အာတီတာနဲ့သတင်းတွေကို အဖြေပေးလိုက်ပြီဖြစ်တဲ့ ဘာစီလိုနာ 644 429 coyg

အာတီတာနဲ့သတင်းတွေကို အဖြေပေးလိုက်ပြီဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အာဆင်နယ်နည်းပြ အာတီတာနဲ့ ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီတို့ကို ဇာဗီရဲ့နေရာမှာ အစားထိုးနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်လိုက်တယ်လို့ စပိန်က သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပိန်လာလီဂါချန်ပီယံတွေဟာ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ကြေညာထားတဲ့ ဇာဗီရဲ့နေရာမှာ ဆက်ခံနိုင်မယ့် နည်းပြသစ်အတွက် နာမည်ကျော် နည်းပြအများအပြားကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ ဒီရာသီကုန်ထက် ကျော်လွန်ပြီး စပိန်လူမျိုးနည်းပြကို အသင်းမှာ ဆက်လက်ရှိနေစေချင်ကြောင်း ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း ဇာဗီကတော့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာမဟုတ်ဘူးလို့ ပြောကြားထားတာဖြစ်ပါတယ်။

ဘာစီလိုနာဟာ လူးဝစ္စ အန်နရီကေး၊ ဟန်ဆီ ဖလစ်၊ ရာဖာ မားကွက်ဇ်တို့ပါဝင်တဲ့ ဇာဗီရဲ့ နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ နည်းပြလောင်း စာရင်းထဲမှာ လူဦးရေကို လျှော့ချခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက အာတီတာဟာ အာဆင်နယ်နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသလို အတွေ့အကြုံမရှိတာကြောင့် ခေါ်ယူလိုတဲ့ဆန္ဒမရှိတာဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ ဘရိုက်တန်အတွက် အထင်ကြီးဖွယ်စွမ်းဆောင်ပေးနေတဲ့ ရောဘတ်တို ဒီဇာဘီကိုလည်း အသင်းကြီး မကိုင်ဖူးတာရယ် စာချုပ်လျော်ကြေး ယူရို ၁၅ သန်း ပေးရမှာရယ်ကြောင့် ပစ်မှတ်စာရင်းထဲကနေ ထုတ်ခဲ့ပါတယ်။

နောက်ထပ် ပစ်မှတ်စာရင်းထဲကနေ ထုတ်ခံခဲ့ရတဲ့ နည်းပြတွေကတော့ ဘိုင်ယန်မြူးနစ်နဲ့ ရာသီကုန်မှာ လမ်းခွဲတော့မယ့် သောမတ်စ် တူဟယ်နဲ့ ယူရို ၂၀၂၄ မှာ ဂျာမနီလက်ရွေးစင်အသင်းကို ဦးဆောင်ပေးသွားမယ့် ဂျူလီယန် နာဂယ်စ်မန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ဘာစီလိုနာအသင္းဟာ အာဆင္နယ္နည္းျပ အာတီတာနဲ႔ ဘ႐ိုက္တန္နည္းျပ ေရာဘတ္တို ဒီဇာဘီတို႔ကို ဇာဗီရဲ႕ေနရာမွာ အစားထိုးႏိုင္ေျခရွိတယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္လိုက္တယ္လို႔ စပိန္က သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စပိန္လာလီဂါခ်န္ပီယံေတြဟာ ရာသီကုန္မွာ အသင္းနဲ႔ လမ္းခြဲေတာ့မယ္လို႔ ေၾကညာထားတဲ့ ဇာဗီရဲ႕ေနရာမွာ ဆက္ခံႏိုင္မယ့္ နည္းျပသစ္အတြက္ နာမည္ေက်ာ္ နည္းျပအမ်ားအျပားကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌ လာေပၚတာကေတာ့ ဒီရာသီကုန္ထက္ ေက်ာ္လြန္ၿပီး စပိန္လူမ်ိဳးနည္းျပကို အသင္းမွာ ဆက္လက္ရွိေနေစခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားေပမယ့္လည္း ဇာဗီကေတာ့ ဆုံးျဖတ္ခ်က္ကို ျပန္ျပင္မွာမဟုတ္ဘူးလို႔ ေျပာၾကားထားတာျဖစ္ပါတယ္။

ဘာစီလိုနာဟာ လူးဝစၥ အန္နရီေကး၊ ဟန္ဆီ ဖလစ္၊ ရာဖာ မားကြက္ဇ္တို႔ပါဝင္တဲ့ ဇာဗီရဲ႕ ေနရာမွာ အစားထိုးႏိုင္ေျခရွိတဲ့ နည္းျပေလာင္း စာရင္းထဲမွာ လူဦးေရကို ေလွ်ာ့ခ်ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြက အာတီတာဟာ အာဆင္နယ္နဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးသလို အေတြ႕အႀကဳံမရွိတာေၾကာင့္ ေခၚယူလိုတဲ့ဆႏၵမရွိတာျဖစ္တယ္လို႔ သိရပါတယ္။

ဘာစီလိုနာဟာ ဘ႐ိုက္တန္အတြက္ အထင္ႀကီးဖြယ္စြမ္းေဆာင္ေပးေနတဲ့ ေရာဘတ္တို ဒီဇာဘီကိုလည္း အသင္းႀကီး မကိုင္ဖူးတာရယ္ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၁၅ သန္း ေပးရမွာရယ္ေၾကာင့္ ပစ္မွတ္စာရင္းထဲကေန ထုတ္ခဲ့ပါတယ္။

ေနာက္ထပ္ ပစ္မွတ္စာရင္းထဲကေန ထုတ္ခံခဲ့ရတဲ့ နည္းျပေတြကေတာ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ရာသီကုန္မွာ လမ္းခြဲေတာ့မယ့္ ေသာမတ္စ္ တူဟယ္နဲ႔ ယူ႐ို ၂၀၂၄ မွာ ဂ်ာမနီလက္ေ႐ြးစင္အသင္းကို ဦးေဆာင္ေပးသြားမယ့္ ဂ်ဴလီယန္ နာဂယ္စ္မန္းတို႔ျဖစ္တယ္လို႔ သိရပါတယ္။

Arsenal Myanmar

Ref: Internet