သူ့ထက် ပါးနပ်တဲ့အသင်းဖော် ၂ ဦးကို သတ်မှတ်ခဲ့တဲ့ ဆာကာ 1024 791 coyg

သူ့ထက် ပါးနပ်တဲ့အသင်းဖော် ၂ ဦးကို သတ်မှတ်ခဲ့တဲ့ ဆာကာ

ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းဖော်ထဲမှာ သူ့ထက်ပိုပြီး ပါးနပ်တဲ့ကစားသမား ၂ ဦးရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ အရည်အသွေးနဲ့ စွမ်းရည်တွေဟာ အခြား အဆင့်တစ်ခုမှာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာကာရဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းဟာ သူ့ရဲ့ လူသိအနည်းဆုံးအရည်အချင်းတွေထဲက တစ်ခုဖြစ်ပြီး ပါးနပ်မှုမရှိဘဲနဲ့တော့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ကောင်းမွန်ခြင်းရှိမှာမဟုတ်ပါဘူး။

ဆာကာက လုံးဝကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းဖော် ၂ ဦးက သူ့ထက်တောင် ပိုပြီးတော့ ပါးနပ်တဲ့ကစားသမားတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော့်ထက် ပိုပြီးပါးနပ်တဲ့ကစားသမား ၂ ယောက်၊ ၃ ယောက်လောက်ရှိနိုင်ပါတယ်။ လီယို ထရော့ဆာ့ဒ်ဆိုရင် တကယ်ကို ပါးနပ်တဲ့ကစားသမားပါ။ ဂျော်ဂျင်ညိုလည်း အတူတူပါပဲ။ ဂျော်ဂျင်ညိုက အရမ်းကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တယ်။ ကျွန်တော် တစ်ယောက်ယောက်ပျောက်နေသလို ခံစားရတယ်။ မဟုတ်ဘူး။ ကျွန်တော့်ထက် ပိုပါးနပ်တဲ့ကစားသမားထဲမှာ သူတို့ ၂ ယောက်ပဲ ထည့်ရလိမ့်မယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ဘူကာယို ဆာကာဟာ အာဆင္နယ္အသင္းေဖာ္ထဲမွာ သူ႔ထက္ပိုၿပီး ပါးနပ္တဲ့ကစားသမား ၂ ဦးရွိတယ္လို႔ သတ္မွတ္ခဲ့ပါတယ္။

အဂၤလန္ေတာင္ပံကစားသမားဟာ ပရီးမီးယားလိဂ္က အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ အရည္အေသြးနဲ႔ စြမ္းရည္ေတြဟာ အျခား အဆင့္တစ္ခုမွာ ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာကာရဲ႕ ဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္စြမ္းဟာ သူ႔ရဲ႕ လူသိအနည္းဆုံးအရည္အခ်င္းေတြထဲက တစ္ခုျဖစ္ၿပီး ပါးနပ္မႈမရွိဘဲနဲ႔ေတာ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ရာမွာ ေကာင္းမြန္ျခင္းရွိမွာမဟုတ္ပါဘူး။

ဆာကာက လုံးဝကို ဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္တဲ့ ကစားသမားျဖစ္ေပမယ့္လည္း အာဆင္နယ္အသင္းေဖာ္ ၂ ဦးက သူ႔ထက္ေတာင္ ပိုၿပီးေတာ့ ပါးနပ္တဲ့ကစားသမားေတြ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ့္ထက္ ပိုၿပီးပါးနပ္တဲ့ကစားသမား ၂ ေယာက္၊ ၃ ေယာက္ေလာက္ရွိႏိုင္ပါတယ္။ လီယို ထေရာ့ဆာ့ဒ္ဆိုရင္ တကယ္ကို ပါးနပ္တဲ့ကစားသမားပါ။ ေဂ်ာ္ဂ်င္ညိဳလည္း အတူတူပါပဲ။ ေဂ်ာ္ဂ်င္ညိဳက အရမ္းကို ဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္တယ္။ ကြၽန္ေတာ္ တစ္ေယာက္ေယာက္ေပ်ာက္ေနသလို ခံစားရတယ္။ မဟုတ္ဘူး။ ကြၽန္ေတာ့္ထက္ ပိုပါးနပ္တဲ့ကစားသမားထဲမွာ သူတို႔ ၂ ေယာက္ပဲ ထည့္ရလိမ့္မယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet