ဂန်းနားဖြစ်လာဖို့ ထိုက်တန်ကြောင်း သက်သေပြသနေတဲ့ ထရော့ဆာ့ဒ် coyg

ဂန်းနားဖြစ်လာဖို့ ထိုက်တန်ကြောင်း သက်သေပြသနေတဲ့ ထရော့ဆာ့ဒ်

အာဆင်နယ်နည်းပြ အာတီတာဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု ဟက်ထရစ် ရရှိခဲ့တဲ့ ထရော့ဆာ့ဒ်ရဲ့ ဘောလုံးဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုကို အလေးပြုခဲ့ပါတယ်။

ထရော့ဆာ့ဒ်ဟာ ခရာဗင် ကော့တေ့ချ်မှာ ဂါဘရီယဲလ်၊ မာတီနယ်လီ၊ အော်ဒီဂွါဒ်တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပြီး ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်တောင်ပံကစားသမားဟာ ဖူလ်ဟမ်နဲ့ပွဲမှာလည်း False 9 အဖြစ် ကစားခဲ့တာဖြစ်ပြီး ဘုန်းမောက်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဥ်တုန်းက စွမ်းဆောင်ရည်ထက်တောင် အထင်ကြီးဖွယ် ကောင်းခဲ့တာ ဖြစ်ပါတယ်။

ခရာဗင် ကော့တေ့ချ်မှာ ကစားခဲ့တဲ့ ဒုတိယပိုင်းအတွင်းမှာ ထရော့ဆာ့ဒ်ရဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ၁၀ စက္ကန့်ထက် မပိုတဲ့အခိုက်အတန့်ရှိခဲ့ပါတယ်။ အဲဒီအခိုက်အတန့်ဟာ ထရော့ဆာ့ဒ်က ဘောလုံးလုယူဖို့ နောက်ပြန်ပြေးပြီး တန်ပြန်တိုက်စစ်ကို ကာကွယ်ရာက စပြီး ဘောလုံးနဲ့အတူ ရှေ့တန်းကို တဟုန်ထိုးပြေးလွှားမှုမှာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ အာဆင်နယ်ရဲ့ False 9 အဖြစ် ပွဲထွက်ကစားခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ နေရာစုံမှာ ရောက်နေခဲ့ပြီး ၎င်းရဲ့ အင်တိုက်အားတိုက်ကစားနိုင်စွမ်းနဲ့ မကုန်မခမ်းနိုင်တဲ့ စွမ်းအင်တွေနဲ့ ဘောလုံးပိုင်ဆိုင်မှုမရှိတဲ့အချိန်မှာ အလွန်ကောင်းမွန်တဲ့ အသင်းလိုက်စွမ်းဆောင်ရည်အတွက်လည်း အရည်အသွေးကို သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

၇၈ မိနစ်မှာ လူစားလဲလှယ်ခြင်းမခံရခင်အချိန်အထိ အာဆင်နယ်ရဲ့ တိုက်စစ်မှာ အနည်းနဲ့ အများဆိုသလို ပါဝင်ခဲ့ပြီး ၃ ဂိုးစလုံးကို တိုက်ရိုက်ပါဝင်ပတ်သက်ပေးခဲ့တာကြောင့် ဂိုးဖန်တီးမှု ဟက်ထရစ်နဲ့အတူ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန် ၂၅ မိနစ်ဝန်းကျင်မှာ အာဆင်နယ်ကစားသမားဘဝ ပွဲဦးထွက်ပြီးနောက်ပိုင်း ၂ လအတွင်း ဘယ်လိုပရီးမီးယားလိဂ်ကစားသမားမျိုးထက်မဆို ပိုမိုများပြားတဲ့ သွင်းဂိုးအရေအတွက်ကို ဖန်တီးပေးနိုင်ခဲ့ပြီး ဘရိုက်တန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ဂိုးဖန်တီးမှု ၅ ကြိမ်နဲ့ သွင်းဂိုး ၁ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ထရော့ဆာ့ဒ်ရဲ့ အကျိုးသက်ရောက်မှုက ဂန်းနားတွေအနေနဲ့ ဘရိုက်တန်အသင်းကို ပေါင် ၂၇ သန်းပေးခဲ့ရတဲ့အချိန်မှာ မျှော်လင့်ခဲ့တဲ့အတိုင်း အတိအကျဖြစ်လာပြီး ချဲလ်ဆီးကို ပြောင်းသွားတဲ့ မာဒရစ်ခ်ကို လွမ်းလောက်စရာမရှိဘူးဆိုတဲ့ ခံစားချက်မျိုး ပရိသတ်တွေကြားမှာ ရှိလာနေပြီ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ ဖူလ္ဟမ္နဲ႔ပြဲမွာ ဂိုးဖန္တီးမႈ ဟက္ထရစ္ ရရွိခဲ့တဲ့ ထေရာ့ဆာ့ဒ္ရဲ႕ ေဘာလုံးဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္မႈကို အေလးျပဳခဲ့ပါတယ္။

ထေရာ့ဆာ့ဒ္ဟာ ခရာဗင္ ေကာ့ေတ့ခ်္မွာ ဂါဘရီယဲလ္၊ မာတီနယ္လီ၊ ေအာ္ဒီဂြါဒ္တို႔ရဲ႕ သြင္းဂိုးေတြကို ဖန္တီးေပးခဲ့ၿပီး ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမား ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမားဟာ ဖူလ္ဟမ္နဲ႔ပြဲမွာလည္း False 9 အျဖစ္ ကစားခဲ့တာျဖစ္ၿပီး ဘုန္းေမာက္ကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္တုန္းက စြမ္းေဆာင္ရည္ထက္ေတာင္ အထင္ႀကီးဖြယ္ ေကာင္းခဲ့တာ ျဖစ္ပါတယ္။

ခရာဗင္ ေကာ့ေတ့ခ်္မွာ ကစားခဲ့တဲ့ ဒုတိယပိုင္းအတြင္းမွာ ထေရာ့ဆာ့ဒ္ရဲ႕ စြမ္းေဆာင္ရည္ကို ျပသခဲ့တဲ့ ၁၀ စကၠန႔္ထက္ မပိုတဲ့အခိုက္အတန႔္ရွိခဲ့ပါတယ္။ အဲဒီအခိုက္အတန႔္ဟာ ထေရာ့ဆာ့ဒ္က ေဘာလုံးလုယူဖို႔ ေနာက္ျပန္ေျပးၿပီး တန္ျပန္တိုက္စစ္ကို ကာကြယ္ရာက စၿပီး ေဘာလုံးနဲ႔အတူ ေရွ႕တန္းကို တဟုန္ထိုးေျပးလႊားမႈမွာ အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ အာဆင္နယ္ရဲ႕ False 9 အျဖစ္ ပြဲထြက္ကစားခဲ့ေပမယ့္လည္း တကယ္တမ္းမွာေတာ့ ေနရာစုံမွာ ေရာက္ေနခဲ့ၿပီး ၎ရဲ႕ အင္တိုက္အားတိုက္ကစားႏိုင္စြမ္းနဲ႔ မကုန္မခမ္းႏိုင္တဲ့ စြမ္းအင္ေတြနဲ႔ ေဘာလုံးပိုင္ဆိုင္မႈမရွိတဲ့အခ်ိန္မွာ အလြန္ေကာင္းမြန္တဲ့ အသင္းလိုက္စြမ္းေဆာင္ရည္အတြက္လည္း အရည္အေသြးကို သတ္မွတ္ေပးခဲ့တာ ျဖစ္ပါတယ္။

၇၈ မိနစ္မွာ လူစားလဲလွယ္ျခင္းမခံရခင္အခ်ိန္အထိ အာဆင္နယ္ရဲ႕ တိုက္စစ္မွာ အနည္းနဲ႔ အမ်ားဆိုသလို ပါဝင္ခဲ့ၿပီး ၃ ဂိုးစလုံးကို တိုက္႐ိုက္ပါဝင္ပတ္သက္ေပးခဲ့တာေၾကာင့္ ဂိုးဖန္တီးမႈ ဟက္ထရစ္နဲ႔အတူ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၂၅ မိနစ္ဝန္းက်င္မွာ အာဆင္နယ္ကစားသမားဘဝ ပြဲဦးထြက္ၿပီးေနာက္ပိုင္း ၂ လအတြင္း ဘယ္လိုပရီးမီးယားလိဂ္ကစားသမားမ်ိဳးထက္မဆို ပိုမိုမ်ားျပားတဲ့ သြင္းဂိုးအေရအတြက္ကို ဖန္တီးေပးႏိုင္ခဲ့ၿပီး ဘ႐ိုက္တန္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဂိုးဖန္တီးမႈ ၅ ႀကိမ္နဲ႔ သြင္းဂိုး ၁ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ထေရာ့ဆာ့ဒ္ရဲ႕ အက်ိဳးသက္ေရာက္မႈက ဂန္းနားေတြအေနနဲ႔ ဘ႐ိုက္တန္အသင္းကို ေပါင္ ၂၇ သန္းေပးခဲ့ရတဲ့အခ်ိန္မွာ ေမွ်ာ္လင့္ခဲ့တဲ့အတိုင္း အတိအက်ျဖစ္လာၿပီး ခ်ဲလ္ဆီးကို ေျပာင္းသြားတဲ့ မာဒရစ္ခ္ကို လြမ္းေလာက္စရာမရွိဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး ပရိသတ္ေတြၾကားမွာ ရွိလာေနၿပီ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet