ကြယ်ပွင့်ကစားသမားကို အာတီတာက သေးသိမ်အောင်လုပ်နေတယ်လို့ သရဲနီ ဂန္တဝင် စွပ်စွဲ
မီခေးလ် အာတီတာဟာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို သေးသိမ်အောင် လုပ်နေတယ်လို့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် အန်ဒီ ကိုးက စွပ်စွဲခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ယခုရာသီကို အာဆင်နယ်ရဲ့ နံပါတ် ၁ ပွဲထွက်ခွင့်ရ ဂိုးသမားအဖြစ် စတင်နိုင်ခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ဒေးဗစ် ရာယာရဲ့ နေရာလုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
အာတီတာကတော့ အဲဒီအချိန်တုန်းက တစ်ရာသီလုံးကို ရမ်းစ်ဒေးလ်နဲ့ ရာယာတို့ကို အလှည့်ကျ သုံးသွားမှာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဆိုတာမရှိဘူးလို့ ပြောဆိုခဲ့ပေမယ့်လည်း အချိန်ကြာလာလေလေ မုသားသုံးခဲ့တယ်ဆိုတာ ပေါ်လွင်လေလေ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်ဟာ စက်တင်ဘာလတုန်းက အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရာယာ ပွဲဦးထွက်ပါဝင်ကစားပေးပြီးကတည်းက ပရီးမီးယားလိဂ် ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင် အန်ဒီ ကိုးက ရမ်းစ်ဒေးလ်ဟာ မမျှမတ ဆက်ဆံခံနေရပြီး အာဆင်နယ်နည်းပြကြောင့် သိမ်ငယ်နေရတာကြောင့် အနာဂတ်ကို ရာသီကုန်မှာ စဉ်းစားဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
“၁၀ ယောက်မှာ ၉ ယောက်ပဲ။ ကစားသမားတစ်ယောက်က အသင်းသစ်ကို ပြောင်းတဲ့အခါမှာ သူတို့တွေက အသင်းသစ်ရဲ့ နံပါတ် ၁ တိုက်စစ်မှူး၊ နံပါတ် ၁ ဗဟိုခံစစ်၊ နံပါတ် ၁ ဂိုးသမား ဒါမှမဟုတ် ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့။ အာရွန်သာ အပြောင်းအရွှေ့လုပ်ခဲ့ရင် သူက နယူးကာဆယ်ရဲ့ နံပါတ် ၁ ဂိုးသမားဖြစ်လာလိမ့်မယ်။ သူက ပြင်းပြင်းထန်ထန် ဆက်ဆံခံခဲ့ရတယ်လို့ ကျွန်တော် ထင်တယ်။ တကယ်ထင်ပါတယ်။ သူက ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အတွက် အရမ်းကောငး်ခဲ့တယ်။ ပြီးတော့ ရုတ်တရက်ပဲ အာတီတာက ဂိုးသမားသစ် ခေါ်ချလာပြီးတော့ အစပိုင်းကတော့ သူ့မှာ နံပါတ် ၁ ပွဲထွက်ဂိုးသမား ၂ ယောက်ရှိတယ်လို့ ပြောခဲ့တယ်။ အဲဒါက အစကတည်းက အဓိပ္ပာယ်ကို မရှိတာပါ။ သူ ရမ်းစ်ဒေးလ်ကို အဖက်မလုပ်တဲ့ပုံစံက တကယ်ကို လေးစားမှု ကင်းမဲ့ခဲ့ပါတယ်။ သူက သူ့ကို တကယ်ကို သေးသိမ်အောင် လုပ်နေခဲ့တာပါ။ သူ့ အလုပ်ကို သူလုပ်နေတဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော် သဘောကျပါတယ်။ သူက နည်းနည်းပိုပြီး လေးစားသမှုနဲ့ဆက်ဆံခံရဖို့အတွက် ထိုက်တန်တဲ့သူပါ။ အဲဒီတော့ သူသာ အာဆင်နယ်ကနေ ပြောင်းရွှေ့ခဲ့ရင် သူက နယူးကာဆယ်မှာ နေရာကောင်းကောင်း ရမှာ ကျိန်းသေတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
မီေခးလ္ အာတီတာဟာ ပုံမွန္ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေသးသိမ္ေအာင္ လုပ္ေနတယ္လို႔ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ အန္ဒီ ကိုးက စြပ္စြဲခဲ့ပါတယ္။
အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာ ယခုရာသီကို အာဆင္နယ္ရဲ႕ နံပါတ္ ၁ ပြဲထြက္ခြင့္ရ ဂိုးသမားအျဖစ္ စတင္ႏိုင္ခဲ့ေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ ေဒးဗစ္ ရာယာရဲ႕ ေနရာလုျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။
အာတီတာကေတာ့ အဲဒီအခ်ိန္တုန္းက တစ္ရာသီလုံးကို ရမ္းစ္ေဒးလ္နဲ႔ ရာယာတို႔ကို အလွည့္က် သုံးသြားမွာျဖစ္ၿပီး ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားဆိုတာမရွိဘူးလို႔ ေျပာဆိုခဲ့ေပမယ့္လည္း အခ်ိန္ၾကာလာေလေလ မုသားသုံးခဲ့တယ္ဆိုတာ ေပၚလြင္ေလေလ ျဖစ္ခဲ့တာျဖစ္ပါတယ္။
ရမ္းစ္ေဒးလ္ဟာ စက္တင္ဘာလတုန္းက အဲဗာတန္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ရာယာ ပြဲဦးထြက္ပါဝင္ကစားေပးၿပီးကတည္းက ပရီးမီးယားလိဂ္ ၂ ပြဲသာ ပြဲထြက္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ အန္ဒီ ကိုးက ရမ္းစ္ေဒးလ္ဟာ မမွ်မတ ဆက္ဆံခံေနရၿပီး အာဆင္နယ္နည္းျပေၾကာင့္ သိမ္ငယ္ေနရတာေၾကာင့္ အနာဂတ္ကို ရာသီကုန္မွာ စဥ္းစားဖို႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။
“၁၀ ေယာက္မွာ ၉ ေယာက္ပဲ။ ကစားသမားတစ္ေယာက္က အသင္းသစ္ကို ေျပာင္းတဲ့အခါမွာ သူတို႔ေတြက အသင္းသစ္ရဲ႕ နံပါတ္ ၁ တိုက္စစ္မႉး၊ နံပါတ္ ၁ ဗဟိုခံစစ္၊ နံပါတ္ ၁ ဂိုးသမား ဒါမွမဟုတ္ ဘယ္ေနရာပဲ ျဖစ္ျဖစ္ေပါ့။ အာ႐ြန္သာ အေျပာင္းအေ႐ႊ႕လုပ္ခဲ့ရင္ သူက နယူးကာဆယ္ရဲ႕ နံပါတ္ ၁ ဂိုးသမားျဖစ္လာလိမ့္မယ္။ သူက ျပင္းျပင္းထန္ထန္ ဆက္ဆံခံခဲ့ရတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ တကယ္ထင္ပါတယ္။ သူက ၿပီးခဲ့တဲ့ရာသီတုန္းက အာဆင္နယ္အတြက္ အရမ္းေကာငး္ခဲ့တယ္။ ၿပီးေတာ့ ႐ုတ္တရက္ပဲ အာတီတာက ဂိုးသမားသစ္ ေခၚခ်လာၿပီးေတာ့ အစပိုင္းကေတာ့ သူ႔မွာ နံပါတ္ ၁ ပြဲထြက္ဂိုးသမား ၂ ေယာက္ရွိတယ္လို႔ ေျပာခဲ့တယ္။ အဲဒါက အစကတည္းက အဓိပၸာယ္ကို မရွိတာပါ။ သူ ရမ္းစ္ေဒးလ္ကို အဖက္မလုပ္တဲ့ပုံစံက တကယ္ကို ေလးစားမႈ ကင္းမဲ့ခဲ့ပါတယ္။ သူက သူ႔ကို တကယ္ကို ေသးသိမ္ေအာင္ လုပ္ေနခဲ့တာပါ။ သူ႔ အလုပ္ကို သူလုပ္ေနတဲ့ပုံစံနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ သေဘာက်ပါတယ္။ သူက နည္းနည္းပိုၿပီး ေလးစားသမႈနဲ႔ဆက္ဆံခံရဖို႔အတြက္ ထိုက္တန္တဲ့သူပါ။ အဲဒီေတာ့ သူသာ အာဆင္နယ္ကေန ေျပာင္းေ႐ႊ႕ခဲ့ရင္ သူက နယူးကာဆယ္မွာ ေနရာေကာင္းေကာင္း ရမွာ က်ိန္းေသတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News