ခက်ခဲမယ့် ဖူလ်ဟမ်နဲ့လန်ဒန်ဒါဘီပွဲမှာ အပြည့်အဝအာရုံစိုက်ပြီး အနိုင် ၃မှတ် အပြည့်အရယူမယ့် ဂန်းနားများ admin

ခက်ခဲမယ့် ဖူလ်ဟမ်နဲ့လန်ဒန်ဒါဘီပွဲမှာ အပြည့်အဝအာရုံစိုက်ပြီး အနိုင် ၃မှတ် အပြည့်အရယူမယ့် ဂန်းနားများ

အာဆင်နယ်အသင်းသည် တနင်္ဂနွေနေ့ ည ၈ နာရီခွဲတွင် လန်ဒန်မြို့ခံပြိုင်ဘက် ဖူလ်ဟမ်အသင်းရဲ့ ကွင်းသို့ သွားရောက်မည်ဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းနှင့် ၅ မှတ် ပြန်လည် ဖြတ်ထားရန် ဖူလ်ဟမ်အသင်းကို အနိုင်ကစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ မာကိုဆေးလ်ဗား၏အသင်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အနောက်လန်ဒန်ဒါဘီတွင် ဘရန့်ဖို့ဒ်ကို ၃-၂ ဖြင့်ရှုံးနိမ့်ခဲ့ပြီး အာတီတာ၏ ဂန်းနားတို့ကတော့ ပေါ်တူဂီမှာ ကစားခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ပထမအကျော့မှာ စပို့တင်းလစ္စဘွန်းနှင့် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

နှစ်ဖက်အသင်း သတင်းများ
ဖူလ်ဟမ်
ဖူလ်ဟမ်အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ ပေါ်လင်ညာဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုပွဲကို ဆက်လက်လွဲချော်မှာ ဖြစ်ပြီး အာဆင်နယ်ကနေ အငှားလာရောက်ကစားနေတဲ့ စီဒရစ်သည်လည်း မိခင်ကလပ်အသင်းနဲ့ ကစားခွင့်မရှိသည့်အတွက် ပါဝင်လာမှာ မဟုတ်ပါဘူး။ သို့သော် ဖူလ်ဟမ်အသင်းမှာ အာဆင်နယ်အသင်းအကြောင်းသိနေတဲ့ အာဆင်နယ်ကစားသမားဟောင်းတွေဖြစ်တဲ့ ယခုရာသီမှာ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား လီနိုနဲ့ ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာတဲ့ ကွင်းလယ်ကစားသမား ဝီလီယမ်တို့ ယခုပွဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းအနေနဲ့ ယခုရာသီမှာ အိမ်ကွင်း ၁၃ ပွဲ ကစားခဲ့ရာမှာ ၃ ပွဲ သာရှုံးနိမ့်ထားခဲ့ပါတယ်။ အစ္စရေးတိုက်စစ်မှူး ဆောလမွန်က ဖူလ်ဟမ်အသင်းအတွက် နောက်ဆုံး ၄ ပွဲမှာ ၄ ဂိုး သွင်းယူပေးထားပါတယ်။

အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးကို ရှုံးပြီးနောက်ပိုင်း ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲရရှိထားခဲ့ပါတယ်။ တိုက်စစ်မှူးတွေဖြစ်တဲ့ ဂါဘရီယဲလ် ဂျေးဇု၊ အန်ကီးတီးယားတို့ကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ထရော့စ်ဆာ့ဒ်ကို တိုက်စစ်မှူးနေရာကို နေရာပြောင်းကစားစေခဲ့ပေမယ့်လည်း ဒီဘယ်လ်ဂျီယမ်သားပါ ဒဏ်ရာထပ်ရသွားခဲ့တဲ့အတွက် နည်းပြအာတီတာအနေနဲ့ တိုက်စစ်ပြဿနာအတွက် ခေါင်းခဲနေရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က စပို့တင်းလစ္စဘွန်းနဲ့ပွဲကို အဖျားရောဂါကြောင့်လွဲခဲ့တဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်နဲ့ တီယာနီတို့ ယနေ့လေ့ကျင့်ရေးအစီအစဉ်မှာ ပြန်လည်ပါဝင်လာတဲ့အတွက် အာတီတာရဲ့ အသင်းအတွက် အနည်းငယ် စိတ်အေးစရာဖြစ်ခဲ့ရပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း
ဖူလ်ဟမ်အသင်းဘက်က လီနို၊ တင်မ် ရင်းမ်၊ ဒီယော့ပ်၊ ကင်နီ တီတီ၊ ရော်ဘင်ဆန်၊ လူကစ်ချ်၊ ဟာရစ်ဆန် ရိဒ်၊ ပါရဲရား၊ ဆော်လမွန်၊ ဝီလီယန်နဲ့ မီထရိုဗစ် တို့နဲ့ပွဲထွက်လာနိုင်ချေရှိပါတယ်။
အာဆင်နယ်အသင်းဘက်ကတော့ ရမ်းစ်ဒေးလ်၊ ဘန် ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဇင်ချန်ကို၊ ပါတေး၊ ချာကာ၊ အော်ဒီဂွါ့ဒ်၊ မာတီနယ်လီ၊ ဆာကာနဲ့ နယ်လ်ဆန်တို့နဲ့ ပွဲထွက်လာဖို့ များပါတယ်။

ပွဲကြို သုံးသပ်ချက်
ဖူလ်ဟမ်အသင်းဟာ သူတို့ရဲ့ကောင်းမွန်တဲ့ အိမ်ကွင်းရလဒ်၊ ကြံ့ခိုင်မှုပြန်လည်ပြည့်နေတဲ့ တိုက်စစ်မှူး မီထရိုဗစ်နဲ့ နောက်ဆုံး ၄ ပွဲမှာ ၄ ပွဲ ဆက်တိုက် ဂိုးသွင်းယူထားတဲ့ အစ္စရေးတိုက်စစ်မှူး ဆော်လမွန်တို့အားနဲ့ ပေါ်တူဂီမြေက ပြန်လာလို့ ခရီးပန်းနေပြီး နောက်ပိုင်းပွဲတွေမှာ ပေးဂိုးများနေတဲ့ အာဆင်နယ်အသင်းနောက်တန်းကို အခက်တွေ့အောင် ပြုလုပ်ဖို့ရှိနေပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေဟာ စပို့တင်းပွဲမှာ အနားရထားတဲ့ အဓိက ကစားသမားတချို့ရဲ့အားနဲ့အတူ အကောင်းဆုံး လူစာရင်းနဲ့ပွဲထွက်လာဖို့ရှိနေပြီး နှစ်မှတ်သာ ကွာဟတော့တဲ့ မန်စီးတီးအသင်းကို ၅ မှတ်ပြန်ဖြတ်ဖို့အတွက် ဘယ်အခြေအနေမဆို အနိုင်ရနိုင်တယ်လို့ ယုံကြည်နေတဲ့ စိတ်ခွန်အားတွေနဲ့ ဖူလ်ဟမ်ကို အနိုင်ကစားဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်ရင် နောက်ဆုံးတွေ့ဆုံခဲ့မှု ၉ ကြိမ်မှာ အာဆင်နယ်အသင်းအနေနဲ့ ရှုံးနိမ့်ခဲ့ခြင်းမရှိပဲ ၇ ပွဲနိုင် ၂ ပွဲသရေရလဒ်ကို ရယူထားနိုင်ပါတယ်။ ယခုပွဲမှာလည်း ချန်ပီယံဖြစ်ချင်ရင် အနိုင် ၃ မှတ်အပြည့်ရမှဖြစ်မယ်ဆိုတာသိနေပြီး အပြည့်အ၀ အာရုံစိုက်ကစားမယ့် နည်းပြအာတီတာနဲ့ အာဆင်နယ်အသင်းသားတွေ ကြောင့် အာဆင်နယ်အသင်းဘက်က အနိုင်ရရှိဖို့ အားသာနေပြီး ဖူလ်ဟမ်အသင်းဘက်တော့ အများဆုံး သရေအခွင့်အလမ်းသာ မျှော်လင့်ခွင့်ရှိနေမှာ ဖြစ်ပါတယ်။

အာဆင်နယ်မြန်မာ ပွဲပြီးခန့်မှန်းရလဒ် (ဖူလ်ဟမ် ၁-၃ အာဆင်နယ်)
ပေါလ်မာဆန် ပွဲပြီးခန့်မှန်းရလဒ် ( ဖူလ်ဟမ် ဝ-၃ အာဆင်နယ်)
ခရစ် ဆပ်တန် ပွဲပြီးခန့်မှန်းရလဒ် (ဖူလ်ဟမ် ၁-၂ အာဆင်နယ်)
လော်ရိုး ပွဲပြီးခန့်မှန်းရလဒ် (ဖူလ်ဟမ် ၁-၂ အာဆင်နယ်)
ARSENAL MYANMAR
PHOTOS CREDIT


ZAWGYI:

