အာဆင်နယ်ဖန်တွေ အံ့အောမှင်တက် ချီးကျူးခဲ့ကြတဲ့ ရမ်းစ်ဒေးလ်ရဲ့ 3 in 1 ကာကွယ် လက်စွမ်းပြမှု admin

အာဆင်နယ်ဖန်တွေ အံ့အောမှင်တက် ချီးကျူးခဲ့ကြတဲ့ ရမ်းစ်ဒေးလ်ရဲ့ 3 in 1 ကာကွယ် လက်စွမ်းပြမှု

အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းရဲ့ ပွဲစစချင်း ၁၀ စက္ကန့်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကြောင့် ချေပဂိုးပြန်လည်ရရှိရင် တစ်သင်းလုံး တက်ရောက် တိုက်စစ်ဆင်ခဲ့ပါတယ်။ သို့သော်လည်း ပွဲကစားချိန် ၁၉ မိနစ်မှာ အာဆင်နယ်အသင်း တိုက်စစ်ဆင်မှုမှ ပြန်လည်ကျွံထွက်လာတဲ့ ဘောလုံးကို ဦးဆောင်ဂိုးသွင်းယူပေးခဲ့သူ ဘီလင်းက ဆွဲယူသွားပြီး အာဆင်နယ်အသင်း ဂိုးဧရိယာထဲ အရောက်မှာ ညာဘက်မှာ လွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ တိုက်စစ်မှူး ဆိုလန်ကီနဲ့ အူယက်တာရာတို့ဆီ ဖြတ်တင်ပေးပို့ခဲ့ပါတယ်။

ဂိုးဧရိယာထဲမှာ အာဆင်နယ် ဂိုးသမား ရမ်းစ်ဒေးလ်၊ ဘုန်းမောက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဆိုလန်ကီနဲ့ အူယက်တာရာတို့ ၃ ယောက်သား ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အပိုင်အခွင့်အရေး ပိုမိုရရှိတဲ့ အူယက်တာရာက ကန်သွင်းယူခဲ့ပေမယ့် ရမ်းစ်ဒေးက မထင်မှတ်ထားလောက်အောင် အစွမ်းကုန် ကာကွယ်ခဲ့လိုက်နိုင်ပါတယ်။ ဘုန်းမောက်ကစားသမားတွေသာမက ကွင်းဘေးက ဘုန်းမောက်နည်းပြ အိုနေးလ်ပါ စိတ်ပျက်စေခဲ့တဲ့ အံ့အောဖွယ်ကောင်းလောက်အောင် ကာကွယ်ခဲ့လိုက်နိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်း ဒုတိယဂိုး စောစောစီးစီး ပေးရမယ့် အခွင့်အရေးမှ ကင်းဝေးအောင်ခဲ့စေတဲ့ အာဆင်နယ်ဂိုးသမားကို ဂန်းနားပရိသတ်များက ဆိုရှယ်မီဒီယာမှာ ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။

ဂန်းနားပရိသတ်တစ်ဦးက “ယခုရာသီအတွက် အကောင်းဆုံးကာကွယ်မှုပဲ။ ရမ်းစ်ဒေးလ်က ကျွန်တော်တို့ကို ဂိုးထပ်မပေးရအောင် စွမ်းဆောင်လိုက်နိုင်တယ်။” လို့ ရေးသားချီးကျူးခဲ့ပြီး နောက်ထပ်တစ်ဦးက “မမှတ်မိပဲ မနေနိုင်မယ့် ကြီးမာတဲ့ ကယ်တင်မှုပါပဲ” တတိယတစ်ဦးကတော့ “မယုံကြည်နိုင်လောက်အောင် ကာကွယ်မှုပြုခြင်း” နဲ့ စတုတ္ထတစ်ဦးကတော့ ” ဒီနေ့ ၃ မှတ်ရရှိခြင်းက ရမ်းစ်ဒေးလ်ရဲ့ ကြောင့်လည်းပါပါတယ်။ ပထမပိုင်းမှာ ကယ်တင်ခဲ့တဲ့ ဒီကယ်တင်မှုကလည်း အရေးပါလို့ပါ” ဟု အသီးသီးချီးကျူးရေးသားသွားခဲ့ပါတယ်။

သို့ပေမယ့် ၅၇ မိနစ်မှာ ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ဆိုလန်ကီသွင်းယူခဲ့တဲ့ ဒုတိယဂိုးကိုတော့ မကာကွယ်နိုင်ခဲ့ပဲ ဂိုးပေးခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ အာဆင်နယ်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ပထမပိုင်း ၁၉ မိနစ်မှာ ဂိုးပေးရဖို့ ရာခိုင်နှုန်းများနေတဲ့ ဘုန်းမောက်အသင်းရဲ့ အူယက်တာရာ ကန်သွင်းမှုကို အကောင်းဆုံးကာကွယ် လက်စွမ်းပြခဲ့တဲ့ ရမ်းစ်ဒေးလ်ဟာလည်း နိုင်ပွဲအတွက် ချီးကျူးရမယ့် သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အဲဗာတန်ကို ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ခဲ့သည့်ပွဲတွင် အက်စတန်ဗီလာကြယ်ပွင့် ဘေလီ၏ ဂိုးသွင်းယူမှုကို အကောင်းဆုံးကာကွယ်နိုင်ခဲ့သည့်အတွက် ရမ်းစ်ဒေးလ်ဟာ ဖေဖော်ဝါရီလရဲ့ တစ်လတာ အကောင်းဆုံး ဂိုးသမား ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီးနောက် ယခုတခါ နောက်ထပ် အကောင်းဆုံး ကာကွယ်မှု တစ်ခု ထပ်မံပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မတ်လရဲ့ တစ်လတာ အကောင်းဆုံး ဂိုးသမား ဆန်ခါတင်စာရင်းမှာ ပါဝင်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း ရေးသားတင်ဆက်လိုက်လိုက်ရပါတယ်။

ARSENAL MYANMAR
PHOTOS CREDFIT

zawgyi:

အာဆင္နယ္အသင္းသည္ ဘုန္းေမာက္အသင္းရဲ႕ ပြဲစစခ်င္း ၁၀ စကၠန႔္မွာ သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးေၾကာင့္ ေခ်ပဂိုးျပန္လည္ရရွိရင္ တစ္သင္းလုံး တက္ေရာက္ တိုက္စစ္ဆင္ခဲ့ပါတယ္။ သို႔ေသာ္လည္း ပြဲကစားခ်ိန္ ၁၉ မိနစ္မွာ အာဆင္နယ္အသင္း တိုက္စစ္ဆင္မႈမွ ျပန္လည္ကြၽံထြက္လာတဲ့ ေဘာလုံးကို ဦးေဆာင္ဂိုးသြင္းယူေပးခဲ့သူ ဘီလင္းက ဆြဲယူသြားၿပီး အာဆင္နယ္အသင္း ဂိုးဧရိယာထဲ အေရာက္မွာ ညာဘက္မွာ လြတ္လြတ္ကြၽတ္ကြၽတ္ရွိေနတဲ့ တိုက္စစ္မႉး ဆိုလန္ကီနဲ႔ အူယက္တာရာတို႔ဆီ ျဖတ္တင္ေပးပို႔ခဲ့ပါတယ္။

ဂိုးဧရိယာထဲမွာ အာဆင္နယ္ ဂိုးသမား ရမ္းစ္ေဒးလ္၊ ဘုန္းေမာက္တိုက္စစ္မႉးေတြျဖစ္တဲ့ ဆိုလန္ကီနဲ႔ အူယက္တာရာတို႔ ၃ ေယာက္သား ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး အပိုင္အခြင့္အေရး ပိုမိုရရွိတဲ့ အူယက္တာရာက ကန္သြင္းယူခဲ့ေပမယ့္ ရမ္းစ္ေဒးက မထင္မွတ္ထားေလာက္ေအာင္ အစြမ္းကုန္ ကာကြယ္ခဲ့လိုက္ႏိုင္ပါတယ္။ ဘုန္းေမာက္ကစားသမားေတြသာမက ကြင္းေဘးက ဘုန္းေမာက္နည္းျပ အိုေနးလ္ပါ စိတ္ပ်က္ေစခဲ့တဲ့ အံ့ေအာဖြယ္ေကာင္းေလာက္ေအာင္ ကာကြယ္ခဲ့လိုက္ႏိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္အသင္း ဒုတိယဂိုး ေစာေစာစီးစီး ေပးရမယ့္ အခြင့္အေရးမွ ကင္းေဝးေအာင္ခဲ့ေစတဲ့ အာဆင္နယ္ဂိုးသမားကို ဂန္းနားပရိသတ္မ်ားက ဆိုရွယ္မီဒီယာမွာ ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့ပါတယ္။

ဂန္းနားပရိသတ္တစ္ဦးက “ယခုရာသီအတြက္ အေကာင္းဆုံးကာကြယ္မႈပဲ။ ရမ္းစ္ေဒးလ္က ကြၽန္ေတာ္တို႔ကို ဂိုးထပ္မေပးရေအာင္ စြမ္းေဆာင္လိုက္ႏိုင္တယ္။” လို႔ ေရးသားခ်ီးက်ဴးခဲ့ၿပီး ေနာက္ထပ္တစ္ဦးက “မမွတ္မိပဲ မေနႏိုင္မယ့္ ႀကီးမာတဲ့ ကယ္တင္မႈပါပဲ” တတိယတစ္ဦးကေတာ့ “မယုံၾကည္ႏိုင္ေလာက္ေအာင္ ကာကြယ္မႈျပဳျခင္း” နဲ႔ စတုတၳတစ္ဦးကေတာ့ ” ဒီေန႔ ၃ မွတ္ရရွိျခင္းက ရမ္းစ္ေဒးလ္ရဲ႕ ေၾကာင့္လည္းပါပါတယ္။ ပထမပိုင္းမွာ ကယ္တင္ခဲ့တဲ့ ဒီကယ္တင္မႈကလည္း အေရးပါလို႔ပါ” ဟု အသီးသီးခ်ီးက်ဴးေရးသားသြားခဲ့ပါတယ္။

သို႔ေပမယ့္ ၅၇ မိနစ္မွာ ဘုန္းေမာက္အသင္းရဲ႕ တိုက္စစ္မႉး ဆိုလန္ကီသြင္းယူခဲ့တဲ့ ဒုတိယဂိုးကိုေတာ့ မကာကြယ္ႏိုင္ခဲ့ပဲ ဂိုးေပးခဲ့ပါတယ္။ ပြဲၿပီးဆုံးခ်ိန္မွာေတာ့ အာဆင္နယ္အသင္းက ၃ ဂိုး ၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့အတြက္ ပထမပိုင္း ၁၉ မိနစ္မွာ ဂိုးေပးရဖို႔ ရာခိုင္ႏႈန္းမ်ားေနတဲ့ ဘုန္းေမာက္အသင္းရဲ႕ အူယက္တာရာ ကန္သြင္းမႈကို အေကာင္းဆုံးကာကြယ္ လက္စြမ္းျပခဲ့တဲ့ ရမ္းစ္ေဒးလ္ဟာလည္း ႏိုင္ပြဲအတြက္ ခ်ီးက်ဴးရမယ့္ သူေတြထဲက တစ္ဦးအပါအဝင္ျဖစ္ပါတယ္။

အဲဗာတန္ကို ၄ ဂိုး ၂ ဂိုးနဲ႔ ႏိုင္ခဲ့သည့္ပြဲတြင္ အက္စတန္ဗီလာၾကယ္ပြင့္ ေဘလီ၏ ဂိုးသြင္းယူမႈကို အေကာင္းဆုံးကာကြယ္ႏိုင္ခဲ့သည့္အတြက္ ရမ္းစ္ေဒးလ္ဟာ ေဖေဖာ္ဝါရီလရဲ႕ တစ္လတာ အေကာင္းဆုံး ဂိုးသမား ဆန္ခါတင္စာရင္းမွာ ပါဝင္ခဲ့ၿပီးေနာက္ ယခုတခါ ေနာက္ထပ္ အေကာင္းဆုံး ကာကြယ္မႈ တစ္ခု ထပ္မံျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး မတ္လရဲ႕ တစ္လတာ အေကာင္းဆုံး ဂိုးသမား ဆန္ခါတင္စာရင္းမွာ ပါဝင္ႏိုင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါေၾကာင္း ေရးသားတင္ဆက္လိုက္လိုက္ရပါတယ္။

ARSENAL MYANMAR
PHOTOS CREDFIT