အာဆင်နယ် ဘာကြောင့် ဒီရာသီ ထိပ်ဆုံးမှာ ရပ်တည်နိုင်နေတာလဲ? admin

အာဆင်နယ် ဘာကြောင့် ဒီရာသီ ထိပ်ဆုံးမှာ ရပ်တည်နိုင်နေတာလဲ?

ဒီမေးခွန်းကို မေးလိုက်ရင် အများစု (အခြားဖန်တွေရဲ့)အမြင်က ကံကောင်းလို့၊ ကျန်အသင်းကြီးတွေ ခြေကျနေလို့ဆိုတဲ့ အဖြေကိုပဲ ယေဘုယျတွေ့နေရပါတယ်။ အာဆင်နယ်ဖန်တချို့ဆီမှာလည်း အသင်းအားထုတ်မှုထက် ကျန်အသင်းကြီးတွေ ခြေချော်လို့ အာဆင်နယ်ထိပ်ရောက်နေတာလို့ လက်ခံတဲ့ အမြင်တွေရှိနေတာ တွေ့ရပါတယ်။ ဒီရာသီပဲ ရမယ် နောက်ရာသီကျရင် မလွယ်ဘူးတို့ ဘာတို့ပေါ့။

မှန်သင့်သလောက် မှန်ပေမယ့် အာဆင်နယ်ရဲ့ အမြင့်ပျံ ခရီးဟာ အာဆင်နယ်ရဲ့ ကြိုးပမ်းမှု၊ စည်းလုံးမှု၊ စည်းကမ်းသေဝပ်မှုတို့ ချန်လိုက်ရင် အခုအာဆင်နယ်ဟာ အဆင့် ၁၀ ရပ်ဝန်းမှာ ကျင်လည်နေရမှာ အသေအချာပါပဲ။ ကံတရားဖေးမမှုလိုပေမယ့် မမြင်ရတဲ့ ကံတရားကို ပြောနေမယ့်အစား မြင်ရတဲ့ ကွင်းထဲက အာဆင်နယ်ရဲ့ အားထုတ်မှုကို ပြောကြည့်ပါမယ်။

အာဆင်နယ်ရဲ့ မနေ့က အဲဗာတန်ကို သွင်းတဲ့ ပထမဂိုးဟာ ဒီရာသီ အာဆင်နယ် ဘာကြောင့် ထိပ်ဆုံးမှာ ရပ်တည်နေရလဲဆိုတဲ့ အမေးကို ၇၀% ဖြေနိုင်တဲ့ အဖြေလို့ ကျတော်ကတော့ ယူဆပါတယ်။ ဒီဂိုးဟာ ပုံထဲကအတိုင်းကြည့်ရရင် ကစားသမားတွေရဲ့ off the ball ကောင်းမွန်မှုကြောင့် ရသွားတဲ့ ဂိုးလို့ ပြောလို့ရပါတယ်။

ပုံပါအတိုင်းကြည့်ရင် ဂိုးမရခင်အခိုက်အတန့်မှာ ဇင်ချန်ကိုအတွက် ဘောလုံးပေးပို့စရာလမ်းကြောင်းတွေ များများစားစား ရှိနေခဲ့ပါတယ်။ ဘယ်တောင်ပံမှာ လွတ်နေတဲ့ ထရောဆတ်ဆီ ပေးမလား၊ အလယ်မှာ ဘောလုံးတောင်းနေတဲ့ အိုဒီဂတ်ဆီ ပေးမလား၊ ညာတောင်ပံမှာ လမ်းကြောင်းရှာပြေးနေတဲ့ မာတီနယ်လီဆီ ဘောလုံးပေးမလား၊ နောက်ဆုံး ဧရိယာထိပ်မှာ လွတ်နေတဲ့ ဆာကာဆီ ပေးမလား ရွေးစရာများခဲ့ပါတယ်။

ဒီနေရာမှာ ဇင်ချန်ကိုက အန္တရာယ် အပေးနိုင်ဆုံးဖြစ်တဲ့ ဆာကာဆီကို ဘောလုံး တန်းတန်းမတ်မတ်ပေးပြီး ဆာကာကလည်း ကောင်းမွန်စွာ လက်ခံရယူကာ ဂိုးညာထောင့်ထဲ အပြင်းကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ဒီမှာ ပြောစရာဖြစ်တာက ဒီဂိုးဟာ ဆာကာကို မိုင်ကိုလန်ကို လူကပ်ညံ့လို့ ပေးလိုက်ရတာ လွယ်လွန်းတယ်ဆိုပြီး ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ကတော့ ဆာကာကို လူကပ်ညံ့လို့မဟုတ်ဘဲ ညာဖက်ကနေ လမ်းကြောင်းထဲ ပြေးဝင်လာတဲ့ မာတီနယ်လီကြောင့် မိုင်ကိုလန်ကို ဘယ်ကစားသမားကပ်ရမှန်းမသိ ဗျာများသွားပါတယ်။ ဒီအချိန်မှာ ဆာကာက ပါးနပ်စွာ ဘောလုံးလက်ခံရယူပြီး ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ ဇင်ချန်ကို ဆာကာကို မပေးပဲ အိုဒီဂတ် ဒါမှမဟုတ် ထရောဆတ် ဒါမှမဟုတ် မာတီနယ်လီကို ပေးအုံးတော့ ကစားသမားတွေရဲ့ off the ball ရွေ့လျား နေရာယူပုံအရ အားလုံးဟာ ဂိုးမသွင်းနိုင်ရင်တောင် ဂိုးရဖို့နီးစပ်တဲ့ အနေအထားမှာ ကိုယ်စီရှိနေကြပါတယ်။

ဒါဟာ အာဆင်နယ်ရဲ့ ပွဲကိုအသာစီးမှုအရယူပြီး ဂိုးရဖို့အတွက် ကောင်းမွန်တဲ့ ချဥ်းကပ်မှုတွေပါပဲ။ One man team မဟုတ်ဘဲ နေရာစုံ အဆိပ်အပြည့်ရှိိတဲ့ အာဆင်နယ်ရဲ့ ဒီလို ကစားဟန်ကြောင့်လည်း ဒီရာသီ အခုလို ထိပ်မှာ ရေရှည်ရပ်တည်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ၁% ကံတရားထက် ၉၉% ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုက ထိပ်ဆုံးမှာ ရပ်တည်နေရခြင်းရဲ့ အကြောင်းတရားဆိုတာ မီးမောင်းထိုးပြရင်း….

Chan-G

ZAWGYI:

ဒီေမးခြန္းကို ေမးလိုက္ရင္ အမ်ားစု (အျခားဖန္ေတြရဲ႕)အျမင္က ကံေကာင္းလို႔၊ က်န္အသင္းႀကီးေတြ ေျခက်ေနလို႔ဆိုတဲ့ အေျဖကိုပဲ ေယဘုယ်ေတြ႕ေနရပါတယ္။ အာဆင္နယ္ဖန္တခ်ိဳ႕ဆီမွာလည္း အသင္းအားထုတ္မႈထက္ က်န္အသင္းႀကီးေတြ ေျခေခ်ာ္လို႔ အာဆင္နယ္ထိပ္ေရာက္ေနတာလို႔ လက္ခံတဲ့ အျမင္ေတြရွိေနတာ ေတြ႕ရပါတယ္။ ဒီရာသီပဲ ရမယ္ ေနာက္ရာသီက်ရင္ မလြယ္ဘူးတို႔ ဘာတို႔ေပါ့။

မွန္သင့္သေလာက္ မွန္ေပမယ့္ အာဆင္နယ္ရဲ႕ အျမင့္ပ်ံ ခရီးဟာ အာဆင္နယ္ရဲ႕ ႀကိဳးပမ္းမႈ၊ စည္းလုံးမႈ၊ စည္းကမ္းေသဝပ္မႈတို႔ ခ်န္လိုက္ရင္ အခုအာဆင္နယ္ဟာ အဆင့္ ၁၀ ရပ္ဝန္းမွာ က်င္လည္ေနရမွာ အေသအခ်ာပါပဲ။ ကံတရားေဖးမမႈလိုေပမယ့္ မျမင္ရတဲ့ ကံတရားကို ေျပာေနမယ့္အစား ျမင္ရတဲ့ ကြင္းထဲက အာဆင္နယ္ရဲ႕ အားထုတ္မႈကို ေျပာၾကည့္ပါမယ္။

အာဆင္နယ္ရဲ႕ မေန႔က အဲဗာတန္ကို သြင္းတဲ့ ပထမဂိုးဟာ ဒီရာသီ အာဆင္နယ္ ဘာေၾကာင့္ ထိပ္ဆုံးမွာ ရပ္တည္ေနရလဲဆိုတဲ့ အေမးကို ၇၀% ေျဖႏိုင္တဲ့ အေျဖလို႔ က်ေတာ္ကေတာ့ ယူဆပါတယ္။ ဒီဂိုးဟာ ပုံထဲကအတိုင္းၾကည့္ရရင္ ကစားသမားေတြရဲ႕ off the ball ေကာင္းမြန္မႈေၾကာင့္ ရသြားတဲ့ ဂိုးလို႔ ေျပာလို႔ရပါတယ္။

ပုံပါအတိုင္းၾကည့္ရင္ ဂိုးမရခင္အခိုက္အတန္႔မွာ ဇင္ခ်န္ကိုအတြက္ ေဘာလုံးေပးပို႔စရာလမ္းေၾကာင္းေတြ မ်ားမ်ားစားစား ရွိေနခဲ့ပါတယ္။ ဘယ္ေတာင္ပံမွာ လြတ္ေနတဲ့ ထေရာဆတ္ဆီ ေပးမလား၊ အလယ္မွာ ေဘာလုံးေတာင္းေနတဲ့ အိုဒီဂတ္ဆီ ေပးမလား၊ ညာေတာင္ပံမွာ လမ္းေၾကာင္းရွာေျပးေနတဲ့ မာတီနယ္လီဆီ ေဘာလုံးေပးမလား၊ ေနာက္ဆုံး ဧရိယာထိပ္မွာ လြတ္ေနတဲ့ ဆာကာဆီ ေပးမလား ေ႐ြးစရာမ်ားခဲ့ပါတယ္။

ဒီေနရာမွာ ဇင္ခ်န္ကိုက အႏၲရာယ္ အေပးႏိုင္ဆုံးျဖစ္တဲ့ ဆာကာဆီကို ေဘာလုံး တန္းတန္းမတ္မတ္ေပးၿပီး ဆာကာကလည္း ေကာင္းမြန္စြာ လက္ခံရယူကာ ဂိုးညာေထာင့္ထဲ အျပင္းကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲလိုက္ပါတယ္။

ဒီမွာ ေျပာစရာျဖစ္တာက ဒီဂိုးဟာ ဆာကာကို မိုင္ကိုလန္ကို လူကပ္ညံ့လို႔ ေပးလိုက္ရတာ လြယ္လြန္းတယ္ဆိုၿပီး ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမယ့္ တကယ္ကေတာ့ ဆာကာကို လူကပ္ညံ့လို႔မဟုတ္ဘဲ ညာဖက္ကေန လမ္းေၾကာင္းထဲ ေျပးဝင္လာတဲ့ မာတီနယ္လီေၾကာင့္ မိုင္ကိုလန္ကို ဘယ္ကစားသမားကပ္ရမွန္းမသိ ဗ်ာမ်ားသြားပါတယ္။ ဒီအခ်ိန္မွာ ဆာကာက ပါးနပ္စြာ ေဘာလုံးလက္ခံရယူၿပီး ဂိုးသြင္းယူခဲ့တာ ျဖစ္ပါတယ္။

တကယ္လို႔ ဇင္ခ်န္ကို ဆာကာကို မေပးပဲ အိုဒီဂတ္ ဒါမွမဟုတ္ ထေရာဆတ္ ဒါမွမဟုတ္ မာတီနယ္လီကို ေပးအုံးေတာ့ ကစားသမားေတြရဲ႕ off the ball ေ႐ြ႕လ်ား ေနရာယူပုံအရ အားလုံးဟာ ဂိုးမသြင္းႏိုင္ရင္ေတာင္ ဂိုးရဖို႔နီးစပ္တဲ့ အေနအထားမွာ ကိုယ္စီရွိေနၾကပါတယ္။

ဒါဟာ အာဆင္နယ္ရဲ႕ ပြဲကိုအသာစီးမႈအရယူၿပီး ဂိုးရဖို႔အတြက္ ေကာင္းမြန္တဲ့ ခ်ဥ္းကပ္မႈေတြပါပဲ။ One man team မဟုတ္ဘဲ ေနရာစုံ အဆိပ္အျပည့္ရွိိတဲ့ အာဆင္နယ္ရဲ႕ ဒီလို ကစားဟန္ေၾကာင့္လည္း ဒီရာသီ အခုလို ထိပ္မွာ ေရရွည္ရပ္တည္ႏိုင္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၁% ကံတရားထက္ ၉၉% ကစားသမားေတြရဲ႕ ႀကိဳးစားအားထုတ္မႈက ထိပ္ဆုံးမွာ ရပ္တည္ေနရျခင္းရဲ႕ အေၾကာင္းတရားဆိုတာ မီးေမာင္းထိုးျပရင္း….

Chan-G