ဘယ်နောက်ခံကစားသမားမဟုတ်ဘဲ အလွန်အားနည်းသူလို့ သတ်မှတ်ခံခဲ့ရတဲ့ ဇင်ချန်ကို
အင်္ဂလန်အသင်းဟာ ယူရို ခြေစစ်ပွဲအဖြစ် ယနေ့မှာ ယူကရိန်းအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့် ဇင်ချန်ကိုက အားနည်းချက်ဖြစ်နိုင်တယ်လို့ ပြောကြားခြင်းခံခဲ့ရပါတယ်။
ဇင်ချန်ကိုဟာ ယူကရိန်းမှာ အလွန်ကောင်းမွန်တဲ့ကစားသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး ယခုရာသီမှာ အာဆင်နယ်အသင်းအတွက်လည်း အလွန်ကောင်းမွန်တဲ့ ကစားသမားခေါ်ယူမှုဖြစ်ကြောင်း သက်သေပြသထားတာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဘယ်နောက်ခံနေရာရော ကွင်းလယ်နေရာမှာပါ ကစားနိုင်စွမ်းရှိသူဖြစ်ပေမယ့်လည်း ယူကရိန်းလက်ရွေးစင်ဟောင်းက ဇင်ချန်ကိုရဲ့ ခံစစ်ပိုင်း အရည်အသွေးကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအတွက် ၁၄ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ ဗစ်တာ လီယိုနန်ကိုက အဲဗာတန်ရဲ့ ဗီတာလီ မိုင်ကိုလန်ကိုက အဆင်နယ်ကြယ်ပွင့်ထက် ပိုမိုကောင်းမွန်တဲ့ နောက်ခံကစားသမားဖြစ်တယ်လို့ ငြင်းခုံခဲ့တာဖြစ်ပါတယ်။
“ဇင်ချန်ကိုအတွက်တော့ အင်္ဂလန်နဲ့ပွဲမှာ ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ စိတ်ဝင်တစား ကြည့်သွားရမှာပါ။ ကျွန်တော် ကျိန်းသေပေါက် ပြောနိုင်တာက သူက ဘယ်နောက်ခံလူမဟုတ်ဘူး။ သူက အာဆင်နယ်မှာ ဘယ်နောက်ခံနေရာမှာ ကစားတယ်။ ဘာလို့လဲဆိုတော့ ဂန်းနားတွေက တစ်ချိန်လုံးဘောလုံးကိုင်ထားပြီး ပွဲကို ထိန်းချုပ်ထားချင်လို့ပါ။ ဇင်ချန်ကို ကို ဘောလုံးကို မထိန်းချုပ်ထားတဲ့ တခြားအသင်းမှာ ကစားတာကို တွေးကြည့်လို့မရနိုင်ပါဘူး။ သူက လိုအပ်မှာ မဟုတ်ပါဘူး။ ဇင်ချန်ကိုက အာဆင်နယ်မှာ ဘယ်နောက်ခံနေရာချည်းပဲ ကစားနေတာမဟုတ်ဘူး။ နေရာတိုင်းမှာ ကစားနေပြီး အထောက်အကူပေးတဲ့ ဇုန်ထဲကို ရွှေ့ကစားတယ်။ ”
ဇင်ချန်ကိုဟာ လက်ရှိအချိန်အထိ အာဆင်နယ်အတွက် ၂၇ ပွဲ ပါဝင်ကစားပေးထားပြီး အများအားဖြင့် နောက်ခံတောင်ပံကစားသမားအဖြစ် အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်မှာ တတိယမြောက် ခံစစ်အကောင်းဆုံးစံချိန်ကို ပိုင်ဆိုင်ထားပြီး ယခုရာသီမှာ သွင်းဂိုး ၂၆ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
“ဇင်ချန်ကိုက ခံစစ်မှာ အရမ်းအားနည်းတယ်။ သူက တွဲကစားတာတော့ ကောင်းပါတယ်။ အဲဒါကလည်း အမြဲတမ်းတော့မဟုတ်ပါဘူး။ ဒီကောင်လေးက တစ်ခါတလေ သူ့ရဲ့ ဂိုးကို စတင် တိုက်စစ်ဆင်ပြီး မကြာခဏ ဖြတ်တောက်ခံရတာက အာဆင်နယ်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့အရာပါ။ ခံစစ်ကစားသမားအနေနဲ့ဆို မိုင်ကိုလန်ကိုက ဇင်ချန်ကိုထက် ပိုပြီးတော့ အားကောင်းပါတယ်။ အလက်ဇန်းဒါးက ခံစစ်ထက် ကွင်းလယ်ကစားသမားပုံစံပိုပေါက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ဇင်ချန်ကိုဟာ တစ်ပွဲပျမ်းမျှ ဖျက်ထုတ်မှု ၁.၆ ကြိမ်နဲ့ ကြားဝင်ဖျက်ထုတ်မှု ၀.၈ ကြိမ် ပြုလုပ်ထားပေမယ့်လည်း ၎င်းရဲ့ ဘောလုံးနဲ့အတူ ကစားနိုင်တဲ့ နည်းစနစ်ပိုင်း အရည်အချင်းကြောင့် လူသိများခဲ့တာဖြစ်ပါတယ်။
ဇင်ချန်ကိုရဲ့ ဖန်တီးမှု ပြုလုပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာတီတာက “သူ ဖန်တီးနိုင်ပြီး အရမ်းကောင်းတဲ့ပုံစံနဲ့ ကွင်းထဲက အချို့နေရာတွေမှာ အသားကျအောင်လုပ်နိုင်ပါတယ်။ တစ်ခါတရံ သူက နေရာလွတ်တွေကို သိမ်းပိုက်ထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ တစ်ခါတလေ အသင်းတွေက ခင်ဗျားကို မေးခွန်းထုတ်ရင် ခင်ဗျား အဲလက်စ်ကို အချို့နေရာတွေမှာ လိုအပ်ပါတယ်။
သူက တောင်ပံပိုထွက်ပြီး အရှေ့အထိတက်ပြီးလည်း ကစားနိုင်ပါတယ်။ သူက အဲဒီမှာ သက်တောင့်သက်သာရှိပါတယ်။ ကစားသမားတွေမှာ နေရာစုံကစားနိုင်စွမ်းရှိတာက ကောင်းပါတယ်။ သူလုပ်နေသလိုမျိုးပဲ အချို့ နေရာလွတ်တွေကို ရွေ့လျားဖို့ လွတ်လပ်မှု ရှိပြီး အထူးသဖြင့် ကျွန်တော်တို့ ပိတ်ကစားခံရတဲ့ပွဲတွေမှာဆို သူ ဘောလုံးလက်ခံရယူတဲ့နေရာမှာ လုပ်ဆောင်မှုတွေရှိတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ခင်ဗျား လုပ်ရမယ့်ဟာကို လုပ်ဖို့ ကျွန်တော်တို့ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis