ဘယ်နောက်ခံအတွက် အာဆင်နယ်တို့ ခေါ်ယူသင့်တဲ့ ကစားသမား ၄ ဦး
တင်းဘား ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာတာက အာဆင်နယ်ကို ဒီနွေရာသီမှာ ဘယ်နောက်ခံကစားသမားခေါ်ယူမှာကို တားဆီးနိုင်မှာမဟုတ်ဘဲ အာတီတာရဲ့ နေရာစုံကစားနိုင်စွမ်းအပေါ် စွဲလမ်းမှုကြောင့် ဂန်းနားတွေဟာ အမျိုးမျိုးသော တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့ ဘယ်နောက်ခံလူကို ရှာဖွေသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
ဇင်ချန်ကိုက ကွင်းလယ်ကို သက်တောင့်သက်သာ ဝင်ကစားနိုင်ပြီး ခီဗီယောက ဟန်ချက်ညီမှုကို ပေးစွမ်းနိုင်ပါတယ်။ ဘန် ဝှိုက်က တိုက်စစ်ကို လိုက်ပါနိုင်ပြီး တင်းဘားနဲ့ တိုမိယဆုတို့ကလည်း အဲဒါတွေအားလုံးကို လုပ်နိုင်ပါတယ်။
ပုံမှန်ခြေစွမ်းပြန်ရနေတဲ့ တီယာနီနဲ့ တာဗာရက်စ်တို့က တောင်ပံတလွှားမှာ တက်လိုက်ဆင်းလိုက်နဲ့ နောက်ခံတောင်ပံကစားသမားအခန်းကဏ္ဍအတွက် ပိုပြီးသင့်တော်ပေမယ့် ၂ ယောက်စလုံးက ၂၀၂၄-၂၀၂၅ ရာသီအစမှာ မြောက်လန်ဒန်မှာ ရှိနေနိုင်မယ့်ပုံမပေါ်ပါဘူး။
တင်းဘားရဲ့ ခံစစ်နေရာစုံကစားနိုင်စွမ်းကြောင့် အာတီတာဟာ ဒတ်ချ်နောက်ခံလူကို တာဝန်တစ်ခုထက်မကပေးနိုင်ပေမယ့်လည်း ဘယ်နောက်ခံနေရာမှာ အထူးကျွမ်းကျင်တဲ့ ကစားသမားကို ဒီနွေရာသီမှာ ရှာဖွေသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်သာ ဘယ်နောက်ခံကစားသမားသစ်ခေါ်ယူမယ်ဆိုရင် ရွေးချယ်စရာ ၄ ဦးအထိ ရှိနေပါတယ်။
ဂျော်ရဲ ဟာတို
အာဆင်နယ်က အိုင်းယက်စ်ဆယ်ကျော်သက်ကို စိတ်ဝင်စားနေတာ အားလုံးအသိဖြစ်ပြီး ဇန်နဝါရီတုန်းကလည်း ခေါ်ဖို့လုပ်ခဲ့ပါသေးတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းမှုက အမှန်တကယ်ဖြစ်မလာခဲ့ဘဲ ဟာတိုဟာ အမ်စတာဒမ်မှာ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဒါကြောင့် ဂန်းနားတို့ ဒီနွေရာသီမှာ ခေါ်မယ်ဆိုရင် စျေးပေါမှာမဟုတ်ဘဲ အိုင်းယက်စ်ကလည်းထွက်ခွင့်မပေးချင်ပေမယ့် ကောင်းမွန်တဲ့ကမ်းလှမ်းမှုဆိုရင်တော့ တင်းဘားတုန်းကလို အရမ်းတင်းခံသွားဖို့ မရှိပါဘူး။ ဟာတိုဟာ ဒတ်ချ်ထိပ်တန်းအသင်းအတွက် တောက်ပတဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပြီး အသက်နဲ့မလိုက်တဲ့ ခေါင်းဆောင်မှုအရည်အသွေးကို ပိုင်ဆိုင်ထားသလို နည်းစနစ်ပိုင်းလည်း ကောင်းမွန်တဲ့သူပါ။ ဘောလုံးပိုင်ဆိုင်မှု ရထားချိန်မှာလည်း အလွန်ကောင်းမွန်ပြီး ဗဟိုခံစစ်နေရာမှာလည်း ကောင်းကောင်း ကစားနိုင်ပါတယ်။
ရာယန် အိတ်-နူရီ
ပရီးမီးယားလိဂ်စျေးကွက်ထဲမှာ ရှာဖွေရတာက အမြဲတမ်း အရဲစွန့်ရပြီး အာဆင်နယ်ဟာ ဒီနေရာမှာတော့ ကျွမ်းကျင်ပြီးသားပါ။ ဘန် ဝှိုက်၊ ကိုင် ဟာဗတ်ဇ်၊ ထရော့ဆာ့ဒ်၊ ဒီကလန် ရိုက်တို့က အာတီတာရဲ့ စီမံကိန်းထဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကနေ ခေါ်ယူခဲ့တဲ့ အဓိကအစိတ်အပိုင်းတွေ ဖြစ်လာခဲ့ပါတယ်။ မန်စီးတီးကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ဒီနွေရာသီမှာ ဂန်းနားတွေက ငွေသုံးဖို့ တွန့်နေလို့မဖြစ်ဘဲ ပရီးမီးယားလိဂ်မှာ သက်သေပြပြီးသား ဘယ်နောက်ခံလူကို ခေါ်တာက အပါးနပ်ဆုံး ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။ အိတ်-နူရီဟာ ဝုဗ်မှာ ပြီးခဲ့တဲ့ရာသီအတွင်း တောက်ပတဲ့ ခြေစွမ်းကို ပြသခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုရထားတဲ့အချိန်မှာ တော်တော်များများကို လုပ်နိုင်စွမ်းရှိပြီး အယ်လ်ဂျီးရီးယားကြယ်ပွင့်ဟာ အလယ်ဗဟိုကနေရော ကွင်းဘေးစည်းနားကနေပါ ပြိုင်ဘက်တွေကို ဖြတ်ကျော်နိုင်စွမ်းရှိပြီး တိုက်စစ်မှာ သိသာထင်ရှားတဲ့ လွှမ်းမိုးမှု ပြုလုပ်နိုင်သူပါ။ ဘောလုံးပိုင်ဆိုင်မှု ရထားချိန်မှာ အလွန်ကောင်းမွန်မှုအတွက် ပရိသတ်တွေက ခံစစ်ပိုင်းအားနည်းမှာ စိုးရိမ်နိုင်ပေမယ့် ဂယ်ရီ အိုနေးလ်ရဲ့ နည်းပြမှုအောက်မှာ ပြီးခဲ့တဲ့ရာသီ ခံစစ်ပိုင်းမှာလည်း အားမနည်းဘူးဆိုတာကို ပြသခဲ့ပြီးပါပြီ။
မီဂယ် ဂူတီယာရက်ဇ်
ဂီရိုနာနောက်ခံလူ မီဂယ် ဂူတီယာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ ပထမပိုင်း လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ခဲ့တဲ့အသင်းအတွက် အကောင်းဆုံးပုံစံပြသခဲ့တဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မကြာခဏ တိုက်စစ်ဘယ်တောင်ပံကနေ ပြိုင်ဘက်နောက်ခံလူတွေနောက်ကို ပြေးဝင်လေ့ရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ ဂူတီယာရက်ဇ်ဟာ လာလီဂါမှာ သွင်းဂိုး ၉ ဂိုးပါဝင်ပတ်သက်ခဲ့ပြီး အာတီတာက ဒီလိုဘယ်နောက်ခံလူမျိုးကို နှစ်သက်မှာ သေချာပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ခံစစ်ကို ပြန်လည်ကူးပြောင်းနိုင်စွမ်းကတော့ ပြင်းထန်တဲ့ အကဲဖြတ်မှုအောက်မှာ ရှိခဲ့ပြီး သေချာပိတ်ဆော့ရမယ့် ကြီးမားတဲ့ အဝေးကွင်းပွဲတွေက စွမ်းရည်ကတော့ သိပ်အားရစရာမရှိခဲ့တာပါ။ ဂူတီယာရက်ဇ်က အာတီတာအတွက် ပစ်ရမှာလည်း အဆီတဝင်းဝင်း စားရမှာလည်း သဲတရှပ်ရှပ်ဆိုတဲ့ ကစားသမားမျိုးဖြစ်နိုင်ပါတယ်။
အယ်လ်ဖွန်ဆို ဒေးဗီးစ်
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် အယ်လ်ဖွန်ဆို ဒေးဗီးက ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းကို စိတ်ပျက်စရာ ဖြတ်သန်းခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းချင်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် လာလီဂါအသင်းကြီးကတော့ ခေါ်မယ့်ပုံမပေါ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်သာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေချင်ရင်တော့ ဒီအပြောင်းအရွှေ့က မဖြစ်မနေလုပ်သင့်ပြီး ကနေဒါနောက်ခံလူဟာ ခံစစ်နဲ့ တိုက်စစ်ကို အကောင်းဆုံး တက်လိုက်ဆင်းလိုက် ကစားနိုင်တဲ့ကစားသမားပါ။ သူ့ရဲ့ နောက်တန်းကို ပြန်လိုက်ပါနိုင်တဲ့ မြန်နှုန်းက အလွန်မြင့်မားပြီး တစ်ဦးချင်း ရင်ဆိုင်နိုင်စွမ်းကလည်း ဆက်လက်တိုးတက်နေတယ်ဆိုတာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။ ဒီအပြောင်းအရွှေ့က မဖြစ်နိုင်ဖို့ များပေမယ့် အာဆင်နယ်သာ ခေါ်ယူနိုင်ခဲ့ရင်တော့ အကောင်းဆုံးအပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်လာမှာ သေချာပါတယ်။
Arsenal Myanmar
Ref :Internet
ZAWGYI:
တင္းဘား ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာတာက အာဆင္နယ္ကို ဒီေႏြရာသီမွာ ဘယ္ေနာက္ခံကစားသမားေခၚယူမွာကို တားဆီးႏိုင္မွာမဟုတ္ဘဲ အာတီတာရဲ႕ ေနရာစုံကစားႏိုင္စြမ္းအေပၚ စြဲလမ္းမႈေၾကာင့္ ဂန္းနားေတြဟာ အမ်ိဳးမ်ိဳးေသာ တာဝန္ေတြကို ထမ္းေဆာင္ႏိုင္တဲ့ ဘယ္ေနာက္ခံလူကို ရွာေဖြသြားမယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။
ဇင္ခ်န္ကိုက ကြင္းလယ္ကို သက္ေတာင့္သက္သာ ဝင္ကစားႏိုင္ၿပီး ခီဗီေယာက ဟန္ခ်က္ညီမႈကို ေပးစြမ္းႏိုင္ပါတယ္။ ဘန္ ဝႈိက္က တိုက္စစ္ကို လိုက္ပါႏိုင္ၿပီး တင္းဘားနဲ႔ တိုမိယဆုတို႔ကလည္း အဲဒါေတြအားလုံးကို လုပ္ႏိုင္ပါတယ္။
ပုံမွန္ေျခစြမ္းျပန္ရေနတဲ့ တီယာနီနဲ႔ တာဗာရက္စ္တို႔က ေတာင္ပံတလႊားမွာ တက္လိုက္ဆင္းလိုက္နဲ႔ ေနာက္ခံေတာင္ပံကစားသမားအခန္းက႑အတြက္ ပိုၿပီးသင့္ေတာ္ေပမယ့္ ၂ ေယာက္စလုံးက ၂၀၂၄-၂၀၂၅ ရာသီအစမွာ ေျမာက္လန္ဒန္မွာ ရွိေနႏိုင္မယ့္ပုံမေပၚပါဘူး။
တင္းဘားရဲ႕ ခံစစ္ေနရာစုံကစားႏိုင္စြမ္းေၾကာင့္ အာတီတာဟာ ဒတ္ခ်္ေနာက္ခံလူကို တာဝန္တစ္ခုထက္မကေပးႏိုင္ေပမယ့္လည္း ဘယ္ေနာက္ခံေနရာမွာ အထူးကြၽမ္းက်င္တဲ့ ကစားသမားကို ဒီေႏြရာသီမွာ ရွာေဖြသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
အာဆင္နယ္သာ ဘယ္ေနာက္ခံကစားသမားသစ္ေခၚယူမယ္ဆိုရင္ ေ႐ြးခ်ယ္စရာ ၄ ဦးအထိ ရွိေနပါတယ္။
ေဂ်ာ္ရဲ ဟာတို
အာဆင္နယ္က အိုင္းယက္စ္ဆယ္ေက်ာ္သက္ကို စိတ္ဝင္စားေနတာ အားလုံးအသိျဖစ္ၿပီး ဇန္နဝါရီတုန္းကလည္း ေခၚဖို႔လုပ္ခဲ့ပါေသးတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္ကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းမႈက အမွန္တကယ္ျဖစ္မလာခဲ့ဘဲ ဟာတိုဟာ အမ္စတာဒမ္မွာ စာခ်ဳပ္သက္တမ္းတိုးခဲ့ပါတယ္။ ဒါေၾကာင့္ ဂန္းနားတို႔ ဒီေႏြရာသီမွာ ေခၚမယ္ဆိုရင္ ေစ်းေပါမွာမဟုတ္ဘဲ အိုင္းယက္စ္ကလည္းထြက္ခြင့္မေပးခ်င္ေပမယ့္ ေကာင္းမြန္တဲ့ကမ္းလွမ္းမႈဆိုရင္ေတာ့ တင္းဘားတုန္းကလို အရမ္းတင္းခံသြားဖို႔ မရွိပါဘူး။ ဟာတိုဟာ ဒတ္ခ်္ထိပ္တန္းအသင္းအတြက္ ေတာက္ပတဲ့ရာသီကို ပိုင္ဆိုင္ခဲ့ၿပီး အသက္နဲ႔မလိုက္တဲ့ ေခါင္းေဆာင္မႈအရည္အေသြးကို ပိုင္ဆိုင္ထားသလို နည္းစနစ္ပိုင္းလည္း ေကာင္းမြန္တဲ့သူပါ။ ေဘာလုံးပိုင္ဆိုင္မႈ ရထားခ်ိန္မွာလည္း အလြန္ေကာင္းမြန္ၿပီး ဗဟိုခံစစ္ေနရာမွာလည္း ေကာင္းေကာင္း ကစားႏိုင္ပါတယ္။
ရာယန္ အိတ္-ႏူရီ
ပရီးမီးယားလိဂ္ေစ်းကြက္ထဲမွာ ရွာေဖြရတာက အၿမဲတမ္း အရဲစြန႔္ရၿပီး အာဆင္နယ္ဟာ ဒီေနရာမွာေတာ့ ကြၽမ္းက်င္ၿပီးသားပါ။ ဘန္ ဝႈိက္၊ ကိုင္ ဟာဗတ္ဇ္၊ ထေရာ့ဆာ့ဒ္၊ ဒီကလန္ ႐ိုက္တို႔က အာတီတာရဲ႕ စီမံကိန္းထဲမွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကေန ေခၚယူခဲ့တဲ့ အဓိကအစိတ္အပိုင္းေတြ ျဖစ္လာခဲ့ပါတယ္။ မန္စီးတီးကို ေက်ာ္ျဖတ္ႏိုင္ဖို႔ဆိုရင္ ဒီေႏြရာသီမွာ ဂန္းနားေတြက ေငြသုံးဖို႔ တြန႔္ေနလို႔မျဖစ္ဘဲ ပရီးမီးယားလိဂ္မွာ သက္ေသျပၿပီးသား ဘယ္ေနာက္ခံလူကို ေခၚတာက အပါးနပ္ဆုံး ေခၚယူမႈျဖစ္လာႏိုင္ပါတယ္။ အိတ္-ႏူရီဟာ ဝုဗ္မွာ ၿပီးခဲ့တဲ့ရာသီအတြင္း ေတာက္ပတဲ့ ေျခစြမ္းကို ျပသခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဘယ္ေနာက္ခံလူေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ ေဘာလုံးပိုင္ဆိုင္မႈရထားတဲ့အခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ားကို လုပ္ႏိုင္စြမ္းရွိၿပီး အယ္လ္ဂ်ီးရီးယားၾကယ္ပြင့္ဟာ အလယ္ဗဟိုကေနေရာ ကြင္းေဘးစည္းနားကေနပါ ၿပိဳင္ဘက္ေတြကို ျဖတ္ေက်ာ္ႏိုင္စြမ္းရွိၿပီး တိုက္စစ္မွာ သိသာထင္ရွားတဲ့ လႊမ္းမိုးမႈ ျပဳလုပ္ႏိုင္သူပါ။ ေဘာလုံးပိုင္ဆိုင္မႈ ရထားခ်ိန္မွာ အလြန္ေကာင္းမြန္မႈအတြက္ ပရိသတ္ေတြက ခံစစ္ပိုင္းအားနည္းမွာ စိုးရိမ္ႏိုင္ေပမယ့္ ဂယ္ရီ အိုေနးလ္ရဲ႕ နည္းျပမႈေအာက္မွာ ၿပီးခဲ့တဲ့ရာသီ ခံစစ္ပိုင္းမွာလည္း အားမနည္းဘူးဆိုတာကို ျပသခဲ့ၿပီးပါၿပီ။
မီဂယ္ ဂူတီယာရက္ဇ္
ဂီ႐ိုနာေနာက္ခံလူ မီဂယ္ ဂူတီယာရက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီ ပထမပိုင္း လာလီဂါအမွတ္ေပးဇယားကို ဦးေဆာင္ခဲ့တဲ့အသင္းအတြက္ အေကာင္းဆုံးပုံစံျပသခဲ့တဲ့ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး မၾကာခဏ တိုက္စစ္ဘယ္ေတာင္ပံကေန ၿပိဳင္ဘက္ေနာက္ခံလူေတြေနာက္ကို ေျပးဝင္ေလ့ရွိတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဂူတီယာရက္ဇ္ဟာ လာလီဂါမွာ သြင္းဂိုး ၉ ဂိုးပါဝင္ပတ္သက္ခဲ့ၿပီး အာတီတာက ဒီလိုဘယ္ေနာက္ခံလူမ်ိဳးကို ႏွစ္သက္မွာ ေသခ်ာပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ ခံစစ္ကို ျပန္လည္ကူးေျပာင္းႏိုင္စြမ္းကေတာ့ ျပင္းထန္တဲ့ အကဲျဖတ္မႈေအာက္မွာ ရွိခဲ့ၿပီး ေသခ်ာပိတ္ေဆာ့ရမယ့္ ႀကီးမားတဲ့ အေဝးကြင္းပြဲေတြက စြမ္းရည္ကေတာ့ သိပ္အားရစရာမရွိခဲ့တာပါ။ ဂူတီယာရက္ဇ္က အာတီတာအတြက္ ပစ္ရမွာလည္း အဆီတဝင္းဝင္း စားရမွာလည္း သဲတရွပ္ရွပ္ဆိုတဲ့ ကစားသမားမ်ိဳးျဖစ္ႏိုင္ပါတယ္။
အယ္လ္ဖြန္ဆို ေဒးဗီးစ္
ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ အယ္လ္ဖြန္ဆို ေဒးဗီးက ၿပီးခဲ့တဲ့ရာသီဒုတိယပိုင္းကို စိတ္ပ်က္စရာ ျဖတ္သန္းခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ လာလီဂါအသင္းႀကီးကေတာ့ ေခၚမယ့္ပုံမေပၚပါဘူး။ ဒါေပမယ့္ အာဆင္နယ္သာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရွိေနခ်င္ရင္ေတာ့ ဒီအေျပာင္းအေ႐ႊ႕က မျဖစ္မေနလုပ္သင့္ၿပီး ကေနဒါေနာက္ခံလူဟာ ခံစစ္နဲ႔ တိုက္စစ္ကို အေကာင္းဆုံး တက္လိုက္ဆင္းလိုက္ ကစားႏိုင္တဲ့ကစားသမားပါ။ သူ႔ရဲ႕ ေနာက္တန္းကို ျပန္လိုက္ပါႏိုင္တဲ့ ျမန္ႏႈန္းက အလြန္ျမင့္မားၿပီး တစ္ဦးခ်င္း ရင္ဆိုင္ႏိုင္စြမ္းကလည္း ဆက္လက္တိုးတက္ေနတယ္ဆိုတာ အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့မွာ ရွင္းရွင္းလင္းလင္း ျမင္ခဲ့ရပါတယ္။ ဒီအေျပာင္းအေ႐ႊ႕က မျဖစ္ႏိုင္ဖို႔ မ်ားေပမယ့္ အာဆင္နယ္သာ ေခၚယူႏိုင္ခဲ့ရင္ေတာ့ အေကာင္းဆုံးအေျပာင္းအေ႐ႊ႕ေတြထဲက တစ္ခုျဖစ္လာမွာ ေသခ်ာပါတယ္။
Arsenal Myanmar
Ref :Internet
- Posted In:
- Articles