အာဆင္နယ္အသင္းသည္ တနဂၤေႏြေန႔ ည ၈ နာရီခြဲတြင္ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ဖူလ္ဟမ္အသင္းရဲ႕ ကြင္းသို႔ သြားေရာက္မည္ျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းႏွင့္ ၅ မွတ္ ျပန္လည္ ျဖတ္ထားရန္ ဖူလ္ဟမ္အသင္းကို အႏိုင္ကစားဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။ မာကိုေဆးလ္ဗား၏အသင္းဟာ ၿပီးခဲ့တဲ့တနလၤာေန႔က အေနာက္လန္ဒန္ဒါဘီတြင္ ဘရန႔္ဖို႔ဒ္ကို ၃-၂ ျဖင့္ရႈံးနိမ့္ခဲ့ၿပီး အာတီတာ၏ ဂန္းနားတို႔ကေတာ့ ေပၚတူဂီမွာ ကစားခဲ့သည့္ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ရႈံးထြက္ ပထမအေက်ာ့မွာ စပို႔တင္းလစၥဘြန္းႏွင့္ ၂ ဂိုးစီ သေရက်ခဲ့ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား
ဖူလ္ဟမ္
ဖူလ္ဟမ္အသင္းရဲ႕ အားထားရတဲ့ ကြင္းလယ္လူ ေပၚလင္ညာဟာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ယခုပြဲကို ဆက္လက္လြဲေခ်ာ္မွာ ျဖစ္ၿပီး အာဆင္နယ္ကေန အငွားလာေရာက္ကစားေနတဲ့ စီဒရစ္သည္လည္း မိခင္ကလပ္အသင္းနဲ႔ ကစားခြင့္မရွိသည့္အတြက္ ပါဝင္လာမွာ မဟုတ္ပါဘူး။ သို႔ေသာ္ ဖူလ္ဟမ္အသင္းမွာ အာဆင္နယ္အသင္းအေၾကာင္းသိေနတဲ့ အာဆင္နယ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ယခုရာသီမွာ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဂိုးသမား လီႏိုနဲ႔ ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္ေရာက္ရွိလာတဲ့ ကြင္းလယ္ကစားသမား ဝီလီယမ္တို႔ ယခုပြဲမွာ ပါဝင္လာမွာျဖစ္ပါတယ္။ ဖူလ္ဟမ္အသင္းအေနနဲ႔ ယခုရာသီမွာ အိမ္ကြင္း ၁၃ ပြဲ ကစားခဲ့ရာမွာ ၃ ပြဲ သာရႈံးနိမ့္ထားခဲ့ပါတယ္။ အစၥေရးတိုက္စစ္မႉး ေဆာလမြန္က ဖူလ္ဟမ္အသင္းအတြက္ ေနာက္ဆုံး ၄ ပြဲမွာ ၄ ဂိုး သြင္းယူေပးထားပါတယ္။

အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ မန္စီးတီးကို ရႈံးၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္ေနာက္ဆုံး ၄ ပြဲဆက္တိုက္ ႏိုင္ပြဲရရွိထားခဲ့ပါတယ္။ တိုက္စစ္မႉးေတြျဖစ္တဲ့ ဂါဘရီယဲလ္ ေဂ်းဇု၊ အန္ကီးတီးယားတို႔ကို ဒဏ္ရာေၾကာင့္ လက္လႊတ္ခဲ့ရတဲ့ အာဆင္နယ္အသင္းဟာ ထေရာ့စ္ဆာ့ဒ္ကို တိုက္စစ္မႉးေနရာကို ေနရာေျပာင္းကစားေစခဲ့ေပမယ့္လည္း ဒီဘယ္လ္ဂ်ီယမ္သားပါ ဒဏ္ရာထပ္ရသြားခဲ့တဲ့အတြက္ နည္းျပအာတီတာအေနနဲ႔ တိုက္စစ္ျပႆနာအတြက္ ေခါင္းခဲေနရပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က စပို႔တင္းလစၥဘြန္းနဲ႔ပြဲကို အဖ်ားေရာဂါေၾကာင့္လြဲခဲ့တဲ့ အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါ့ဒ္နဲ႔ တီယာနီတို႔ ယေန႔ေလ့က်င့္ေရးအစီအစဥ္မွာ ျပန္လည္ပါဝင္လာတဲ့အတြက္ အာတီတာရဲ႕ အသင္းအတြက္ အနည္းငယ္ စိတ္ေအးစရာျဖစ္ခဲ့ရပါတယ္။

ျဖစ္ႏိုင္ဖြယ္ လူစာရင္း
ဖူလ္ဟမ္အသင္းဘက္က လီႏို၊ တင္မ္ ရင္းမ္၊ ဒီေယာ့ပ္၊ ကင္နီ တီတီ၊ ေရာ္ဘင္ဆန္၊ လူကစ္ခ်္၊ ဟာရစ္ဆန္ ရိဒ္၊ ပါရဲရား၊ ေဆာ္လမြန္၊ ဝီလီယန္နဲ႔ မီထ႐ိုဗစ္ တို႔နဲ႔ပြဲထြက္လာႏိုင္ေခ်ရွိပါတယ္။
အာဆင္နယ္အသင္းဘက္ကေတာ့ ရမ္းစ္ေဒးလ္၊ ဘန္ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဇင္ခ်န္ကို၊ ပါေတး၊ ခ်ာကာ၊ ေအာ္ဒီဂြါ့ဒ္၊ မာတီနယ္လီ၊ ဆာကာနဲ႔ နယ္လ္ဆန္တို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားပါတယ္။

ပြဲႀကိဳ သုံးသပ္ခ်က္
ဖူလ္ဟမ္အသင္းဟာ သူတို႔ရဲ႕ေကာင္းမြန္တဲ့ အိမ္ကြင္းရလဒ္၊ ႀကံ့ခိုင္မႈျပန္လည္ျပည့္ေနတဲ့ တိုက္စစ္မႉး မီထ႐ိုဗစ္နဲ႔ ေနာက္ဆုံး ၄ ပြဲမွာ ၄ ပြဲ ဆက္တိုက္ ဂိုးသြင္းယူထားတဲ့ အစၥေရးတိုက္စစ္မႉး ေဆာ္လမြန္တို႔အားနဲ႔ ေပၚတူဂီေျမက ျပန္လာလို႔ ခရီးပန္းေနၿပီး ေနာက္ပိုင္းပြဲေတြမွာ ေပးဂိုးမ်ားေနတဲ့ အာဆင္နယ္အသင္းေနာက္တန္းကို အခက္ေတြ႕ေအာင္ ျပဳလုပ္ဖို႔ရွိေနပါတယ္။

ဒါေပမယ့္လည္း ဂန္းနားေတြဟာ စပို႔တင္းပြဲမွာ အနားရထားတဲ့ အဓိက ကစားသမားတခ်ိဳ႕ရဲ႕အားနဲ႔အတူ အေကာင္းဆုံး လူစာရင္းနဲ႔ပြဲထြက္လာဖို႔ရွိေနၿပီး ႏွစ္မွတ္သာ ကြာဟေတာ့တဲ့ မန္စီးတီးအသင္းကို ၅ မွတ္ျပန္ျဖတ္ဖို႔အတြက္ ဘယ္အေျခအေနမဆို အႏိုင္ရႏိုင္တယ္လို႔ ယုံၾကည္ေနတဲ့ စိတ္ခြန္အားေတြနဲ႔ ဖူလ္ဟမ္ကို အႏိုင္ကစားဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အာဆင္နယ္အသင္းနဲ႔ ဖူလ္ဟမ္အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကို ျပန္ၾကည့္ရင္ ေနာက္ဆုံးေတြ႕ဆုံခဲ့မႈ ၉ ႀကိမ္မွာ အာဆင္နယ္အသင္းအေနနဲ႔ ရႈံးနိမ့္ခဲ့ျခင္းမရွိပဲ ၇ ပြဲႏိုင္ ၂ ပြဲသေရရလဒ္ကို ရယူထားႏိုင္ပါတယ္။ ယခုပြဲမွာလည္း ခ်န္ပီယံျဖစ္ခ်င္ရင္ အႏိုင္ ၃ မွတ္အျပည့္ရမွျဖစ္မယ္ဆိုတာသိေနၿပီး အျပည့္အ၀ အာ႐ုံစိုက္ကစားမယ့္ နည္းျပအာတီတာနဲ႔ အာဆင္နယ္အသင္းသားေတြ ေၾကာင့္ အာဆင္နယ္အသင္းဘက္က အႏိုင္ရရွိဖို႔ အားသာေနၿပီး ဖူလ္ဟမ္အသင္းဘက္ေတာ့ အမ်ားဆုံး သေရအခြင့္အလမ္းသာ ေမွ်ာ္လင့္ခြင့္ရွိေနမွာ ျဖစ္ပါတယ္။

အာဆင္နယ္ျမန္မာ ပြဲၿပီးခန႔္မွန္းရလဒ္ (ဖူလ္ဟမ္ ၁-၃ အာဆင္နယ္)
ေပါလ္မာဆန္ ပြဲၿပီးခန႔္မွန္းရလဒ္ ( ဖူလ္ဟမ္ ဝ-၃ အာဆင္နယ္)
ခရစ္ ဆပ္တန္ ပြဲၿပီးခန႔္မွန္းရလဒ္ (ဖူလ္ဟမ္ ၁-၂ အာဆင္နယ္)
ေလာ္႐ိုး ပြဲၿပီးခန႔္မွန္းရလဒ္ (ဖူလ္ဟမ္ ၁-၂ အာဆင္နယ္)
ARSENAL MYANMAR
PHOTOS CREDIT