ဆာကာ တောက်ပပြပြီး ဇယားထိပ်မှ ၈မှတ်ဖြတ် ဦးဆောင်ခဲ့တဲ့ပွဲစဉ်က ထူးထူးခြားခြား ပြောစရာ ၇ချက်
အာဆင်နယ်အသင်းဟာ နည်းပြ မရှိတဲ့ ခရစ္စတယ် ပဲလေ့စ်ကို အပြတ်အသတ် ချေမှုန်းပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဂိုးရှေ့မှာ အဆုံးသတ် သေချာနေခဲ့ပြီး ၂၈ မိနစ်မှာ မာတီနယ်လီက ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုကို ဘယ်ခြေနဲ့ အပြင်းကန်ပြီး အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက်ပထမပိုင်း ပြီးခါနီးမှာ ဆာကာ ပင်နယ်တီဧရိယာထဲမှာ နေရာလွတ် ရှာတွေ့ခဲ့ပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပဲလေ့စ်ဟာ ဇာဟာရဲ့ ကန်ချက် ဂိုးတိုင်ထိမှန်ခဲ့ပြီး ဒုတိယပိုင်းမှာ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ပက်ထရစ် ဗီယာရာကို ရာထူးကနေ ထုတ်ပယ်ခဲ့တာက ဘာမှ မထူးခြားနားဖြစ်ခဲ့တာဖြစ်ပါတယ်။
ချာကာက ထရော့ဆာ့ဒ်ရဲ့ အလွန်ကောင်းမွန်တဲ့ မျှောထိုးပေးမှုကို ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးပြီး ပက်ထရစ် ရှလပ်က ထောင့်ကန်ဘောကနေတဆင့် ချေပဂိုး တစ်ဂိုးကို ပဲလေ့စ်အတွက် သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း သိပ်မကြာခင်မှာ ဆာကာက တီယာနီ ချိုးပေးလိုက်တဲ့ဘောလုံးကို ပိတ်သွင်းယူပြီးနောက် ဂန်းနားတွေက ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဒီပွဲမှာ မှတ်မှတ်ရရ ပြန်ပြောချင်စရာ အချက်တွေရှိခဲ့ပါတယ်။
အဆင့်သစ်တစ်ခုကို ရောက်ရှိလာတဲ့ မာတီနယ်လီ
မာတီနယ်လီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဂျေးဇုရော အန်ကီးတီးယားပါ နာနေချိန်မှာ အာဆင်နယ်ရဲ့ တိုက်စစ်ကို ဦးဆောင်သူ ဖြစ်လာခဲ့ပြီး သွင်းဂိုးတွေ ပုံမှန်သွင်းယူပေးသူအဖြစ် တစ်ဆင့်တက် တာဝန်ယူခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ မာတီနယ်လီဟာ လက်ရှိမှာ ထိပ်တန်းပရီးမီးယားလိဂ်တိုက်စစ်မှူးအဖြစ် သက်သေပြသနိုင်ခဲ့ပြီဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲက သွင်းဂိုးဟာ ယခုရာသီ ၁၃ ဂိုးမြောက်ဂိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ မာတီနယ်လီထက် ဂိုးပိုသွင်းယူထားနိုင်တဲ့ကစားသမားဆိုလို့ ဟာလန်း(၂၈ ဂိုး)၊ ဟာရီ ကိန်း(၂၁ ဂိုး)၊ အိုင်ဗန် တိုနီ(၁၆ ဂိုး)၊ ရက်ရှ်ဖို့ဒ်(၁၄ ဂိုး)တို့သာ ရှိတော့တာဖြစ်ပါတယ်။
ဂန်းနားတို့ရဲ့ နှလုံးသည်းပွတ် ငရုတ်သီးလေး
မာတီနယ်လီလိုပဲ ဆာကာလည်း အသက် ၂၁ နှစ်အရွယ်သာရှိသေးပေမယ့်လည်း အရွယ်နဲ့ မလိုက်အောင် အသင်းအတွက် အားကိုးအားထားပြုလို့ရတဲ့ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာ လျှပ်စီးလို လျင်မြန်ဖျတ်လတ်ခဲ့ပြီး ကိုယ်တိုင် ၂ ဂိုးသွင်းသလို မာတီနယ်လီရဲ့ သွင်းဂိုးအတွက် ဖြတ်တင်ပေးပို့မှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ဆာကာရဲ့ ခြေစွမ်းတည်ငြိမ်မှုကလည်း ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပြီး ပြသထားခဲ့တာဖြစ်ပြီး သွင်းဂိုးရော ဖန်တီးမှုမှာ ကိန်းဂဏန်း ၂ လုံးအထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ဆာကာဟာ ၂၀၁၆-၂၀၁၇ တုန်းက ဆန်းချက်ဇ်နောက်ပိုင်း ပရီးမီးယားလိဂ်တစ်ရာသီအတွင်း စွမ်းဆောင်ပြနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အာဆင်နယ်ကစားသမားဖြစ်လာခဲ့ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟာလန်း(၃၃ ဂိုး)နဲ့ ကိန်း(၂၃ ဂိုး)တို့သာ ဒီရာသီမှာ ဆာကာထက် ပရီးမီးယားလိဂ် ဂိုးပါဝင်ပတ်သက်မှု ပိုမိုများပြားနေတာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုအတွင်းမှာ ငရုတ်သီးလေးထက် လိဂ်ဂိုးဖန်တီးမှု ပိုမိုများပြားတဲ့ကစားသမားဆိုလို့ မက်ဆီ( ၁၃ ကြိမ်)၊ ဒီဘရိုင်းနား(၁၂ ကြိမ်)၊ နေမာ(၁၁ ကြိမ်)၊ ကိုလို မူအာနီ(၁၀ ကြိမ်)တို့သာ ရှိနေတာဖြစ်ပါတယ်။ ဆာကာရဲ့လိဂ်သွင်းဂိုး ၁၂ ဂိုးကလည်း ပြီးခဲ့တဲ့ရာသီ သွင်းဂိုးအရေအတွက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ဒီသွင်းဂိုးအရေအတွက်ကို ၁၀ ပွဲလျော့ကစားထားပြီး ရရှိခဲ့တာဖြစ်ပါတယ်။
ဂိုးသွင်းရမှာ ရှက်တဲ့ ပဲလေ့စ်
ဗီယာရာကို သောကြာနေ့မှာ ထုတ်ပယ်ခဲ့တဲ့ ပဲလေ့စ်ရဲ့ ခံစစ်ဟာ ယေဘုယျအားဖြင့်တော့ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပေမယ့် တိုက်စစ်ကတော့ သံချေးတက်နေတဲ့ ဓားမတစ်ချောင်းလို ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက် ဂိုးပျောက်မတွေ့ခဲ့ဘဲ နောက်ဆုံး ၁၄ ပွဲမှာ ၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်းမရိတ်စ်မှာ ရှလပ်က ချေပဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဆိုးရွားတဲ့ စံချိန်က ကျန်ရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုးဟာ နော်တင်ဟမ်ဖောရက်စ်၊ ဝုလ်ဗ်စ်တို့နဲ့အတူ လိဂ်မှာ အဆိုးရွားဆုံးသွင်းဂိုးအရေအတွက်အဖြစ် ပူးတွဲရပ်တည်နေပါတယ်။
မျက်စိဒေါက်ထောက် ကြည့်ခံခဲ့ရတဲ့ ဟိုးဒင်း
ဝီလီယံ ဆာလီဘာဟာ အာဆင်နယ်ရဲ့ ယခုရာသီ ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ကြာသပတေးနေ့က စပို့တင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာက ဂန်းနားတွေအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဟိုးဒင်းက ဆာလီဘာရဲ့နေရာမှာ ဝင်ကစားခဲ့ပြီး ပဲလေ့စ်နဲ့ပွဲမှာလည်း ဂါဘရီယဲလ် မာဂါလိုင်စ်နဲ့အတူပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ စိုးရိမ်စရာလက္ခဏာတွေ ပြသခဲ့ပြီး ဟိုးဒင်းဟာ ဘောလုံးကို ရယူဖို့ ကြိုးပမ်းတဲ့အနေနဲ့ မအောင်မြင်တဲ့ ဒိုင်ဗင်ထိုးမှုမှာ အပြစ်ရှိခဲ့တာဖြစ်ပါတယ်။ ဇာဟာက အဲဒီနောက်မှာ အတွင်းကို ချိုးဝင်ပြီး ကန်သွင်းခဲ့တဲ့ ဘောလုံးက တိုင်ထိသွားခဲ့လို့သာ တော်တော့တာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် နောက်ခံလူဟာ ပဲလေ့စ်ရဲ့ ခြိမ်းခြောက်မှုတွေ တဖြည်းဖြည်း မှေးမှိန်လာချိန်မှာ ယုံကြည်မှု ပိုမိုရှိလာပုံပေါ်ပြီး ဆာလီဘာရဲ့နေရာမှာ လူတွေ့စာမေးပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
တန်းဆင်းဇုန်ခြိမ်းခြောက်မှုနဲ့ အမှန်တကယ် ရင်ဆိုင်နေရပြီဖြစ်တဲ့ ပဲလေ့စ်
ခရစ္စတယ် ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းမျိုးထက်မဆို ပိုမိုဆိုးရွားတဲ့ခြေစွမ်းကို ပိုင်ဆိုင်ထားတာဖြစ်ပြီး အမှတ်ပေးဇယားအဆင့် ၁၂ မှာ ရပ်တည်နေပေမယ့်လည်း တန်းဆင်းရမယ့် အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။ပဲလေ့စ်ဟာ ဘုန်းမောက်ကို ၂-၀ နဲ့ နှစ်သစ်ကူးအကြိုနေ့မှာ အနိုင်ယူပြီးကတည်းက နိုင်ပွဲပျောက်နေခဲ့တာဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ၁၂ ပွဲမှာ ၇ ပွဲရှုံး ၅ ပွဲသရေကျခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာအားလပ်ရက်အပြီးမှာ လိဒ်စ်၊ လက်စတာ၊ ဆောက်သမ်တန်၊ အဲဗာတန်တို့နဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်တွေမှာ ရမှတ်အများဆုံးရအောင် ကြိုးစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ပဲလေ့စ်အတွက် အားတက်စရာတစ်ခုက ဒီရာသီမှာ ၎င်းတို့ထက် အဆင့်ရပ်တည်မှု ပိုမိုနိမ့်ပါးတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ပိုမိုကောင်းမွန်နေခဲ့တာ ဖြစ်ပါတယ်။
အမ်းမရိတ်စ်က Assist King လက်သစ်
-အာဆင်နယ်အသင်းအနေနဲ့ ထရော့စ်ဆာ့ဒ်ကို ပြီးခဲ့တဲ့ဆောင်းရာသီ အပြောင်းအရွှေ့က ဘရိုက်တန်အသင်းမှ ပေါင် ၂၇ သန်းဖြင့် ခေါ်ယူခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ဘယ်လဂျီယံတောင်ပံတိုက်စစ်မှူးဟာ ယနေ့ပွဲမှာ ၆၄ မိနစ်သာ ကစားပေးခဲ့ရပေမယ့် ၅၅ မိနစ်မှာ ချာကာသွင်းယူခဲ့တဲ့ ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာဖြစ်ပြီး သူရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဒီဂိုးဖန်တီးမှု ၆ ကြိမ်ကို ဖန်တီးပေးနိုင်တာလည်း ဖြစ်ပါတယ်။ ထရော့စ်ဆာ့ဒ် အနေနဲ့ အာဆင်နယ်အသင်းအတွက် ၁၀ ပွဲကစားပြီးချိန်မှာ ၁ ဂိုးသွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ထရော့စ်ဆာ့ဒ်ဟာ အာဆင်နယ်အသင်းကစားသမားဟောင်း အိုဇေးလ်ကဲ့သို့ ဂန်းနားတွေအတွက် ဂိုးဖန်တီးမှုများစွာ ပြုလုပ်ပေးနိုင်တဲ့ Asssit King လက်သစ်တစ်ယောက် မကြာခင်မှာ ဖြစ်လာတော့မယ်လို့ ထင်မြင်ယူဆရပါကြောင်းရေးသားဖော်ပြလိုက်ရပါတယ်။
ပြီးခဲ့တဲ့ရာသီက နိုင်ပွဲအရေအတွက်ကို ၂၈ ပွဲ ကစားရုံနဲ့ ရရှိခဲ့တဲ့ အာဆင်နယ်
ယနေ့ည အာဆင်နယ်အသင်းက ခရစ်စတယ်ပဲလေ့စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲဟာ ယခု ၂၀၂၂-၂၃ ဘောလုံးရာသီအတွက် ၂၈ ပွဲမြောက်ကစားခဲ့ရာမှာ ၂၂ ပွဲမြောက် နိုင်ပွဲရရှိခြင်း ဖြစ်လာခဲ့ပြီး ဒီနိုင်ပွဲအရေအတွက်ဟာ ပြီးခဲ့တဲ့ရာသီ ၂၀၂၁-၂၂ က အာဆင်နယ်အသင်း ၃၈ ပွဲကစားပြီးချိန် ရရှိခဲ့တဲ့ ၂၂ ပွဲမြောက် နိုင်ပွဲနဲ့ ညီမျှသွားပြီဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္အသင္းဟာ နည္းျပ မရွိတဲ့ ခရစၥတယ္ ပဲေလ့စ္ကို အျပတ္အသတ္ ေခ်မႈန္းၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္အထိ ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
ဂန္းနားေတြဟာ ဂိုးေရွ႕မွာ အဆုံးသတ္ ေသခ်ာေနခဲ့ၿပီး ၂၈ မိနစ္မွာ မာတီနယ္လီက ဆာကာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဘယ္ေျခနဲ႔ အျပင္းကန္ၿပီး အဖြင့္ဂိုးသြင္းယူခဲ့ၿပီးေနာက္ပထမပိုင္း ၿပီးခါနီးမွာ ဆာကာ ပင္နယ္တီဧရိယာထဲမွာ ေနရာလြတ္ ရွာေတြ႕ခဲ့ၿပီး ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ပဲေလ့စ္ဟာ ဇာဟာရဲ႕ ကန္ခ်က္ ဂိုးတိုင္ထိမွန္ခဲ့ၿပီး ဒုတိယပိုင္းမွာ ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ပက္ထရစ္ ဗီယာရာကို ရာထူးကေန ထုတ္ပယ္ခဲ့တာက ဘာမွ မထူးျခားနားျဖစ္ခဲ့တာျဖစ္ပါတယ္။
ခ်ာကာက ထေရာ့ဆာ့ဒ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေမွ်ာထိုးေပးမႈကို ဘယ္ေျခနဲ႔ အျပင္းကန္သြင္းၿပီး တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးၿပီး ပက္ထရစ္ ရွလပ္က ေထာင့္ကန္ေဘာကေနတဆင့္ ေခ်ပဂိုး တစ္ဂိုးကို ပဲေလ့စ္အတြက္ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း သိပ္မၾကာခင္မွာ ဆာကာက တီယာနီ ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ပိတ္သြင္းယူၿပီးေနာက္ ဂန္းနားေတြက ၄-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ဒီပြဲမွာ မွတ္မွတ္ရရ ျပန္ေျပာခ်င္စရာ အခ်က္ေတြရွိခဲ့ပါတယ္။
အဆင့္သစ္တစ္ခုကို ေရာက္ရွိလာတဲ့ မာတီနယ္လီ
မာတီနယ္လီဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ ေဂ်းဇုေရာ အန္ကီးတီးယားပါ နာေနခ်ိန္မွာ အာဆင္နယ္ရဲ႕ တိုက္စစ္ကို ဦးေဆာင္သူ ျဖစ္လာခဲ့ၿပီး သြင္းဂိုးေတြ ပုံမွန္သြင္းယူေပးသူအျဖစ္ တစ္ဆင့္တက္ တာဝန္ယူခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးတဲ့ မာတီနယ္လီဟာ လက္ရွိမွာ ထိပ္တန္းပရီးမီးယားလိဂ္တိုက္စစ္မႉးအျဖစ္ သက္ေသျပသႏိုင္ခဲ့ၿပီျဖစ္ၿပီး ပဲေလ့စ္နဲ႔ပြဲက သြင္းဂိုးဟာ ယခုရာသီ ၁၃ ဂိုးေျမာက္ဂိုးျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ မာတီနယ္လီထက္ ဂိုးပိုသြင္းယူထားႏိုင္တဲ့ကစားသမားဆိုလို႔ ဟာလန္း(၂၈ ဂိုး)၊ ဟာရီ ကိန္း(၂၁ ဂိုး)၊ အိုင္ဗန္ တိုနီ(၁၆ ဂိုး)၊ ရက္ရွ္ဖို႔ဒ္(၁၄ ဂိုး)တို႔သာ ရွိေတာ့တာျဖစ္ပါတယ္။
ဂန္းနားတို႔ရဲ႕ ႏွလုံးသည္းပြတ္ င႐ုတ္သီးေလး
မာတီနယ္လီလိုပဲ ဆာကာလည္း အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္လည္း အ႐ြယ္နဲ႔ မလိုက္ေအာင္ အသင္းအတြက္ အားကိုးအားထားျပဳလို႔ရတဲ့ကစားသမားအျဖစ္ ရွိေနတာျဖစ္ပါတယ္။ ပဲေလ့စ္နဲ႔ပြဲမွာ လွ်ပ္စီးလို လ်င္ျမန္ဖ်တ္လတ္ခဲ့ၿပီး ကိုယ္တိုင္ ၂ ဂိုးသြင္းသလို မာတီနယ္လီရဲ႕ သြင္းဂိုးအတြက္ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ဆာကာရဲ႕ ေျခစြမ္းတည္ၿငိမ္မႈကလည္း ယခုရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ၿပီး ျပသထားခဲ့တာျဖစ္ၿပီး သြင္းဂိုးေရာ ဖန္တီးမႈမွာ ကိန္းဂဏန္း ၂ လုံးအထိ ပထမဆုံးအႀကိမ္ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ဒီကိန္းဂဏန္းေတြဟာ ဆာကာဟာ ၂၀၁၆-၂၀၁၇ တုန္းက ဆန္းခ်က္ဇ္ေနာက္ပိုင္း ပရီးမီးယားလိဂ္တစ္ရာသီအတြင္း စြမ္းေဆာင္ျပႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ အာဆင္နယ္ကစားသမားျဖစ္လာခဲ့ၿပီဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။ ဟာလန္း(၃၃ ဂိုး)နဲ႔ ကိန္း(၂၃ ဂိုး)တို႔သာ ဒီရာသီမွာ ဆာကာထက္ ပရီးမီးယားလိဂ္ ဂိုးပါဝင္ပတ္သက္မႈ ပိုမိုမ်ားျပားေနတာျဖစ္ၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ ခုအတြင္းမွာ င႐ုတ္သီးေလးထက္ လိဂ္ဂိုးဖန္တီးမႈ ပိုမိုမ်ားျပားတဲ့ကစားသမားဆိုလို႔ မက္ဆီ( ၁၃ ႀကိမ္)၊ ဒီဘ႐ိုင္းနား(၁၂ ႀကိမ္)၊ ေနမာ(၁၁ ႀကိမ္)၊ ကိုလို မူအာနီ(၁၀ ႀကိမ္)တို႔သာ ရွိေနတာျဖစ္ပါတယ္။ ဆာကာရဲ႕လိဂ္သြင္းဂိုး ၁၂ ဂိုးကလည္း ၿပီးခဲ့တဲ့ရာသီ သြင္းဂိုးအေရအတြက္ကို ေက်ာ္လြန္သြားခဲ့ၿပီျဖစ္ၿပီး ဒီသြင္းဂိုးအေရအတြက္ကို ၁၀ ပြဲေလ်ာ့ကစားထားၿပီး ရရွိခဲ့တာျဖစ္ပါတယ္။
ဂိုးသြင္းရမွာ ရွက္တဲ့ ပဲေလ့စ္
ဗီယာရာကို ေသာၾကာေန႔မွာ ထုတ္ပယ္ခဲ့တဲ့ ပဲေလ့စ္ရဲ႕ ခံစစ္ဟာ ေယဘုယ်အားျဖင့္ေတာ့ ေကာင္းေကာင္း စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ တိုက္စစ္ကေတာ့ သံေခ်းတက္ေနတဲ့ ဓားမတစ္ေခ်ာင္းလို ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။ ပဲေလ့စ္ဟာ ပရီးမီးယားလိဂ္ ၄ ပြဲဆက္ ဂိုးေပ်ာက္မေတြ႕ခဲ့ဘဲ ေနာက္ဆုံး ၁၄ ပြဲမွာ ၉ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အမ္းမရိတ္စ္မွာ ရွလပ္က ေခ်ပဂိုး တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း ဆိုး႐ြားတဲ့ စံခ်ိန္က က်န္ရွိေနဆဲျဖစ္ၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၂၂ ဂိုးဟာ ေနာ္တင္ဟမ္ေဖာရက္စ္၊ ဝုလ္ဗ္စ္တို႔နဲ႔အတူ လိဂ္မွာ အဆိုး႐ြားဆုံးသြင္းဂိုးအေရအတြက္အျဖစ္ ပူးတြဲရပ္တည္ေနပါတယ္။
မ်က္စိေဒါက္ေထာက္ ၾကည့္ခံခဲ့ရတဲ့ ဟိုးဒင္း
ဝီလီယံ ဆာလီဘာဟာ အာဆင္နယ္ရဲ႕ ယခုရာသီ ပြဲစဥ္တိုင္းမွာ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ၾကာသပေတးေန႔က စပို႔တင္းနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တာက ဂန္းနားေတြအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဟိုးဒင္းက ဆာလီဘာရဲ႕ေနရာမွာ ဝင္ကစားခဲ့ၿပီး ပဲေလ့စ္နဲ႔ပြဲမွာလည္း ဂါဘရီယဲလ္ မာဂါလိုင္စ္နဲ႔အတူပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။ အေစာပိုင္းမွာ စိုးရိမ္စရာလကၡဏာေတြ ျပသခဲ့ၿပီး ဟိုးဒင္းဟာ ေဘာလုံးကို ရယူဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ မေအာင္ျမင္တဲ့ ဒိုင္ဗင္ထိုးမႈမွာ အျပစ္ရွိခဲ့တာျဖစ္ပါတယ္။ ဇာဟာက အဲဒီေနာက္မွာ အတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းခဲ့တဲ့ ေဘာလုံးက တိုင္ထိသြားခဲ့လို႔သာ ေတာ္ေတာ့တာျဖစ္ၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ပဲေလ့စ္ရဲ႕ ၿခိမ္းေျခာက္မႈေတြ တျဖည္းျဖည္း ေမွးမွိန္လာခ်ိန္မွာ ယုံၾကည္မႈ ပိုမိုရွိလာပုံေပၚၿပီး ဆာလီဘာရဲ႕ေနရာမွာ လူေတြ႕စာေမးပြဲ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။
တန္းဆင္းဇုန္ၿခိမ္းေျခာက္မႈနဲ႔ အမွန္တကယ္ ရင္ဆိုင္ေနရၿပီျဖစ္တဲ့ ပဲေလ့စ္
ခရစၥတယ္ ပဲေလ့စ္ဟာ ပရီးမီးယားလိဂ္က ဘယ္အသင္းမ်ိဳးထက္မဆို ပိုမိုဆိုး႐ြားတဲ့ေျခစြမ္းကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး အမွတ္ေပးဇယားအဆင့္ ၁၂ မွာ ရပ္တည္ေနေပမယ့္လည္း တန္းဆင္းရမယ့္ အႏၲရာယ္ရွိေနတာ ျဖစ္ပါတယ္။ပဲေလ့စ္ဟာ ဘုန္းေမာက္ကို ၂-၀ နဲ႔ ႏွစ္သစ္ကူးအႀကိဳေန႔မွာ အႏိုင္ယူၿပီးကတည္းက ႏိုင္ပြဲေပ်ာက္ေနခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ လိဂ္ ၁၂ ပြဲမွာ ၇ ပြဲရႈံး ၅ ပြဲသေရက်ခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံတကာအားလပ္ရက္အၿပီးမွာ လိဒ္စ္၊ လက္စတာ၊ ေဆာက္သမ္တန္၊ အဲဗာတန္တို႔နဲ႔ ကစားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္ေတြမွာ ရမွတ္အမ်ားဆုံးရေအာင္ ႀကိဳးစားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ ပဲေလ့စ္အတြက္ အားတက္စရာတစ္ခုက ဒီရာသီမွာ ၎တို႔ထက္ အဆင့္ရပ္တည္မႈ ပိုမိုနိမ့္ပါးတဲ့အသင္းေတြနဲ႔ ရင္ဆိုင္ရာမွာ ပိုမိုေကာင္းမြန္ေနခဲ့တာ ျဖစ္ပါတယ္။
အမ္းမရိတ္စ္က Assist King လက္သစ္
-အာဆင္နယ္အသင္းအေနနဲ႔ ထေရာ့စ္ဆာ့ဒ္ကို ၿပီးခဲ့တဲ့ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕က ဘ႐ိုက္တန္အသင္းမွ ေပါင္ ၂၇ သန္းျဖင့္ ေခၚယူခဲ့ၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ ဘယ္လဂ်ီယံေတာင္ပံတိုက္စစ္မႉးဟာ ယေန႔ပြဲမွာ ၆၄ မိနစ္သာ ကစားေပးခဲ့ရေပမယ့္ ၅၅ မိနစ္မွာ ခ်ာကာသြင္းယူခဲ့တဲ့ ဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး သူရဲ႕ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၅ ပြဲမွာ ဒီဂိုးဖန္တီးမႈ ၆ ႀကိမ္ကို ဖန္တီးေပးႏိုင္တာလည္း ျဖစ္ပါတယ္။ ထေရာ့စ္ဆာ့ဒ္ အေနနဲ႔ အာဆင္နယ္အသင္းအတြက္ ၁၀ ပြဲကစားၿပီးခ်ိန္မွာ ၁ ဂိုးသြင္းယူထားခဲ့ၿပီး ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ထားေပးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ထေရာ့စ္ဆာ့ဒ္ဟာ အာဆင္နယ္အသင္းကစားသမားေဟာင္း အိုေဇးလ္ကဲ့သို႔ ဂန္းနားေတြအတြက္ ဂိုးဖန္တီးမႈမ်ားစြာ ျပဳလုပ္ေပးႏိုင္တဲ့ Asssit King လက္သစ္တစ္ေယာက္ မၾကာခင္မွာ ျဖစ္လာေတာ့မယ္လို႔ ထင္ျမင္ယူဆရပါေၾကာင္းေရးသားေဖာ္ျပလိုက္ရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ႏိုင္ပြဲအေရအတြက္ကို ၂၈ ပြဲ ကစား႐ုံနဲ႔ ရရွိခဲ့တဲ့ အာဆင္နယ္
ယေန႔ည အာဆင္နယ္အသင္းက ခရစ္စတယ္ပဲေလ့စ္အသင္းကို ၄ ဂိုး ၁ ဂိုးနဲ႔ ႏိုင္ခဲ့တဲ့ပြဲဟာ ယခု ၂၀၂၂-၂၃ ေဘာလုံးရာသီအတြက္ ၂၈ ပြဲေျမာက္ကစားခဲ့ရာမွာ ၂၂ ပြဲေျမာက္ ႏိုင္ပြဲရရွိျခင္း ျဖစ္လာခဲ့ၿပီး ဒီႏိုင္ပြဲအေရအတြက္ဟာ ၿပီးခဲ့တဲ့ရာသီ ၂၀၂၁-၂၂ က အာဆင္နယ္အသင္း ၃၈ ပြဲကစားၿပီးခ်ိန္ ရရွိခဲ့တဲ့ ၂၂ ပြဲေျမာက္ ႏိုင္ပြဲနဲ႔ ညီမွ်သြားၿပီျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles