ဂယ်ရီ နဗီးရဲ့ ပရီးမီးယားလိဂ်ဟောကိန်းကို လှောင်ပြောင်ခဲ့တဲ့ ဂန်းနားပရိသတ်များ
အဆင်နယ်အသင်းဟာ ရလဒ်ကောင်းတွေနဲ့ ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ကို ပိုင်ဆိုင်ခဲ့ပြီး ဘုန်းမောက်နဲ့ပွဲစဉ်မှာ အမှတ်ရဖွယ် နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ မြောက်လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက ဝုလ်ဗ်စ်ကို ရှုံးနိမ့်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ဆုဖလားပြိုင်ပွဲထဲ ဝင်မလိုလို မဝင်သလိုလို ဖြစ်နေတဲ့ မန်ယူနိုက်တက်ကို လီဗာပူးလ်တို့က ဂိုးပြတ်ဆုံးမသွားခဲ့တာဖြစ်ပါတယ်။ ပွဲစဉ် ၂၆ မှာ အာဆင်နယ်အတွက် အပျက်သဘောဆောင်ခဲ့တဲ့ တစ်ခုတည်းသောအရာက မန်ချက်စတာစီးတီးက အဆင့် ၅ နေရာက နယူးကာဆယ်လ်ကို ၂-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဂန်းနားတွေကို မျက်ခြည်အပြတ်မခံဘဲ ဖိအားလိုက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးကို ၅ မှတ်ဖြတ်ထားနိုင်ဆဲဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးပွဲကြောင့် ဂွါဒီယိုလာရဲ့အသင်းတစ်သင်းတည်းကိုသာ စိုးရိမ်ရတော့မယ့်ပုံပေါ်ပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီးတို့ကြား အံ့အားသင့်ဖွယ် ဆုဖလားပြိုင်ပွဲကို ဘောလုံးဝေဖန်သုံးသပ်သူ အများစုက ဟောကိန်းထုတ်ခဲ့ကြပေမယ့်လည်း ဂယ်ရီ နဗီးကတော့ ဂန်းနားတွေကို အမြဲလိုလို နှိမ့်ချပြောဆိုခဲ့တာကြောင့် ၎င်းရဲ့အသင်း ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့အချိန်မှာ အာဆင်နယ်ပရိသတ်တွေက လက်တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။
ဂယ်ရီ နဗီးက ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်အသင်းက အနိုင်ရရှိသွားမှာမဟုတ်ဘဲ မန်ချက်စတာစီးတီးအသင်းက ချန်ပီယံဘွဲ့ကို ကာကွယ်သွားမှာဖြစ်ပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်က ဒုတိယနေရာမှာ ရပ်တည်နိုင်လိမ့်မယ်လို့ ဇန်နဝါရီလတုန်းက ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။
ယခုအပတ်အစောပိုင်းတုန်းကလည်း အဲဒီထင်မြင်ချက်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေအတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ပြန်တာဖြစ်ပြီး အန်းဖီးမှာ မန်ချက်စတာယူနိုက်တက်က ၇-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ဂန်းနားပရိသတ်တွေက မန်ယူနိုက်တက်ဂန္တဝင်ကို လက်စားချေခဲ့ကြတာဖြစ်ပါတယ်။
“မန်ယူနိုက်တက်နဲ့ ၁၄ မှတ်ဖြတ်ထားတယ်။ ဂယ်ရီ ဗီးက အဲဒါတောင် မန်ယူနိုက်တက်က အာဆင်နယ်ရဲ့အထက်မှာ ရာသီပြီးဆုံးမယ်လို့ ထင်နေတုန်းလား”လို့ ဂန်းနားပရိသတ်တစ်ဦးက တွစ်တာမှာ လှောင်ပြောင်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “တစ်စုံတယောက်က မန်ယူနိုက်တက်က အာဆင်နယ်ရဲ့အထက်မှာ ရာသီပြီးဆုံးမယ်လို့ ပြောထားတဲ့ ဂယ်ရီ နဗီးရဲ့ စကားကို ပြောသောအခါ(ရယ်မောနေတဲ့ အီမိုဂျီ ၆ ခု)”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ယခုအပတ် ရလဒ်တွေအပြီးမှာ မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၄ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ဂယ်ရီ နဗီးရဲ့ ဟောကိန်းမှန်ကန်အောင် အနည်းဆုံး ၅ ပွဲဆက်တိုက်နိုင်ပွဲရယူဖို့ လိုအပ်မယ်ဆိုတဲ့အဓိပ္ပာယ် ဖြစ်ပြီး ဒါတောင် ဂန်းနားတွေက ၅ ပွဲအထိ ရှုံးနိမ့်မှသာ ဖြစ်နိုင်မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အဆင္နယ္အသင္းဟာ ရလဒ္ေကာင္းေတြနဲ႔ ၿပီးျပည့္စုံတဲ့ ရက္သတၱပတ္ကို ပိုင္ဆိုင္ခဲ့ၿပီး ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ အမွတ္ရဖြယ္ ႏိုင္ပြဲနဲ႔ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ရဲ႕ ေျမာက္လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ဝုလ္ဗ္စ္ကို ရႈံးနိမ့္ခဲ့ၿပီး တနဂၤေႏြေန႔မွာ ဆုဖလားၿပိဳင္ပြဲထဲ ဝင္မလိုလို မဝင္သလိုလို ျဖစ္ေနတဲ့ မန္ယူႏိုက္တက္ကို လီဗာပူးလ္တို႔က ဂိုးျပတ္ဆုံးမသြားခဲ့တာျဖစ္ပါတယ္။ ပြဲစဥ္ ၂၆ မွာ အာဆင္နယ္အတြက္ အပ်က္သေဘာေဆာင္ခဲ့တဲ့ တစ္ခုတည္းေသာအရာက မန္ခ်က္စတာစီးတီးက အဆင့္ ၅ ေနရာက နယူးကာဆယ္လ္ကို ၂-၀ နဲ႔ အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ဂန္းနားေတြကို မ်က္ျခည္အျပတ္မခံဘဲ ဖိအားလိုက္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အာဆင္နယ္အသင္းဟာ မန္ခ်က္စတာစီးတီးကို ၅ မွတ္ျဖတ္ထားႏိုင္ဆဲျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ ရႈံးပြဲေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းတစ္သင္းတည္းကိုသာ စိုးရိမ္ရေတာ့မယ့္ပုံေပၚပါတယ္။ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ၾကား အံ့အားသင့္ဖြယ္ ဆုဖလားၿပိဳင္ပြဲကို ေဘာလုံးေဝဖန္သုံးသပ္သူ အမ်ားစုက ေဟာကိန္းထုတ္ခဲ့ၾကေပမယ့္လည္း ဂယ္ရီ နဗီးကေတာ့ ဂန္းနားေတြကို အၿမဲလိုလို ႏွိမ့္ခ်ေျပာဆိုခဲ့တာေၾကာင့္ ၎ရဲ႕အသင္း ၇-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့အခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြက လက္တုံ႔ျပန္ခဲ့ၾကတာျဖစ္ပါတယ္။
ဂယ္ရီ နဗီးက ဆုဖလားၿပိဳင္ပြဲမွာ အာဆင္နယ္အသင္းက အႏိုင္ရရွိသြားမွာမဟုတ္ဘဲ မန္ခ်က္စတာစီးတီးအသင္းက ခ်န္ပီယံဘြဲ႕ကို ကာကြယ္သြားမွာျဖစ္ၿပီး အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္က ဒုတိယေနရာမွာ ရပ္တည္ႏိုင္လိမ့္မယ္လို႔ ဇန္နဝါရီလတုန္းက ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ယခုအပတ္အေစာပိုင္းတုန္းကလည္း အဲဒီထင္ျမင္ခ်က္ကို ေျပာင္းလဲမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြအတြက္ ေဒါသထြက္စရာ ျဖစ္ခဲ့ျပန္တာျဖစ္ၿပီး အန္းဖီးမွာ မန္ခ်က္စတာယူႏိုက္တက္က ၇-၀ နဲ႔ ဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာေတာ့ ဂန္းနားပရိသတ္ေတြက မန္ယူႏိုက္တက္ဂႏၲဝင္ကို လက္စားေခ်ခဲ့ၾကတာျဖစ္ပါတယ္။
“မန္ယူႏိုက္တက္နဲ႔ ၁၄ မွတ္ျဖတ္ထားတယ္။ ဂယ္ရီ ဗီးက အဲဒါေတာင္ မန္ယူႏိုက္တက္က အာဆင္နယ္ရဲ႕အထက္မွာ ရာသီၿပီးဆုံးမယ္လို႔ ထင္ေနတုန္းလား”လို႔ ဂန္းနားပရိသတ္တစ္ဦးက တြစ္တာမွာ ေလွာင္ေျပာင္ခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “တစ္စုံတေယာက္က မန္ယူႏိုက္တက္က အာဆင္နယ္ရဲ႕အထက္မွာ ရာသီၿပီးဆုံးမယ္လို႔ ေျပာထားတဲ့ ဂယ္ရီ နဗီးရဲ႕ စကားကို ေျပာေသာအခါ(ရယ္ေမာေနတဲ့ အီမိုဂ်ီ ၆ ခု)”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ယခုအပတ္ ရလဒ္ေတြအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၁၄ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းဟာ ဂယ္ရီ နဗီးရဲ႕ ေဟာကိန္းမွန္ကန္ေအာင္ အနည္းဆုံး ၅ ပြဲဆက္တိုက္ႏိုင္ပြဲရယူဖို႔ လိုအပ္မယ္ဆိုတဲ့အဓိပၸာယ္ ျဖစ္ၿပီး ဒါေတာင္ ဂန္းနားေတြက ၅ ပြဲအထိ ရႈံးနိမ့္မွသာ ျဖစ္ႏိုင္မွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles