ဆုဖလားပြိုင်ပွဲက ဦးဆောင်မှုကို လွှင့်ပစ်ခဲ့တဲ့ ပွဲမှာ အာတီတာ ဘာတွေမှားသွားခဲ့သလဲ
အာဆင်နယ်ရဲ့ ဆုဖလားပြိုင်ပွဲက အားသာချက်ဟာ တနင်္ဂနွေနေ့ညနေက လန်ဒန်ကွင်းမှာ ဝက်စ်ဟမ်းနဲ့ ၂-၂ သရေကျခဲ့ပြီးနောက်ပိုင်း ၄ မှတ်အထိ လျော့ကျသွားခဲ့ရပြီဖြစ်ပါတယ်။
ဂန်းနားတွေဟာ အစောပိုင်းမှာ ဂါဘရီယဲလ် ဂျေးဇုနဲ့ မာတင် အော်ဒီဂွါဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဘန်ရာမာရဲ့ ပင်နယ်တီနဲ့ ဘိုဝင်ရဲ့ မြေမကျကန်သွင်းခဲ့တဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင် ဝက်စ်ဟမ်းက ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးနဲ့ ပက် ဂွါဒီယိုလာတို့ကို အားတက်စရာဖြစ်စေခဲ့တဲ့အထိ အာတီတာ မှားယွင်းခဲ့တဲ့ အရာ ၃ ခု ရှိခဲ့ပါတယ်။
ကြောက်ရွံ့နေခဲ့ခြင်း-မှား
ပထမပိုင်း အဆုံးမှာ ဝက်စ်ဟမ်းအသင်းရဲ့ တရစပ် ဖိအားပေးမှုကို ခံနေရတဲ့ ကာလအတွင်း ဦးဆောင်နိုင်မှုကို ထိန်းသိမ်းထားနိုင်ပေမယ့်လည်း ဆာကာ ပင်နယ်တီလွဲချော်ပြီးနောက်မှာ ဂန်းနားတွေဟာ လဲပြိုသွားခဲ့တာဖြစ်ပါတယ်။ဂန်းနားတွေဟာ ဝက်စ်ဟမ်းရဲ့ ဖိအားပေးမှုကို မဖြေရှင်းနိုင်ခဲ့ဘဲ ဘိုဝင်က ရမ်းစ်ဒေးလ်ကို မြေမကျကန်ချက်နဲ့ သွင်းယူသွားချိန်မှာ အိပ်မောကျနေခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးတဲ့နောက်မှာ အနိင်ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့တဲ့ ဝက်စ်ဟမ်းကို ထိန်းသိမ်းနိုင်ခြင်းလည်း မရှိခဲ့ဘဲ အာတီတာဟာ ခေါင်းကုတ်ပြီး အကြံကုန်နေခဲ့ပုံပေါ်ပါတယ်။
တုံ့ပြန်နိုင်စွမ်း မရှိခဲ့ခြင်း-မှား
အာဆင်နယ်ပရိသတ်တွေဟာ အာတီတာက ဝက်စ်ဟမ်းအသင်း အသာစီးရရှိနေပေမယ့်လည်း မိနစ် ၆၀ အထိ ပထမဆုံးလူစားလဲလှယ်မှုပြုလုပ်ဖို့ စောင့်ဆိုင်းနေခဲ့တာကြောင့် ပရိသတ်တွေ နားမလည်နိုင်ဖြစ်ခဲ့ရပြီး အရန်ခုံတန်းမှာ ထရော့ဆာ့ဒ်၊ စမစ် ရိုး၊ အန်ကီးတီးယား၊ ရိစ် နယ်လ်ဆန်တို့လို အရန်ခုံကနေ ဝင်ကစားပြီး ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြသထားနိုင်ခဲ့ပြီးသားကစားသမားတွေရှိနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တုံ့ပြန်နိုင်စွမ်း မရှိမှုက ပရိသတ်တွေအတွက် မကျေမနပ်ဖြစ်စရာ ဖြစ်ခဲ့ပြီး ပရိသတ်တစ်ဦးက အာတီတာအနေနဲ့ တတ်နိုင်သမျှ မြန်မြန် လူစားလဲဖို့ လိုနေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အကျင့်ဆိုးများ-မှား
အာဆင်နယ်အသင်းဟာ ၂ ဂိုးသွင်း ဦးဆောင်ထားမှုကို လွှင့်ပစ်ခဲ့တာကို ရှောင်လွှဲနိုင်ခဲ့တာ ၃ နှစ်လောက် ရှိပြီဖြစ်ပြီး အာတီတာရဲ့ အာဆင်နယ်ကတော့ အရေးအကြီးဆုံးအချိန်မှာ ၇ ရက်အတွင်း ၂ ကြိမ်အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်နဲ့ပွဲမှာလည်း ၂ ဂိုးနဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးပြီး သရေကျခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းကလည်း ဂန်းနားတွေကို တူညီတဲ့ ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ဖေဖော်ဝါရီလက နော်တင်ဟမ်ဖောရက်စ်နဲ့ သရေကျပြီးနောက်ပိုင်း ၆ ပွဲဆက် လိဂ်နိုင်ပွဲရရှိခဲ့တဲ့ မန်စီးတီးအတွက် ကြီးမားတဲ့ အားတက်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles