အိုဆီမန်အတွက် နာပိုလီကို အကြောင်းပြန်လိုက်တဲ့ အာဆင်နယ် 540 360 coyg

အိုဆီမန်အတွက် နာပိုလီကို အကြောင်းပြန်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ နာပိုလီအသင်းက ဗစ်တာ အိုဆီမန်အတွက် တောင်းဆိုထားတဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၁၃၀ ကို ပေးချေလိုတဲ့ဆန္ဒမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

အာတီတာဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံးကို ပရီးမီးယားလိဂ်ဖလားနဲ့ လက်မတင်လေး လွဲချော်ခဲ့ရပြီးနောက် ဒီနွေရာသီမှာ လူစာရင်းထဲကို တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကိုက အာဆင်နယ်ရဲ့ ပစ်မှတ်ထဲက ထိပ်ဆုံးမှာ ရှိနေတဲ့ကစားသမားတွေထဲက တစ်ဦးလို့ နားလည်ရပြီး စာချုပ်လျော်ကြေး ယူရို ၆၅ သန်းပေးရုံနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Sky Sports Italy ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ အိုဆီမန်ကို ပိုသဘောကျနေပေမယ့်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် နာပိုလီကြယ်ပွင့်ကို ခေါ်ယူမယ့်ကိစ္စကို တွန်းအားပေးလုပ်ဆောင်သွားလိုတဲ့ဆန္ဒမရှိဘူးလို့ သိရပါတယ်။

နာပိုလီဟာ အိုဆီမန်ကို ရောင်းထုတ်ချင်နေခဲ့တာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း အသင်းဥက္ကဌ အော်ရယ်လီယို ဒီလော်ရန်းတစ်က နိုင်ဂျီးရီးယားတိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၁၃၀ မရရင် မရောင်းထုတ်ဘူးလို့ တင်းခံနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာပိုလီဟာ အခုအချိန်အထိ အဲဒီပမာဏနားနီးနီး ကမ်းလှမ်းမှုမျိုး မရရှိသေးဘဲ ဆော်ဒီ ပရိုလိဂ်ကလပ်တွေကသာ အဲဒီလောက်မြင့်မားတဲ့ ပမာဏကို ကမ်းလှမ်းနိုင်တာဖြစ်ပြီး အိုဆီမန်ကတော့ ဥရောပမှာသာ ဆက်ကစားချင်နေတာဖြစ်ပါတယ်။

နာပိုလီက လက်ရှိမှာတော့ အိုဆီမန်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ ဆုံးဖြတ်ရဖွယ်ရှိနေပြီး အထူးသဖြင့် အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့က ဒီနွေရာသီမှာ လူသစ်ခေါ်ဖို့အတွက် ငွေကြေးရရှိမှာဖြစ်တာကြောင့် ဖြစ်ပါတယ်။

စီးရီးအေကလပ်အသင်းဟာ နည်းပြသစ် အန်တိုနီယို ကွန်တီကို ချဲလ်ဆီးတိုက်စစ်မှူး လူကာကူနဲ့ ပြန်လည် ပေါင်းစည်းပေးချင်နေပေမယ့်လည်း လန်ဒန်ကလပ်အသင်းက ဘယ်လ်ဂျီယမ်တိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေး ပေါင် ၃၈ သန်းကို ပေးချေမှသာ ထွက်ခွာခွင့်ပေးသွားမယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

ဒါကြောင့် အီတလီကလပ်အသင်းဟာ လူကာကူကို မခေါ်ယူခင် အိုဆီမန်ကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်မှာဖြစ်ပြီး ချဲလ်ဆီးကလည်း အိုဆီမန်ကို စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း နိုင်ဂျီးရီးယားကြယ်ပွင့်ရဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ စိုးရိမ်စရာ ဒဏ်ရာမှတ်တမ်းတွေကြောင့် ဒီနွေရာသီမှာတော့ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်မရှိတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ဟာ နာပိုလီအသင္းက ဗစ္တာ အိုဆီမန္အတြက္ ေတာင္းဆိုထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၁၃၀ ကို ေပးေခ်လိုတဲ့ဆႏၵမရွိဘူးဆိုတာကို ရွင္းရွင္းလင္းလင္း အသိေပးခဲ့တယ္လို႔ သိရပါတယ္။

အာတီတာဟာ ၿပီးခဲ့တဲ့ ၂ ရာသီစလုံးကို ပရီးမီးယားလိဂ္ဖလားနဲ႔ လက္မတင္ေလး လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ဒီေႏြရာသီမွာ လူစာရင္းထဲကို တိုက္စစ္မႉးသစ္တစ္ဦး ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ လိုက္ပ္ဇစ္တိုက္စစ္မႉး ဘန္ဂ်မင္ ဆက္စ္ကိုက အာဆင္နယ္ရဲ႕ ပစ္မွတ္ထဲက ထိပ္ဆုံးမွာ ရွိေနတဲ့ကစားသမားေတြထဲက တစ္ဦးလို႔ နားလည္ရၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၆၅ သန္းေပး႐ုံနဲ႔ ေခၚယူႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Sky Sports Italy ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ အိုဆီမန္ကို ပိုသေဘာက်ေနေပမယ့္လည္း ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ နာပိုလီၾကယ္ပြင့္ကို ေခၚယူမယ့္ကိစၥကို တြန္းအားေပးလုပ္ေဆာင္သြားလိုတဲ့ဆႏၵမရွိဘူးလို႔ သိရပါတယ္။

နာပိုလီဟာ အိုဆီမန္ကို ေရာင္းထုတ္ခ်င္ေနခဲ့တာ လေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီျဖစ္ေပမယ့္လည္း အသင္းဥကၠဌ ေအာ္ရယ္လီယို ဒီေလာ္ရန္းတစ္က ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၁၃၀ မရရင္ မေရာင္းထုတ္ဘူးလို႔ တင္းခံေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နာပိုလီဟာ အခုအခ်ိန္အထိ အဲဒီပမာဏနားနီးနီး ကမ္းလွမ္းမႈမ်ိဳး မရရွိေသးဘဲ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ေတြကသာ အဲဒီေလာက္ျမင့္မားတဲ့ ပမာဏကို ကမ္းလွမ္းႏိုင္တာျဖစ္ၿပီး အိုဆီမန္ကေတာ့ ဥေရာပမွာသာ ဆက္ကစားခ်င္ေနတာျဖစ္ပါတယ္။

နာပိုလီက လက္ရွိမွာေတာ့ အိုဆီမန္အတြက္ ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ေပးဖို႔ ဆုံးျဖတ္ရဖြယ္ရွိေနၿပီး အထူးသျဖင့္ အသက္ ၂၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးရဲ႕ အေျပာင္းအေ႐ႊ႕က ဒီေႏြရာသီမွာ လူသစ္ေခၚဖို႔အတြက္ ေငြေၾကးရရွိမွာျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။

စီးရီးေအကလပ္အသင္းဟာ နည္းျပသစ္ အန္တိုနီယို ကြန္တီကို ခ်ဲလ္ဆီးတိုက္စစ္မႉး လူကာကူနဲ႔ ျပန္လည္ ေပါင္းစည္းေပးခ်င္ေနေပမယ့္လည္း လန္ဒန္ကလပ္အသင္းက ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၃၈ သန္းကို ေပးေခ်မွသာ ထြက္ခြာခြင့္ေပးသြားမယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။

ဒါေၾကာင့္ အီတလီကလပ္အသင္းဟာ လူကာကူကို မေခၚယူခင္ အိုဆီမန္ကို အရင္ဆုံး ေရာင္းထုတ္ဖို႔ လိုအပ္မွာျဖစ္ၿပီး ခ်ဲလ္ဆီးကလည္း အိုဆီမန္ကို စိတ္ဝင္စားေၾကာင္း ျပသခဲ့ေပမယ့္လည္း ႏိုင္ဂ်ီးရီးယားၾကယ္ပြင့္ရဲ႕ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ စိုးရိမ္စရာ ဒဏ္ရာမွတ္တမ္းေတြေၾကာင့္ ဒီေႏြရာသီမွာေတာ့ ေခၚယူဖို႔ ႀကိဳးပမ္းသြားဖြယ္မရွိတာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet