ဂန်းနားအဆောက်အအုံကြီးရဲ့ ဖောင်ဒေးရှင်းအဖြစ် ရှိနေတဲ့ ဆာလီဘာ
တခြားနေ့တွေမှာဆိုရင် ဒေါမနစ် ဆိုလန်ကီအနေနဲ့ ဘောလုံးထိတွေ့မှုတွေ ရရှိပြီး ဂိုးရှေ့ကို ပြေးကန်လိုက်ရင် ထောင့်ကန်ဘောလေးဘာလေး ရရင် ရနိုင်ပေမယ့် စနေနေ့မှာတော့ ဆာလီဘာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဘုန်းမောက်တိုက်စစ်မှူးဟာ မြက်ခင်းပေါ်လဲလိုက်၊ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးလိုက်နဲ့ ဘာတွေဖြစ်ခဲ့မှန်းမသိဖြစ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်က ဗီတာလတီကွင်းမှာ ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ် အဖွင့်မိနစ်တွေမှာ ဆာလီဘာကို နောက်ချန်ပြေးလွှားနိုင်ခဲ့ချိန်မှာ အသာစီးရယူနိုင်ခဲ့ပြီလို့ ထင်ပေမယ့်လည်း ပရီးမီးယားလိဂ်က ထိပ်တန်းတိုက်စစ်မှူးတွေကို လျင်မြန်တဲ့မြန်နှုန်း၊ တိကျတဲ့ဖျက်ထုတ်မှုတွေနဲ့ ထိန်းပြလာတဲ့ ပြင်သစ်နောက်ခံလူကို ရေရှည်မှာ မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။
၆ မိနစ်အတွင်းမှာ ဆာလီဘာဟာ ဂိုးဖြစ်လာနိုင်တဲ့ တိုက်စစ်ဆင်မှုကို ဖျက်ထုတ်နိုင်ခဲ့ပြီးနောက် အာဆင်နယ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဆက်တိုက်ဆိုသလို ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီအစကတည်းက မကြာခဏ ဖြစ်ခဲ့တဲ့အတိုင်း ဆာလီဘာရဲ့ ခံစစ်ပိုင်း အားသာချက်ဟာ အာဆင်နယ်ရဲ့ အလွန်ကောင်းမွန်တဲ့ တိုက်စစ်အတွက် နောက်ထပ်တစ်ကြိမ် အခြေခံ အုတ်မြစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီ မန်ချက်စတာစီးတီးကို ဆုဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့မှုကလည်း ဆာလီဘာရဲ့ နောက်ကျောဒဏ်ရာပြဿနာကြောင့်ဖြစ်ခဲ့ပြီး ဂန်းနားတွေဟာ ပြင်သစ်နောက်ခံလူ ဒဏ်ရာမရခင်မှာ ဂွါဒီယိုလာရဲ့အသင်းကို ၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဆာလီဘာ ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဥ်တွေရဲ့ ၇၆.၅ ရာခိုင်နှုန်းကို အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲ လွဲချော်ခဲ့ရာမှာ ဂန်းနားတွေက ၅ ပွဲသာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ပြင်သစ်နောက်ခံလူမပါဝင်ချိန်မှာ အနိုင်ရာခိုင်နှုန်း ၄၅.၅ ရာခိုင်နှုန်းသာ ရှိခဲ့တာဖြစ်ပါတယ်။
ဆာလီဘာ ပါဝင်တဲ့ပွဲစဉ်မှာ အာဆင်နယ်ရဲ့ ပျမ်းမျှ ပေးဂိုးဟာ ၀.၉ ဂိုးသာ ရှိခဲ့ပေမယ့် မပါဝင်နိုင်ခဲ့တဲ့ပွဲတွေမှာတော့ ၁.၆ ဂိုးအထိ မြင့်တက်သွားခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက် ပရီးမီးယားလိဂ် ၃၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ပျမ်းမျှ ရမှတ် ၂.၄၄ မှတ်အထိ ရရှိခဲ့တာကြောင့် အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်လိုကစားသမားမျိုးထက်မဆို တစ်ပွဲပျမ်းမျှ ရမှတ်အမြင့်မားဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။
ဝီလီယံ ဆာလီဘာဟာ ယနေ့ညမှာ လွန်းစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပြင်သစ်ကို ပြန်လည်ရောက်ရှိနေပြီး ပြင်သစ်နောက်ခံလူဟာ လူကောင်ကြီးသလောက် လျင်မြန်သလို ဘောလုံးကိုင်ကစားရာမှာလည်း ဖိအားတွေအောက်မှာတောင် တည်ငြိမ်ပြီး ပေးပို့မှုတွေကလည်း တိကျသူဖြစ်ပါတယ်။
