တိုမီယဆုဒဏ်ရာအတွက် အဖြေရှိပြီးသားဖြစ်တဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ယခုအပတ်မှာ တိုမီယဆု ရာသီကုန်အထိ လွဲချော်တော့မယ်ဆိုတဲ့သတင်းကို သိခဲ့ရပြီးနောက် နောက်ထပ် ကြီးမားတဲ့ ဒဏ်ရာပြဿနာ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ အင်္ဂါနေ့က လန်ဒန်မှာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ပြီး စပို့တင်း လစ္စဘွန်းနဲ့ ပွဲစဉ်အပြီးမှာ ကွင်းထဲကနေ ချိုင်းထောက်နဲ့ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ “တိုမီက အင်္ဂါနေ့ လန်ဒန်မှာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီး ဒီရာသီလက်ကျန်အချိန်တွေကို လွဲချော်မှာဖြစ်ပါတယ်။ အသင်းမှာရှိတဲ့အားလုံးက လာမယ့်ရာသီမတိုင်ခင် ရာသီကြိုလေ့ကျင့်ရေးကို ပူးပေါင်းနိုင်အောင် တိုမီနဲ့အတူ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေပြီဖြစ်ပါတယ်။”လို့ ရေးသားထားတာဖြစ်ပါတယ်။
တိုမီယဆု မပါဝင်နိုင်မှုက အာဆင်နယ်အတွက် ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်လာမှာဖြစ်ပြီး ဂျပန်နောက်ခံလူဟာ ယခုရာသီမှာ ပထမဦးစားပေးညာနောက်ခံလူမဟုတ်ပေမယ့် လိုအပ်တဲ့အချိန်တိုင်း ဘယ်နောက်ခံ၊ ညာနောက်ခံနေရာမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဘန် ဝှိုက်ဟာ ညာနောက်ခံနေရာမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာမှုကြောင့် တိုမီယဆုဟာ ညာနောက်ခံနေရာအတွက် ဒုတိယပွဲထွက်ကစားသမားဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီးဒရစ် ဆိုအာရက်စ်က ဖူလ်ဟမ်ကို အငှားထွက်ကစားနေတာကြောင့် အာဆင်နယ်ဟာ ယခုရာသီကုန်အထိ ပရီးမီးယားလိဂ်ဖလား တိုက်ပွဲအတွက် အသုံးပြုစရာ ညာနောက်ခံကစားသမားစစ်စစ် မရှိတော့တာ ဖြစ်ပါတယ်။
ဂန်နားတွေဟာ ရာသီကုန်ဖို့ ၁၀ ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် ပရိသတ်တွေဟာ အသင်းရဲ့ ဒဏ်ရာပြဿနာကြောင့် စိုးရိမ်ပူပင်နေကြမှာဖြစ်ပေမယ့်လည်း အာတီတာက ဒီလိုမျိုး ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဖောင်ဒေးရှင်း ချထားပြီးသားဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ စပိန်လူမျိုးနည်းပြက ၎င်းရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ကွက်ကျော်မြင်နိုင်စွမ်းကို သောမတ်စ် ပါတေးကို ညာနောက်ခံနေရာမှာ ကစားခိုင်းပြီး ပြသခဲ့တာ ဖြစ်ပါတယ်။
ဂါနာကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၎င်းရဲ့ အရပ်အမောင်း၊ ကိုယ်ကာယတောင့်တင်းမှုက ပြိုင်ဘက်ကစားသမားတွေကို ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးအောင်လုပ်ဖို့၊ ဘောလုံးပေးပို့မှုတွေမှာ ကြားဖြတ်နှောင့်ယှက်ဖို့၊ ပြိုင်ဘက်တွေဆီကနေ ဘောလုံးလုယူရာဖို့ အသုံးဝင်တာဖြစ်ပါတယ်။
ပါတေးဟာ အရင်တုန်းက ခံစစ်မှာ ကစားခဲ့ဖူးတဲ့ ကစားသမားဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်မှာတုန်းက ညာနောက်ခံလူအဖြစ် ၁၁ ပွဲ ကစားခဲ့ဖူးပြီး ၈ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေ မမေ့သေးဘူးဆိုရင် ၂၀၁၈ ခုနှစ်တုန်းက အာဆင်နယ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်တုန်းက အက်သလက်တီကို မက်ဒရစ်ရဲ့ ခံစစ် ညာတောင်ပံမှာ ပါတေးက ဂိုဒင်၊ ဟီမီနက်ဇ်၊ လူးကပ်စ် ဟာနန်ဒက်ဇ်တို့နဲ့အတူ ကစားခဲ့ပြီး အာဆင်ဝင်းဂါးရဲ့အသင်းကို အရေးကြီးတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိတ်ဆိတ်နေအောင် လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။
ပါတေးရဲ့ နေရာစုံကစားနိုင်စွမ်းကြောင့် ညာနောက်ခံနေရာကို ပြောင်းကစားခိုင်းမယ်ဆိုရင် ဝှိုက်က ဆာလီဘာရဲ့ နေရာမှာ ဝင်ကစားနိုင်မှာဖြစ်ပြီး အဲဒီအခါကျရင် ပါတေးနေရာ ဘယ်သူ ဝင်ဖြည့်မှာလဲဆိုရင် ချဲလ်ဆီးကနေ ခေါ်ယူခဲ့တဲ့ ဂျော်ဂျင်ညိုက ဝင်ကစားပေးဖို့ အဆင်သင့်ရှိနေပါကြောင်း တင်ပြအပ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္အသင္းဟာ ယခုအပတ္မွာ တိုမီယဆု ရာသီကုန္အထိ လြဲေခ်ာ္ေတာ့မယ္ဆိုတဲ့သတင္းကို သိခဲ့ရၿပီးေနာက္ ေနာက္ထပ္ ႀကီးမားတဲ့ ဒဏ္ရာျပႆနာ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ အဂၤါေန႔က လန္ဒန္မွာ ဒူးဒဏ္ရာ ခြဲစိတ္ကုသမႈ ခံယူခဲ့ရတာျဖစ္ၿပီး စပို႔တင္း လစၥဘြန္းနဲ႔ ပြဲစဥ္အၿပီးမွာ ကြင္းထဲကေန ခ်ိဳင္းေထာက္နဲ႔ ထြက္ခြာသြားတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ “တိုမီက အဂၤါေန႔ လန္ဒန္မွာ ခြဲစိတ္ကုသမႈ ေအာင္ျမင္ခဲ့ၿပီး ဒီရာသီလက္က်န္အခ်ိန္ေတြကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ အသင္းမွာရွိတဲ့အားလုံးက လာမယ့္ရာသီမတိုင္ခင္ ရာသီႀကိဳေလ့က်င့္ေရးကို ပူးေပါင္းႏိုင္ေအာင္ တိုမီနဲ႔အတူ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ေနၿပီျဖစ္ပါတယ္။”လို႔ ေရးသားထားတာျဖစ္ပါတယ္။
တိုမီယဆု မပါဝင္ႏိုင္မႈက အာဆင္နယ္အတြက္ ႀကီးမားတဲ့ ျပႆနာတစ္ခုျဖစ္လာမွာျဖစ္ၿပီး ဂ်ပန္ေနာက္ခံလူဟာ ယခုရာသီမွာ ပထမဦးစားေပးညာေနာက္ခံလူမဟုတ္ေပမယ့္ လိုအပ္တဲ့အခ်ိန္တိုင္း ဘယ္ေနာက္ခံ၊ ညာေနာက္ခံေနရာမွာ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။
ဘန္ ဝႈိက္ဟာ ညာေနာက္ခံေနရာမွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ျပသေနတဲ့ ကစားသမားေတြထဲက တစ္ဦးအျဖစ္ ေပၚထြက္လာမႈေၾကာင့္ တိုမီယဆုဟာ ညာေနာက္ခံေနရာအတြက္ ဒုတိယပြဲထြက္ကစားသမားျဖစ္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆီးဒရစ္ ဆိုအာရက္စ္က ဖူလ္ဟမ္ကို အငွားထြက္ကစားေနတာေၾကာင့္ အာဆင္နယ္ဟာ ယခုရာသီကုန္အထိ ပရီးမီးယားလိဂ္ဖလား တိုက္ပြဲအတြက္ အသုံးျပဳစရာ ညာေနာက္ခံကစားသမားစစ္စစ္ မရွိေတာ့တာ ျဖစ္ပါတယ္။
ဂန္နားေတြဟာ ရာသီကုန္ဖို႔ ၁၀ ပြဲကစားဖို႔ က်န္ရွိေနေသးတာေၾကာင့္ ပရိသတ္ေတြဟာ အသင္းရဲ႕ ဒဏ္ရာျပႆနာေၾကာင့္ စိုးရိမ္ပူပင္ေနၾကမွာျဖစ္ေပမယ့္လည္း အာတီတာက ဒီလိုမ်ိဳး ျပႆနာကို ေျဖရွင္းႏိုင္ဖို႔အတြက္ ေဖာင္ေဒးရွင္း ခ်ထားၿပီးသားျဖစ္ပါတယ္။ တနဂၤေႏြေန႔က ပဲေလ့စ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ စပိန္လူမ်ိဳးနည္းျပက ၎ရဲ႕ ဖန္တီးႏိုင္စြမ္းနဲ႔ ကြက္ေက်ာ္ျမင္ႏိုင္စြမ္းကို ေသာမတ္စ္ ပါေတးကို ညာေနာက္ခံေနရာမွာ ကစားခိုင္းၿပီး ျပသခဲ့တာ ျဖစ္ပါတယ္။
ဂါနာကြင္းလယ္လူဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္ခံစစ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ၎ရဲ႕ အရပ္အေမာင္း၊ ကိုယ္ကာယေတာင့္တင္းမႈက ၿပိဳင္ဘက္ကစားသမားေတြကို ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးေအာင္လုပ္ဖို႔၊ ေဘာလုံးေပးပို႔မႈေတြမွာ ၾကားျဖတ္ေႏွာင့္ယွက္ဖို႔၊ ၿပိဳင္ဘက္ေတြဆီကေန ေဘာလုံးလုယူရာဖို႔ အသုံးဝင္တာျဖစ္ပါတယ္။
ပါေတးဟာ အရင္တုန္းက ခံစစ္မွာ ကစားခဲ့ဖူးတဲ့ ကစားသမားျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္မွာတုန္းက ညာေနာက္ခံလူအျဖစ္ ၁၁ ပြဲ ကစားခဲ့ဖူးၿပီး ၈ ပြဲ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ပရိသတ္ေတြ မေမ့ေသးဘူးဆိုရင္ ၂၀၁၈ ခုႏွစ္တုန္းက အာဆင္နယ္နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ပြဲစဥ္တုန္းက အက္သလက္တီကို မက္ဒရစ္ရဲ႕ ခံစစ္ ညာေတာင္ပံမွာ ပါေတးက ဂိုဒင္၊ ဟီမီနက္ဇ္၊ လူးကပ္စ္ ဟာနန္ဒက္ဇ္တို႔နဲ႔အတူ ကစားခဲ့ၿပီး အာဆင္ဝင္းဂါးရဲ႕အသင္းကို အေရးႀကီးတဲ့ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ တိတ္ဆိတ္ေနေအာင္ လုပ္ခဲ့ဖူးတာျဖစ္ပါတယ္။
ပါေတးရဲ႕ ေနရာစုံကစားႏိုင္စြမ္းေၾကာင့္ ညာေနာက္ခံေနရာကို ေျပာင္းကစားခိုင္းမယ္ဆိုရင္ ဝႈိက္က ဆာလီဘာရဲ႕ ေနရာမွာ ဝင္ကစားႏိုင္မွာျဖစ္ၿပီး အဲဒီအခါက်ရင္ ပါေတးေနရာ ဘယ္သူ ဝင္ျဖည့္မွာလဲဆိုရင္ ခ်ဲလ္ဆီးကေန ေခၚယူခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳက ဝင္ကစားေပးဖို႔ အဆင္သင့္ရွိေနပါေၾကာင္း တင္ျပအပ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Featured Article