ဘလိုင်းကြီး ဖောင်းထုတဲ့အသင်းဖော်ဟောင်းကို တုံ့ပြန်ခဲ့တဲ့ ရိုက်
ဒီကလန် ရိုက်ဟာ ဒိန်းမတ်နဲ့ပွဲက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အိုင်ယာလန်အသင်းဖော်ဟောင်း ဂျိမ်းစ် မက်ကလင်းက ပြစ်တင်ဝေဖန်ခဲ့မှုကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ဂန်းနားတွေရဲ့ ပေါင်သန်း ၁၀၀ တန် စံချိန်တင် ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒီကလန် ရိုက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်နဲ့အတူ ကောင်းမွန်တဲ့ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီး အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ရဲ့ ခြေစွမ်းကို နောက်ထပ်အဆင့်တစ်ခုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲက ဒီကလန် ရိုက်ရဲ့ စွမ်းဆောင်ရည်ဟာ ဂန်းနားတွေအတွက် ပြသခဲ့တဲ့ခြေစွမ်းလောက် ကောင်းမွန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဒိန်းမတ်နဲ့ တစ်ဖက် ၁ ဂိုးသရေကျခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်း ကွင်းလယ်မှာ အလက်ဇန်းဒါး-အာနိုးနဲ့ ချိတ်ဆက်ကစားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဆောက်ဂိတ်က ပွဲအပြီးမှာ လီဗာပူးလ်နောက်ခံလူကို ကွင်းလယ်မှာ စမ်းသပ်သုံးစွဲခဲ့တာဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပြီး လာမယ့်ပွဲတွေမှာ အာနိုးကို ကွင်းလယ်မှာ ထပ်သုံးဖွယ်မရှိတော့ပေမယ့် ဒီကလန် ရိုက်ကတော့ ကွင်းလယ်က ပွဲထွက်ခွင့်နေရာကို ဆက်လက်ထိန်းသိမ်းသွားနိုင်မယ့်ပုံပေါ်ပါတယ်။
ဒီကလန် ရိုက်ရဲ့ ခြေစွမ်းဟာ သာမန်ပဲဖြစ်ပြီး အင်္ဂလိပ်မီဒီယာတွေက အလွန်အမင်း အမွှမ်းတင်နေကြတာဖြစ်တယ်လို့ အိုင်ယာလန်ကစားသမား ဂျိမ်းစ် မက်ကလင်းက ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီမှတ်ချက်နဲ့ပတ်သက်ပြီး အင်္ဂလန်ကြယ်ပွင့်က “ခင်ဗျားသိလား။ ကျွန်တော် အိုင်ယာလန်အတွက် ဂျိမ်းစ်နဲ့အတူ ၃ ပွဲကစားပေးခဲ့ပြီး သူ့အကြောင်း ကောင်းကောင်း သိပါတယ်။ ကျွန်တော် ဒီမှာထိုင်ပြီး သူ့မကောင်းကြောင်း ပြန်ပြောမှာမဟုတ်ပါဘူး။ သူက တကယ်ထိပ်တန်းကစားတစ်ယောက်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော် အင်္ဂလန်အတွက် ကစားပေးဖို့ အိုင်ယာလန်ကို စွန့်ခွာခဲ့တဲ့အချိန်တုန်းက သူ မကျေမနပ်ဖြစ်ခဲ့တယ်လို့ ကျွန်တော် နည်းနည်း ကြားခဲ့ပါတယ်။
သူ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကလည်း မှတ်ချက်တွေပေးခဲ့ဖူးပါတယ်။ သူ ပြောချင်တာ ပြောပါစေ။ ကျွန်တော် ဒီမှာထိုင်ပြီး သူ့အကြောင်း ဘာမှပြောမှာမဟုတ်ပါဘူး။ သူက သူ့ဘာသာသူ အရမ်းကောင်းတဲ့ ကစားသမားဘဝ ရှိခဲ့ပြီးသားပါ။ သူက အခုဆိုရင် သူ့ကစားသမားဘဝ အဆုံးသတ်ကို ရောက်နေပြီလို့ ထင်တယ်။ သူ အိုင်ယာလန်အတွက် ပွဲရာချီကစားပေးခဲ့ပြီးပြီ။ ကျွန်တော့်အတွက်တော့ ဒီမှာထိုင်ပြီး သူ့ကို တခုခုပြန်ပြောရတာက လွယ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့က အခု ကစားသမားဘဝက ဆန့်ကျင်ဘက် နေရာမှာရှိနေကြတာပါ။ သူက ၃၅ နှစ်၊ ကျွန်တော်က ၂၅ နှစ်ပါ။သူ့ကို ကျွန်တော် သိခဲ့တယ်။ သူနဲ့အတူတူ ကစားခဲ့တယ်။ သူက သူ့အမြင်ကို သူ ထုတ်ပြောတယ်။ ကျွန်တော် အရင်ကတည်းက တခြားလူတွေရဲ့ အဲဒီလို အမြင်တွေ အများကြီးနဲ့ တိုက်ပွဲဝင်ခဲ့ဖူးပြီးသားပါ”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဒီကလန္ ႐ိုက္ဟာ ဒိန္းမတ္နဲ႔ပြဲက သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အိုင္ယာလန္အသင္းေဖာ္ေဟာင္း ဂ်ိမ္းစ္ မက္ကလင္းက ျပစ္တင္ေဝဖန္ခဲ့မႈကို ျပန္လည္တုံ႔ျပန္လိုက္ပါတယ္။
ဂန္းနားေတြရဲ႕ ေပါင္သန္း ၁၀၀ တန္ စံခ်ိန္တင္ ကစားသမားေခၚယူမႈျဖစ္တဲ့ ဒီကလန္ ႐ိုက္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္နဲ႔အတူ ေကာင္းမြန္တဲ့ပြဲဦးထြက္ရာသီကို ပိုင္ဆိုင္ခဲ့ၿပီး အဆင့္ ၂ ေနရာနဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္ပါတယ္။
အာတီတာရဲ႕အသင္းဟာ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ရဲ႕ ေျခစြမ္းကို ေနာက္ထပ္အဆင့္တစ္ခုကို ျမႇင့္တင္ေပးႏိုင္ခဲ့ၿပီး ယူ႐ို ၂၀၂၄ အုပ္စုအဖြင့္ပြဲစဥ္ ၂ ပြဲက ဒီကလန္ ႐ိုက္ရဲ႕ စြမ္းေဆာင္ရည္ဟာ ဂန္းနားေတြအတြက္ ျပသခဲ့တဲ့ေျခစြမ္းေလာက္ ေကာင္းမြန္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားဟာ ဒိန္းမတ္နဲ႔ တစ္ဖက္ ၁ ဂိုးသေရက်ခဲ့တဲ့ပြဲစဥ္မွာ အဂၤလန္အသင္း ကြင္းလယ္မွာ အလက္ဇန္းဒါး-အာႏိုးနဲ႔ ခ်ိတ္ဆက္ကစားႏိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။
ေဆာက္ဂိတ္က ပြဲအၿပီးမွာ လီဗာပူးလ္ေနာက္ခံလူကို ကြင္းလယ္မွာ စမ္းသပ္သုံးစြဲခဲ့တာျဖစ္တယ္လို႔ ဝန္ခံ ေျပာဆိုခဲ့ၿပီး လာမယ့္ပြဲေတြမွာ အာႏိုးကို ကြင္းလယ္မွာ ထပ္သုံးဖြယ္မရွိေတာ့ေပမယ့္ ဒီကလန္ ႐ိုက္ကေတာ့ ကြင္းလယ္က ပြဲထြက္ခြင့္ေနရာကို ဆက္လက္ထိန္းသိမ္းသြားႏိုင္မယ့္ပုံေပၚပါတယ္။
ဒီကလန္ ႐ိုက္ရဲ႕ ေျခစြမ္းဟာ သာမန္ပဲျဖစ္ၿပီး အဂၤလိပ္မီဒီယာေတြက အလြန္အမင္း အမႊမ္းတင္ေနၾကတာျဖစ္တယ္လို႔ အိုင္ယာလန္ကစားသမား ဂ်ိမ္းစ္ မက္ကလင္းက ေျပာဆိုခဲ့တာျဖစ္ၿပီး အဲဒီမွတ္ခ်က္နဲ႔ပတ္သက္ၿပီး အဂၤလန္ၾကယ္ပြင့္က “ခင္ဗ်ားသိလား။ ကြၽန္ေတာ္ အိုင္ယာလန္အတြက္ ဂ်ိမ္းစ္နဲ႔အတူ ၃ ပြဲကစားေပးခဲ့ၿပီး သူ႔အေၾကာင္း ေကာင္းေကာင္း သိပါတယ္။ ကြၽန္ေတာ္ ဒီမွာထိုင္ၿပီး သူ႔မေကာင္းေၾကာင္း ျပန္ေျပာမွာမဟုတ္ပါဘူး။ သူက တကယ္ထိပ္တန္းကစားတစ္ေယာက္လို႔ ထင္ခဲ့ပါတယ္။ ကြၽန္ေတာ္ အဂၤလန္အတြက္ ကစားေပးဖို႔ အိုင္ယာလန္ကို စြန႔္ခြာခဲ့တဲ့အခ်ိန္တုန္းက သူ မေက်မနပ္ျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ နည္းနည္း ၾကားခဲ့ပါတယ္။
သူ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကလည္း မွတ္ခ်က္ေတြေပးခဲ့ဖူးပါတယ္။ သူ ေျပာခ်င္တာ ေျပာပါေစ။ ကြၽန္ေတာ္ ဒီမွာထိုင္ၿပီး သူ႔အေၾကာင္း ဘာမွေျပာမွာမဟုတ္ပါဘူး။ သူက သူ႔ဘာသာသူ အရမ္းေကာင္းတဲ့ ကစားသမားဘဝ ရွိခဲ့ၿပီးသားပါ။ သူက အခုဆိုရင္ သူ႔ကစားသမားဘဝ အဆုံးသတ္ကို ေရာက္ေနၿပီလို႔ ထင္တယ္။ သူ အိုင္ယာလန္အတြက္ ပြဲရာခ်ီကစားေပးခဲ့ၿပီးၿပီ။ ကြၽန္ေတာ့္အတြက္ေတာ့ ဒီမွာထိုင္ၿပီး သူ႔ကို တခုခုျပန္ေျပာရတာက လြယ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ ကြၽန္ေတာ္တို႔က အခု ကစားသမားဘဝက ဆန႔္က်င္ဘက္ ေနရာမွာရွိေနၾကတာပါ။ သူက ၃၅ ႏွစ္၊ ကြၽန္ေတာ္က ၂၅ ႏွစ္ပါ။သူ႔ကို ကြၽန္ေတာ္ သိခဲ့တယ္။ သူနဲ႔အတူတူ ကစားခဲ့တယ္။ သူက သူ႔အျမင္ကို သူ ထုတ္ေျပာတယ္။ ကြၽန္ေတာ္ အရင္ကတည္းက တျခားလူေတြရဲ႕ အဲဒီလို အျမင္ေတြ အမ်ားႀကီးနဲ႔ တိုက္ပြဲဝင္ခဲ့ဖူးၿပီးသားပါ”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News