ပထမဆုံးနွေရာသီခေါ်ယူမှုနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်
အာတီတာဟာ ဆက်တိုက် ဆုဖလားစိန်ခေါ်သူတွေအဖြစ် အသင်းကို တည်ဆောက်ဖို့ ရည်မှန်းထားတာကြောင့် ဒီနွေရာသီမှာ အဆင်နယ်က ကြီးမားတဲ့ အစီအစဉ်တွေ ရှိနေပြီး ဘယ်နောက်ခံနေရာက စပိန်လူမျိုးနည်းပြရဲ့ ဦးစားပေးတွေထဲက တစ်ခုဖြစ်ပါတယ်။
တိုမိယဆုက မကြာသေးမီက ဘယ်နောက်ခံနေရာအတွက် အာတီတာရဲ့ ပထမဦးစားပေးရွေးချယ်မှုဖြစ်ခဲ့ပေမယ့် အာဆင်နယ်နည်းပြ ဂျပန်နောက်ခံလူအတွက် ယှဉ်ပြိုင်မှု ပိုပေးနိုင်မယ့် ကစားသမားမျိုးကို ထပ်ခေါ်ချင်နေတာဖြစ်ပါတယ်။
ဒီရာသီ စိတ်ပျက်စရာ စွမ်းဆောင်ရည် ပြသခဲ့တဲ့ ဇင်ချန်ကို ကို ဒီနွေရာသီမှာ အာတီတာက ရောင်းထုတ်နိုင်တယ်လို့ ကောလာဟလတွေလည်း ထွက်ပေါ်နေပြီး ယူကရိန်းနောက်ခံလူဟာ ဂန်းနားတွေ လိုအပ်တဲ့ အဆင့်အတန်းမျိုးမှာရှိမနေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်က ရီးရဲလ်ဆိုစီဒက်ကို အငှားချထားတဲ့ ကီရန် တီယာနီကိုလည်း အသင်းသစ် လွတ်လွတ်လပ်လပ် ရှာဖွေနိုင်တယ်လို့ အသိပေးထားပြီး ဘယ်နောက်ခံလူ ၂ ဦး ထွက်ခွာနိုင်ခြေရှိတာကြောင့် လစ်လပ်သွားတဲ့နေရာမှာ ဖီနာဘာချီကြယ်ပွင့် ဖာဒီ ကာဒီယိုဂလူကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ ဒီရာသီမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် ဥရောပမှာ အသင်းအများအပြားက အလိုချင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာတာဖြစ်ပြီး ဂန်းနားတွေက ကာဒီအိုဂလူကို ခြေလှမ်းသွက်သွက် ချဉ်းကပ်ခဲ့တာကြောင့် အခုဆိုရင် သဘောတူညီမှုရဖို့တောင် နီးစပ်နေပြီဖြစ်ပါတယ်။
အပြောင်းအရွှေ့ဂျာနယ်လစ် ဆာချာ တာဗိုလီယာရီက လက်ရှိမှာတော့ ဖီနာဘာချီဘယ်နောက်ခံလူဟာ ဂန်းနားတွေဆီကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေပြီဖြစ်ကြောင်းနဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ အာဆင်နယ်တာဝန်ရှိသူတွေ ဆွေးနွေးနေပြီဖြစ်လို့ ပုဂ္ဂိုလ်ရေးအချက်အလက် သဘောတူညီမှုလည်း ချက်ချင်းဆိုသလို ရနိုင်တယ်လို့ X မှာ ရေးသားခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ကာဒီအိုဂလူအတွက် ဖီနာဘာချီကို ပေါင် ၂၅ သန်းဝန်းကျင်လောက် ပေးချေရနိုင်ပြီး ဖီနာဘာချီ ဘယ်နောက်ခံလူဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၉ အထိ ပါဝင်ကစားပေးခဲ့ရာမှာ ၁၉ ပွဲ ပေးဂိုးမရှိအောင် ကူညီပေးထားသလို သွင်းဂိုး ၃ ဂိုးလည်း သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာတီတာဟာ ဆက္တိုက္ ဆုဖလားစိန္ေခၚသူေတြအျဖစ္ အသင္းကို တည္ေဆာက္ဖို႔ ရည္မွန္းထားတာေၾကာင့္ ဒီေႏြရာသီမွာ အဆင္နယ္က ႀကီးမားတဲ့ အစီအစဥ္ေတြ ရွိေနၿပီး ဘယ္ေနာက္ခံေနရာက စပိန္လူမ်ိဳးနည္းျပရဲ႕ ဦးစားေပးေတြထဲက တစ္ခုျဖစ္ပါတယ္။
တိုမိယဆုက မၾကာေသးမီက ဘယ္ေနာက္ခံေနရာအတြက္ အာတီတာရဲ႕ ပထမဦးစားေပးေ႐ြးခ်ယ္မႈျဖစ္ခဲ့ေပမယ့္ အာဆင္နယ္နည္းျပ ဂ်ပန္ေနာက္ခံလူအတြက္ ယွဥ္ၿပိဳင္မႈ ပိုေပးႏိုင္မယ့္ ကစားသမားမ်ိဳးကို ထပ္ေခၚခ်င္ေနတာျဖစ္ပါတယ္။
ဒီရာသီ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္ ျပသခဲ့တဲ့ ဇင္ခ်န္ကို ကို ဒီေႏြရာသီမွာ အာတီတာက ေရာင္းထုတ္ႏိုင္တယ္လို႔ ေကာလာဟလေတြလည္း ထြက္ေပၚေနၿပီး ယူကရိန္းေနာက္ခံလူဟာ ဂန္းနားေတြ လိုအပ္တဲ့ အဆင့္အတန္းမ်ိဳးမွာရွိမေနခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္က ရီးရဲလ္ဆိုစီဒက္ကို အငွားခ်ထားတဲ့ ကီရန္ တီယာနီကိုလည္း အသင္းသစ္ လြတ္လြတ္လပ္လပ္ ရွာေဖြႏိုင္တယ္လို႔ အသိေပးထားၿပီး ဘယ္ေနာက္ခံလူ ၂ ဦး ထြက္ခြာႏိုင္ေျခရွိတာေၾကာင့္ လစ္လပ္သြားတဲ့ေနရာမွာ ဖီနာဘာခ်ီၾကယ္ပြင့္ ဖာဒီ ကာဒီယိုဂလူကို ေခၚယူသြားမယ္လို႔ သိရပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ဒီရာသီမွာ ျပသေနတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ဥေရာပမွာ အသင္းအမ်ားအျပားက အလိုခ်င္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာတာျဖစ္ၿပီး ဂန္းနားေတြက ကာဒီအိုဂလူကို ေျခလွမ္းသြက္သြက္ ခ်ဥ္းကပ္ခဲ့တာေၾကာင့္ အခုဆိုရင္ သေဘာတူညီမႈရဖို႔ေတာင္ နီးစပ္ေနၿပီျဖစ္ပါတယ္။
အေျပာင္းအေ႐ႊ႕ဂ်ာနယ္လစ္ ဆာခ်ာ တာဗိုလီယာရီက လက္ရွိမွာေတာ့ ဖီနာဘာခ်ီဘယ္ေနာက္ခံလူဟာ ဂန္းနားေတြဆီကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ နီးစပ္ေနၿပီျဖစ္ေၾကာင္းနဲ႔ ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ အာဆင္နယ္တာဝန္ရွိသူေတြ ေဆြးေႏြးေနၿပီျဖစ္လို႔ ပုဂၢိဳလ္ေရးအခ်က္အလက္ သေဘာတူညီမႈလည္း ခ်က္ခ်င္းဆိုသလို ရႏိုင္တယ္လို႔ X မွာ ေရးသားခဲ့ပါတယ္။
အာဆင္နယ္အေနနဲ႔ ကာဒီအိုဂလူအတြက္ ဖီနာဘာခ်ီကို ေပါင္ ၂၅ သန္းဝန္းက်င္ေလာက္ ေပးေခ်ရႏိုင္ၿပီး ဖီနာဘာခ်ီ ဘယ္ေနာက္ခံလူဟာ ဒီရာသီ ၿပိဳင္ပြဲစုံ ၄၉ အထိ ပါဝင္ကစားေပးခဲ့ရာမွာ ၁၉ ပြဲ ေပးဂိုးမရွိေအာင္ ကူညီေပးထားသလို သြင္းဂိုး ၃ ဂိုးလည္း သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News