ဂန်းနားတွေ အမှတ်ပေးဖလားရဖို့ အဓိကသော့ချက်ကို ကိုင်ထားသူ ၂ ဦးကို ပြောပြခဲ့တဲ့ အော်ဒီဂွါဒ်
မန်ချက်စတာစီးတီးကြယ်ပွင့် ၂ ဦးဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရရှိဖို့အတွက် အဓိကသော့ချက်ဖြစ်လိမ့်မယ်လို့ ဂန်းနားအသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က ပြောကြားခဲ့ပါတယ်။
အော်ဒီဂွါဒ်က မန်စီးတီးမှာတုန်းက ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ရရှိခဲ့ဖူးတဲ့ ဇင်ချန်ကိုနဲ့ ဂါဘရီယဲလ် ဂျေးဇုတို့ရဲ့ ခေါင်းဆောင်မှုအရည်အချင်းနဲ့ အတွေ့အကြုံတွေကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ နိုဝင်ဘာလကတည်းက ဒူးဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ခြင်းမရှိသေးသူဖြစ်ပေမယ့် ယနေ့ညနေပွဲမှာတော့ ပွဲထွက်ကစားပေးမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က ဘရာဇီးလ်တိုက်စစ်မှူးနဲ့ ယူကရိန်းနောက်ခံလူတိုပဟာ ဂွါဒီယိုလာရဲ့ အောင်ပွဲရအသင်းမှာ သင်ယူခဲ့တဲ့ အတွေ့အကြုံတွေ၊ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့အတူ အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုမှာ အကူအညီပေးနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဂါဘရီယဲလ်က အသင်းအတွက် နောက်ထပ်တစ်ကြိမ် အရမ်းကောင်းမွန်တဲ့ခေါ်ယူမှု ဖြစ်ခဲ့တယ်။ သူက ကျွန်တော်တို့ကို နေ့တိုင်းလေ့ကျင့်ရေးမှာ အများကြီး ပေးနေတယ်။ သူ ဝင်လာပြီး ပွဲကစားနေသလိုမျိုးကို လေ့ကျင့်တယ်။ သူက အခြေအနေတွေအားလုံးမှာ အရာအားလုံးကို ပေးနေပြီး သူ့ကို ပြန်ရလိုက်တာ အရမ်းကောင်းပါတယ်။ ဟုတ်တာပေါ့။ သူ မန်ချက်စတာစီးတီးမှာ ရှိခဲ့ဖူးပြီး အရာအနည်းငယ်ကို အနိုင်ရရှိခဲ့တယ်။
အဲဒီတော့ သူက သူ့ရဲ့ ခွန်အားတွေအပြင် သူ့ရဲ့အတွေ့အကြုံတွေနဲ့ပါ အကူအညီပေးနိုင်ပါတယ်။ သူ့ကို ပြန်ရလိုက်တာ အရမ်းကောင်းတယ်။ မန်စီးတီးကစားသမားဟောင်းတွေက မတူညီတဲ့တွေးခေါ်မှုတွေကို ယူဆောင်လာတယ်။ သူတို့တွေမှာ အတွေ့အကြုံရှိပြီး လူတွေက သူတို့ စကားပြောတဲ့အခါမှာ နားထောင်ရတယ်။ သူတို့တွေက ဖိအားတွေအောက်မှာ တည်ငြိမ်အေးဆေးပြီး အရာတော်တော်များများကို ဖြည့်စွက်ပေးတယ်။ တစ်သင်းလုံးက တစ်ယောက်နဲ့တစ်ယောက် ကူညီနေကြတယ်။ အဲဒါက အဓိကကျတဲ့အရာပါ။”
ဂန်းနားတွေဟာ ယနေ့ညနေ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် မန်ချက်စတာစီးတီးက ယခုအပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် မကစားရသေးတာကြောင့် ၈ မှတ်အထိ ဖြတ်ထားနိုင်တော့မှာဖြစ်ပြီး အော်ဒီဂွါဒ်က ပဲလေ့စ်နဲ့ပွဲက ကြာသပတေးနေ့မှာ စပို့တင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ စိတ်ဓာတ်ကို စမ်းသပ်မှုဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
“အနိုင်ရဖို့က အရမ်းကို အရေးပါပါတယ်။ နောက်ပွဲစဉ်က လျင်လျင်မြန်မြန် ရောက်လာမှာဖြစ်ပြီး အခု ကျွန်တော်တို့ စိတ်မကောင်းဖြစ်နေလို့ မရတော့ပါဘူး။ ကျွန်တော်တို့ ပြန်လည်ကုစားပြီး အနိုင်ရအောင် လုပ်ရမှာပါ။ ကျွန်တော်တို့ စိတ်ပျက်ခဲ့တာက ကောင်းပါတယ်။ ကျွန်တော်တို့ စိတ်ပျက်သလို ခံစားခဲ့သင့်ပါတယ်။ ကျွန်တော်တို့ စိတ်သစ်လူသစ်နဲ့ ဝင်လာပြီး တနင်္ဂနွေနေ့မှာ အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေအောင် လုပ်ရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ၂ ဦးဟာ အာဆင္နယ္အသင္း ပရီးမီးယားလိဂ္ဖလား ရရွိဖို႔အတြက္ အဓိကေသာ့ခ်က္ျဖစ္လိမ့္မယ္လို႔ ဂန္းနားအသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က ေျပာၾကားခဲ့ပါတယ္။
ေအာ္ဒီဂြါဒ္က မန္စီးတီးမွာတုန္းက ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္အထိ ရရွိခဲ့ဖူးတဲ့ ဇင္ခ်န္ကိုနဲ႔ ဂါဘရီယဲလ္ ေဂ်းဇုတို႔ရဲ႕ ေခါင္းေဆာင္မႈအရည္အခ်င္းနဲ႔ အေတြ႕အႀကဳံေတြကို ရည္ၫႊန္းေျပာဆိုခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ႏိုဝင္ဘာလကတည္းက ဒူးဒဏ္ရာေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ျခင္းမရွိေသးသူျဖစ္ေပမယ့္ ယေန႔ညေနပြဲမွာေတာ့ ပြဲထြက္ကစားေပးမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္။
အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က ဘရာဇီးလ္တိုက္စစ္မႉးနဲ႔ ယူကရိန္းေနာက္ခံလူတိုပဟာ ဂြါဒီယိုလာရဲ႕ ေအာင္ပြဲရအသင္းမွာ သင္ယူခဲ့တဲ့ အေတြ႕အႀကဳံေတြ၊ စိတ္ကူးစိတ္သန္းအသစ္ေတြနဲ႔အတူ အာဆင္နယ္ရဲ႕ ဆုဖလားစိန္ေခၚမႈမွာ အကူအညီေပးေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ဂါဘရီယဲလ္က အသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ အရမ္းေကာင္းမြန္တဲ့ေခၚယူမႈ ျဖစ္ခဲ့တယ္။ သူက ကြၽန္ေတာ္တို႔ကို ေန႔တိုင္းေလ့က်င့္ေရးမွာ အမ်ားႀကီး ေပးေနတယ္။ သူ ဝင္လာၿပီး ပြဲကစားေနသလိုမ်ိဳးကို ေလ့က်င့္တယ္။ သူက အေျခအေနေတြအားလုံးမွာ အရာအားလုံးကို ေပးေနၿပီး သူ႔ကို ျပန္ရလိုက္တာ အရမ္းေကာင္းပါတယ္။ ဟုတ္တာေပါ့။ သူ မန္ခ်က္စတာစီးတီးမွာ ရွိခဲ့ဖူးၿပီး အရာအနည္းငယ္ကို အႏိုင္ရရွိခဲ့တယ္။
အဲဒီေတာ့ သူက သူ႔ရဲ႕ ခြန္အားေတြအျပင္ သူ႔ရဲ႕အေတြ႕အႀကဳံေတြနဲ႔ပါ အကူအညီေပးႏိုင္ပါတယ္။ သူ႔ကို ျပန္ရလိုက္တာ အရမ္းေကာင္းတယ္။ မန္စီးတီးကစားသမားေဟာင္းေတြက မတူညီတဲ့ေတြးေခၚမႈေတြကို ယူေဆာင္လာတယ္။ သူတို႔ေတြမွာ အေတြ႕အႀကဳံရွိၿပီး လူေတြက သူတို႔ စကားေျပာတဲ့အခါမွာ နားေထာင္ရတယ္။ သူတို႔ေတြက ဖိအားေတြေအာက္မွာ တည္ၿငိမ္ေအးေဆးၿပီး အရာေတာ္ေတာ္မ်ားမ်ားကို ျဖည့္စြက္ေပးတယ္။ တစ္သင္းလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီေနၾကတယ္။ အဲဒါက အဓိကက်တဲ့အရာပါ။”
ဂန္းနားေတြဟာ ယေန႔ညေန ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ အႏိုင္ရရွိမယ္ဆိုရင္ မန္ခ်က္စတာစီးတီးက ယခုအပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္ မကစားရေသးတာေၾကာင့္ ၈ မွတ္အထိ ျဖတ္ထားႏိုင္ေတာ့မွာျဖစ္ၿပီး ေအာ္ဒီဂြါဒ္က ပဲေလ့စ္နဲ႔ပြဲက ၾကာသပေတးေန႔မွာ စပို႔တင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၎တို႔ရဲ႕ စိတ္ဓာတ္ကို စမ္းသပ္မႈျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“အႏိုင္ရဖို႔က အရမ္းကို အေရးပါပါတယ္။ ေနာက္ပြဲစဥ္က လ်င္လ်င္ျမန္ျမန္ ေရာက္လာမွာျဖစ္ၿပီး အခု ကြၽန္ေတာ္တို႔ စိတ္မေကာင္းျဖစ္ေနလို႔ မရေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ ျပန္လည္ကုစားၿပီး အႏိုင္ရေအာင္ လုပ္ရမွာပါ။ ကြၽန္ေတာ္တို႔ စိတ္ပ်က္ခဲ့တာက ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ စိတ္ပ်က္သလို ခံစားခဲ့သင့္ပါတယ္။ ကြၽန္ေတာ္တို႔ စိတ္သစ္လူသစ္နဲ႔ ဝင္လာၿပီး တနဂၤေႏြေန႔မွာ အႏိုင္ယူဖို႔ အဆင္သင့္ျဖစ္ေနေအာင္ လုပ္ရမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles