စတမ်းဖို့ဒ်ဘရစ်ချ်မှာ အံ့အားသင့်ဖွယ် အဝေးကွင်းမှတ်တမ်းကို ထိန်းသိမ်းရမယ့် လန်ဒန်ဘုရင်
အာဆင်နယ်ဟာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၈ နှစ်ကြာ ကျိန်စာဆိုးကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ရာသီအစ ၈ ပွဲမှာ ရှုံးပွဲမရှိခဲ့ရုံတင်သာမကဘဲ အမှတ်ပေးဇယား ဒုတိယနေရာမှာ စပါးစ်နဲ့ ဂိုးကွာခြားချက်ကြောင့် နောက်ကနေ ရပ်တည်နေရတာ ဖြစ်ပေမယ့် အာတီတာရဲ့အသင်းက ၂၀၂၂ ခုနှစ် မေလက စပါးစ်အိမ်ကွင်းမှာ ရှုံးနိမ့်ပြီးကတည်းက လန်ဒန်ဒါဘီမှာ ရှုံးပွဲမရှိတော့တာဖြစ်ပါတယ်။
၃-၀ နဲ့ ရှုံးနိမ့်မှုက အာဆင်နယ်ရဲ့ ၂၀၂၁-၂၀၂၂ ရာသီ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ မျှော်လင့်ချက်ကို အဆုံးသတ်သွားစေခဲ့ပြီး အဲဒီရှုံးပွဲက အဲဒီရာသီ လန်ဒန်ကလပ်အသင်းတွေနဲ့ ရင်ဆိုင်ကစားခဲ့ရာမှာ ရှုံးနိမ့်ခဲ့တဲ့ ၄ ပွဲထဲက တစ်ပွဲဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ မြို့ခံပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ရလဒ်ကောင်း ရယူနိုင်ခဲ့ပြီး ၁၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ အနည်းဆုံး ၉ ကြိမ်အထိ လန်ဒန်ဒါဘီကို အနိုင်ရခဲ့တဲ့ ပထမဆုံးသော အသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ချဲလ်ဆီး၊ စပါးစ်၊ ပဲလေ့စ်၊ ဘရန့်တ်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့နဲ့ ရင်ဆိုင်ရာမှာ ၁၀ ပွဲအနိုင်ရရှိခဲ့ပြီး ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်း၊ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သရေကျခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီ ပဲလေ့စ်ကို အဝေးကွင်းမှာ အနိုင်ယူပြီးဖြစ်သလို စပါးစ်၊ ဖူလ်ဟမ်တို့နဲ့လည်း သရေကျခဲ့ပြီးဖြစ်တာကြောင့် ချဲလ်ဆီးနဲ့ပွဲဟာ စပါးစ်အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် လန်ဒန်ဒါဘီပွဲစဉ် ၁၅ ပွဲကစားခဲ့ပြီး ဒီအတောအတွင်းမှာ ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၁၁ ပွဲနိုင် ၄ ပွဲသရေရလဒ်ကြောင့် ၄၅ မှတ် ရနိုင်ခြေရှိတဲ့အထဲက ၃၇ မှတ်အထိ ရယူနိုင်ခဲ့ပြီး မယုံနိုင်စရာကောင်းလောက်အောင်ပဲ ဂန်းနားတွေဟာ ချဲလ်ဆီးထက် ၁၂ မှတ်အထိ ပိုမိုရယူနိုင်ခဲ့သလို ဘရန့်တ်ဖို့ဒ်က ၁၅ ပွဲကနေ ၂၅ မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အံ့အားသင့်စရာမကောင်းတာက အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ လန်ဒန်အသင်း ၇ သင်းစလုံးကို ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၃၄ ကြိမ်အထိ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသွင်းဂိုးတွေကို ပျမ်းမျှတွက်ကြည့်ရင် တစ်ပွဲကို ၂.၂၆ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ လန်ဒန်ဒါဘီ ၁၅ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီထက် အထင်ကြီးစရာကောင်းတာက အာဆင်နယ်ဟာ ပေးဂိုးအပိုင်းမှာလည်း အနည်းဆုံး(၁၂ ဂိုး)ပေးခဲ့ရတာဖြစ်ပြီး တစ်ပွဲပျမ်းမျှ ၀.၈ ဂိုးသာ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ကြောက်မက်ဖွယ် ခံစစ်မှတ်တမ်းကောင်းနဲ့အတူ စတမ်းဖို့ဒ် ဘရစ်ချ်ကို စနေနေ့မှာ သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမ်းမရိတ်စ်အပြင်ဘက်မှာ နောက်ဆုံးကစားခဲ့တဲ့ လန်ဒန်ဒါဘီ ၇ ပွဲမှာ ဂန်းနားတွေက ၆ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်ဟာ လန်ဒန်ဒါဘီ အဝေးကွင်း ၅ ပွဲကို ပေးဂိုးမရှိဘဲ အနိုင်ရတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်လာခဲ့ပြီး အိမ်ကွင်းမှာတော့ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ နောက်ပိုင်း လန်ဒန်အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ကလင်းရှစ်တ်ရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။
အာတီတာဟာ အာဆင်နယ်နည်းပြအဖြစ် ချဲလ်ဆီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ၉ ကြိမ်မှာ ၆ ကြိမ်အထိ နိုင်ပွဲရခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကို နောက်ဆုံးသွားရောက်ခဲ့တဲ့ ၃ ကြိမ်စလုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်သာ ယခုရာသီ ဆုဖလားစိန်ခေါ်မှုကို ဆက်လက် လုပ်ဆောင်ချင်ပြီး လန်ဒန်ဘုရင်ဘွဲ့ကို ဆက်လက်ထိန်းသိမ်းထားချင်တယ်ဆိုရင် ချဲလ်ဆီးအိမ်ကွင်းမှာ ၄ ရာသီဆက်တိုက် နိုင်ပွဲရယူရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ပြဲစဥ္မွာ ၈ ႏွစ္ၾကာ က်ိန္စာဆိုးကို အဆုံးသတ္ႏိုင္ခဲ့ၿပီးေနာက္ လန္ဒန္ၿပိဳင္ဘက္ ခ်ဲလ္ဆီးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။
ဂန္းနားေတြဟာ ပရီးမီးယားလိဂ္ရာသီအစ ၈ ပြဲမွာ ရႈံးပြဲမရွိခဲ့႐ုံတင္သာမကဘဲ အမွတ္ေပးဇယား ဒုတိယေနရာမွာ စပါးစ္နဲ႔ ဂိုးကြာျခားခ်က္ေၾကာင့္ ေနာက္ကေန ရပ္တည္ေနရတာ ျဖစ္ေပမယ့္ အာတီတာရဲ႕အသင္းက ၂၀၂၂ ခုႏွစ္ ေမလက စပါးစ္အိမ္ကြင္းမွာ ရႈံးနိမ့္ၿပီးကတည္းက လန္ဒန္ဒါဘီမွာ ရႈံးပြဲမရွိေတာ့တာျဖစ္ပါတယ္။
၃-၀ နဲ႔ ရႈံးနိမ့္မႈက အာဆင္နယ္ရဲ႕ ၂၀၂၁-၂၀၂၂ ရာသီ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးဖို႔ ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္သြားေစခဲ့ၿပီး အဲဒီရႈံးပြဲက အဲဒီရာသီ လန္ဒန္ကလပ္အသင္းေတြနဲ႔ ရင္ဆိုင္ကစားခဲ့ရာမွာ ရႈံးနိမ့္ခဲ့တဲ့ ၄ ပြဲထဲက တစ္ပြဲျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္လည္း အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရာမွာ အံ့အားသင့္ဖြယ္ ေကာင္းေလာက္ေအာင္ ရလဒ္ေကာင္း ရယူႏိုင္ခဲ့ၿပီး ၁၂ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အနည္းဆုံး ၉ ႀကိမ္အထိ လန္ဒန္ဒါဘီကို အႏိုင္ရခဲ့တဲ့ ပထမဆုံးေသာ အသင္းျဖစ္လာခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြဟာ ခ်ဲလ္ဆီး၊ စပါးစ္၊ ပဲေလ့စ္၊ ဘရန႔္တ္ဖို႔ဒ္၊ ဝက္စ္ဟမ္း၊ ဖူလ္ဟမ္တို႔နဲ႔ ရင္ဆိုင္ရာမွာ ၁၀ ပြဲအႏိုင္ရရွိခဲ့ၿပီး ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္း၊ ဝက္စ္ဟမ္းကို အေဝးကြင္းမွာ သေရက်ခဲ့ပါတယ္။
အာဆင္နယ္ဟာ ယခုရာသီ ပဲေလ့စ္ကို အေဝးကြင္းမွာ အႏိုင္ယူၿပီးျဖစ္သလို စပါးစ္၊ ဖူလ္ဟမ္တို႔နဲ႔လည္း သေရက်ခဲ့ၿပီးျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ပြဲဟာ စပါးစ္အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ လန္ဒန္ဒါဘီပြဲစဥ္ ၁၅ ပြဲကစားခဲ့ၿပီး ဒီအေတာအတြင္းမွာ ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ၁၁ ပြဲႏိုင္ ၄ ပြဲသေရရလဒ္ေၾကာင့္ ၄၅ မွတ္ ရႏိုင္ေျခရွိတဲ့အထဲက ၃၇ မွတ္အထိ ရယူႏိုင္ခဲ့ၿပီး မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပဲ ဂန္းနားေတြဟာ ခ်ဲလ္ဆီးထက္ ၁၂ မွတ္အထိ ပိုမိုရယူႏိုင္ခဲ့သလို ဘရန႔္တ္ဖို႔ဒ္က ၁၅ ပြဲကေန ၂၅ မွတ္သာ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အံ့အားသင့္စရာမေကာင္းတာက အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ လန္ဒန္အသင္း ၇ သင္းစလုံးကို ဂိုးသြင္းယူႏိုင္ခဲ့ၿပီး စုစုေပါင္း ၃၄ ႀကိမ္အထိ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီသြင္းဂိုးေတြကို ပ်မ္းမွ်တြက္ၾကည့္ရင္ တစ္ပြဲကို ၂.၂၆ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ဟာ လန္ဒန္ဒါဘီ ၁၅ ပြဲစလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
အဲဒီထက္ အထင္ႀကီးစရာေကာင္းတာက အာဆင္နယ္ဟာ ေပးဂိုးအပိုင္းမွာလည္း အနည္းဆုံး(၁၂ ဂိုး)ေပးခဲ့ရတာျဖစ္ၿပီး တစ္ပြဲပ်မ္းမွ် ၀.၈ ဂိုးသာ ေပးခဲ့ရတာ ျဖစ္ပါတယ္။ ဂန္းနားေတြဟာ ေၾကာက္မက္ဖြယ္ ခံစစ္မွတ္တမ္းေကာင္းနဲ႔အတူ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စေနေန႔မွာ သြားေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး အမ္းမရိတ္စ္အျပင္ဘက္မွာ ေနာက္ဆုံးကစားခဲ့တဲ့ လန္ဒန္ဒါဘီ ၇ ပြဲမွာ ဂန္းနားေတြက ၆ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္ဟာ လန္ဒန္ဒါဘီ အေဝးကြင္း ၅ ပြဲကို ေပးဂိုးမရွိဘဲ အႏိုင္ရတဲ့ ပထမဆုံး ပရီးမီးယားလိဂ္ကလပ္အသင္းျဖစ္လာခဲ့ၿပီး အိမ္ကြင္းမွာေတာ့ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၁၅ ေနာက္ပိုင္း လန္ဒန္အသင္းေတြနဲ႔ ရင္ဆိုင္ရာမွာ ကလင္းရွစ္တ္ရရွိျခင္းမရွိေသးတာျဖစ္ပါတယ္။
အာတီတာဟာ အာဆင္နယ္နည္းျပအျဖစ္ ခ်ဲလ္ဆီးနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ၉ ႀကိမ္မွာ ၆ ႀကိမ္အထိ ႏိုင္ပြဲရခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေနာက္ဆုံးသြားေရာက္ခဲ့တဲ့ ၃ ႀကိမ္စလုံး အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္သာ ယခုရာသီ ဆုဖလားစိန္ေခၚမႈကို ဆက္လက္ လုပ္ေဆာင္ခ်င္ၿပီး လန္ဒန္ဘုရင္ဘြဲ႕ကို ဆက္လက္ထိန္းသိမ္းထားခ်င္တယ္ဆိုရင္ ခ်ဲလ္ဆီးအိမ္ကြင္းမွာ ၄ ရာသီဆက္တိုက္ ႏိုင္ပြဲရယူရမွာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles