ဘရိုက်တန်နဲ့ပွဲက ဂန်းနားကြယ်ပွင့်ရဲ့ အမူအကျင့်က အရှက်ရစရာလို့ ဝေဖန်ခဲ့တဲ့ ရှီးယားနဲ့ လိုင်နီကာ
ဂယ်ရီ လိုင်နီကာနဲ့ အလန် ရှီးယားတို့ဟာ ဘရိုက်တန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ စနေနေ့ပွဲစဉ်က ဘန် ဝှိုက်ရဲ့ အရှက်ရစရာ အမူအကျင့်တွေကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
အာဆင်နယ်ဟာ စနေနေ့က ဘရိုက်တန်အိမ်ကွင်းမှာ ၃-၀ နဲ့ သက်တောင့်သက်သာနိုင်ပွဲရယူပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား ကိုင်မြှောက်နိုင်ဖို့အတွက် မျှော်လင့်ချက်ကို ဆက်လက်အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲမှာ ဘန် ဝှိုက်က နောက်ထပ်တစ်ကြိမ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပေမယ့်လည်း အသင်းဖော်ဟောင်းဖြစ်တဲ့ အက်စ်တူပီညန်နဲ့ ခိုက်ရန် ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဘရိုက်တန်ကြယ်ပွင့်ကို ဝင်ရောက်ဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်ကြယ်ပွင့်က အနည်းငယ်ပြန်တုံ့ပြန်ခဲ့တာကြောင့် ဘန် ဝှိုက်က သူ့ရဲ့ လည်ချောင်းကို ဆုပ်ကိုင်ပြီး မြက်ခင်းပေါ် လဲကျသွားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဘန် ဝှိုက်ကိစ္စကို ပြောကြမလား။”လို့ လိုင်နီကာက စကားစခဲ့ရာမှာ ရှိးယားက “အင်း။ ကျွန်တော်တို့ ပြောသင့်တယ်။ တော်တော်ရယ်ရတဲ့ သောက်ပျက်လုံးပဲဗျာ။”လို့ ပြန်ပြောခဲ့ပါတယ်။
လိုင်နီကာက ဆက်လက်ပြီး”ကျွန်တော် နားမလည်တာနဲ့ ကျွန်တော် မနှစ်သက်တာပေါ့။ ဘယ်တုန်းကမှ ဟန်လုပ်ပြီး ကစားတာကို မနှစ်သက်ခဲ့ဘူး။ ဘာကြောင့် ကစားသမားတွေ အဲဒါကို လုပ်ကြလဲ ကျွန်တော် နားမလည်နိုင်ဘူး။ ဒါပေမယ့် အထူးသဖြင့် အခုလိုကာလ ခင်ဗျားကို ကင်မရာတွေ အများကြီး ဝိုင်းရိုက်နေတဲ့အချိန်၊ VAR ကလည်း ဘာဖြစ်ခဲ့လဲဆိုတာ ပြန်ကြည့်လို့ရနေတဲ့အချိန်မှာ လုပ်တာမျိုးကိုပေါ့။ ခင်ဗျား ကိုယ့်ဘာသာ ပြန်မတွေးမိဘူးလား။ ဒါမျိုး လုပ်ရတာက နည်းနည်း ရှက်စရာကောင်းတယ်လို့ပေ့ါ။ စကားမစပ် ဘန် ဝှိုက်တစ်ယောက်တည်း ပြောတာမဟုတ်ဘူးနော်။ ကစားသမားတော်တော်များများက အဲဒီလို လုပ်ကြတယ်။ ဒါပေမယ့် ကျွန်တော် မသိတာက ဘာကြောင့် ခင်ဗျားဘာသာ အရှက်ရအောင် ခင်ဗျား ဘာလို့လုပ်တာလဲ။ ခင်ဗျားက သောက်ရူးလိုမျိုးပုံပေါက်နေပြီ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရှီးယားကလည်း “ကျိန်းသေတာပေါ့ဗျာ။ အဲဒါက အရှက်ရစရာပဲ။ အရမ်း ရှက်စရာကောင်းတယ်။”လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂယ္ရီ လိုင္နီကာနဲ႔ အလန္ ရွီးယားတို႔ဟာ ဘ႐ိုက္တန္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ စေနေန႔ပြဲစဥ္က ဘန္ ဝႈိက္ရဲ႕ အရွက္ရစရာ အမူအက်င့္ေတြကို ျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္။
အာဆင္နယ္ဟာ စေနေန႔က ဘ႐ိုက္တန္အိမ္ကြင္းမွာ ၃-၀ နဲ႔ သက္ေတာင့္သက္သာႏိုင္ပြဲရယူၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အမွတ္ေပးဖလား ကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ကို ဆက္လက္အသက္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။
အဲဒီပြဲမွာ ဘန္ ဝႈိက္က ေနာက္ထပ္တစ္ႀကိမ္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့ေပမယ့္လည္း အသင္းေဖာ္ေဟာင္းျဖစ္တဲ့ အက္စ္တူပီညန္နဲ႔ ခိုက္ရန္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ကစားသမားဟာ ဘ႐ိုက္တန္ၾကယ္ပြင့္ကို ဝင္ေရာက္ဖ်က္ထုတ္ခဲ့တာျဖစ္ပါတယ္။
ဘ႐ိုက္တန္ၾကယ္ပြင့္က အနည္းငယ္ျပန္တုံ႔ျပန္ခဲ့တာေၾကာင့္ ဘန္ ဝႈိက္က သူ႔ရဲ႕ လည္ေခ်ာင္းကို ဆုပ္ကိုင္ၿပီး ျမက္ခင္းေပၚ လဲက်သြားခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ ဘန္ ဝႈိက္ကိစၥကို ေျပာၾကမလား။”လို႔ လိုင္နီကာက စကားစခဲ့ရာမွာ ရွိးယားက “အင္း။ ကြၽန္ေတာ္တို႔ ေျပာသင့္တယ္။ ေတာ္ေတာ္ရယ္ရတဲ့ ေသာက္ပ်က္လုံးပဲဗ်ာ။”လို႔ ျပန္ေျပာခဲ့ပါတယ္။
လိုင္နီကာက ဆက္လက္ၿပီး”ကြၽန္ေတာ္ နားမလည္တာနဲ႔ ကြၽန္ေတာ္ မႏွစ္သက္တာေပါ့။ ဘယ္တုန္းကမွ ဟန္လုပ္ၿပီး ကစားတာကို မႏွစ္သက္ခဲ့ဘူး။ ဘာေၾကာင့္ ကစားသမားေတြ အဲဒါကို လုပ္ၾကလဲ ကြၽန္ေတာ္ နားမလည္ႏိုင္ဘူး။ ဒါေပမယ့္ အထူးသျဖင့္ အခုလိုကာလ ခင္ဗ်ားကို ကင္မရာေတြ အမ်ားႀကီး ဝိုင္း႐ိုက္ေနတဲ့အခ်ိန္၊ VAR ကလည္း ဘာျဖစ္ခဲ့လဲဆိုတာ ျပန္ၾကည့္လို႔ရေနတဲ့အခ်ိန္မွာ လုပ္တာမ်ိဳးကိုေပါ့။ ခင္ဗ်ား ကိုယ့္ဘာသာ ျပန္မေတြးမိဘူးလား။ ဒါမ်ိဳး လုပ္ရတာက နည္းနည္း ရွက္စရာေကာင္းတယ္လို႔ေပ့ါ။ စကားမစပ္ ဘန္ ဝႈိက္တစ္ေယာက္တည္း ေျပာတာမဟုတ္ဘူးေနာ္။ ကစားသမားေတာ္ေတာ္မ်ားမ်ားက အဲဒီလို လုပ္ၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ မသိတာက ဘာေၾကာင့္ ခင္ဗ်ားဘာသာ အရွက္ရေအာင္ ခင္ဗ်ား ဘာလို႔လုပ္တာလဲ။ ခင္ဗ်ားက ေသာက္႐ူးလိုမ်ိဳးပုံေပါက္ေနၿပီ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ရွီးယားကလည္း “က်ိန္းေသတာေပါ့ဗ်ာ။ အဲဒါက အရွက္ရစရာပဲ။ အရမ္း ရွက္စရာေကာင္းတယ္။”လို႔ ေထာက္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News