ခံစစ်အပေါ်မှာပဲ မှီခိုလို့ မရဘဲ ဂိုးတွေ စတင်သွင်းယူရတော့မယ့် အာဆင်နယ် 1024 659 coyg

ခံစစ်အပေါ်မှာပဲ မှီခိုလို့ မရဘဲ ဂိုးတွေ စတင်သွင်းယူရတော့မယ့် အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရာသီသစ် ၂ ပွဲသာ ကစားရသေးပေမယ့်လည်း အလွန်ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ရာသီဖြစ်တယ်ဆိုတာကိုတော့ လုံလုံလောက်လောက် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

အာဆင်နယ်၊ မန်စီးတီး၊ ဘရိုက်တန်တို့ဟာ ယခုရာသီသစ်မှာ အနိုင် ၆ မှတ်စလုံးကို အပြည့်အဝ ရယူထားနိုင်တဲ့ ၃ သင်းတည်းသော အသင်းတွေဖြစ်ပြီး ဘရိုက်တန်ဟာ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတာဖြစ်ပါတယ်။

ဂန်းနားတွေကလည်း ၎င်းတို့ရဲ့အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိစေချင်မှာဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ ၂ ပွဲစလုံးကို ဂိုးကွာခြားချက် ၂ ဂိုးထက် ပိုမိုနည်းပါးတဲ့နိုင်ပွဲသာ ရရှိခဲ့တာဖြစ်ပြီး ဂိုးများများသွင်းနိုင်ရမယ့်အသင်းတွေနဲ့ ပွဲစဉ်မှာ ဂိုးထင်သလောက် မသွင်းနိုင်တာက စိုးရိမ်စရာဖြစ်လာနေပါတယ်။

ဒီကျဉ်းမြောင်းတဲ့နိုင်ပွဲတွေက ဂန်းနားတွေကို မန်ချက်စတာစီးတီးလို(ဂိုးကွာခြားချက် +၄)ထိပ်တန်းအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သက်တောင့်သက်သာနဲ့ အနိုင်ယူနိုင်ပါ့မလားဆိုတဲ့ သံသယတွေဖြစ်လာစေနိုင်ပြီး ယခုလကုန် မဲခွဲပြီးတာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကစားသွားရဦးမှာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေးဇုရဲ့ ဒဏ်ရာက အာဆင်နယ်ရဲ့ သွင်းဂိုးတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိခဲ့တာဖြစ်နိုင်ပြီး အဲဒီလိုသာဆိုရင် အာတီတာအနေနဲ့ ၎င်းရဲ့ အသင်း ဂိုးတွေ ပိုမိုသွင်းယူနိုင်ဖို့အတွက် နည်းဗျူဟာတွေ ရှာဖွေဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲက ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးတော့ ပြင်းထန်လာမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ နောက်ထပ်တစ်ကြိမ် မရှုံးနိမ့်ချင်ဘူးဆိုရင် ဂိုးကွာခြားချက် များများရယူထားနိုင်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အာတီတာက ၎င်းရဲ့အသင်းဟာ ကစားချင်တဲ့ အဆင့်အတန်းအတိုင်း ကစားနိုင်နေလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ဟင့်အင်း။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မကြာခဏ ဘောလုံးကို ဂိုးပေါက်ထဲကို ကန်သွင်းယူနိုင်ရမှာမို့လို့ပါ။ အထူးသဖြင့် ကျွန်တော်တို့ ပွဲစဉ်တွေမှာ လွှမ်းမိုးထားနိုင်တဲ့အခါမှာပေါ့။ ဒါပေမယ့် ဒါက ဘောလုံးမှာ အခက်ခဲဆုံးအရာပါ။ အဲဒီတော့ ခင်ဗျား အဲဒါကို မလုပ်နိုင်ရင် တခြားအပိုင်းကို လုပ်ပေါ့။ အဲဒါက ခံစစ်ပိုင်းမှာ အရမ်းကို ကျစ်လစ်နေဖို့ပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်မှာ အရမ်းကျစ်လစ်ခဲ့တယ်။ ကျွန်တော်တို့ ဒီနေ့မှာလည်း ကျွန်တော်တို့ ပေးခဲ့ရတဲ့ အခွင့်အရေးတွေနဲ့ဆိုရင် နောက်ထပ်တစ်ကြိမ် ကျစ်လစ်ခဲ့တယ်။ ပိုပြီးကောင်းအောင်နဲ့ တိုးတက်လာအောင် ဆက်ပြီး ကစားသွားကြတာပေါ့”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ရာသီသစ္ ၂ ပြဲသာ ကစားရေသးေပမယ့္လည္း အလြန္ယွဥ္ၿပိဳင္မႈျပင္းထန္တဲ့ ရာသီျဖစ္တယ္ဆိုတာကိုေတာ့ လုံလုံေလာက္ေလာက္ ျမင္ေတြ႕ခဲ့ရၿပီး ျဖစ္ပါတယ္။

အာဆင္နယ္၊ မန္စီးတီး၊ ဘ႐ိုက္တန္တို႔ဟာ ယခုရာသီသစ္မွာ အႏိုင္ ၆ မွတ္စလုံးကို အျပည့္အဝ ရယူထားႏိုင္တဲ့ ၃ သင္းတည္းေသာ အသင္းေတြျဖစ္ၿပီး ဘ႐ိုက္တန္ဟာ ဂိုးကြာျခားခ်က္ေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးမွာရွိေနတာျဖစ္ပါတယ္။

ဂန္းနားေတြကလည္း ၎တို႔ရဲ႕အသင္းကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ရွိေစခ်င္မွာျဖစ္ေပမယ့္လည္း အာဆင္နယ္ဟာ ၂ ပြဲစလုံးကို ဂိုးကြာျခားခ်က္ ၂ ဂိုးထက္ ပိုမိုနည္းပါးတဲ့ႏိုင္ပြဲသာ ရရွိခဲ့တာျဖစ္ၿပီး ဂိုးမ်ားမ်ားသြင္းႏိုင္ရမယ့္အသင္းေတြနဲ႔ ပြဲစဥ္မွာ ဂိုးထင္သေလာက္ မသြင္းႏိုင္တာက စိုးရိမ္စရာျဖစ္လာေနပါတယ္။

ဒီက်ဥ္းေျမာင္းတဲ့ႏိုင္ပြဲေတြက ဂန္းနားေတြကို မန္ခ်က္စတာစီးတီးလို(ဂိုးကြာျခားခ်က္ +၄)ထိပ္တန္းအသင္းနဲ႔ ရင္ဆိုင္ရတဲ့အခါမွာ သက္ေတာင့္သက္သာနဲ႔ အႏိုင္ယူႏိုင္ပါ့မလားဆိုတဲ့ သံသယေတြျဖစ္လာေစႏိုင္ၿပီး ယခုလကုန္ မဲခြဲၿပီးတာနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ကစားသြားရဦးမွာျဖစ္ပါတယ္။

ဂါဘရီယဲလ္ ေဂ်းဇုရဲ႕ ဒဏ္ရာက အာဆင္နယ္ရဲ႕ သြင္းဂိုးေတြအေပၚမွာ အက်ိဳးသက္ေရာက္မႈ ရွိခဲ့တာျဖစ္ႏိုင္ၿပီး အဲဒီလိုသာဆိုရင္ အာတီတာအေနနဲ႔ ၎ရဲ႕ အသင္း ဂိုးေတြ ပိုမိုသြင္းယူႏိုင္ဖို႔အတြက္ နည္းဗ်ဴဟာေတြ ရွာေဖြဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲက ဒီရာသီမွာ ၿပီးခဲ့တဲ့ရာသီကထက္ ပိုၿပီးေတာ့ ျပင္းထန္လာမွာျဖစ္ၿပီး အာဆင္နယ္အေနနဲ႔ ေနာက္ထပ္တစ္ႀကိမ္ မရႈံးနိမ့္ခ်င္ဘူးဆိုရင္ ဂိုးကြာျခားခ်က္ မ်ားမ်ားရယူထားႏိုင္ဖို႔လည္း လိုအပ္မွာျဖစ္ပါတယ္။

ခရစၥတယ္ ပဲေလ့စ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ အာတီတာက ၎ရဲ႕အသင္းဟာ ကစားခ်င္တဲ့ အဆင့္အတန္းအတိုင္း ကစားႏိုင္ေနလားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ “ဟင့္အင္း။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ မၾကာခဏ ေဘာလုံးကို ဂိုးေပါက္ထဲကို ကန္သြင္းယူႏိုင္ရမွာမို႔လို႔ပါ။ အထူးသျဖင့္ ကြၽန္ေတာ္တို႔ ပြဲစဥ္ေတြမွာ လႊမ္းမိုးထားႏိုင္တဲ့အခါမွာေပါ့။ ဒါေပမယ့္ ဒါက ေဘာလုံးမွာ အခက္ခဲဆုံးအရာပါ။ အဲဒီေတာ့ ခင္ဗ်ား အဲဒါကို မလုပ္ႏိုင္ရင္ တျခားအပိုင္းကို လုပ္ေပါ့။ အဲဒါက ခံစစ္ပိုင္းမွာ အရမ္းကို က်စ္လစ္ေနဖို႔ပါ။ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့အပတ္မွာ အရမ္းက်စ္လစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒီေန႔မွာလည္း ကြၽန္ေတာ္တို႔ ေပးခဲ့ရတဲ့ အခြင့္အေရးေတြနဲ႔ဆိုရင္ ေနာက္ထပ္တစ္ႀကိမ္ က်စ္လစ္ခဲ့တယ္။ ပိုၿပီးေကာင္းေအာင္နဲ႔ တိုးတက္လာေအာင္ ဆက္ၿပီး ကစားသြားၾကတာေပါ့”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet