ဂျေးဇုကို အလျင်စလိုပြန်ကစားစေမလား အပါအဝင် ဖူလ်ဟမ်နဲ့ ပွဲကြိုအင်တာဗျူးမှာ အာတီတာပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ ဖူလ်ဟမ်နဲ့ ကစားရမယ့် တနင်္ဂနွေနေ့ပွဲစဉ်မှာ ဂျေးဇု၊ အန်ကီးတီးယား၊ ထရော့ဆာ့ဒ်တို့မပါဝင်ဘဲ ကစားသွားရမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
မေး- တိုက်စစ်မှာ ရွေးချယ်စရာတွေ နည်းပါးနေတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ- အက်ဒီလည်း လွဲချော်မယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ဒဏ်ရာကြောင့် လွဲချော်နေတဲ့ ဂျေးဇုရှိမယ်။ အက်ဒီ မပါဘူး။ လီယို မပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ရာသီရဲ့ အချိန်ကာလတစ်ခုမှာ ဒါကို အသားကျအောင် လုပ်ဖို့တယ်။ ကျွန်တော်တို့မှာ မတူညီတဲ့ရွေးချယ်စရာတွေရှိပါတယ်။ ကျွန်တော်တို့ တောင်ပံကစားသမားတွေကို ကျောနံပါတ် ၉ ပုံစံ ပိုကစားနိုင်တယ်။ False 9 နဲ့လည်း ကစားနိုင်တယ်။ ကြည့်ကြတာပေါ့။
မေး- လေ့ကျင့်ရေးပြန်ဆင်းနေတဲ့ ဂျေးဇုပြန်လာနိင်တော့မှာလား။
ဖြေ- သူ့မှာ ဆိုးရွားတဲ့ဒဏ်ရာရခဲ့တယ်။ သူက ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး မြန်နိုင်သမျှ မြန်မြန်သက်သာလာနိုင်ဖို့ တကယ်ကို တွန်းအားပေးလုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမယ့် အမှန်တရားက သူ လှုပ်ရှားမှုအချို့ စလုပ်တဲ့အချိန်မှာ သူ နည်းနည်း အချိန်ပိုလိုသေးတယ်လို့ ခံစားနေရတုန်းပါပဲ။ အဲဒါက ရက်သတ္တပတ်တွေထက် ရက်ပိုင်းလောက်ပဲဖြစ်နေမလားဆိုရင် အဲဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူ ယုံကြည်မှုရှိပြီး သက်တောင့်သက်သာနဲ့ အဆင်သင့်ဖြစ်နေတယ်လို့ ခံစားရဖို့ လိုတယ်။ အထူးသဖြင့် သူကစားနေတဲ့ပုံစံကြောင့်ပါ။ ကျွန်တော်တို့ သူ့ရဲ့ အကောင်းဆုံးပုံစံကို လိုအပ်တယ်။ သူ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အချိန်ကျရင် ကွင်းထဲကို ပစ်ဝင်လာမှာပါ။
မေး- ဂျေးဇုကို အလျင်စလို ပြန်ခေါ်သွားမှာလား။
ဖြေ- ကျွန်တော်တို့ အဲဒီလို လုံးဝ မလုပ်ခဲ့ပါဘူး။ သူ့မှာရှိတဲ့ အချိန်ကာလသတ်မှတ်ချက်က လေးစားမှုပေးခြင်းခံခဲ့ရတာ သိသာပြီး အခုက သူ့ရဲ့ ခံစားချက်က ပိုပြီး အရေးကြီးပါတယ်။ သူ တကယ်ကို တောင်းဆိုမှုရှိလာတဲ့အချိန်ကျရင် ‘ကျွန်တော် ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု တကယ်ဖြစ်ချင်တယ်’လို့ ပြောလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းကို စိတ်ဆန္ဒပြင်းပြလို့ပါ။ အဲဒီစိတ်ဆန္ဒကို သူ ထုတ်ဖော်ပြသတဲ့အချိန်ကျရင် အဲဒါက သူ တကယ်အဆင့်သင့်ဖြစ်နေပြီမို့လို့ပဲ။
မေး- သူ့ကို အလျင်စလို ပြန်မကစားဖို့ တားဆီးထားရတာက ခက်ခဲခဲ့လား။
ဖြေ- ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ခက်ခဲခဲ့ပေမယ့် အခုတော့ သူ ရှိနေတဲ့အနေအထားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သက်တောင့်သက်သာရှိနေပါတယ်။ သူ့ရဲ့ ဒူးအခြေအနေက သူပြန်လာဖို့အတွက် စိတ်ချရတဲ့ တိုင်းတာမှုတွေအားလုံးထဲမှာ ရှိနေပါတယ်။ အခု သူ ပြန်ကစားပြီး စိန်ခေါ်မှုတွေနဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ခံစားချက်ရဖို့ပဲ ကျန်ပါတော့တယ်။
မေး- အော်ဒီဂွါဒ်ကရော လန်ဒန်ဒါဘီပွဲမှာ အချိန်မီ ပြန်ကောင်းလာနိုင်ပါ့မလား။
ဖြေ- ကျွန်တော်လည်း မျှော်လင့်မိတာပဲ။ မာတင်က ပိုပြီးကောင်းလာတယ်လို့ ခံစားနေရပါတယ်။ ပြီးတော့ နည်းနည်း ပြန်ဆိုးလာတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီနေ့ လေ့ကျင့်ရေးပြီးရင် ကြည့်တာပေါ့။ ဒီညနေကျရင် ပိုပြီးတော့ သိလာမှာပါ။ ကျွန်တော်တို့ မလေ့ကျင့်ရသေးဘူး။ ကျွန်တော်တို့မှာ အငြင်းပွားစရာဖြစ်နေတဲ့ ကစားသမားအနည်းငယ်ရှိပါတယ်။ ဒီညနေမှာတော့ ဘယ်သူက ကစားနိုင်ပြီး ဘယ်သူက မကစားနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိရမှာပါ။
မေး- ရှုံးနိမ့်နေတဲ့အနေအထားကနေ ပြန်လာနိုင်ခဲ့တဲ့ အပေါ်မှာရော။
ဖြေ- ဆာလောင်မှုပေါ့။ လက်မြှောက် အရှုံးမပေးဘဲ ယုံကြည်မှုရှိတယ်။ အရည်အသွေးရှိတယ်။
🗣️ "My aim is to be a fantastic team. A team that has that mentality to win at any cost, in any context, is entertaining and affiliated with the values of this football club."
Mikel Arteta is asked whether Arsenal can be the "unstoppables" and win the Premier League 🔴 pic.twitter.com/MugCMEPiRH
— Football Daily (@footballdaily) March 11, 2023
မေး- အာဆင်နယ်က ရပ်တန့်လို့မရနိုင်ဘဲ ပရီးမီးယားလိဂ်ဖလားရသွားနိုင်လား။
ဖြေ- ကျွန်တော့်ရဲ့ရည်မှန်းချက်က ထူးခြားကောင်းမွန်တဲ့အသင်းဖြစ်လာအောင်လုပ်ဖို့ပါ။ အသင်းက ဘယ်လိုနည်းနဲ့မဆို အနိုင်ယူချင်တဲ့ စိတ်ဓာတ်ရှိနေတာက ဖျော်ဖြေမှုပေးနိုင်ပြီး ဒီဘောလုံးအသင်းရဲ့ တန်ဖိုးနဲ့လည်း ဆက်စပ်မှုရှိပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္နည္းျပ အာတီတာဟာ ဖူလ္ဟမ္နဲ႔ ကစားရမယ့္ တနဂၤေႏြေန႔ပြဲစဥ္မွာ ေဂ်းဇု၊ အန္ကီးတီးယား၊ ထေရာ့ဆာ့ဒ္တို႔မပါဝင္ဘဲ ကစားသြားရမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
ေမး- တိုက္စစ္မွာ ေ႐ြးခ်ယ္စရာေတြ နည္းပါးေနတဲ့အေပၚမွာ ဘယ္လိုျမင္လဲ။
ေျဖ- အက္ဒီလည္း လြဲေခ်ာ္မယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔မွာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနတဲ့ ဂါဘီရွိမယ္။ အက္ဒီ မပါဘူး။ လီယို မပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ရာသီရဲ႕ အခ်ိန္ကာလတစ္ခုမွာ ဒါကို အသားက်ေအာင္ လုပ္ဖို႔တယ္။ ကြၽန္ေတာ္တို႔မွာ မတူညီတဲ့ေ႐ြးခ်ယ္စရာေတြရွိပါတယ္။ ကြၽန္ေတာ္တို႔ ေတာင္ပံကစားသမားေတြကို ေက်ာနံပါတ္ ၉ ပုံစံ ပိုကစားႏိုင္တယ္။ False 9 နဲ႔လည္း ကစားႏိုင္တယ္။ ၾကည့္ၾကတာေပါ့။
ေမး- ေလ့က်င့္ေရးျပန္ဆင္းေနတဲ့ ေဂ်းဇုျပန္လာနိင္ေတာ့မွာလား။
ေျဖ- သူ႔မွာ ဆိုး႐ြားတဲ့ဒဏ္ရာရခဲ့တယ္။ သူက ကန႔္သတ္ခ်က္ေတြကို ေက်ာ္လြန္ၿပီး ျမန္ႏိုင္သမွ် ျမန္ျမန္သက္သာလာႏိုင္ဖို႔ တကယ္ကို တြန္းအားေပးလုပ္ေဆာင္ေနခဲ့ပါတယ္။ ဒါေပမယ့္ အမွန္တရားက သူ လႈပ္ရွားမႈအခ်ိဳ႕ စလုပ္တဲ့အခ်ိန္မွာ သူ နည္းနည္း အခ်ိန္ပိုလိုေသးတယ္လို႔ ခံစားေနရတုန္းပါပဲ။ အဲဒါက ရက္သတၱပတ္ေတြထက္ ရက္ပိုင္းေလာက္ပဲျဖစ္ေနမလားဆိုရင္ အဲဒီလို ျဖစ္ပါေစလို႔ပဲ ေမွ်ာ္လင့္မိပါတယ္။ ဒါေပမယ့္ သူ ယုံၾကည္မႈရွိၿပီး သက္ေတာင့္သက္သာနဲ႔ အဆင္သင့္ျဖစ္ေနတယ္လို႔ ခံစားရဖို႔ လိုတယ္။ အထူးသျဖင့္ သူကစားေနတဲ့ပုံစံေၾကာင့္ပါ။ ကြၽန္ေတာ္တို႔ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို လိုအပ္တယ္။ သူ အဆင္သင့္ျဖစ္ေနၿပီဆိုတဲ့ အခ်ိန္က်ရင္ ကြင္းထဲကို ပစ္ဝင္လာမွာပါ။
ေမး- ေဂ်းဇုကို အလ်င္စလို ျပန္ေခၚသြားမွာလား။
ေျဖ- ကြၽန္ေတာ္တို႔ အဲဒီလို လုံးဝ မလုပ္ခဲ့ပါဘူး။ သူ႔မွာရွိတဲ့ အခ်ိန္ကာလသတ္မွတ္ခ်က္က ေလးစားမႈေပးျခင္းခံခဲ့ရတာ သိသာၿပီး အခုက သူ႔ရဲ႕ ခံစားခ်က္က ပိုၿပီး အေရးႀကီးပါတယ္။ သူ တကယ္ကို ေတာင္းဆိုမႈရွိလာတဲ့အခ်ိန္က်ရင္ ‘ကြၽန္ေတာ္ ဒီအသင္းရဲ႕ အစိတ္အပိုင္းတစ္ခု တကယ္ျဖစ္ခ်င္တယ္’လို႔ ေျပာလာပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းကို စိတ္ဆႏၵျပင္းျပလို႔ပါ။ အဲဒီစိတ္ဆႏၵကို သူ ထုတ္ေဖာ္ျပသတဲ့အခ်ိန္က်ရင္ အဲဒါက သူ တကယ္အဆင့္သင့္ျဖစ္ေနၿပီမို႔လို႔ပဲ။
ေမး- သူ႔ကို အလ်င္စလို ျပန္မကစားဖို႔ တားဆီးထားရတာက ခက္ခဲခဲ့လား။
ေျဖ- ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္တုန္းက ခက္ခဲခဲ့ေပမယ့္ အခုေတာ့ သူ ရွိေနတဲ့အေနအထားနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ သက္ေတာင့္သက္သာရွိေနပါတယ္။ သူ႔ရဲ႕ ဒူးအေျခအေနက သူျပန္လာဖို႔အတြက္ စိတ္ခ်ရတဲ့ တိုင္းတာမႈေတြအားလုံးထဲမွာ ရွိေနပါတယ္။ အခု သူ ျပန္ကစားၿပီး စိန္ေခၚမႈေတြနဲ႔ ၿပိဳင္ဘက္ေတြကို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတဲ့ခံစားခ်က္ရဖို႔ပဲ က်န္ပါေတာ့တယ္။
ေမး- ေအာ္ဒီဂြါဒ္ကေရာ လန္ဒန္ဒါဘီပြဲမွာ အခ်ိန္မီ ျပန္ေကာင္းလာႏိုင္ပါ့မလား။
ေျဖ- ကြၽန္ေတာ္လည္း ေမွ်ာ္လင့္မိတာပဲ။ မာတင္က ပိုၿပီးေကာင္းလာတယ္လို႔ ခံစားေနရပါတယ္။ ၿပီးေတာ့ နည္းနည္း ျပန္ဆိုးလာတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီေန႔ ေလ့က်င့္ေရးၿပီးရင္ ၾကည့္တာေပါ့။ ဒီညေနက်ရင္ ပိုၿပီးေတာ့ သိလာမွာပါ။ ကြၽန္ေတာ္တို႔ မေလ့က်င့္ရေသးဘူး။ ကြၽန္ေတာ္တို႔မွာ အျငင္းပြားစရာျဖစ္ေနတဲ့ ကစားသမားအနည္းငယ္ရွိပါတယ္။ ဒီညေနမွာေတာ့ ဘယ္သူက ကစားႏိုင္ၿပီး ဘယ္သူက မကစားႏိုင္ဘူးဆိုတာကို ရွင္းရွင္းလင္းလင္း သိရမွာပါ။
ေမး- ရႈံးနိမ့္ေနတဲ့အေနအထားကေန ျပန္လာႏိုင္ခဲ့တဲ့ အေပၚမွာေရာ။
ေျဖ- ဆာေလာင္မႈေပါ့။ လက္ေျမႇာက္ အရႈံးမေပးဘဲ ယုံၾကည္မႈရွိတယ္။ အရည္အေသြးရွိတယ္။
🗣️ "My aim is to be a fantastic team. A team that has that mentality to win at any cost, in any context, is entertaining and affiliated with the values of this football club."
Mikel Arteta is asked whether Arsenal can be the "unstoppables" and win the Premier League 🔴 pic.twitter.com/MugCMEPiRH
— Football Daily (@footballdaily) March 11, 2023
ေမး- အာဆင္နယ္က ရပ္တန႔္လို႔မရႏိုင္ဘဲ ပရီးမီးယားလိဂ္ဖလားရသြားႏိုင္လား။
ေျဖ- ကြၽန္ေတာ့္ရဲ႕ရည္မွန္းခ်က္က ထူးျခားေကာင္းမြန္တဲ့အသင္းျဖစ္လာေအာင္လုပ္ဖို႔ပါ။ အသင္းက ဘယ္လိုနည္းနဲ႔မဆို အႏိုင္ယူခ်င္တဲ့ စိတ္ဓာတ္ရွိေနတာက ေဖ်ာ္ေျဖမႈေပးႏိုင္ၿပီး ဒီေဘာလုံးအသင္းရဲ႕ တန္ဖိုးနဲ႔လည္း ဆက္စပ္မႈရွိပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles