ဆာလီဘာရဲ့ခြေစွမ်းကို ဝေဖန်ခဲ့တဲ့ ပြင်သစ်မီဒီယာ 1024 683 coyg
ဆာလီဘာရဲ့ခြေစွမ်းကို ဝေဖန်ခဲ့တဲ့ ပြင်သစ်မီဒီယာ
အာဆင်နယ်နောက်ခံကစားသမား ဝီလီယံ ဆာလီဘာဟာ ယမန်နေ့ညက ချီလီကို အနိုင်ရခဲ့တဲ့ပွဲမှာ ရှားရှားပါးပါး ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပြင်သစ်မီဒီယာတစ်ခုက ဂန်းနားကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပါတယ်။
ပြင်သစ်နောက်ခံကစားသမားရဲ့ အင်္ဂလန်က ဂုဏ်သတင်းကျော်ကြားမှုဟာ အမှားမရှိသလောက် နည်းပါးပြီး ခံစစ်မှာ အားထားလို့ရနိုင်တဲ့ ကစားသမားဆိုတဲ့ နာမည်တစ်လုံးပိုင်ဆိုင်ထားတာဖြစ်ပေမယ့်လည်း ချီလီနဲ့ပွဲက စွမ်းဆောင်ရည်ကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
Maxifoot က ဆာလီဘာရဲ့ ခြေစွမ်းဟာ သာမန်ပဲ ဖြစ်ပြီး ပွဲပြီးခါနီး အရေးကြီးတဲ့ ကြားဝင်ဖျက်ထုတ်မှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အမှား ၂ ခု ကျူးလွန်ခဲ့တယ်လို့ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
“ဒီပွဲရဲ့ ပွဲထွက်လူစာရင်းကို ကြည့်ရင် ပြင်သစ်ဗဟိုခံစစ်က သာမန်ခြေစွမ်းပဲ ဖြစ်ခဲ့ပါတယ်။ အဖွင့်ဂိုးမှာ မာဆေးလ်နောက်ခံလူဟောင်းက တိုက်ရိုက် တုံ့ပြန်နိုင်စွမ်းမရှိခဲ့ဘဲ နူးညက်ဇ်ရဲ့ ကန်ချက်ကို တန်ပြန်နိုင်ဖို့လည်း အချိန်မမီခဲ့ဘူး။ နောက်ပိုင်းမှာတော့ အာဆင်နယ်ကစားသမားက ပထမပိုင်းမှာ ရှားရှားပါးပါး ပြိုင်ဘက်ရဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုကို အာရုံစိုက်ခဲ့ပြီး တိကျတဲ့ ပြန်လည်စတင်မှုတွေနဲ့ ထင်ရှားပေါ်လွင်ခဲ့ပါတယ်။ ဒုတိယပိုင်းအတွင်း အမှား ၂ ခု လုပ်ဆောင်ခဲ့တယ်။ ပထမအမှားက သူ့နောက်က ဗားဂက်စ်ကို မေ့ထားခဲ့ပြီး ခေါင်းတိုက်ချက်က ဂိုးတိုင်ထိသွားခဲ့လို့ ဂိုးမပေးခဲ့ရတာ။ ပြီးတော့ အိုဆိုရီယိုဆီ ပြေးသွားဖို့ အချိန်အရမ်းကြာလွန်းခဲ့တယ်။ ကျွန်တော်တို့ နောက်ဆုံးအချိန်မှာ ဘရီရီတန် ဒီယက်ဇ်ရှေ့ကနေ သူ့ရဲ့ လှပတဲ့ ကြားဝင်ဖျက်ထုတ်မှုကိုတော့ အသားပေးပြောရပါဦးမယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ပြင်သစ်သတင်းဌာနဖြစ်တဲ့ Le Parisien ကတော့ “အာဆင်နယ်နောက်ခံလူဆီက တကယ်ကို လေးနက်တဲ့ စွမ်းဆောင်ရည်ပါ။ အရင်တုန်းက ပြင်သစ်လက်ရွေးစင်အသင်းနဲ့ အကောင်းဆုံးပုံစံကို အမြဲတမ်း မပြသနိုင်ခဲ့ဘူးဆိုရင်တောင် မာဆေးလ်နောက်ခံလူဟောင်းက လုံ့လဝီရိယာရှိမှု၊ အုပ်စီးထားနိုင်မှုနဲ့ ဒီနေရာကို အရမ်းကောင်းမွန်တဲ့ ပြန်လည်ဝင်ရောက်လာမှုဖြစ်ခဲ့ပါတယ်။ ”လို့ ရေးသားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
Arsenal Myanmar
Ref: Internet