ဂန်းနားတွေရဲ့ထိပ်တန်းပစ်မှတ်ကို ဖြတ်ခုတ်ဖို့ ပြင်နေပြန်တဲ့ ချဲလ်ဆီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
-မာ့ခ် ဟုချ်က အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးရဲ့ ဖိအားပေးမှုကို ကြံ့ကြံ့ခံပြီး ပရီးမီးယားလိဂ်ဖလားကို အရယူသွားနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နည်းပြဟောင်း မာ့ခ် ဟုချ်က မန်စီးတီးရဲ့ ဆုဖလားတွေ အနိုင်ရရှိခဲ့တဲ့ အတွေ့အကြုံက အရေးပါပေမယ့် အာဆင်နယ်က ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက်သွားနိုင်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်က တကယ်ကို အားကောင်းလာပါတယ်။ ကျွန်တော် သူတို့ကို တကယ်အထင်ကြီးမိခဲ့ပါတယ်။ ဒီအချိန်က သူတို့တွေ မတည်မငြိမ်ဖြစ်လာမယ့်အချိန်လို့ ခင်ဗျား ထင်ပေမယ့်လည်း သူတို့တွေက အဲဒါကို ကျော်လွှားနိုင်ခဲ့ပုံပေါ်ပါတယ်။ အဲဒါက သူတို့တွေက လက်ကျန်ပွဲစဉ်အားလုံးကို ရင်ဆိုင်သွားနိုင်တဲ့ စိတ်ဓာတ်မျိုးရှိတယ်ဆိုတာကို ပြသနေတာပါ။ သူတို့တွေ လက်ကျန်ပွဲအားလုံးကို အနိုင်ကစားပြီး ဆုဖလား ရယူသွားနိုင်မယ်ဆိုရင် ကျွန်တော့်ကို အံ့အားသင့်စေမှာမဟုတ်ပါဘူး။ မနစ်ီးတီးက အမြဲတမ်း အာဆင်နယ်ကို မေးဖို့ မေးခွန်းရှိနေမှာပါ။ မေးခွန်းက အာဆင်နယ်က အဆုံးအထိ မှန်မှန်ကန်ကန် ဆက်သွားပြီး ဖလားရယူသွားနိုင်မလားဆိုတာပါ။ မန်စီးတီးက အဲဒီအပိုင်းမှာ အတွေ့အကြုံ ပိုရှိပါတယ်။ စီးတီးက အာဆင်နယ်ကို မေးခွန်းထုတ်ဖို့ ရှိနေမှာဖြစ်ပေမယ့် အာဆင်နယ်က ဒီနှစ်မှာ အရမ်းကောင်းကောင်း လုပ်နိုင်နေတယ်လို့ ကျွန်တော် ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။
ဂျက်ခ် ဝီလ်ရှိုင်းယားက အာဆင်နယ် စံချိန်သစ်ရှင် အီသန် နွာနယ်ရီအနေနဲ့ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်နေပါတယ်။ အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နွာနယ်ရီကို ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ၂ သင်းစလုံးက ပစ်မှတ်ထားနေတာဖြစ်ပေမယ့်လည်း အာဆင်နယ်က ဆယ်ကျော်သက်ကွင်းလယ်ကစားသမားကို ထိန်းသိမ်းထားချင်တဲ့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်ယူ-၁၈ နည်းပြ ဝီလ်ရှိုင်းယားက နွာနယ်ရီအနေနဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး အမ်းမရိတ်စ်မှာ ဆက်နေမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
“ကျွန်တော်တို့အားလုံး သူဆက်နေမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ထူးခြားတဲ့ အရည်အချင်းရှိလို့ပါ။ နည်းပြတွေအနေနဲ့ ကျွန်တော်တို့ အပြောင်းအရွှေ့မှာ ဝင်ပါမှာမဟုတ်သလို ပြောလည်း ပြောမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒီအကြောင်းကို မပြောဘူးဆိုတာကို ရှင်းလင်းအောင် လုပ်ရမှာပါ။ ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့အလုပ်က အီသန် ပထမအသင်းနဲ့အတူ ကစားတဲ့အချိန်မှာ တိုးတက်အောင် ကူညီပေးဖို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားဖို့ ကြိုတင်ပြင်ဆင်နေပြီး မာဆေးဆိုဒ်ကို သွားရောက်ရမယ့်ပွဲအတွက် အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဆာလီဘာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူဟာ စပို့တင်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဒီရာသီမှာ လိဂ်ပွဲ ၂ ပွဲသာ လွဲချော်ခဲ့သူဖြစ်ပြီး အာတီတာက ပြင်သစ်နောက်ခံလူ ပိုကောင်းမွန်လာတယ်လို့ ခံစားရအောင် အရာအားလုံးလုပ်ဖို့ ကြိုးပမ်းနေပေမယ့်လည်း နောက်ကျောမှာ သက်တောင့်သက်သာမရှိမှုကို ခံစားနေရဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆာလီဘာအနေနဲ့ ယခုရာသီမှာ နောက်ထပ်တစ်ကြိမ် ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး အက်ဒီ အန်ကီးတီးယားကလည်း လိဒ်စ်နဲ့ပွဲကို လွဲချော်ခဲ့ပြီးနောက် ပြန်လာနိုင်ဖို့ ရက်သတ္တပတ်အနည်းငယ်လိုသေးတယ်လို့ အာတီတာက အတည်ပြုခဲ့ပါတယ်။ တိုမီယဆုနဲ့ အယ်လ်နန်နီတို့ကလည်း ကာလရှည်အနားယူရမယ့် ဒဏ်ရာကြောင့် ဆက်လက် လွဲချော်ဦးမှာဖြစ်ပြီး နှစ်ဦးစလုံးဟာ ယခုရာသီကုန်အထိ လွဲချော်မယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
-ဂယ်ရီ နဗီးက ဘာကြောင့် ဇန်နဝါရီလတုန်းက မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ရဲ့အထက်မှာ ရာသီပြီးဆုံးမယ်လို့ ဟောကိန်းထုတ်ခဲ့တာလဲဆိုတာကို ရှင်းလင်းခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေက ဂယ်ရီ နဗီးရဲ့ ပြောဆိုမှုကို မမေ့နိုင်ကြတာဖြစ်ပြီး ပရိသတ်တစ်ဦးက မန်ယူနိုက်တက်ဂန္တဝင်ရဲ့ အငြင်းပွားဖွယ် ဟောကိန်းကို ပြန်လည်မျှဝေပြီး သတိပေးခဲ့ချိန်မှာ နဗီးက “စိတ်လျှော့ပါ။ အဲဒါက လွန်ခဲ့တဲ့ ၂ လခွဲတုန်းကပါ။ အဲဒါက ခန့်မှန်းချက်ပါ။ ခင်ဗျားတို့ ခြေချော်သွားခဲ့မယ်လို့ ထင်ခဲ့မိပါတယ်။(လွန်ခဲ့တဲ့ ၁၅ နှစ်စလုံး အဲဒီအတွက် လုံလောက်တဲ့သက်သေရှိထားခဲ့)။ ခင်ဗျားတို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးလေ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
-ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ အတ္တလန္တာတိုက်စစ်မှူး ရာ့စ်မွတ်စ် ဟိုရီလွန်းကို ကြားဖြတ်ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒိန်းမတ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုရာသီ စီးရီးအေ ၂၄ ပွဲမှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့မတ်လ နိုင်ငံတကာအားလပ်ရက်အတွင်း လက်ရွေးစင်အသင်းအတွက် အထင်ကြီးဖွယ် ဂိုးသွင်းခြေစွမ်းကို ပြသနိုင်ခဲ့ပြီးနောက် စိတ်ဝင်စားမှုတွေ ပိုမိုမြင့်တက်လာစေခဲ့တာဖြစ်ပါတယ်။ Calciomercato က အရင်တုန်းက အာဆင်နယ်နဲ့ ဂျူဗင်တပ်တို့က ဟိုရီလွန်းကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ဦးဆောင်နေတယ်လို့ ဖော်ပြခဲ့ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့အပတ်အထိ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက မာဒရစ်ခ်နဲ့တုန်းကလို အာဆင်နယ်ကို ဖြတ်ခုတ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး အတ္တလန္တာအသင်းဟာ ဟိုရီလွန်းအတွက် ပေါင်သန်း ၆၀ သတ်မှတ်ထားပေမယ့် ချဲလ်ဆီးက အီတလီကလပ်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ပထမဆုံးခြေလှမ်းတောင် လှမ်းထားပြီးပြီလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းက အတ္တလန္တာဥက္ကဌ အန်တိုနီယို ပါကက်စီကို ၎င်းတို့ရဲ့ မကြာသေးမီက ဒေါ့မွန်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ဖိတ်ခေါ်ခဲ့ပြီး ဟိုရီလွန်းကို ခေါ်ယူနိုင်ခြေရှိ၊ မရှိကို ဆွေးနွေးခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles