ဘာလိုဂွန်ကို အံ့အားသင့်ဖွယ် သတင်းစကားပါးလိုက်တဲ့ ဂျီရူး coyg

ဘာလိုဂွန်ကို အံ့အားသင့်ဖွယ် သတင်းစကားပါးလိုက်တဲ့ ဂျီရူး

အိုလီဗီယေး ဂျီရူးဟာ ရင်းမ်စ်အသင်းမှာ အငှားကစားသမားအဖြစ်နဲ့ အထင်ကြီးဖွယ် ရာသီကို ပိုင်ဆိုင်နေတဲ့ အာဆင်နယ်လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ဆီကို အံ့အားသင့်ဖွယ် သတင်းစကားပေးပို့ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းအတွက် စီနီယာပွဲစဉ် ၁၀ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ ပြင်သစ်လီဂူးဝမ်းကလပ်အသင်းဖြစ်တဲ့ ရင်းမ်စ်အသင်းကို ပုံမှန်ပွဲထွက်ကစားချိန်ရရှိအောင် အငှားနဲ့ ထွက်ခွာခွင့်ပြုခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဘာလိုဂွန်ဟာ ရင်းမ်စ်အသင်းအတွက် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီး လီဂူးဝမ်းမှာ ယခုရာသီ သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး အမ်ဘာပေထက် ၄ ဂိုးသာ လျော့နည်းနေတာဖြစ်ပါတယ်။

ဘာလိုဂွန် ပထမအသင်းမှာ စတင်ပါဝင်ကစားပေးခွင့် ရရှိခဲ့တဲ့အချိန်မှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျီရူးက ဂန်းနားတိုက်စစ်မှူးရဲ့ လူငယ်ပွဲစဉ်တွေမှာ ကစားနေတာ စောင့်ကြည့်ခဲ့ရတဲ့အချိန်တွေကို သတိရမိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဟေ့။ ဘယ်လိုလဲ ဘေဘီဂန်းနားလေး။ မင်း အဆင်ပြေမယ်လို့ ငါ မျှော်လင့်တယ်။ ပြင်သစ်က လီဂူးဝမ်းမှာ မင်း ဂိုးတွေသွင်းယူနေတာ မြင်ရလို့ ငါ ဝမ်းသာပါတယ်။ အာဆင်နယ်တုန်းက မင်း လူငယ်အသင်းတွေအတွက် ကစားပေးနေခ့တဲ့အချိန်ကို ငါ သတိရတယ်။ မင်းအတွက် ငါ အရမ်းပျော်ရွှင်မိပြီး မင်းက အဲဒီမှာရှိနေဖို့ ထိုက်တန်ပါတယ်။ ဒီတိုင်းသာ ဆက်လုပ်ပါ။ မလျှော့လိုက်နဲ့။ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ဘရို။ ဂရုစိုက်ပါ”လို့ ဂျီရူးက Canal + မှာ ပြသခဲ့တဲ့ ဗီဒီယို သတင်းစကားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာလိုဂွန်က ဗီဒီယိုကို ကြည့်ရှုပြီးနောက် “ဝိုး၊ ဒါကို မြင်ရတာ အရမ်းကောင်းလိုက်တာ။ ကျွန်တော် ဒါကို မြင်တွေ့ရဖို့ မမျှော်လင့်ခဲ့ပါဘူး။ အဲဒါက ကောင်းပါတယ်။ သူက ဥရောပက အမြင့်မားဆုံးအဆင့်အတန်းမှာ ကစားနေတာပါ။ ဂျီရူးလိုမျိုး ထိပ်တန်းတိုက်စစ်မှူးမျိုး အများကြီးမရှိပါဘူး။ ကျွန်တော် သူ့ကို ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့ ချိတ်ဆက်ကစားပုံကို ကြည့်မိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာလိုဂွန်က ပြင်သစ်လီဂူးဝမ်း ချန်ပီယံတွေအပါအဝင် ပြင်သစ်က ထိပ်တန်းအသင်းတွေကို ဂိုးသွင်းယူနိုင်တဲ့အပေါ်မှာလည်း “ဒီလို ပွဲစဉ်တွေကို ကျွန်တော်နဲ့အတူ အမြဲတမ်း ယုံကြည်မှုကို သယ်ဆောင်သွားဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့ ပဲရစ်မှာ အဝေးကွင်းပွဲစဉ်ကစားရတုန်းက အဲဒါက ကျွန်တော့်အတွက် အရမ်းကို ကွဲပြားခြားနားတဲ့ အတွေ့အကြုံပါ။ ဘာလို့လဲဆိုတော့ ကွင်းက အရမ်းကို လှပပြီး ပတ်ဝန်းကျင်အငွေ့အသက်ကလည်း အရမ်းကောင်းလို့ပါ။ နေ့တနေ့ရဲ့ အဆုံးမှာ ကျွန်တော် ကစားနိုင်တဲ့ အဆင့်အတန်းကို သိလိုက်ရပြီး ကျွန်တော် ကစားနိုင်တဲ့အချိန်မှာ ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာကို သက်သေပြသချင်တယ်။ အဲဒီတော့ အဲဒီလို သက်သေပြသနိုင်တာ ကောင်းပါတယ်“လို့ ပြောဆိုခဲ့ပါတယ်။

ဘာလိုဂွန်က ၎င်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်ပြီးလည်း “ကျွန်တော့်ရဲ့စိတ်ဓာတ်က ကျွန်တော် ကစားနိုင်တယ်ဆိုတာကို သက်သေပြသချင်တာပါ။ ဘာလို့လဲဆိုတော့ လူတော်တော်များများက ကျွန်တော် အခု သွင်းထားတဲ့ ဂိုးအရေအတွက်ကို အံ့အားသင့်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝကို ပြန်ကြည့်လိုက်ရင် လူငယ်အသင်းမှာတောင်မှ ကျွန်တော်က ဂိုးသွင်းအများဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော့်အတွက်ကတော့ အံ့အားသင့်စရာမဟုတ်ပါဘူး။ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာကို ကမ္ဘာတလွှားက တခြားလူတွေကို ပြသနေရုံပါ။ အဲဒါကြောင့် ကျွန်တော် အာရုံစိုက်ပြီး အရမ်းတည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်နေတာပါ“လို့ ရှင်းပြသွားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:

အိုလီဗီေယး ဂ်ီ႐ူးဟာ ရင္းမ္စ္အသင္းမွာ အငွားကစားသမားအျဖစ္နဲ႔ အထင္ႀကီးဖြယ္ ရာသီကို ပိုင္ဆိုင္ေနတဲ့ အာဆင္နယ္လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ဆီကို အံ့အားသင့္ဖြယ္ သတင္းစကားေပးပို႔ခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အာဆင္နယ္အသင္းအတြက္ စီနီယာပြဲစဥ္ ၁၀ ပြဲ ပါဝင္ကစားေပးခဲ့သူျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ ျပင္သစ္လီဂူးဝမ္းကလပ္အသင္းျဖစ္တဲ့ ရင္းမ္စ္အသင္းကို ပုံမွန္ပြဲထြက္ကစားခ်ိန္ရရွိေအာင္ အငွားနဲ႔ ထြက္ခြာခြင့္ျပဳျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ဘာလိုဂြန္ဟာ ရင္းမ္စ္အသင္းအတြက္ သိသာထင္ရွားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး လီဂူးဝမ္းမွာ ယခုရာသီ သြင္းဂိုး ၁၅ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး အမ္ဘာေပထက္ ၄ ဂိုးသာ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။

ဘာလိုဂြန္ ပထမအသင္းမွာ စတင္ပါဝင္ကစားေပးခြင့္ ရရွိခဲ့တဲ့အခ်ိန္မွာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဂ်ီ႐ူးက ဂန္းနားတိုက္စစ္မႉးရဲ႕ လူငယ္ပြဲစဥ္ေတြမွာ ကစားေနတာ ေစာင့္ၾကည့္ခဲ့ရတဲ့အခ်ိန္ေတြကို သတိရမိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေဟ့။ ဘယ္လိုလဲ ေဘဘီဂန္းနားေလး။ မင္း အဆင္ေျပမယ္လို႔ ငါ ေမွ်ာ္လင့္တယ္။ ျပင္သစ္က လီဂူးဝမ္းမွာ မင္း ဂိုးေတြသြင္းယူေနတာ ျမင္ရလို႔ ငါ ဝမ္းသာပါတယ္။ အာဆင္နယ္တုန္းက မင္း လူငယ္အသင္းေတြအတြက္ ကစားေပးေနခ့တဲ့အခ်ိန္ကို ငါ သတိရတယ္။ မင္းအတြက္ ငါ အရမ္းေပ်ာ္႐ႊင္မိၿပီး မင္းက အဲဒီမွာရွိေနဖို႔ ထိုက္တန္ပါတယ္။ ဒီတိုင္းသာ ဆက္လုပ္ပါ။ မေလွ်ာ့လိုက္နဲ႔။ အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္ ဘ႐ို။ ဂ႐ုစိုက္ပါ”လို႔ ဂ်ီ႐ူးက Canal + မွာ ျပသခဲ့တဲ့ ဗီဒီယို သတင္းစကားမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘာလိုဂြန္က ဗီဒီယိုကို ၾကည့္ရႈၿပီးေနာက္ “ဝိုး၊ ဒါကို ျမင္ရတာ အရမ္းေကာင္းလိုက္တာ။ ကြၽန္ေတာ္ ဒါကို ျမင္ေတြ႕ရဖို႔ မေမွ်ာ္လင့္ခဲ့ပါဘူး။ အဲဒါက ေကာင္းပါတယ္။ သူက ဥေရာပက အျမင့္မားဆုံးအဆင့္အတန္းမွာ ကစားေနတာပါ။ ဂ်ီ႐ူးလိုမ်ိဳး ထိပ္တန္းတိုက္စစ္မႉးမ်ိဳး အမ်ားႀကီးမရွိပါဘူး။ ကြၽန္ေတာ္ သူ႔ကို ၾကည့္လိုက္တဲ့အခါမွာ သူ႔ရဲ႕ ခ်ိတ္ဆက္ကစားပုံကို ၾကည့္မိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘာလိုဂြန္က ျပင္သစ္လီဂူးဝမ္း ခ်န္ပီယံေတြအပါအဝင္ ျပင္သစ္က ထိပ္တန္းအသင္းေတြကို ဂိုးသြင္းယူႏိုင္တဲ့အေပၚမွာလည္း “ဒီလို ပြဲစဥ္ေတြကို ကြၽန္ေတာ္နဲ႔အတူ အၿမဲတမ္း ယုံၾကည္မႈကို သယ္ေဆာင္သြားဖို႔ ႀကိဳးစားပါတယ္။ ကြၽန္ေတာ္တို႔ ပဲရစ္မွာ အေဝးကြင္းပြဲစဥ္ကစားရတုန္းက အဲဒါက ကြၽန္ေတာ့္အတြက္ အရမ္းကို ကြဲျပားျခားနားတဲ့ အေတြ႕အႀကဳံပါ။ ဘာလို႔လဲဆိုေတာ့ ကြင္းက အရမ္းကို လွပၿပီး ပတ္ဝန္းက်င္အေငြ႕အသက္ကလည္း အရမ္းေကာင္းလို႔ပါ။ ေန႔တေန႔ရဲ႕ အဆုံးမွာ ကြၽန္ေတာ္ ကစားႏိုင္တဲ့ အဆင့္အတန္းကို သိလိုက္ရၿပီး ကြၽန္ေတာ္ ကစားႏိုင္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဘာလုပ္ႏိုင္တယ္ဆိုတာကို သက္ေသျပသခ်င္တယ္။ အဲဒီေတာ့ အဲဒီလို သက္ေသျပသႏိုင္တာ ေကာင္းပါတယ္“လို႔ ေျပာဆိုခဲ့ပါတယ္။

ဘာလိုဂြန္က ၎ရဲ႕ စိတ္ဓာတ္ပိုင္းနဲ႔ပတ္သက္ၿပီးလည္း “ကြၽန္ေတာ့္ရဲ႕စိတ္ဓာတ္က ကြၽန္ေတာ္ ကစားႏိုင္တယ္ဆိုတာကို သက္ေသျပသခ်င္တာပါ။ ဘာလို႔လဲဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္ အခု သြင္းထားတဲ့ ဂိုးအေရအတြက္ကို အံ့အားသင့္ႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝကို ျပန္ၾကည့္လိုက္ရင္ လူငယ္အသင္းမွာေတာင္မွ ကြၽန္ေတာ္က ဂိုးသြင္းအမ်ားဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ့္အတြက္ကေတာ့ အံ့အားသင့္စရာမဟုတ္ပါဘူး။ ကြၽန္ေတာ္ ဘာလုပ္ႏိုင္လဲဆိုတာကို ကမာၻတလႊားက တျခားလူေတြကို ျပသေန႐ုံပါ။ အဲဒါေၾကာင့္ ကြၽန္ေတာ္ အာ႐ုံစိုက္ၿပီး အရမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ ကစားႏိုင္ေနတာပါ“လို႔ ရွင္းျပသြားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet