လီဂါကလပ်အသင်း တစ်သင်းက ရိစ် နယ်လ်ဆန်သာ ဂန်းနားတွေနဲ့ စာချုပ်သက်တမ်းမတိုးခဲ့ဘူးဆိုရင် ယခုနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ CBS Sports ရဲ့သတင်းအရ သိရပါတယ်။ အာဆင်နယ်အသင်းဟာ နယ်လ်ဆန်နဲ့ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပြီး တောင်ပံကစားသမားဟာ အမ်းမရိတ်စ်မှာ ဆက်နေချင်ပုံပေါ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းသာ ရိစ် နယ်လ်ဆန်နဲ့ သဘောတူညီမှု ရရှိအောင်လုပ်နိုင်ခြင်းမရှိဘူးဆိုရင် အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားမှာ အခြား ရွေးချယ်စရာတွေ ရှိနေတာဖြစ်ပါတယ်။ နယ်လ်ဆန်ဟာ ၂၀၁၇ ခုနှစ်မှာ ဂန်းနားတွေအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၁၀ ပွဲပြည့်အောင် ပွဲထွက်ပါဝင်ကစားခွင့် မရရှိသေးတာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရတာက ဒဏ်ရာကြောင့်ရော၊ အငှားချခံထားရတာရော မာတီနယ်လီနဲ့ ဆာကာတို့ကို ကျော်လို့မရတာကြောင့်လည်း ပါပါတယ်။

Arsenal Myanmar

Ref: Internet
Ref: Internet

ZAWGYI:

-ဂါဘရီယဲလ္ ေဂ်းဇုဟာ ၾကာသပေတးေန႔မွာ စပို႔တင္း လစၥဘြန္းနဲ႔ ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္အတြက္ အာဆင္နယ္လူစာရင္းနဲ႔အတူ လိုက္ပါမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရေပမယ့္ အသင္းနဲ႔အတူ ဝင္ကစားေပးဦးမွာမဟုတ္ေသးဘဲ ႏိုင္ငံတကာအားလပ္ရက္အၿပီးမွာ ျပန္လာႏိုင္ဖို႔ ျပန္လည္ကုစားမႈေတြ ဆက္လက္လုပ္ေနသြားမွာျဖစ္တယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။ ေဂ်းဇုအေနနဲ႔ ျပီးခဲ့တဲ့ ဘုန္းေမာက္အသင္းကို အာဆင္နယ္အသင္းက ၃ ဂိုး ၂ ဂိုးနဲ႔ အႏိုင္ရရွိသည့္ပြဲအျပီး အသင္းရဲ႔ အရန္ကစားသမားေတြနဲ႔အတူ ေသြးပူေလ့က်င့္ခန္း အစီအစဥ္မ်ားျပုလုပ္ခဲ့တာေတြ႔ရိွခဲ့ရပါတယ္။ ေဂ်းဇုအေနနဲ႔ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္မ်ားကို တဆင့္ျပီး တဆင့္ တိုးျမွင့္လုပ္ေဆာင္သြားဖု႔ိအတြက္ ေပၚတူဂီ ခရီးစဥ္ကို အာဆင္နယ္အသင္းနဲ႔အတူ လိုက္ပါသြားႏိုင္တာျဖစ္တယ္လို႔ ခန္႔မွန္းထားၾကျခင္းျဖစ္ပါတယ္။

-အက္ဒီ အန္ကီးတီးယားဟာ ယခုအပတ္ဖူလ္ဟမ္နဲ႔ ကစားရမယ့္ ပြဲစဥ္အတြက္ ႀကံ့ခိုင္မႈ ျပည့္ဝႏိုင္ဖြယ္ရွိတယ္လို႔ ဒဏ္ရာအခ်က္အလက္ ေလ့လာစမ္းစစ္ကြ်မ္းက်င္သူ ဘန္ ဒင္ေနရီက ေျပာၾကားခဲ့ပါတယ္။ အဂၤလန္ယူ-၂၁ တိုက္စစ္မႉးဟာ ဘုန္းေမာက္ကို ၃-၂ နဲ႔ စိတ္လႈပ္ရွားဖြယ္ အႏိုင္ရခဲ့တဲ့ပြဲစဥ္ကို လြဲေခ်ာ္ခဲ့သူျဖစ္ျပီး ဘန္ ဒင္ေနရီက အေထာင္တိုက္စစ္မႉးရဲ႕ ဒဏ္ရာက အရမ္းမျပင္းထန္ဘူးလို႔ ေမွ်ာ္မွန္းထားတဲ့ အေသးစားဒဏ္ရာမ်ိဳးသာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ဒါက ကြၽန္ေတာ္တို႔ အရမ္းျပင္းထန္တယ္လို႔ ေမွ်ာ္မွန္းမထားတဲ့ ဒဏ္ရာမ်ိဳးပါ။ လာမယ့္အပတ္ပြဲစဥ္အတြက္ သူ ပါဝင္ႏိုင္မွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ က်ိန္းေသေပါက္ မျငင္းပယ္ႏိုင္ပါဘူး။ ဒါက အန္ကီးတီးယားအတြက္ မပါဝင္ႏိုင္ခ်ိန္မွာ နည္းနည္းအနားယူလို႔ရမယ့္ အခြင့္အေရးေကာင္းပါ။ သူ ဒီအပတ္ ၾကံ့ခိုင္စစ္ေဆးမႈမွာ ဘယ္လိုတုံ႔ျပန္မလဲဆိုတာ ၾကည့္တာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

-အာဆင္နယ္ပစ္မွတ္ မြိဳက္စ္ ကိုင္ေဆဒိုက ၿပီးခဲ့တဲ့လေတြကမွ အသင္းကို စြန႔္ခြာခ်င္တဲ့ဆႏၵကို လူသိရွင္ၾကားထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္လည္း ဘ႐ိုက္တန္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔က လြယ္ကူတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အီေကြေဒါကြင္းလယ္ၾကယ္ပြင့္ဟာ ေအးမက္စ္ကြင္းမွာ ၂၀၂၇ ခုႏွစ္အထိ ဆက္ရွိေနမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ကိုင္ေဆဒိုရဲ႕ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ စိတ္ဝင္စားမႈကို ဆြဲေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးက ေဈးကြက္ထဲမွာ ကြင္းလယ္လူသစ္ရွာေနတာျဖစ္ၿပီး ကိုင္ေဆဒိုကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ပါတယ္။ ဘ႐ိုက္တန္ကြင္းလယ္လူက ၎ကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူမယ္ဆိုရင္ ဂုဏ္ယူမိမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ဘ႐ိုက္တန္အသင္းက အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားကို မေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ကိုင္ေဆဒိုက အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔က ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္မဟုတ္ခဲ့ဘဲ အသင္းနဲ႔ပတ္သက္တဲ့အရာအားလုံးကို ေပ်ာ္႐ႊင္ေနတာေၾကာင့္ စာခ်ဳပ္ခ်ဳပ္ခဲ့တာလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒီမွတ္ခ်က္စကားဟာ လြန္ခဲ့တဲ့ ၆ ပတ္ေလာက္ကမွ ေအးမက္စ္ကြင္းကို စြန႔္ခြာၿပီး ပရီးမီးယားလိဂ္ထိပ္တန္းအသင္းတစ္သင္းကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵကို နားလည္ေပးဖို႔ ပရိသတ္ေတြကို ေတာင္းပန္ၿပီးေနာက္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

-ဘ႐ိုက္တန္၊ နိစ္နဲ႔ ဘြန္ဒက္စ္လီဂါကလပ္အသင္း တစ္သင္းက ရိစ္ နယ္လ္ဆန္သာ ဂန္းနားေတြနဲ႔ စာခ်ဳပ္သက္တမ္းမတိုးခဲ့ဘူးဆိုရင္ ယခုေႏြရာသီမွာ ေခၚယူဖို႔ စိတ္ဝင္စားေနၾကတယ္လို႔ CBS Sports ရဲ႕သတင္းအရ သိရပါတယ္။ အာဆင္နယ္အသင္းဟာ နယ္လ္ဆန္နဲ႔ စာခ်ဳပ္သစ္အတြက္ ေျပာဆိုေဆြးေႏြးမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး ေတာင္ပံကစားသမားဟာ အမ္းမရိတ္စ္မွာ ဆက္ေနခ်င္ပုံေပၚေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းသာ ရိစ္ နယ္လ္ဆန္နဲ႔ သေဘာတူညီမႈ ရရွိေအာင္လုပ္ႏိုင္ျခင္းမရွိဘူးဆိုရင္ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားမွာ အျခား ေ႐ြးခ်ယ္စရာေတြ ရွိေနတာျဖစ္ပါတယ္။ နယ္လ္ဆန္ဟာ ၂၀၁၇ ခုႏွစ္မွာ ဂန္းနားေတြအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ ၁၀ ပြဲျပည့္ေအာင္ ပြဲထြက္ပါဝင္ကစားခြင့္ မရရွိေသးတာ ျဖစ္ပါတယ္။ အဲဒီလိုျဖစ္ရတာက ဒဏ္ရာေၾကာင့္ေရာ၊ အငွားခ်ခံထားရတာေရာ မာတီနယ္လီနဲ႔ ဆာကာတို႔ကို ေက်ာ္လို႔မရတာေၾကာင့္လည္း ပါပါတယ္။

Arsenal Myanmar

Ref: Internet