ဒီရာသီ အာဆင်နယ်ရဲ့ဖလားမျှော်လင့်ချက်ကို ဟောကိန်းထုတ်ခဲ့တဲ့ အလွန်ဆို
လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆိုက ဗုဒ္ဓဟူးနေ့ညက သူ့ရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ ၄-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာကို မြင်တွေ့ခဲ့ရပြီးနောက် ဂန်းနားတွေဟာ ဒီရာသီမှာလည်း နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးကို ရာသီနောက်ဆုံးပွဲစဉ်အထိ ပရီးမီးယားလိဂ်ဖလားအတွက် ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ကျဉ်းမြောင်းတဲ့ရမှတ်ကွာဟမှုကြောင့် ဖလားလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
၂ နှစ်ဆက်တိုက် အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီနွေရာသီမှာ လူအင်အားဖြည့်တင်းမှု အများအပြား ပြုလုပ်ပြီး လာမယ့်ရာသီမှာ မန်ချက်စတာစီးတီးကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ကစားသမားသစ်ခေါ်ယူမှုအများအပြား မပြုလုပ်နိုင်သေးပေမယ့်လည်း အာဆင်နယ်ဟာ လေဗာကူဆင်ကို ဇင်ချန်ကို၊ ထရော့ဆာ့ဒ်၊ ဂျေးဇု၊ ဟာဗတ်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အလွန်ဆိုက အာဆင်နယ်အသင်းရဲ့ ကစားပုံကို မြင်တွေ့ခဲ့ရပြီးနောက် နောက်လာမယ့်ရာသီမှာ ဂန်းနားတွေ ဆုဖလားစိန်ခေါ်နိုင်စွမ်းအပေါ် သုံးသပ်ခဲ့ပြီး “ပထမဆုံးအနေနဲ့ ပွဲအကြောင်း ပြောရရင် ကျွန်တော်တို့အသင်းဆီက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီနေ့မှာ ဒီလိုဖြစ်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ သေချာတာကတော့ ဒါက ကျွန်တော်တို့ကို လှုပ်နှိုးလိုက်တာ ဖြစ်လာတာပါ။ ဒါ ရာသီသစ်ဖြစ်နေပြီ။ ကျွန်တော်တို့ သုညကနေ ပြန်ရမယ်။ ကျွန်တော်တို့ ပုံမှန်သတ်မှတ်ထားတဲ့ အဆင့်အတန်းအောက်ကို ရောက်နေခဲ့တယ်။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို ဒီပြိုင်ပွဲအဆင့်အတန်းအထိ မမြင့်တင်နိုင်ရင်တော့ လာမယ့်ရာသီ အောင်မြင်မှုရဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။
အာဆင်နယ်ကတော့ မနှစ်က သူတို့တွေ ဖလားမရခဲ့တာ အမှန်ပါပဲ။ သူတို့တွေက စီမံကိန်းကို ဖန်တီးနေခဲ့ပြီး အာတီတာက အရမ်းကောင်းတဲ့အသင်းကို ဦးဆောင်နေတယ်။ သူတို့တွေက ကြီးမားတဲ့အသင်းကြီးတစ်သင်း ကျိန်းသေပေါက်ဖြစ်လာမှာပါ။ စီးတီးကလည်း ရှိနေမယ်။ လီဗာပူးလ်ကလည်း နောက်ထပ်နည်းပြတစ်ယောက်နဲ့ လာလိမ့်မယ်။ ”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
Arsenal Myanmar
Ref: Internet
- Posted In:
- Team News