အာတီတာလက်အောက်မှာ အထင်ကြီးဖွယ်ကိန်းဂဏန်းတွေနဲ့ ပြောင်းလဲပြခဲ့တဲ့ ချာကာ admin

အာတီတာလက်အောက်မှာ အထင်ကြီးဖွယ်ကိန်းဂဏန်းတွေနဲ့ ပြောင်းလဲပြခဲ့တဲ့ ချာကာ

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဂရာနစ် ချာကာဟာ နည်းပြအာတီတာလက်အောက်မှာ တိုးတက်မှုတွေ ဆက်လက်ပြသနိုင်ခဲ့ပြီးနောက် TalkSport ဘောလုံးဝေဖန်သူ ဒင်း ဆောင်ဒါရဲ့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ခရစ္စတယ် ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးကတော့ အက်ဖ်အေဖလားပွဲစဉ် ကစားခဲ့ရတာကြောင့် တစ်ပွဲလျော့နေတာဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်ရဲ့ ခြေစွမ်းအရ လက်ရှိချန်ပီယံတွေဟာ ခြေမချော်ခဲ့ဘူးဆိုရင်တောင် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့က မဖြစ်နိုင်လုနီးပါးဖြစ်နေပြီလို့ ခံစားနေရပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး အာဆင်နယ်အသင်းရဲ့ ဆုဖလားစိန်ခေါ်မှုမှာ အဓိကကျတဲ့လူတစ်ဦးကတော့ ချာကာ ဖြစ်ပြီး ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ကို TalkSport ဘောလုံးဝေဖန်သုံးသပ်သူ ဒင်း ဆောင်ဒါက တနင်္လာနေ့နံနက်မှာ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီလိုမျိုး ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူ။ ဒါပေမယ့် ကျွန်တော် သူနဲ့ပတ်သက်ပြီး ကျွန်တော့်အတွေးကို ပြောင်းရမှာပါ။ သူက လုံးဝကို အပြစ်ရှိသူတစ်ယောက်လို့ ကျွန်တော် ထင်ခဲ့မိတယ်။ ကျွန်တော်ပြောချင်တာက အနီကတ်တွေပါ။ ခင်ဗျား အပတ်တိုင်းမှာ သူ အဝါကတ်ပြခံရမယ်လို့ လောင်းကြေးထပ်လို့ရတယ်။ သူ အဲဒါတွေအားလုံးကိုပါ ပြောင်းလဲပစ်ခဲ့တယ်။ သူ ကွင်းလယ်မှာ ပါတေး၊ အော်ဒီဂွါဒ်တို့နဲ့ ကစားနေတာ ကျွန်တော် သိပြီး အဲဒါက သူနဲ့ သင့်တော်တယ်။ သူ နည်းနည်းပိုပြီး ရှေ့တက်နိုင်ခဲ့တယ်။ သူ မနေ့က(တနင်္ဂနွေ)အရမ်းကောင်းတဲ့ဂိုးကို သွင်းခဲ့တယ်။ ကျွန်တော့်စိတ်ကို ပြောင်းလဲလိုက်ပါပြီ။”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ချာကာရဲ့ မြောက်လန်ဒန်က အချိန်တွေဟာ အဆုံးသတ်တော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ဒီရာသီဟာ ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်အနေနဲ့ နည်းပြအာတီတာလက်အောက်မှာ ဂန်းနားတပ်သားဘဝကို လွယ်လွယ်နဲ့ လက်မလျှော့ခဲ့ဘူးဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ၂၈ ပွဲစလုံးကို ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး သောမတ်စ် ပါတေး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အာတီတာအတွက် အားထားရတဲ့ ရွေးချယ်စရာဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။

ချာကာဟာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာတင် သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ လာမယ့် နွေရာသီမတိုင်ခင် ကိုင်ဆေဒိုနဲ့ ဒီကလန် ရိုက်စ်တို့ကို ကြီးမားတဲ့ ငွေကြေးနဲ့ ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒီနွေရာသီပစ်မှတ် ၂ ဦးဟာ အသက် ၃၀ အရွယ် ဆွစ်ဇာလန်ကွင်းလယ်လူရဲ့နေရာမှာ အာတီတာအတွက် ကာလရှည် အစားထိုးဖို့ ရွေးချယ်စရာတွေ ဖြစ်နေတာဖြစ်ပြီး ချာကာဟာ ဒီရာသီမှာ အာဆင်နယ်ပစ်မှတ် ၂ ဦးထက် ခံစစ်ပိုင်းမှာ အားနည်းနေပေမယ့်လည်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေမှာတော့ ၂ ဦးစလုံးပေါင်းထားတာထက် ပိုမိုများပြားနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီကလန် ရိုက်စ်နဲ့ ကိုင်ဆေဒိုတို့ဟာ ချာကာထက် စာရင် ပါတေးရဲ့နေရာမှာ အစားထိုးခေါ်ယူမှုပြုလုပ်ဖို့ ပိုမိုသင့်တော်သူတွေဖြစ်နိုင်ပေမယ့်လည်း မြောက်လန်ဒန်က ဂါနာကွင်းလယ်လူရဲ့ နေရာမှာ ကွက်တိအစားထိုးနိုင်မယ့်သူတွေလို့ မခံစားရတာဖြစ်ပါတယ်။

ဒီရာသီမှာ ချာကာဟာ သွင်းဂိုး ၆ ဂိုး(တစ်ရာသီအတွင်းမှာ သွင်းယူဖူးတဲ့ အများဆုံးပမာဏ)၊ ဂိုးဖန်တီးမှု ၅ ကြိမ်(၂၀၁၇-၂၀၁၈ နောက်ပိုင်း အများဆုံး)၊ ကြီးမားတဲ့အခွင့်အရေးဖန်တီးမှု ၄ ကြိမ်(၂၀၁၇-၂၀၁၈ နောက်ပိုင်း အများဆုံး)၊ ပျမ်းမျှ မိနစ် ၉၀ မှာ အခွင့်အရေးဖန်တီးမှု ၁.၆ ကြိမ်(တစ်ရာသီအတွင်းမှာ အများဆုံး)၊ အမှားကြောင့် ဂိုးပေးခဲ့ရမှု သုည၊ ပင်နယ်တီ ခွင့်ပြုခဲ့ရမှု သုည၊ အနီကတ် သုည စတဲ့ အထင်ကြီးဖွယ် ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ထားပါတယ်။

Arsenal Myanmar
Ref: Internet

ZAWGYI:
အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ ဂရာနစ္ ခ်ာကာဟာ နည္းျပအာတီတာလက္ေအာက္မွာ တိုးတက္မႈေတြ ဆက္လက္ျပသႏိုင္ခဲ့ၿပီးေနာက္ TalkSport ေဘာလုံးေဝဖန္သူ ဒင္း ေဆာင္ဒါရဲ႕ ခ်ီးက်ဴးျခင္းခံခဲ့ရပါတယ္။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ ခရစၥတယ္ ပဲေလ့စ္ကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာစီးတီးကေတာ့ အက္ဖ္ေအဖလားပြဲစဥ္ ကစားခဲ့ရတာေၾကာင့္ တစ္ပြဲေလ်ာ့ေနတာျဖစ္ပါတယ္။

လက္ရွိမွာ အာဆင္နယ္ရဲ႕ ေျခစြမ္းအရ လက္ရွိခ်န္ပီယံေတြဟာ ေျခမေခ်ာ္ခဲ့ဘူးဆိုရင္ေတာင္ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔က မျဖစ္ႏိုင္လုနီးပါးျဖစ္ေနၿပီလို႔ ခံစားေနရၿပီ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး အာဆင္နယ္အသင္းရဲ႕ ဆုဖလားစိန္ေခၚမႈမွာ အဓိကက်တဲ့လူတစ္ဦးကေတာ့ ခ်ာကာ ျဖစ္ၿပီး ဆြစ္ဇာလန္ကြင္းလယ္ၾကယ္ပြင့္ကို TalkSport ေဘာလုံးေဝဖန္သုံးသပ္သူ ဒင္း ေဆာင္ဒါက တနလၤာေန႔နံနက္မွာ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီလိုမ်ိဳး ဘယ္တုန္းကမွ မေတြးခဲ့မိပါဘူ။ ဒါေပမယ့္ ကြၽန္ေတာ္ သူနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္အေတြးကို ေျပာင္းရမွာပါ။ သူက လုံးဝကို အျပစ္ရွိသူတစ္ေယာက္လို႔ ကြၽန္ေတာ္ ထင္ခဲ့မိတယ္။ ကြၽန္ေတာ္ေျပာခ်င္တာက အနီကတ္ေတြပါ။ ခင္ဗ်ား အပတ္တိုင္းမွာ သူ အဝါကတ္ျပခံရမယ္လို႔ ေလာင္းေၾကးထပ္လို႔ရတယ္။ သူ အဲဒါေတြအားလုံးကိုပါ ေျပာင္းလဲပစ္ခဲ့တယ္။ သူ ကြင္းလယ္မွာ ပါေတး၊ ေအာ္ဒီဂြါဒ္တို႔နဲ႔ ကစားေနတာ ကြၽန္ေတာ္ သိၿပီး အဲဒါက သူနဲ႔ သင့္ေတာ္တယ္။ သူ နည္းနည္းပိုၿပီး ေရွ႕တက္ႏိုင္ခဲ့တယ္။ သူ မေန႔က(တနဂၤေႏြ)အရမ္းေကာင္းတဲ့ဂိုးကို သြင္းခဲ့တယ္။ ကြၽန္ေတာ့္စိတ္ကို ေျပာင္းလဲလိုက္ပါၿပီ။”လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခံရၿပီးေနာက္ ခ်ာကာရဲ႕ ေျမာက္လန္ဒန္က အခ်ိန္ေတြဟာ အဆုံးသတ္ေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ဒီရာသီဟာ ဆြစ္ဇာလန္ကြင္းလယ္ၾကယ္ပြင့္အေနနဲ႔ နည္းျပအာတီတာလက္ေအာက္မွာ ဂန္းနားတပ္သားဘဝကို လြယ္လြယ္နဲ႔ လက္မေလွ်ာ့ခဲ့ဘူးဆိုတာကို သက္ေသျပသခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ယခုရာသီ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ ၂၈ ပြဲစလုံးကို ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ေသာမတ္စ္ ပါေတး ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ အာတီတာအတြက္ အားထားရတဲ့ ေ႐ြးခ်ယ္စရာဆိုတာကို သက္ေသျပသခဲ့တာျဖစ္ပါတယ္။

ခ်ာကာဟာ ယခုရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ခုတည္းမွာတင္ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ လာမယ့္ ေႏြရာသီမတိုင္ခင္ ကိုင္ေဆဒိုနဲ႔ ဒီကလန္ ႐ိုက္စ္တို႔ကို ႀကီးမားတဲ့ ေငြေၾကးနဲ႔ ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

ဒီေႏြရာသီပစ္မွတ္ ၂ ဦးဟာ အသက္ ၃၀ အ႐ြယ္ ဆြစ္ဇာလန္ကြင္းလယ္လူရဲ႕ေနရာမွာ အာတီတာအတြက္ ကာလရွည္ အစားထိုးဖို႔ ေ႐ြးခ်ယ္စရာေတြ ျဖစ္ေနတာျဖစ္ၿပီး ခ်ာကာဟာ ဒီရာသီမွာ အာဆင္နယ္ပစ္မွတ္ ၂ ဦးထက္ ခံစစ္ပိုင္းမွာ အားနည္းေနေပမယ့္လည္း သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈေတြမွာေတာ့ ၂ ဦးစလုံးေပါင္းထားတာထက္ ပိုမိုမ်ားျပားေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီကလန္ ႐ိုက္စ္နဲ႔ ကိုင္ေဆဒိုတို႔ဟာ ခ်ာကာထက္ စာရင္ ပါေတးရဲ႕ေနရာမွာ အစားထိုးေခၚယူမႈျပဳလုပ္ဖို႔ ပိုမိုသင့္ေတာ္သူေတြျဖစ္ႏိုင္ေပမယ့္လည္း ေျမာက္လန္ဒန္က ဂါနာကြင္းလယ္လူရဲ႕ ေနရာမွာ ကြက္တိအစားထိုးႏိုင္မယ့္သူေတြလို႔ မခံစားရတာျဖစ္ပါတယ္။

ဒီရာသီမွာ ခ်ာကာဟာ သြင္းဂိုး ၆ ဂိုး(တစ္ရာသီအတြင္းမွာ သြင္းယူဖူးတဲ့ အမ်ားဆုံးပမာဏ)၊ ဂိုးဖန္တီးမႈ ၅ ႀကိမ္(၂၀၁၇-၂၀၁၈ ေနာက္ပိုင္း အမ်ားဆုံး)၊ ႀကီးမားတဲ့အခြင့္အေရးဖန္တီးမႈ ၄ ႀကိမ္(၂၀၁၇-၂၀၁၈ ေနာက္ပိုင္း အမ်ားဆုံး)၊ ပ်မ္းမွ် မိနစ္ ၉၀ မွာ အခြင့္အေရးဖန္တီးမႈ ၁.၆ ႀကိမ္(တစ္ရာသီအတြင္းမွာ အမ်ားဆုံး)၊ အမွားေၾကာင့္ ဂိုးေပးခဲ့ရမႈ သုည၊ ပင္နယ္တီ ခြင့္ျပဳခဲ့ရမႈ သုည၊ အနီကတ္ သုည စတဲ့ အထင္ႀကီးဖြယ္ ကိန္းဂဏန္းေတြကို ပိုင္ဆိုင္ထားပါတယ္။

Arsenal Myanmar
Ref: Internet