ဂျေးဇုပြန်လည်ကစားပေးနိုင်မှုက ဘယ်လောက်အရေးကြီးနေလဲ ပြောပြလိုက်တဲ့ ချာကာ
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဂရာနစ် ချာကာက ကမ္ဘာ့ဖလားနားရက်ကတည်းက ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂါဘရီယဲလ် ဂျေးဇု ပြန်လည်ပါဝင်လာနိုင်မှုက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့ညက စပို့တင်းလစ္စဘွန်းနဲ့ ၂-၂ သရေကျခဲ့ပြီး အစောပိုင်း ဆာလီဘာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၆၂ မိနစ်မှာ ရရှိခဲ့တဲ့ မိုရီတာရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့သွင်းဂိုးကြောင့် အရေးကြီးတဲ့ သရေရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ထပ်တစ်ကြိမ် တည်ကန်ဘောကနေ ဂိုးပေးခဲ့ရပြီး ချာကာက “အဲဒါက အရမ်းရိုးရှင်းတယ်။ တည်ကန်ဘောတစ်ကြိမ်ပါ။ ကျွန်တော်တို့ ပြေးသွားမယ့်သူကို မထိန်းနိုင်ခဲ့တဲ့ တခြားတည်ကန်ဘောတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် အရာအားလုံးက ရှေ့မှာ စခဲ့တာပါ။ တကယ်လို့ ဘယ်သူကမှ ဒါမှမဟုတ် ကျွန်တော်တို့အားလုံး ဒီလိုအဆင့်အတန်းမှာ အဆင်သင့်ဖြစ်မနေဘူးဆိုရင် ထိုးနှက်ခံရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့မှာ ကီရန် တီယာနီ၊ အော်ဒီဂွါဒ်တို့ ၂ ဦးစလုံး နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ပြီး အန်ကီးတီးယားနဲ့ ထရော့ဆာ့ဒ်တို့ကလည်း လက်ရှိမှာ ဒဏ်ရာရရှိနေတဲ့အတွက်အဓိကကစားသမားအနည်းငယ် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဂရာနစ် ချာကာက ဂါဘရီယဲလ် ဂျေးဇု ပြန်လာမှာကို စောင့်မျှော်နေတာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ယခုလထဲမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အက်ဒီကိုလည်း ဆုံးရှုံးခဲ့ရလို့ပါ။ ဂါဘီကို ပြန်ရတာက အများကြီး ပိုပြီးတော့ အရေးကြီးမှာပါ။ လီယိုကလည်း ဒဏ်ရာရနေပြီး သူလည်း ဒီနေရာမှာ ကစားပေးနိုင်တဲ့သူပါ။ တစ်ဆင့်ချင်းတစ်ဆင့်ပေါ့။ ဂါဘီအနေနဲ့ ဒီအသင်းကို ကူညီပေးဖို့ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု ပြည့်ဝလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ သူ ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်ဆိုတာကို သိနေလို့ပါ။ သူ့ရဲ့ ခံယူချက်၊ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့အတူ သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့သူပါ”လို့ ပြောခဲ့ပါတယ်။
ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်က ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲ ၂ ခုစလုံးမှာ ယှဉ်ပြိုင်ဖို့ လူစာရင်း အင်အားရှိတယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ”အရင်တုန်းကထက် ပိုပြီးတော့ ဖိအားတွေများလာတာ သေချာတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်နေတယ်လို့ ထင်ပါတယ်။ အသင်းထဲမှာလည်း ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းရှိနေတယ်လို့ ထင်ပြီး အဲဒါကို ဆက်ပြီး ထိန်းသိမ်းနိုင်အောင် ကြိုးစားကြတာပေါ့”လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ဝီလီယံ ဆာလီဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတဲ့အကြောင်း Evening Standard သတင်းထောက် ဆိုင်မွန် ကောလင်းစ်က GIVEMESPORT ကို ပြောကြားခဲ့ပါတယ်။
“မာတီနယ်လီစာချုပ်ကိစ္စက ပြီးသွားပြီဆိုတာ သိသာပါတယ်။ ဆာကာကလည်း မူအားဖြင့် သူတို့ သဘောတူညီမှု ရပြီးပြီ။ ဆာလီဘာကို စာချုပ်သစ် ချုပ်ဖို့က သူတို့လုပ်ချင်တဲ့ နောက်ဆုံးအရာတစ်ခုပဲ။ အာဆင်နယ်အနေနဲ့ ဒီကိစ္စကို လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ ထင်ပါတယ်။ သူတို့တွေ အဲဒီကိစ္စ ဖြစ်အောင် လုပ်နိင်ရင် သူတို့အတွက် ကြီးမားတဲ့အရာဖြစ်လာမှာပါ။ သူတို့တွေ ဒီကစားသမား ၃ ဦးစလုံးကို စာချုပ်သစ် ချုပ်နိုင်ရင် ဆုဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အသင်းအတွက် အားတက်စရာ ကြီးကြီးမားမား ဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ ဂရာနစ္ ခ်ာကာက ကမာၻ႔ဖလားနားရက္ကတည္းက ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဂါဘရီယဲလ္ ေဂ်းဇု ျပန္လည္ပါဝင္လာႏိုင္မႈက ဘယ္ေလာက္အထိ အေရးႀကီးလဲဆိုတာကို ဖြင့္ဟခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔ညက စပို႔တင္းလစၥဘြန္းနဲ႔ ၂-၂ သေရက်ခဲ့ၿပီး အေစာပိုင္း ဆာလီဘာရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ၆၂ မိနစ္မွာ ရရွိခဲ့တဲ့ မိုရီတာရဲ႕ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တဲ့သြင္းဂိုးေၾကာင့္ အေရးႀကီးတဲ့ သေရရလဒ္ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ ေနာက္ထပ္တစ္ႀကိမ္ တည္ကန္ေဘာကေန ဂိုးေပးခဲ့ရၿပီး ခ်ာကာက “အဲဒါက အရမ္း႐ိုးရွင္းတယ္။ တည္ကန္ေဘာတစ္ႀကိမ္ပါ။ ကြၽန္ေတာ္တို႔ ေျပးသြားမယ့္သူကို မထိန္းႏိုင္ခဲ့တဲ့ တျခားတည္ကန္ေဘာတစ္ခုျဖစ္ခဲ့တယ္။ ဒါေပမယ့္ အရာအားလုံးက ေရွ႕မွာ စခဲ့တာပါ။ တကယ္လို႔ ဘယ္သူကမွ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔အားလုံး ဒီလိုအဆင့္အတန္းမွာ အဆင္သင့္ျဖစ္မေနဘူးဆိုရင္ ထိုးႏွက္ခံရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔မွာ ကီရန္ တီယာနီ၊ ေအာ္ဒီဂြါဒ္တို႔ ၂ ဦးစလုံး နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး အန္ကီးတီးယားနဲ႔ ထေရာ့ဆာ့ဒ္တို႔ကလည္း လက္ရွိမွာ ဒဏ္ရာရရွိေနတဲ့အတြက္အဓိကကစားသမားအနည္းငယ္ ေပ်ာက္ဆုံးေနခဲ့တာ ျဖစ္ပါတယ္။
အဲဒါေၾကာင့္ ဂရာနစ္ ခ်ာကာက ဂါဘရီယဲလ္ ေဂ်းဇု ျပန္လာမွာကို ေစာင့္ေမွ်ာ္ေနတာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ၂၀၂၂ ကမာၻ႔ဖလားမွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူခဲ့ၿပီးေနာက္ ယခုလထဲမွာ အသင္းနဲ႔ ျပန္လည္ပူးေပါင္းႏိုင္ဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။
“ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အက္ဒီကိုလည္း ဆုံးရႈံးခဲ့ရလို႔ပါ။ ဂါဘီကို ျပန္ရတာက အမ်ားႀကီး ပိုၿပီးေတာ့ အေရးႀကီးမွာပါ။ လီယိုကလည္း ဒဏ္ရာရေနၿပီး သူလည္း ဒီေနရာမွာ ကစားေပးႏိုင္တဲ့သူပါ။ တစ္ဆင့္ခ်င္းတစ္ဆင့္ေပါ့။ ဂါဘီအေနနဲ႔ ဒီအသင္းကို ကူညီေပးဖို႔ ၁၀၀ ရာခိုင္ႏႈန္း ႀကံ့ခိုင္မႈ ျပည့္ဝလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ ကြၽန္ေတာ္တို႔ကို ကူညီေပးႏိုင္တယ္ဆိုတာကို သိေနလို႔ပါ။ သူ႔ရဲ႕ ခံယူခ်က္၊ သူ႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔အတူ သူက ကြၽန္ေတာ္တို႔အတြက္ အရမ္းအေရးပါတဲ့သူပါ”လို႔ ေျပာခဲ့ပါတယ္။
ဆြစ္ဇာလန္လက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္က ပရီးမီးယားလိဂ္နဲ႔ ဥေရာပၿပိဳင္ပြဲ ၂ ခုစလုံးမွာ ယွဥ္ၿပိဳင္ဖို႔ လူစာရင္း အင္အားရွိတယ္လို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ ”အရင္တုန္းကထက္ ပိုၿပီးေတာ့ ဖိအားေတြမ်ားလာတာ ေသခ်ာတယ္။ ဒါေပမယ့္ ေယဘုယ်အားျဖင့္ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း လုပ္ႏိုင္ေနတယ္လို႔ ထင္ပါတယ္။ အသင္းထဲမွာလည္း ေကာင္းမြန္တဲ့ စိတ္ဓာတ္ပိုင္းရွိေနတယ္လို႔ ထင္ၿပီး အဲဒါကို ဆက္ၿပီး ထိန္းသိမ္းႏိုင္ေအာင္ ႀကိဳးစားၾကတာေပါ့”လို႔ ထပ္ေလာင္း ေျပာၾကားသြားခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ စပို႔တင္းလစၥဘြန္းအသင္းနဲ႔ပြဲစဥ္မွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ ဝီလီယံ ဆာလီဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနတဲ့အေၾကာင္း Evening Standard သတင္းေထာက္ ဆိုင္မြန္ ေကာလင္းစ္က GIVEMESPORT ကို ေျပာၾကားခဲ့ပါတယ္။
“မာတီနယ္လီစာခ်ဳပ္ကိစၥက ၿပီးသြားၿပီဆိုတာ သိသာပါတယ္။ ဆာကာကလည္း မူအားျဖင့္ သူတို႔ သေဘာတူညီမႈ ရၿပီးၿပီ။ ဆာလီဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔က သူတို႔လုပ္ခ်င္တဲ့ ေနာက္ဆုံးအရာတစ္ခုပဲ။ အာဆင္နယ္အေနနဲ႔ ဒီကိစၥကို လုပ္ႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနတယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ အဲဒီကိစၥ ျဖစ္ေအာင္ လုပ္နိင္ရင္ သူတို႔အတြက္ ႀကီးမားတဲ့အရာျဖစ္လာမွာပါ။ သူတို႔ေတြ ဒီကစားသမား ၃ ဦးစလုံးကို စာခ်ဳပ္သစ္ ခ်ဳပ္ႏိုင္ရင္ ဆုဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့ အသင္းအတြက္ အားတက္စရာ ႀကီးႀကီးမားမား ျဖစ္လာပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk
- Team News