ဂန်းနားပရိသတ်တွေကို နာရီတစ်လုံးနဲ့ ခေါင်းစားခိုင်းထားတဲ့ အာတီတာနဲ့ နောက်ဆုံးရဂန်းနားသတင်းများ
-အာဆင်နယ်နောက်ခံလူ ဇင်ချန်ကိုဟာ တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ‘ငါတို့မှာ စူပါအာတီတာ ရှိတယ်’ဆိုတဲ့ ကြွေးကြော်သီဆိုမှုကို ပရိသတ်တွေနဲ့အတူ လိုက်လံ သီဆိုခဲ့တာကို အာဆင်နယ်အသင်းက လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဇင်ချန်ကိုက ဖူလ်ဟမ်ကို သက်တောင့်သက်သာ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အံ့အားသင့်စရာ ရလဒ်လို့ ချီးကျူးခဲ့ပြီး ပြီးခဲ့တဲ့ဘုန်းမောက်နဲ့ပွဲကလို သည်းထိတ်ရင်ဖိုမဟုတ်တဲ့ ညနေခင်းကို ပိုင်ဆိုင်ခဲ့ရလို့ ပျော်ရွှင်မိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဟုတ်တယ်။ အဲဒါတော့ ကျိန်းသေတယ်။ ဘုန်းမောက်နဲ့ပွဲက ကျွန်တော်တို့အတွက် သင်ခန်းစာကောင်းဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အဲဒီပွဲကို ခွဲခြမ်းစိတ်ဖြာခဲ့တယ်။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တာဘာလဲ။ ဆိုးဆိုးရွားရွားလုပ်ခဲ့တာက ဘာလဲ။ အဲဒါက ဘောလုံးပါ။ ခင်ဗျား သိတယ်မလား။ ကျွန်တော်တို့က လူသားတွေဖြစ်ပြီး အမှားတွေ လုပ်တတ်တယ်။ အရေးကြီးတာက လာမယ့်ပွဲကို စဉ်းစားဖို့ပါ။ ကျွန်တော်တို့ရဲ့ ပထမပိုင်း စွမ်းဆောင်ရည်က အရမ်းကောင်းခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဘောလုံးရှိတဲ့အချိန်မှာရော၊ မရှိတဲ့အချိန်မှာပါ အရာအားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ အရမ်းအရေးပါတဲ့ ၃ မှတ်ပါ။ ပေးဂိုးမရှိခဲ့ဘူး။ ဂွန်းနားတွေအတွက် ပြီးပြည့်စုံတဲ့နေ့တစ်နေ့ပဲ။ ဆက်ပြီး လုပ်ကြရအောင်”လို့ ပွဲအပြီးမှာ ဇင်ချန်ကိုက ပြောကြားခဲ့တာဖြစ်ပါတယ်။
-ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီ ရက်နက်က ယခုရာသီမှာ အာဆင်နယ်အသင်း အမှတ်ပေးဖလား ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှုတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ”လက်စတာစီးတီးက ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တာက အံ့အားသင့်စရာအကောင်းဆုံးဖြစ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီ အံ့အားသင့်မှုထက် ပိုပြီးအံ့အားသင့်စရာရှိလာမယ်လို့ ကျွန်တော် မထင်ဘူး။ ဒါပေမယ့် အာဆင်နယ်ရှိနေခဲ့တဲ့နေရာကနေကနေ သူတို့တွေသာ ဆုဖလားကို ရရှိခဲ့မယ်ဆိုရင် အဲဒါက ပရီးမီယားလိဂ်ရဲ့ အကြီးမားတဲ့ အောင်မြင်မှုတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ သူ(အာတီတာ)အသင်းကို ပြောင်းလဲခဲ့တဲ့ပုံစံက အရမ်းကြီးမားပြီး အဲဒါကို အရမ်းလျင်လျင်မြန်မြန် လုပ်ခဲ့တာပါ။
ကျွန်တော် လူတွေရဲ့ စွမ်းအားအကြောင်း ပြောနေတာဖြစ်ပြီး ခင်ဗျား အမ်းမရိတ်စ်မှာ အဲဒီယုံကြည်မှုမျိုးရှိနေတဲ့အခါမှာ အဲဒီနေရာနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်တွေ ရှိလာမယ်လို့ ထင်ပါတယ်။ သူတို့တွေက ဒီအသင်းကို ယုံကြည်မှုရှိတယ်။ နည်းပြအပေါ်မှာ ယုံကြည်မှု ရှိတယ်။ အဲဒါက အများကြီး အကူအညီဖြစ်စေပါတယ်။ သူတို့တွေ အမှားလုပ်ခဲ့ရင်တောင်မှ ပရိသတ်တွေက အသင်းနဲ့အတူ ရှိနေဦးမှာဖြစ်ပါတယ်။ တကယ်တော့ သူတို့တွေ နောက်ဆုံးမိနစ် အနိုင်ဂိုးကို သွင်းယူခဲ့တာပါ။ ဒီဟာက နောက်ဆုံးပွဲအထိ ဖြစ်နိုင်ခြေရှိပါတယ်။ သူတို့တွေ ရာသီကုန်မှာ ပွဲကောင်းတွေ ကစားရဖို့ ရှိနေပါတယ်။ ဘယ်သူ သိနိုင်မလဲ။ မန်စီးတီး အဝေးကွင်းပွဲစဉ်က အဓိကသော့ချက်ဖြစ်လာမယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်ကြယ်ပွင့် ၃ ဦးဖြစ်တဲ့ ဆာကာ၊ မာတီနယ်လီနဲ့ အော်ဒီဂွါဒ်တို့ဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ် ၃ ဦးအတွဲတွေထဲက တစ်တွဲဖြစ်တယ်လို့ သိရပါတယ်။ မာတီနယ်လီ(၁၂ ဂိုး)၊ ဆာကာ(၁၀ ဂိုး)၊ အော်ဒီဂွါဒ်(၁၀ ဂိုး)တို့ဟာ ယခုနှစ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နေတဲ့ ဂန်းနားတွေရဲ့ သွင်းဂိုးတွေအတွက် အဓိက တာဝန်ယူပေးနေကြသူတွေဖြစ်ပြီး ယခုရာသီ ဥရောပရဲ့ ထိပ်တန်းလိဂ် ၁၀ ခုထဲမှာ တစ်ဦးကို ၁၀ ဂိုးနဲ့အထက် သွင်းယူထားနိုင်တဲ့ တိုက်စစ်အတွဲဆိုလို့ ပီအက်စ်ဂျီကြယ်ပွင့် ၃ ဦးဖြစ်တဲ့ အမ်ဘာပေ(၁၉ ဂိုး)၊ လီယွန်နယ် မက်ဆီ(၁၃ ဂိုး)၊ နေမာ(၁၃ ဂိုး)တို့သာ ရှိတယ်လို့ အချက်အလက်လေ့လာဆန်းစစ်သူ OptaJoe က ဖော်ပြခဲ့ပါတယ်။
-အာဆင်နယ်ကြယ်ပွင့် တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုဟာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်တာကို ဘယ်လောက်အထိ ဝမ်းမြောက်ပျော်ရွှင်နေလဲဆိုတာကို ဖူလ်ဟမ်နဲ့ပွဲအပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ”ပြန်ကစားပေးနိုင်တာအရမ်းပျော်ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ပွဲထွက်လူစာရင်းကနေ ထွက်မသွားခဲ့ဖူးသလိုမျိုး ခံစားခဲ့ရတယ်။ ဒီအစုအဖွဲ့အတွက် ကောင်းလိုက်တဲ့ နိုင်ပွဲ။ သွားကြစို့ ဂန်းနားတွေ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
-အာဆင်နယ်အသင်းက ဂန်းနားအသင်းသားတွေက အဝတ်လဲခန်းထဲမှာ နာရီနဲ့ ဆယ်လ်ဖီရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီးနောက် စိတ်ရှုပ်ထွေးခဲ့ကြပြီး အများစုက အဲဒီနာရီဟာ ဆုဖလားရမယ့်အချိန်ကို ရေတွက်ဖို့ ကိုယ်စားပြုတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ညက ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဘယ်နောက်ခံလူ ဇင်ချန်ကိုက ပွဲအပြီးမှာ အဝေးကွင်း အဝတ်လဲခန်းထဲက အုပ်စုလိုက် ဆယ်လ်ဖီပုံကို တင်ခဲ့ရာမှာ အသင်းသားတွေအားလုံးနဲ့ နည်းပြအဖဲ့ဝင်တွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ရှေ့ဆုံးတန်း အလယ်နားက ကစားသမားအများအပြားနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အမ်းမရိတ်စ်ကို မပြောင်းရွှေ့ခင် နှစ်ပေါင်း ၇၀ ကျော် ကစားခဲ့တဲ့ ဟိုက်ဘူရီကွင်းကို ကျက်သရေဆောင်ခဲ့တဲ့ အာဆင်နယ်ရဲ့ ကျော်ကြားတဲ့ Clock End နာရီပုံစံတူ နာရီကို ကိုင်ထားကြတာဖြစ်ပြီး နည်းပြ အာတီတာဟာ ကစားသမားတွေကို စိတ်အားတက်ကြွအောင် တီထွင်ဆန်းသစ်ပြီး သူမတူတဲ့နည်းလမ်းတွေနဲ့ ပြုလုပ်ပေးတတ်သူအဖြစ် ကျော်ကြားတာကြောင့် ဒီဓာတ်ပုံဟာ စပိန်လူမျိုးနည်းပြရဲ့ လက်ချက်ပဲလို့ ပရိသတ်တွေက ထင်မြင်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်အများစုက ဒီနာရီဟာ ယခုရာသီ နောက်ဆုံး ၁၂ ပွဲထဲက ပထမဆုံးပွဲဖြစ်တဲ့ ခရာဗင် ကော့တေ့ချ်ကို မသွားခင်မှာ မိတ်ဆက်ခဲ့တာလို့ ယုံကြည်နေပြီး ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရပြီးနောက် မိနစ်လက်တံဟာ ၁၁ နေရာကို ရွေ့သွားခဲ့တာဟာ ရာသီကုန်ဖို့ ၁၁ ပွဲသာ လိုတော့တာကို ညွှန်ပြနေတာဖြစ်တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်အပြီးမှာဆိုရင် မိနစ် လက်တံက ၁၀ နေရာကို ရွေ့လျားသွားလိမ့်မယ်လို့ မျှော်မှန်းချက်တွေ ရှိနေပေမယ့် နာရီလက်တံက ၂ ဟာ ရာသီကုန်ဖို့ ၂ လသာ လိုတော့တာကို ရည်ညွှန်းတာဖြစ်တယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ အချို့ပရိသတ်တွေကတော့ ၁၄း၀၀ နာရီ ထိုးတော့မယ့် နာရီပုံဟာ အာဆင်နယ်အသင်းရဲ့ ၁၄ ကြိမ်မြောက် အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်တော့မှာကို ကိုယ်စားပြုတာဖြစ်တယ်လို့ ထင်မြင်ခဲ့ကြပြီး ဇင်ချန်ကိုရဲ့ ကပ်ရှင်ကတော့ အနိင် ၃ မှတ်၊ ပေးဂိုးမရှိနဲ့ ဂျေးဇုပြန်လည်ကစားပေးနိုင်မှုအကြောင်း ရေးထားတာကြောင့် နာရီကိစ္စ ဘာသဲလွန်စမှ မပေးထားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
-အာဆင္နယ္ေနာက္ခံလူ ဇင္ခ်န္ကိုဟာ တနဂၤေႏြေန႔က ဖူလ္ဟမ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ‘ငါတို႔မွာ စူပါအာတီတာ ရွိတယ္’ဆိုတဲ့ ေႂကြးေၾကာ္သီဆိုမႈကို ပရိသတ္ေတြနဲ႔အတူ လိုက္လံ သီဆိုခဲ့တာကို အာဆင္နယ္အသင္းက လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တဲ့ ဗီဒီယိုထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဇင္ခ်န္ကိုက ဖူလ္ဟမ္ကို သက္ေတာင့္သက္သာ အႏိုင္ရခဲ့တဲ့ ပြဲအၿပီးမွာ အံ့အားသင့္စရာ ရလဒ္လို႔ ခ်ီးက်ဴးခဲ့ၿပီး ၿပီးခဲ့တဲ့ဘုန္းေမာက္နဲ႔ပြဲကလို သည္းထိတ္ရင္ဖိုမဟုတ္တဲ့ ညေနခင္းကို ပိုင္ဆိုင္ခဲ့ရလို႔ ေပ်ာ္႐ႊင္မိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ဟုတ္တယ္။ အဲဒါေတာ့ က်ိန္းေသတယ္။ ဘုန္းေမာက္နဲ႔ပြဲက ကြၽန္ေတာ္တို႔အတြက္ သင္ခန္းစာေကာင္းျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ အဲဒီပြဲကို ခြဲျခမ္းစိတ္ျဖာခဲ့တယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တာဘာလဲ။ ဆိုးဆိုး႐ြား႐ြားလုပ္ခဲ့တာက ဘာလဲ။ အဲဒါက ေဘာလုံးပါ။ ခင္ဗ်ား သိတယ္မလား။ ကြၽန္ေတာ္တို႔က လူသားေတြျဖစ္ၿပီး အမွားေတြ လုပ္တတ္တယ္။ အေရးႀကီးတာက လာမယ့္ပြဲကို စဥ္းစားဖို႔ပါ။ ကြၽန္ေတာ္တို႔ရဲ႕ ပထမပိုင္း စြမ္းေဆာင္ရည္က အရမ္းေကာင္းခဲ့တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ ေဘာလုံးရွိတဲ့အခ်ိန္မွာေရာ၊ မရွိတဲ့အခ်ိန္မွာပါ အရာအားလုံးနီးပါးကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့တယ္။ အရမ္းအေရးပါတဲ့ ၃ မွတ္ပါ။ ေပးဂိုးမရွိခဲ့ဘူး။ ဂြန္းနားေတြအတြက္ ၿပီးျပည့္စုံတဲ့ေန႔တစ္ေန႔ပဲ။ ဆက္ၿပီး လုပ္ၾကရေအာင္”လို႔ ပြဲအၿပီးမွာ ဇင္ခ်န္ကိုက ေျပာၾကားခဲ့တာျဖစ္ပါတယ္။
-ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်မီ ရက္နက္က ယခုရာသီမွာ အာဆင္နယ္အသင္း အမွတ္ေပးဖလား ရရွိခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္သမိုင္းမွာ အႀကီးမားဆုံး ေအာင္ျမင္မႈေတြထဲက တစ္ခုျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ”လက္စတာစီးတီးက ပရီးမီးယားလိဂ္ဖလားကို ရရွိခဲ့တာက အံ့အားသင့္စရာအေကာင္းဆုံးျဖစ္ခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ အဲဒီ အံ့အားသင့္မႈထက္ ပိုၿပီးအံ့အားသင့္စရာရွိလာမယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ ဒါေပမယ့္ အာဆင္နယ္ရွိေနခဲ့တဲ့ေနရာကေနကေန သူတို႔ေတြသာ ဆုဖလားကို ရရွိခဲ့မယ္ဆိုရင္ အဲဒါက ပရီးမီယားလိဂ္ရဲ႕ အႀကီးမားတဲ့ ေအာင္ျမင္မႈေတြထဲက တစ္ခုျဖစ္ပါလိမ့္မယ္။ သူ(အာတီတာ)အသင္းကို ေျပာင္းလဲခဲ့တဲ့ပုံစံက အရမ္းႀကီးမားၿပီး အဲဒါကို အရမ္းလ်င္လ်င္ျမန္ျမန္ လုပ္ခဲ့တာပါ။ ကြၽန္ေတာ္ လူေတြရဲ႕ စြမ္းအားအေၾကာင္း ေျပာေနတာျဖစ္ၿပီး ခင္ဗ်ား အမ္းမရိတ္စ္မွာ အဲဒီယုံၾကည္မႈမ်ိဳးရွိေနတဲ့အခါမွာ အဲဒီေနရာနဲ႔ပတ္သက္ၿပီး အေကာင္းျမင္စိတ္ေတြ ရွိလာမယ္လို႔ ထင္ပါတယ္။ သူတို႔ေတြက ဒီအသင္းကို ယုံၾကည္မႈရွိတယ္။ နည္းျပအေပၚမွာ ယုံၾကည္မႈ ရွိတယ္။ အဲဒါက အမ်ားႀကီး အကူအညီျဖစ္ေစပါတယ္။ သူတို႔ေတြ အမွားလုပ္ခဲ့ရင္ေတာင္မွ ပရိသတ္ေတြက အသင္းနဲ႔အတူ ရွိေနဦးမွာျဖစ္ပါတယ္။ တကယ္ေတာ့ သူတို႔ေတြ ေနာက္ဆုံးမိနစ္ အႏိုင္ဂိုးကို သြင္းယူခဲ့တာပါ။ ဒီဟာက ေနာက္ဆုံးပြဲအထိ ျဖစ္ႏိုင္ေျခရွိပါတယ္။ သူတို႔ေတြ ရာသီကုန္မွာ ပြဲေကာင္းေတြ ကစားရဖို႔ ရွိေနပါတယ္။ ဘယ္သူ သိႏိုင္မလဲ။ မန္စီးတီး အေဝးကြင္းပြဲစဥ္က အဓိကေသာ့ခ်က္ျဖစ္လာမယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
-အာဆင္နယ္ၾကယ္ပြင့္ ၃ ဦးျဖစ္တဲ့ ဆာကာ၊ မာတီနယ္လီနဲ႔ ေအာ္ဒီဂြါဒ္တို႔ဟာ ဥေရာပရဲ႕ အေကာင္းဆုံး တိုက္စစ္ ၃ ဦးအတြဲေတြထဲက တစ္တြဲျဖစ္တယ္လို႔ သိရပါတယ္။ မာတီနယ္လီ(၁၂ ဂိုး)၊ ဆာကာ(၁၀ ဂိုး)၊ ေအာ္ဒီဂြါဒ္(၁၀ ဂိုး)တို႔ဟာ ယခုႏွစ္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚေနတဲ့ ဂန္းနားေတြရဲ႕ သြင္းဂိုးေတြအတြက္ အဓိက တာဝန္ယူေပးေနၾကသူေတြျဖစ္ၿပီး ယခုရာသီ ဥေရာပရဲ႕ ထိပ္တန္းလိဂ္ ၁၀ ခုထဲမွာ တစ္ဦးကို ၁၀ ဂိုးနဲ႔အထက္ သြင္းယူထားႏိုင္တဲ့ တိုက္စစ္အတြဲဆိုလို႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ ၃ ဦးျဖစ္တဲ့ အမ္ဘာေပ(၁၉ ဂိုး)၊ လီယြန္နယ္ မက္ဆီ(၁၃ ဂိုး)၊ ေနမာ(၁၃ ဂိုး)တို႔သာ ရွိတယ္လို႔ အခ်က္အလက္ေလ့လာဆန္းစစ္သူ OptaJoe က ေဖာ္ျပခဲ့ပါတယ္။
-အာဆင္နယ္ၾကယ္ပြင့္ တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်းဇုဟာ အသင္းအတြက္ ျပန္လည္ပါဝင္ကစားေပးႏိုင္တာကို ဘယ္ေလာက္အထိ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနလဲဆိုတာကို ဖူလ္ဟမ္နဲ႔ပြဲအၿပီး တြစ္တာလူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့ပါတယ္။ ”ျပန္ကစားေပးႏိုင္တာအရမ္းေပ်ာ္ပါတယ္။ ကြၽန္ေတာ္ ဘယ္တုန္းကမွ ပြဲထြက္လူစာရင္းကေန ထြက္မသြားခဲ့ဖူးသလိုမ်ိဳး ခံစားခဲ့ရတယ္။ ဒီအစုအဖြဲ႕အတြက္ ေကာင္းလိုက္တဲ့ ႏိုင္ပြဲ။ သြားၾကစို႔ ဂန္းနားေတြ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။
-အာဆင္နယ္အသင္းက ဂန္းနားအသင္းသားေတြက အဝတ္လဲခန္းထဲမွာ နာရီနဲ႔ ဆယ္လ္ဖီ႐ိုက္ကူးထားတဲ့ ဓာတ္ပုံကို တင္ခဲ့ၿပီးေနာက္ စိတ္ရႈပ္ေထြးခဲ့ၾကၿပီး အမ်ားစုက အဲဒီနာရီဟာ ဆုဖလားရမယ့္အခ်ိန္ကို ေရတြက္ဖို႔ ကိုယ္စားျပဳတယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။ အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔ညက ဖူလ္ဟမ္ကို အေဝးကြင္းမွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္အသာနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ဘယ္ေနာက္ခံလူ ဇင္ခ်န္ကိုက ပြဲအၿပီးမွာ အေဝးကြင္း အဝတ္လဲခန္းထဲက အုပ္စုလိုက္ ဆယ္လ္ဖီပုံကို တင္ခဲ့ရာမွာ အသင္းသားေတြအားလုံးနဲ႔ နည္းျပအဖဲ့ဝင္ေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက ေရွ႕ဆုံးတန္း အလယ္နားက ကစားသမားအမ်ားအျပားနဲ႔ နည္းျပအဖြဲ႕ဝင္ေတြဟာ အမ္းမရိတ္စ္ကို မေျပာင္းေ႐ႊ႕ခင္ ႏွစ္ေပါင္း ၇၀ ေက်ာ္ ကစားခဲ့တဲ့ ဟိုက္ဘူရီကြင္းကို က်က္သေရေဆာင္ခဲ့တဲ့ အာဆင္နယ္ရဲ႕ ေက်ာ္ၾကားတဲ့ Clock End နာရီပုံစံတူ နာရီကို ကိုင္ထားၾကတာျဖစ္ၿပီး နည္းျပ အာတီတာဟာ ကစားသမားေတြကို စိတ္အားတက္ႂကြေအာင္ တီထြင္ဆန္းသစ္ၿပီး သူမတူတဲ့နည္းလမ္းေတြနဲ႔ ျပဳလုပ္ေပးတတ္သူအျဖစ္ ေက်ာ္ၾကားတာေၾကာင့္ ဒီဓာတ္ပုံဟာ စပိန္လူမ်ိဳးနည္းျပရဲ႕ လက္ခ်က္ပဲလို႔ ပရိသတ္ေတြက ထင္ျမင္ခဲ့တာျဖစ္ပါတယ္။ ပရိသတ္အမ်ားစုက ဒီနာရီဟာ ယခုရာသီ ေနာက္ဆုံး ၁၂ ပြဲထဲက ပထမဆုံးပြဲျဖစ္တဲ့ ခရာဗင္ ေကာ့ေတ့ခ်္ကို မသြားခင္မွာ မိတ္ဆက္ခဲ့တာလို႔ ယုံၾကည္ေနၿပီး ဖူလ္ဟမ္ကို ၃-၀ နဲ႔ အႏိုင္ရၿပီးေနာက္ မိနစ္လက္တံဟာ ၁၁ ေနရာကို ေ႐ြ႕သြားခဲ့တာဟာ ရာသီကုန္ဖို႔ ၁၁ ပြဲသာ လိုေတာ့တာကို ၫႊန္ျပေနတာျဖစ္တယ္လို႔ ယူဆခဲ့ၾကတာျဖစ္ပါတယ္။ လာမယ့္ တနဂၤေႏြေန႔ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္အၿပီးမွာဆိုရင္ မိနစ္ လက္တံက ၁၀ ေနရာကို ေ႐ြ႕လ်ားသြားလိမ့္မယ္လို႔ ေမွ်ာ္မွန္းခ်က္ေတြ ရွိေနေပမယ့္ နာရီလက္တံက ၂ ဟာ ရာသီကုန္ဖို႔ ၂ လသာ လိုေတာ့တာကို ရည္ၫႊန္းတာျဖစ္တယ္လို႔ ထင္ေၾကးေပးခဲ့ၾကပါတယ္။ အခ်ိဳ႕ပရိသတ္ေတြကေတာ့ ၁၄း၀၀ နာရီ ထိုးေတာ့မယ့္ နာရီပုံဟာ အာဆင္နယ္အသင္းရဲ႕ ၁၄ ႀကိမ္ေျမာက္ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ေတာ့မွာကို ကိုယ္စားျပဳတာျဖစ္တယ္လို႔ ထင္ျမင္ခဲ့ၾကၿပီး ဇင္ခ်န္ကိုရဲ႕ ကပ္ရွင္ကေတာ့ အနိင္ ၃ မွတ္၊ ေပးဂိုးမရွိနဲ႔ ေဂ်းဇုျပန္လည္ကစားေပးႏိုင္မႈအေၾကာင္း ေရးထားတာေၾကာင့္ နာရီကိစၥ ဘာသဲလြန္စမွ မေပးထားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet