ဂန်းနားစိတ်ဓာတ်က ဘယ်လိုလဲဆိုတာ အားလုံးသိအောင် ရှင်းရှင်းပဲ ပြောပြလိုက်တဲ့ မာတီနယ်လီ coyg

ဂန်းနားစိတ်ဓာတ်က ဘယ်လိုလဲဆိုတာ အားလုံးသိအောင် ရှင်းရှင်းပဲ ပြောပြလိုက်တဲ့ မာတီနယ်လီ

ဂါဘရီယဲလ် မာတီနယ်လီဟာ စပို့တင်းလစ္စဘွန်းနဲ့ ယနေ့ည ယှဉ်ပြိုင်ကစားမယ့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေ မေးမြန်းသမျှကို ဖြေကြားပေးခဲ့ပါတယ်။

မေး- ကွင်းထဲမှာ ပိုပြီး အားနဲ့မာန်နဲ့ ကစားနိုင်နေတဲ့အပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ- ဆက်ပြီးတော့ အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။ ကျွန်တော် ဆိုလိုချင်တာက ကျွန်တော် အမြဲတမ်း ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတယ်။ အဲဒါက ကျွန်တော် လုပ်ခဲ့တဲ့အရာပဲ။ ဆက်ပြီး အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားနေမှာပါ။

မေး- အထောင်တိုက်စစ် ဒါမှမဟုတ် တောင်ပံတိုက်စစ်ကစားရတာ ဘယ်ဟာပိုကြိုက်လဲ။
ဖြေ- ကျွန်တော့်အတွက် (ဘယ်နေရာ ကစားရ ကစားရ) ကိစ္စမရှိပါဘူး။ ကျွန်တော်က အာဆင်နယ်အသင်းအတွက် ဝင်ကစားပေးရမယ်ဆိုရင် ဂိုးသမားနေရာမှာလည်း ကစားပေးနိုင်ပါတယ်။

မေး- ဂျေးဇုအခြေအနေနဲ့ သူ ပြန်လာရင် အသင်းအတွက် ဘယ်လောက်အထိ အားတက်စရာကြီးကြီးမားမားဖြစ်လာနိုင်လဲ။
ဖြေ- သေချာတာတော့ ကြီးမားတဲ့ ရင်းနှီးမှုရှိပါတယ်။ သူက အရမ်းတော်တဲ့လူဖြစ်ပြီး အရမ်းတော်တဲ့ ကစားသမားပါ။ ကျွန်တော် အဲဒါကို အကြိမ်ပေါင်းများစွာ ပြောခဲ့တယ်။ ကျွန်တော့်အတွက်တော့ သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ သေချာပေါက် သူ ကျွန်တော်တို့ကို နောက်ဆုံးလအနည်းငယ်အတွင်းမှာ အများကြီး အကူအညီပေးသွားမှာပါ။

မေး- ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ရှုံးပွဲကို ဒီနှစ်မှာ စိတ်ဓာတ်ခွန်အားအဖြစ် အသုံးပြုသွားမှာလား။
ဖြေ- ခင်ဗျား အာဆင်နယ်အတွက် ကစားပေးတာဆိုရင် ခင်ဗျား ပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ယူဖို့ လိုတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပဲ။ ကျွန်တော်တို့ မနက်ဖြန်(ယနေ့)စပို့တင်းနဲ့ ကစားသွားမယ်။ ကျွန်တော်တို့ အဲဒီကို အနိုင်ယူဖို့ သွားမှာပါ။

မေး- ဖေဘီယို ဗီယာရာနဲ့ ရင်းနှီးမှုတေ်ာတော်ရှိလား။
ဖြေ- သူက အရမ်းတော်တဲ့သူပါ။ အားလုံးက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မြင်နိုင်ပြီး သူက အရမ်းတော်တဲ့သူပါ။ ကျွန်တော် သူ့ကို နှစ်သက်ပါတယ်။ သူက ဒီနေရာမှာ ရှိနေရမှာပါ(သတင်းစာရှင်းလင်းပွဲ)။ ဒါပေမယ့် သူ နေမကောင်းဖြစ်နေပြီး သူ့အစားကျွန်တော်ဒီမှာရှိနေရတာပါ။

မေး- ကစားသမားတွေက ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ အသင်းကို ဦးဆောင်သူ ဖြစ်ပေးနိုင်လား။
ဖြေ- ဖြစ်ပေးနိုင်တာပေါ့။ ကျွန်တော်က ကျောနံပါတ် ၉ ဒါမှမဟုတ် တောင်ပံမှာပဲဖြစ်ဖြစ် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပြီး အသင်းကို ကူညီပေးနိုင်ဖို့ အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ကြိုးစားပါတယ်။ ကျွန်တော် ကျောနံပါတ် ၉ အဖြစ် ကစားရတာလည်း ပျော်တယ်။ တောင်ပံကစားသမားအနေနဲ့ ကစားရတာလည်း ပျော်တယ်။ အဲဒါက မီခေးလ်ရဲ့ သဘောပါပဲ။ သူ ဘယ်နေရာမှာပဲ ကစားခိုင်းသည်ဖြစ်စေ ကျွန်တော် ကစားမှာပါ။

မေး- ဆာကာရဲ့အခြေအနေနဲ့ သူ့ရဲ့ စာချုပ်ကိစ္စ ပြောဆိုမှုတွေကရော။
ဖြေ- ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်(ဆာကာ စာချုပ်ချုပ်ရင်)။ ဘာလို့လဲဆိုတော့ သူက အရမ်းကောင်းတဲ့ကစားသမားနဲ့ ကမ္ဘာပေါ်က အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်နေလို့ပါ။ သူက သူ့အိမ်မှာရှိနေတာပါ။ အာဆင်နယ်က အိမ်ပဲ။ အဲဒါသေချာတယ်။ သူ ပျော်နေတယ်။ ကျွန်တော်တို့လည်း သူဆက်နေပြီး စာချုပ်သစ် ချုပ်ရင် ပျော်မှာပါ။ သူ ဆက်နေမှာ သေချာပါတယ်။ သူက အသင်းကို ချစ်မြတ်နိုးတယ်။

မေး- ဗီလာနဲ့ပွဲမှာ အနားယူခဲ့တာလား။
ဖြေ- အဲဒါက ကျွန်တော့်အတွက် အကျိုးရှိခဲ့တယ်လို့ ထင်တယ်။ ဘယ်သူ ကစားမယ်၊ ဘယ်သူ မကစားရဘူးဆိုတာက မီခေးလ်နဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော် မကစားရရင်လည်း အသင်းကို တခြားနည်းလမ်းတွေနဲ့ ကူညီပေးဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော် ကစားရရင်လည်း အကောင်းဆုံးလုပ်ဖို့ အမြဲ ကြိုးစားနေပြီး အဲဒါက ကျွန်တော့်အတွက် ကောင်းတယ်လို့ ထင်ပါတယ်။ အဲဒီပွဲမှာ ကျွန်တော် စတုတ္ထမြောက်ဂိုးကို သွင်းခဲ့တယ်။ ကျွန်တော် အရမ်းပျော်ရွှင်မိခဲ့ပါတယ်။

မေး- စပို့တင်းလစ္စဘွန်းအပေါ် အမြင်ကရော။
ဖြေ- သူတို့က အရမ်းကောင်းတဲ့အသင်းပါ။ သူတို့မှာ အဓိက ကစားသမားတစ်ဦးတည်းရှိတာမဟုတ်ပါဘူး။ သူတို့တွေ တစ်သင်းလုံးက အရမ်းကောင်းတာပါ။ ကျွန်တော်တို့ ဒီပွဲအတွက် ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ခံစစ်မှာ ၅ ဦးနဲ့ သူတို့ ကစားမှာ သိပါတယ်။ အဲဒီတော့ ခံစစ် ၅ ဦး၊ ၄ ဦးကို ရင်ဆိုင်ကစားဖို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ မနက်ဖြန် အရမ်းကောင်းတဲ့ပွဲဖြစ်လာမှာပါ။ သူတို့တွေမှာ အရမ်းကောင်းတဲ့အသင်းရှိပါတယ်။

မေး- အာဆင်နယ်ပရိသတ်တွေကို ဘာပြောချင်လဲ။
ဖြေ- သူတို့ကို ကျွန်တော် ချစ်မြတ်နိုးတယ်။ သူတို့တွေလည်း ကျွန်တော့်ကို ချစ်မြတ်နိုးမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် အမြဲတမ်းကွင်းထဲမှာ သူတို့ ပျော်ရွှင်အောင် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်။

Arsenal Myanmar
Ref: Internet

ZAWGYI:

ဂါဘရီယဲလ္ မာတီနယ္လီဟာ စပို႔တင္းလစၥဘြန္းနဲ႔ ယေန႔ည ယွဥ္ၿပိဳင္ကစားမယ့္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြ ေမးျမန္းသမွ်ကို ေျဖၾကားေပးခဲ့ပါတယ္။

ေမး- ကြင္းထဲမွာ ပိုၿပီး အားနဲ႔မာန္နဲ႔ ကစားႏိုင္ေနတဲ့အေပၚမွာေရာ ဘာေျပာခ်င္လဲ။
ေျဖ- ဆက္ၿပီးေတာ့ အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားေနပါတယ္။ ကြၽန္ေတာ္ ဆိုလိုခ်င္တာက ကြၽန္ေတာ္ အၿမဲတမ္း ကြင္းထဲမွာေရာ ကြင္းျပင္ပမွာပါ အေကာင္းဆုံးျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးစားေနတယ္။ အဲဒါက ကြၽန္ေတာ္ လုပ္ခဲ့တဲ့အရာပဲ။ ဆက္ၿပီး အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားေနမွာပါ။

ေမး- အေထာင္တိုက္စစ္ ဒါမွမဟုတ္ ေတာင္ပံတိုက္စစ္ကစားရတာ ဘယ္ဟာပိုႀကိဳက္လဲ။
ေျဖ- ကြၽန္ေတာ့္အတြက္ (ဘယ္ေနရာ ကစားရ ကစားရ) ကိစၥမရွိပါဘူး။ ကြၽန္ေတာ္က အာဆင္နယ္အသင္းအတြက္ ဝင္ကစားေပးရမယ္ဆိုရင္ ဂိုးသမားေနရာမွာလည္း ကစားေပးႏိုင္ပါတယ္။

ေမး- ေဂ်းဇုအေျခအေနနဲ႔ သူ ျပန္လာရင္ အသင္းအတြက္ ဘယ္ေလာက္အထိ အားတက္စရာႀကီးႀကီးမားမားျဖစ္လာႏိုင္လဲ။
ေျဖ- ေသခ်ာတာေတာ့ ႀကီးမားတဲ့ ရင္းႏွီးမႈရွိပါတယ္။ သူက အရမ္းေတာ္တဲ့လူျဖစ္ၿပီး အရမ္းေတာ္တဲ့ ကစားသမားပါ။ ကြၽန္ေတာ္ အဲဒါကို အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သူက ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါ။ ေသခ်ာေပါက္ သူ ကြၽန္ေတာ္တို႔ကို ေနာက္ဆုံးလအနည္းငယ္အတြင္းမွာ အမ်ားႀကီး အကူအညီေပးသြားမွာပါ။

ေမး- ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ရႈံးပြဲကို ဒီႏွစ္မွာ စိတ္ဓာတ္ခြန္အားအျဖစ္ အသုံးျပဳသြားမွာလား။
ေျဖ- ခင္ဗ်ား အာဆင္နယ္အတြက္ ကစားေပးတာဆိုရင္ ခင္ဗ်ား ၿပိဳင္ပြဲတိုင္းကို ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး အႏိုင္ယူဖို႔ လိုတယ္။ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕ စိတ္ဓာတ္ပဲ။ ကြၽန္ေတာ္တို႔ မနက္ျဖန္(ယေန႔)စပို႔တင္းနဲ႔ ကစားသြားမယ္။ ကြၽန္ေတာ္တို႔ အဲဒီကို အႏိုင္ယူဖို႔ သြားမွာပါ။

ေမး- ေဖဘီယို ဗီယာရာနဲ႔ ရင္းႏွီးမႈေတ္ာေတာ္ရွိလား။
ေျဖ- သူက အရမ္းေတာ္တဲ့သူပါ။ အားလုံးက ကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးကို ျမင္ႏိုင္ၿပီး သူက အရမ္းေတာ္တဲ့သူပါ။ ကြၽန္ေတာ္ သူ႔ကို ႏွစ္သက္ပါတယ္။ သူက ဒီေနရာမွာ ရွိေနရမွာပါ(သတင္းစာရွင္းလင္းပြဲ)။ ဒါေပမယ့္ သူ ေနမေကာင္းျဖစ္ေနၿပီး သူ႔အစားကြၽန္ေတာ္ဒီမွာရွိေနရတာပါ။

ေမး- ကစားသမားေတြက ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာ အသင္းကို ဦးေဆာင္သူ ျဖစ္ေပးႏိုင္လား။
ေျဖ- ျဖစ္ေပးႏိုင္တာေပါ့။ ကြၽန္ေတာ္က ေက်ာနံပါတ္ ၉ ဒါမွမဟုတ္ ေတာင္ပံမွာပဲျဖစ္ျဖစ္ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ၿပီး အသင္းကို ကူညီေပးႏိုင္ဖို႔ အေကာင္းဆုံးျဖစ္ေအာင္ အၿမဲတမ္း ႀကိဳးစားပါတယ္။ ကြၽန္ေတာ္ ေက်ာနံပါတ္ ၉ အျဖစ္ ကစားရတာလည္း ေပ်ာ္တယ္။ ေတာင္ပံကစားသမားအေနနဲ႔ ကစားရတာလည္း ေပ်ာ္တယ္။ အဲဒါက မီေခးလ္ရဲ႕ သေဘာပါပဲ။ သူ ဘယ္ေနရာမွာပဲ ကစားခိုင္းသည္ျဖစ္ေစ ကြၽန္ေတာ္ ကစားမွာပါ။

ေမး- ဆာကာရဲ႕အေျခအေနနဲ႔ သူ႔ရဲ႕ စာခ်ဳပ္ကိစၥ ေျပာဆိုမႈေတြကေရာ။
ေျဖ- ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါလိမ့္မယ္(ဆာကာ စာခ်ဳပ္ခ်ဳပ္ရင္)။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းေကာင္းတဲ့ကစားသမားနဲ႔ ကမာၻေပၚက အေကာင္းဆုံးလူငယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ေနလို႔ပါ။ သူက သူ႔အိမ္မွာရွိေနတာပါ။ အာဆင္နယ္က အိမ္ပဲ။ အဲဒါေသခ်ာတယ္။ သူ ေပ်ာ္ေနတယ္။ ကြၽန္ေတာ္တို႔လည္း သူဆက္ေနၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ရင္ ေပ်ာ္မွာပါ။ သူ ဆက္ေနမွာ ေသခ်ာပါတယ္။ သူက အသင္းကို ခ်စ္ျမတ္ႏိုးတယ္။

ေမး- ဗီလာနဲ႔ပြဲမွာ အနားယူခဲ့တာလား။
ေျဖ- အဲဒါက ကြၽန္ေတာ့္အတြက္ အက်ိဳးရွိခဲ့တယ္လို႔ ထင္တယ္။ ဘယ္သူ ကစားမယ္၊ ဘယ္သူ မကစားရဘူးဆိုတာက မီေခးလ္နဲ႔ပဲ ဆိုင္ပါတယ္။ ကြၽန္ေတာ္ မကစားရရင္လည္း အသင္းကို တျခားနည္းလမ္းေတြနဲ႔ ကူညီေပးဖို႔ အေကာင္းဆုံးႀကိဳးစားသြားမွာပါ။ ကြၽန္ေတာ္ ကစားရရင္လည္း အေကာင္းဆုံးလုပ္ဖို႔ အၿမဲ ႀကိဳးစားေနၿပီး အဲဒါက ကြၽန္ေတာ့္အတြက္ ေကာင္းတယ္လို႔ ထင္ပါတယ္။ အဲဒီပြဲမွာ ကြၽန္ေတာ္ စတုတၳေျမာက္ဂိုးကို သြင္းခဲ့တယ္။ ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္မိခဲ့ပါတယ္။

ေမး- စပို႔တင္းလစၥဘြန္းအေပၚ အျမင္ကေရာ။
ေျဖ- သူတို႔က အရမ္းေကာင္းတဲ့အသင္းပါ။ သူတို႔မွာ အဓိက ကစားသမားတစ္ဦးတည္းရွိတာမဟုတ္ပါဘူး။ သူတို႔ေတြ တစ္သင္းလုံးက အရမ္းေကာင္းတာပါ။ ကြၽန္ေတာ္တို႔ ဒီပြဲအတြက္ ေကာင္းမြန္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ခံစစ္မွာ ၅ ဦးနဲ႔ သူတို႔ ကစားမွာ သိပါတယ္။ အဲဒီေတာ့ ခံစစ္ ၅ ဦး၊ ၄ ဦးကို ရင္ဆိုင္ကစားဖို႔ ႀကိဳတင္ျပင္ဆင္ခဲ့ပါတယ္။ မနက္ျဖန္ အရမ္းေကာင္းတဲ့ပြဲျဖစ္လာမွာပါ။ သူတို႔ေတြမွာ အရမ္းေကာင္းတဲ့အသင္းရွိပါတယ္။

ေမး- အာဆင္နယ္ပရိသတ္ေတြကို ဘာေျပာခ်င္လဲ။
ေျဖ- သူတို႔ကို ကြၽန္ေတာ္ ခ်စ္ျမတ္ႏိုးတယ္။ သူတို႔ေတြလည္း ကြၽန္ေတာ့္ကို ခ်စ္ျမတ္ႏိုးမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္ အၿမဲတမ္းကြင္းထဲမွာ သူတို႔ ေပ်ာ္႐ႊင္ေအာင္ အေကာင္းဆုံးျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးစားေနပါတယ္။

Arsenal Myanmar
Ref: Internet