ချို့ယွင်းချက်ဆိုလို့ ပြီးခဲ့တဲ့ရာသီ လက်စတာစီးတီးနဲ့ပွဲက ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အခိုက်အတန့်လိုမျိုး တစ်ခါတရံ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်မျိုးရှိပြီး အာဆင်နယ်အနေနဲ့ အဲဒီချို့ယွင်းချက်ဟာ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားမယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: တျခားေန႔ေတြမွာဆိုရင္ ေဒါမနစ္ ဆိုလန္ကီအေနနဲ႔ ေဘာလုံးထိေတြ႕မႈေတြ ရရွိၿပီး ဂိုးေရွ႕ကို ေျပးကန္လိုက္ရင္ ေထာင့္ကန္ေဘာေလးဘာေလး ရရင္ ရႏိုင္ေပမယ့္ စေနေန႔မွာေတာ့ ဆာလီဘာနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ ဘုန္းေမာက္တိုက္စစ္မႉးဟာ ျမက္ခင္းေပၚလဲလိုက္၊ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးလိုက္နဲ႔ ဘာေတြျဖစ္ခဲ့မွန္းမသိျဖစ္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္က ဗီတာလတီကြင္းမွာ ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္ အဖြင့္မိနစ္ေတြမွာ ဆာလီဘာကို ေနာက္ခ်န္ေျပးလႊားႏိုင္ခဲ့ခ်ိန္မွာ အသာစီးရယူႏိုင္ခဲ့ၿပီလို႔ ထင္ေပမယ့္လည္း ပရီးမီးယားလိဂ္က ထိပ္တန္းတိုက္စစ္မႉးေတြကို လ်င္ျမန္တဲ့ျမန္ႏႈန္း၊ တိက်တဲ့ဖ်က္ထုတ္မႈေတြနဲ႔ ထိန္းျပလာတဲ့ ျပင္သစ္ေနာက္ခံလူကို ေရရွည္မွာ မယွဥ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
၆ မိနစ္အတြင္းမွာ ဆာလီဘာဟာ ဂိုးျဖစ္လာႏိုင္တဲ့ တိုက္စစ္ဆင္မႈကို ဖ်က္ထုတ္ႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္က ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဆက္တိုက္ဆိုသလို ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီအစကတည္းက မၾကာခဏ ျဖစ္ခဲ့တဲ့အတိုင္း ဆာလီဘာရဲ႕ ခံစစ္ပိုင္း အားသာခ်က္ဟာ အာဆင္နယ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ တိုက္စစ္အတြက္ ေနာက္ထပ္တစ္ႀကိမ္ အေျခခံ အုတ္ျမစ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီ မန္ခ်က္စတာစီးတီးကို ဆုဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့မႈကလည္း ဆာလီဘာရဲ႕ ေနာက္ေက်ာဒဏ္ရာျပႆနာေၾကာင့္ျဖစ္ခဲ့ၿပီး ဂန္းနားေတြဟာ ျပင္သစ္ေနာက္ခံလူ ဒဏ္ရာမရခင္မွာ ဂြါဒီယိုလာရဲ႕အသင္းကို ၅ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ဆာလီဘာ ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္ေတြရဲ႕ ၇၆.၅ ရာခိုင္ႏႈန္းကို အႏိုင္ရခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ၁၁ ပြဲ လြဲေခ်ာ္ခဲ့ရာမွာ ဂန္းနားေတြက ၅ ပြဲသာ ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္ေနာက္ခံလူမပါဝင္ခ်ိန္မွာ အႏိုင္ရာခိုင္ႏႈန္း ၄၅.၅ ရာခိုင္ႏႈန္းသာ ရွိခဲ့တာျဖစ္ပါတယ္။
ဆာလီဘာ ပါဝင္တဲ့ပြဲစဥ္မွာ အာဆင္နယ္ရဲ႕ ပ်မ္းမွ် ေပးဂိုးဟာ ၀.၉ ဂိုးသာ ရွိခဲ့ေပမယ့္ မပါဝင္ႏိုင္ခဲ့တဲ့ပြဲေတြမွာေတာ့ ၁.၆ ဂိုးအထိ ျမင့္တက္သြားခဲ့တာျဖစ္ၿပီး ဂန္းနားေတြအတြက္ ပရီးမီးယားလိဂ္ ၃၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ပ်မ္းမွ် ရမွတ္ ၂.၄၄ မွတ္အထိ ရရွိခဲ့တာေၾကာင့္ အာဆင္နယ္ရဲ႕ပရီးမီးယားလိဂ္သမိုင္းမွာ ဘယ္လိုကစားသမားမ်ိဳးထက္မဆို တစ္ပြဲပ်မ္းမွ် ရမွတ္အျမင့္မားဆုံးကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။
ဝီလီယံ ဆာလီဘာဟာ ယေန႔ညမွာ လြန္းစ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ျပင္သစ္ကို ျပန္လည္ေရာက္ရွိေနၿပီး ျပင္သစ္ေနာက္ခံလူဟာ လူေကာင္ႀကီးသေလာက္ လ်င္ျမန္သလို ေဘာလုံးကိုင္ကစားရာမွာလည္း ဖိအားေတြေအာက္မွာေတာင္ တည္ၿငိမ္ၿပီး ေပးပို႔မႈေတြကလည္း တိက်သူျဖစ္ပါတယ္။
ခ်ိဳ႕ယြင္းခ်က္ဆိုလို႔ ၿပီးခဲ့တဲ့ရာသီ လက္စတာစီးတီးနဲ႔ပြဲက ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့အခိုက္အတန႔္လိုမ်ိဳး တစ္ခါတရံ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္မ်ိဳးရွိၿပီး အာဆင္နယ္အေနနဲ႔ အဲဒီခ်ိဳ႕ယြင္းခ်က္ဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ေပ်ာက္ကြယ္သြားမယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles