အာဆင်နယ်ပစ်မှတ်အတွက် စျေးသတ်မှတ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း 590 344 coyg

အာဆင်နယ်ပစ်မှတ်အတွက် စျေးသတ်မှတ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း

အက်စတန် ဗီလာဟာ အာဆင်နယ်၊ ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံနေရတဲ့ ကွင်းလယ်ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ အူနိုင်း အမ်မရီလက်အောက် အက်စတန် ဗီလာကွင်းလယ်ရဲ့ အဓိကအစိတ်အပိုင်းအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာကြောင့် အက်စတန် ဗီလာရဲ့ ဘဏ္ဍာရေးအခြေအနေက ပေါင်သန်း ၅၀ ရရှိဖို့ အာမခံချက်ရရှိထားတာကြောင့် အားတက်စရာဖြစ်ခဲ့ပေမယ့်လည်း အသင်းအနေနဲ့ PSR နဲ့ ကိုက်ညီအောင် ကစားသမားရောင်းချမှုတွေ လုပ်ပြီးမှ ကစားသမားသစ်တွေခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ ပရီးမီးယားလိဂ်ရဲ့ PSR နဲ့ ကိုက်ညီအောင် ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် ကစားသမားရောင်းထုတ်မှုတွေ ပြုလုပ်သွားဖို့ လိုအပ်နေတာဖြစ်ပြီး အက်စတန် ဗီလာက ကော်နာ ဂယ်လေဂါအတွက် ချဲလ်ဆီးနဲ့ ဆွေးနွေးပြီးသားဖြစ်ပေမယ့် အင်္ဂလန်ကွင်းလယ်ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း ၅၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အီတလီနဲ့ ဘရာဇီးလ်က သတင်းရင်းမြစ်တွေက အက်စတန် ဗီလာဟာ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ရောင်းထုတ်သွားချင်နေတယ်လို့ ဖော်ပြခဲ့ပြီး ဂျူဗင်တပ်က ဗီလာနဲ့ ဆွေးနွေးခဲ့တာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ ဦးဆောင်နေပုံပေါ်ပါတယ်။

အာဆင်နယ်ကလည်း လူးဝစ်ဇ်ကို ကာလရှည် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်ခါနီးမှာ ကမ်းလှမ်းမှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့်လည်း အမြင့်မားဆုံး ကမ်းလှမ်းမှုက ပေါင် ၂၅ သန်းသာ ရှိခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းက နောက်ဆုံးမှာတော့ ချဲလ်ဆီးကနေ ဂျော်ဂျင်ညိုကို ပေါင် ၁၂ သန်းတည်းနဲ့ ခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး အက်စတန် ဗီလာဟာ လူးဝစ်ဇ်ကို ၂၀၁၉ ခုနှစ်တုန်းက မန်စီးတီးကနေ ပေါင် ၁၅ သန်းတည်းနဲ့ ခေါ်ယူခဲ့တာကြောင့် ပေါင်သန်း ၅၀ နဲ့သာ ရောင်းထုတ်နိုင်ရင် သိသာထင်ရှားတဲ့အမြတ်အစွန်းရရှိသွားမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အက္စတန္ ဗီလာဟာ အာဆင္နယ္၊ ဂ်ဴဗင္တပ္နဲ႔ ေအစီမီလန္တို႔ ေခၚယူဖို႔ ပစ္မွတ္ထားျခင္းခံေနရတဲ့ ကြင္းလယ္ကစားသမား ေဒါက္ဂလပ္စ္ လူးဝစ္ဇ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၅၀ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ကစားသမားဟာ အူႏိုင္း အမ္မရီလက္ေအာက္ အက္စတန္ ဗီလာကြင္းလယ္ရဲ႕ အဓိကအစိတ္အပိုင္းအျဖစ္ သက္ေသျပသႏိုင္ခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထားတာေၾကာင့္ အက္စတန္ ဗီလာရဲ႕ ဘ႑ာေရးအေျခအေနက ေပါင္သန္း ၅၀ ရရွိဖို႔ အာမခံခ်က္ရရွိထားတာေၾကာင့္ အားတက္စရာျဖစ္ခဲ့ေပမယ့္လည္း အသင္းအေနနဲ႔ PSR နဲ႔ ကိုက္ညီေအာင္ ကစားသမားေရာင္းခ်မႈေတြ လုပ္ၿပီးမွ ကစားသမားသစ္ေတြေခၚယူႏိုင္မွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြဟာ ပရီးမီးယားလိဂ္ရဲ႕ PSR နဲ႔ ကိုက္ညီေအာင္ ဇြန္လ ၃၀ ရက္ေန႔မတိုင္ခင္ ကစားသမားေရာင္းထုတ္မႈေတြ ျပဳလုပ္သြားဖို႔ လိုအပ္ေနတာျဖစ္ၿပီး အက္စတန္ ဗီလာက ေကာ္နာ ဂယ္ေလဂါအတြက္ ခ်ဲလ္ဆီးနဲ႔ ေဆြးေႏြးၿပီးသားျဖစ္ေပမယ့္ အဂၤလန္ကြင္းလယ္ကစားသမားရဲ႕ ေျပာင္းေ႐ႊ႕ေၾကးက ေပါင္သန္း ၅၀ သတ္မွတ္ထားတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အီတလီနဲ႔ ဘရာဇီးလ္က သတင္းရင္းျမစ္ေတြက အက္စတန္ ဗီလာဟာ ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းမႈ ရရွိမယ္ဆိုရင္ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို ေရာင္းထုတ္သြားခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့ၿပီး ဂ်ဴဗင္တပ္က ဗီလာနဲ႔ ေဆြးေႏြးခဲ့တာေၾကာင့္ ေခၚယူဖို႔ ႀကိဳးပမ္းမႈမွာ ဦးေဆာင္ေနပုံေပၚပါတယ္။

အာဆင္နယ္ကလည္း လူးဝစ္ဇ္ကို ကာလရွည္ စိတ္ဝင္စားေနခဲ့တာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္ခါနီးမွာ ကမ္းလွမ္းမႈ ၃ ႀကိမ္အထိ ျပဳလုပ္ခဲ့ေပမယ့္လည္း အျမင့္မားဆုံး ကမ္းလွမ္းမႈက ေပါင္ ၂၅ သန္းသာ ရွိခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းက ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးကေန ေဂ်ာ္ဂ်င္ညိဳကို ေပါင္ ၁၂ သန္းတည္းနဲ႔ ေခၚယူဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး အက္စတန္ ဗီလာဟာ လူးဝစ္ဇ္ကို ၂၀၁၉ ခုႏွစ္တုန္းက မန္စီးတီးကေန ေပါင္ ၁၅ သန္းတည္းနဲ႔ ေခၚယူခဲ့တာေၾကာင့္ ေပါင္သန္း ၅၀ နဲ႔သာ ေရာင္းထုတ္ႏိုင္ရင္ သိသာထင္ရွားတဲ့အျမတ္အစြန္းရရွိသြားမွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet