ချဲလ်ဆီးနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ
အာတီတာဟာ အင်္ဂါနေ့ညနေက အမ်းမရိတ်စ်မှာ ချဲလ်ဆီးကို ၃-၁ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှကို ဖြေကြားပေးခဲ့ပါတယ်။
မေး- ပထမပိုင်း စွမ်းဆောင်ရည်အပေါ်မှာ ခင်ဗျားဘယ်လိုမြင်လဲ။
ဖြေ- ကျွန်တော် ပထမ မိနစ် ၆၀ ကို တကယ် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ ပွဲကို ချဉ်းကပ်တဲ့ပုံ၊ ကျွန်တော်တို့ စတင်ခဲ့တဲ့ပုံစံ၊ ကျွန်တော်တို့ရဲ့ စွမ်းအားကို ကျေနပ်မိတယ်။ လှုပ်ရှားမှုတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့ တိုက်စစ်ကစားနိုင်ခဲ့တယ်။ အရမ်းကောင်းတဲ့ဂိုးအချို့ သွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ချိတ်ဆက်ပြီး ကျွန်တော်တို့ လိုချင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ မိနစ် ၆၀ အပြီးမှာ ကျွန်တော်တို့ ၄ ဂိုး၊ ၅ ဂိုးလောက် သွင်းနိုင်ခဲ့ရမှာပါ။ ကျွန်တော်တို့ ပွဲကစားချိန် အများကြီးကျန်သေးတဲ့အချိန်မှာ ဂိုးပေးခဲ့ရပြီးနောက် အဲဒီလို မလုပ်နိုင်ခဲ့ဘဲ နည်းနည်းပိုကောင်းအောင် စီမံခန့်ခွဲနိုင်ခဲ့သင့်ပါတယ်။
မေး- ဒီရလဒ်ကို ခင်ဗျားတို့ ဘယ်လောက်အထိ လိုအပ်ခဲ့လဲ။
ဖြေ- ကျွန်တော့်မှာ နံပါတ်တွေ မရှိပေမယ့် တစ်ဦးတည်းအမြင်အရတော့ အများကြီးလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီလိဂ်ကို အနိုင်ရဖို့အတွက် အခွင့်အရေးလိုချင်တယ်ဆိုရင် ဒီနေ့ပွဲကို အနိုင်ရရမှာမို့လို့ပါ။ ကျွန်တော်တို့ ထိပ်ဆုံးမှာ ပြန်ရှိနေချင်တယ်။ ဒီနေ့ညအပြီးမှာ ကျွန်တော်တို့ ထိပ်ဆုံး ပြန်ရောက်ခဲ့ပြီး ကျွန်တော်တို့ ဒီနေ့လုပ်ရမယ့် အလုပ်ကို လုပ်နိုင်ခဲ့တယ်။ နောက်ထပ် ၄ ပွဲကစားဖို့ ရှိပါသေးတယ်။
မေး- ခီဗီယောရဲ့ စွမ်းဆောင်ရည်အပေါ်မှာရော။
ဖြေ- သူက အဆင်သင့်ဖြစ်နေပုံပေါ်ခဲ့တယ်။ သူ့ပုံစံက လန်းဆန်းနေပုံပေါ်ခဲ့တယ်။ သူက တကယ်ကို စိတ်ပိုင်းဖြတ်ထားခဲ့ပုံပေါ်ခဲ့တယ်။ သူက နေ့တိုင်း ကောင်းပြီးရင်း ကောင်းလာခဲ့တယ်။ လေ့ကျင့်ရေးမှာတင်မဟုတ်ဘဲ သူ့ရဲ့ တုံ့ပြန်ပုံနဲ့ သူ့ရဲ့ဘာသာစကားကလည်း ကောင်းလာခဲ့ပါတယ်။ သူက ပိုပြီး အခြေကျလာပြီး သူက ကျွန်တော် တကယ် သဘောကျတဲ့ ကစားသမားပါ။ အဲဒါကြောင့်ပဲ ကျွန်တော် ခေါ်ခဲ့တာပါ။ သူက သူ့အသက်အရွယ်မှာ ကြီးကျယ်တဲ့ကစားသမားဖြစ်လာဖို့ အလားအလာရှိပြီး ဒီနေ့ သူ ရင်ဆိုင်ခဲ့ရတဲ့ကစားသမားတွေနဲ့ ရင်ဆိုင်ရာမှာ ကြီးမားတဲ့တာဝန်ရှိခဲ့တယ်။ သူ တကယ်ကောင်းကောင်း မကစားနိုင်ခဲ့ဘူးလို့ ကျွန်တော် ထင်တယ်။
မေး- ဂါဘရီယဲလ်ရဲ့ ဒဏ်ရာအခြေအနေရော။
ဖြေ- သူက သက်တောင့်သက်သာမဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ကြိုးစားခဲ့ပေမယ့် သူ ဆက်မကစားနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းစိုးရိမ်မိတယ် ။ဘာလို့လဲဆိုတော့ သာမန်ဆိုရင် သူက ကွင်းထဲကနေ ထွက်ချင်တဲ့ ကစားသမားမျိုးမဟုတ်လို့ပါ။
မေး- အိုဒီဂွါဒ်ကို နောက်ဆုံးပွဲအပြီးမှာ ဝေဖန်မှုတွေက တရားမျှတရဲ့လား။
ဖြေ- ကျွန်တော် မသိဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှတ်ချက်တွေကို ကျွန်တော် မဖတ်လို့ပါ။ ကျွန်တော် ပြောနိုင်တာက သူက ကျွန်တော်တို့အတွက် ထူးခြားဆန်းကြယ်ပါတယ်။ ခင်ဗျား နေ့တိုင်း အသင်းထဲမှာ သူ့ရဲ့ ပါဝင်ကူညီပေးနိုင်စွမ်းကို ကြည့်လိုက်ပါ။ ကျွန်တော်တို့အတွက် အချိန်တိုင်းမှာ သူ လုပ်ပေးနေတာတွေကို ကြည့်ပါ။ အဲဒါ ထူးခြားပါတယ်။ အချိန်တိုင်း ပြီးပြည့်စုံတဲ့ဘောလုံးကစားပုံမျိုး ကစားနိုင်တဲ့ ပြီးပြည့်စုံတဲ့ ကစားသမားမရှိပါဘူး။ ဒါပေမယ့် မာတင် အော်ဒီဂွါဒ် ဒီရာသီမှာ လုပ်ခဲ့တာတွေကတော့ ချီးကျူးမှုတွေအများကြီးနဲ့ ထိုက်တန်ပါတယ်။
မေး- ကစားသမားတွေက ဆုဖလားပြိုင်ပွဲ မပြီးသေးဘူးလို့ ယုံကြည်ချက်ရှိနေလား။
ဖြေ- သေချာတာပေါ့။ ကျွန်တော်တို့ အဲဒါကို ဆွေးနွေးခဲ့တယ်။ ကျွန်တော်တို့ အခု အမှတ်ပေးဇယားထိပ်ဆုံးမှာပါ။ ကျွန်တော်တို့ ၄ ပွဲကစားဖို့ ရှိသေးတယ်။ ကျွန်တော်တို့ အခု နယူးကာဆယ်နဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်ရမှာပါ။ ဘာတွေ ဖြစ်လာမလဲကြည့်တာပေါ့။ ကျွန်တော်တို့ ထိန်းချုပ်နိုင်တာက ကျွန်တော်တို့ ပွဲတွေကို အနိုင်ရဖို့နဲ့ ကျွန်တော်တို့ ဖြစ်နိုင်သမျှ စွမ်းဆောင်နိုင်တာကို လုပ်ဖို့ပါ။
မေး- သူတို့တွေကို အခုအချိန်မှာ ခေါင်းငုံ့အောင် လုပ်ဖို့က လွယ်ကူခဲ့သလား။
ဖြေ- ကျွန်တော်တို့ အဲဒါကို မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ ၁၀ လအကြာမှာ ရှိနေတဲ့ နေရာကို ရောက်ဖို့၊ ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့တဲ့အသင်းတွေ၊ အဲဒီမှာ ရှိနေဖို့၊ ဒီည ထိပ်ဆုံးမှာ ရှိနေဖို့ အခွင့်အရေးရခဲ့ပြီး ကျွန်တော်တို့ ဘယ်သူ့ကိုမှ အဲဒီအကြောင်း ပြောခွင့်ပြုမှာမဟုတ်ပါဘူး။ အဲဒါကို ခံစားခွင့်ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပျော်ရွှင်ခံစားရမယ်။ အဲဒါကို ဆုပ်ကိုင်ထားရမယ်။ ကျွန်တော်တို့မှာရှိနေတဲ့ အခွင့်အရေးကို အမြင့်မားဆုံးဖြစ်အောင် လုပ်ရမယ်။ ဘာလို့လဲဆိုတော့ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိလို့ပါ။
မေး- မန်စီးတီးနဲ့ပွဲက စွမ်းဆောင်ရည်ကို အခြေခံပြီး ဒီညစွမ်းဆောင်ရည်ကို လူတွေက လျှော့တွက်ခဲ့ကြမယ်ထင်လား။
ဖြေ- ကျွန်တော် မသိဘူး။ ဒါက ကျွန်တော်တို့ အလုပ်ပဲ။ ထိပ်တန်းအားကစားပြိုင်ပွဲမှာ ခင်ဗျား ကျရှုံးခဲ့တယ်လို့ ခံစားရတဲ့ အချိန်တွေလည်း ရှိမှာပါ။ ခင်ဗျား လူတွေကို စိတ်ပျက်စေခဲ့တယ်လို့ ခံစားရတဲ့အချိန်တွေလည်း ရှိပါတယ်။ အဲဒါက ကျွန်တော့်အတွက်တော့ အဆိုးဆုံးအရာပဲ။ အဲဒါက ကျွန်တော်တို့ တစ်စုံတရာကို ကောင်းကောင်း ဖန်တီးခဲ့ပြီးတော့မှ လူတွေကို စိတ်ပျက်စေခဲ့သလိုမျိုး ခင်ဗျား ခံစားရတယ်။ အဲဒီခံစားချက်က မကောင်းပါဘူး။ အဲဒါကို ခင်ဗျားရဲ့ စနစ်ထဲက ထုတ်ပစ်လိုက်ဖို့က အချိန် နည်းနည်းယူရတယ်။ ဒါပေမယ့် ပြီးတော့ ကျွန်တော်တို့ ပြန်လာနိုင်ပြီး ပရိသတ်တွေကို ပျော်ရွှင်မှုတွေနဲ့ ဂုဏ်ယူမှုတွေ ပေးဖို့ ကြိုးစားခဲ့တယ်။ အဲဒါက ခင်ဗျား ကစားတဲ့အချိန်မှာ လုပ်ဖို့ ကြိုးစားတဲ့အရာပဲ။
မေး- ဒီညရလဒ်က နယူးကာဆယ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင် အသင်းကို အားသစ်တွေ ပေးနိုင်ခဲ့လား။
ဖြေ- အနိုင်ရလဒ်က ကျွန်တော်တို့ကို အသစ်တဖန်ဖြစ်စေတယ်။ ကျွန်တော်တို့ ကစားနေကျပုံစံအတိုင်း ကစားပြီး ပွဲကို အနိုင်ရတယ်။ အဲဒါက ခင်ဗျား နယူးကာဆယ်နဲ့ပွဲအတွက် စပြီး ကြိုတင်ပြင်ဆင်မယ့် မနက်ဖြန်အတွက် ယုံကြည်မှု၊ သက်တောင့်သက်သာရှိမှု၊ ပေးစွမ်းနိုင်တာ သိသာပါတယ်။
မေး- ဒီည ဂျော်ဂျင်ညိုက အသင်းအတွက် ဘာတွေယူဆောင်ပေးခဲ့လဲ။
ဖြေ- သူ လေ့ကျင့်ရေးမှာ နေ့တိုင်း ယူဆောင်ပေးတာက ခေါင်းဆောင်မှု၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု၊ ပွဲကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်၊ လူတွေနဲ့ ဆက်ဆံတဲ့ပုံစံ၊ သူယူဆောင်လာတဲ့ အရည်အသွေး၊ အာရုံစိုက်မှု အဆင့်အတန်း၊ အတွေ့အကြုံတွေပါ။ ဘာလို့လဲဆိုတော့သူက ဒီလိုမျိုး အခြေအနေတွေအများကြီးမှာ ရှိခဲ့ဖူးလို့ပါ။ အဲဒီအတိုင်းပဲ သူ ကစားနေတာပါ။
မေး- မန်ချက်စတာစီးတီးနဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်ပြီးနောက်မှာ လက်ထဲမှာရှိနေတဲ့ တာဝန်တွေအတွက် အာရုံစိုက်ဖို့ ပိုလွယ်လာလား။
ဖြေ- ဟုတ်ပါတယ်။ သင်ခန်းစာတစ်ခုက ပြီးသွားပါပြီ။ ဒီညအတွက် တစ်ခုက မနက်ဖြန် မနက်မှာ ပြီးသွားမှာပါ။ ကျွန်တော်တို့ အာရုံစိုက်ရမယ့် လာမယ့်သင်ခန်းစာတစ်ခုက နယူးကာဆယ်ဖြစ်ပြီးကျွန်တော်တို့ အဲဒီပွဲကို အနိုင်ရဖို့ ဘယ်လိုကြိုတင်ပြင်ဆင်သွားမလဲဆိုတဲ့အပေါ်မှာ အာရုံစိုက်ရမှာပါ။
မေး- အော်ဒီဂွါဒ်က ဒီညအတွက် ပွဲကို သတ်မှတ်ပေးခဲ့တာလား။
ဖြေ- ဟုတ်ပါတယ်။ ဒါပေမယ့် သူ တစ်ရာသီလုံး အကြိမ်ပေါင်းများစွာ လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့မှာရှိတဲ့ အင်အား၊ သူ့မှာ ဘောလုံးမရှိတဲ့အချိန်မှာ ရွေ့လျားမှု၊ အရည်အသွေး၊ အဝတ်လဲခန်းထဲမှာ သူရှိနေတဲ့ပုံစံက ထူးခြားတယ်။ ကျွန်တော်တို့ သူ့ကို အသင်းခေါင်းဆောင်အဖြစ် ရထားတာကို တကယ် ကျေနပ်မိပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Exclusive Interview